← Chapters

တိုင်ယွန်ကုန်သည်ကြီးများအသင်း၏ မူလ အရင်းအမြစ်

Vol. 11 Ch. 158

တိုင်ယွန်ကုန်သည်ကြီးများအသင်း၏ မူလ အရင်းအမြစ်

Vol. 11 Ch. 158

အခန်း (၁၅၈) တိုင်ယွန်ကုန်သည်ကြီးများအသင်း၏ မူလအရင်းအမြစ်

လူအများအပြားသည် တိုင်ယွန်ကုန်သည်ကြီးများအသင်းဌာနခွဲ၏ တတိယထပ်တွင် စုဝေးနေခဲ့ကြသည်။

တိုင်ယွန်ကုန်သည်ကြီးများအသင်းဌာနခွဲ၏ တာဝန်ခံ ရှီဂျီ နှင့် ရှီကန်ဟိုင်တို့သည် ဘေးနားတွင် ရပ်ကာ ပင်မထိုင်ခုံပေါ်တွင် ထိုင်နေသော လူငယ်ကို တုန်လှုပ်သော မျက်လုံးများဖြင့် ကြည့်လိုက်ကြသည်။

လူငယ်၏ ဘယ်ဘက်တွင် ရပ်နေသော ဆံပင်ဖြူ အဘိုးအိုသည် မျက်လုံးများကို မှိတ်ထား သည်။ ဤအဘိုးအိုသည် အရပ်ရှည်ပြီး သန်စွမ်းကာ သူထုတ်ဖော်ထားသည့် စိတ်ဓာတ်အမူယာသည် သူ၏ခေါင်းပေါ်ရှိ ဆံပင်ဖြူများနှင့် အလွန်လိုက်ဖက်လှသည်။

လူငယ်လေး၏ ညာဘက်တွင် အနက်ရောင် ၀တ်စုံဝတ်ထားသော လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး ရပ်နေသည်။ ထိုလူသည် စင်မြင့်အောက်ရှိ ရှီကန်ဟိုင် နှင့် ရှီဂျီတို့ကိုကြည့်ပြီး သူ၏မျက်လုံးများတွင် အထင်အမြင်သေးပြီး လှောင်ပြောင် ရယ်မောလိုဟန်များဖြင့် ပြည့်နေသည်။

အကယ်၍ ချင်ယွင်သည်သာ ဤနေရာတွင် ရှိနေခဲ့မည်ဆိုလျှင်၊ ဤလူသည် မနေ့ညက မိုးကြိုး၀ိညာဥ်ဂိုဏ်းကို ခိုးဝင်သွားခဲ့သော အနက်ရောင်ဝတ် လုပ်ကြံသတ်ဖြတ်သူ ဖြစ်သည်ကို သူသေချာပေါက် မှတ်မိပေလိမ့်မည် ။

သို့သော်၊ ပင်မထိုင်ခုံတွင်ထိုင်နေသော လူငယ်သည် ချစ်စရာကောင်းပြီး စွဲမက်ဖွယ်ကောင်းသော အမျိုးသမီးတစ်ဦးနှင့်အတူ လက်ရှိတွင် အရက်သောက် နေပါသည်။ စင်မြင့်ပေါ်ရှိ လေထုသည် အလွန်ထူးဆန်း‌နေသည်။

လူငယ်လေးသည် ရုပ်ရည်ချောမောပြီး နတ်ဆိုးဆန်သည်။ သူသည် ဒေါသမထွက်ပေ။ သို့သော်လည်း အလွန်အစွမ်းထက်သည်။ သူ၏မျက်ခုံးမွှေးများအရ သူသည် ကိုယ့်ကိုယ်ကိုယ် မောက်မာမှုများနှင့် ပြည့်နှက်နေသူဟု ထင်ရှားပေါ်လွင်နေသည်။ သွယ်လျပြီး ကြီးမားသောလက်တစ်စုံက သူ၏လက်ထဲတွင်ရှိသည့် အမျိုးသမီး တစ်ဦးကို အဆက်မပြတ် လှည့်ပတ်ကစားနေသည်။ အပျော်သဘော အပြုံးတစ်ခုက သူ၏ပါးစပ်ထောင့်တွင် ချိတ်ဆွဲထားသည်။

သူ၏ရင်ခွင်ထဲရှိ မိန်းကလေးသည် ချစ်စရာကောင်းသည်။ သူမသည် အနီရောင် ဝတ်စုံရှည်ကို ၀တ်ဆင်ထားပြီး သူမ၏ လက်ရာမြောက်သော မျက်နှာတစ်ခြမ်းကို ဖုံးအုပ်ထားကာ သူမ၏ နှင်းလိုဖြူလျသော ရင်ဘတ်နှင့် သွယ်လျလုံး၀န်းသော သူ၏ပေါင်တံတို့ကို ပေါ်လွင်စေသည်။ သေချာသည်မှာ အတောက်ပဆုံးအရာက သူမ၏ နှင်းဆီရောင်နီရဲနေသည့်နှုတ်ခမ်းတစ်စုံဖြစ်သည်။ နှင်းဆီရောင် နှုတ်ခမ်း တစ်စုံသည် ယောက်ျားအများအပြားကို စွဲဆောင်ရန် လုံလောက်ပါသည်။

ထိုအချိန်တွင် သူမ၏ နူးညံ့သော ခန္ဓာကိုယ် တစ်ခုလုံးသည် လူငယ်၏ ရင်ခွင်ထဲတွင် လုံးဝ လဲလျောင်းနေသည်။ သူမ၏ မျက်လုံးများ သည် ရေကဲ့သို့ နူးညံ့ကြည်လင်သည်။ သူမသည် ခမ်းနားထည်ဝါသော ခရမ်းရောင်ရွှေဝိုင်ခွက်ကို ကိုင်ဆောင်ကာ လူငယ်အား စွဲမက်ဖွယ်ကောင်းသည့်ပုံစံဖြင့် ဝိုင်ကို တိုက်ကျွေးနေသည်။

"ဘုန်း!"

ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ တိုင်ယွန်ကုန်သည်ကြီးများအသင်းဌာနခွဲ၏ စင်မြင့်တစ်ခုလုံး တုန်ခါသွားသည်။

ထိုအမျိုးသမီး၏လက်သည် မတော်တဆတုန်ခါသွားကာ သူမ၏လက်ထဲတွင်ရှိသော ဝိုင်ခွက်သည် လူငယ်၏ခန္ဓာကိုယ်ပေါ်သို့ ကျသွားသည်။

"ခွေးမ!"

လူငယ်၏အမူအရာသည် ချက်ချင်းပြောင်းလဲသွားသည်။ သူသည် ချက်ချင်းပင် အမျိုးသမီးကို တွန်းဖယ်လိုက်ပြီး သူမမျက်နှာကို ပါးရိုက်လိုက်သည်။

အနီရောင်ဝတ် အမျိုးသမီးသည် ပါးရိုက်ခံလိုက်ရသည် ။ ချစ်စရာကောင်းသော သူမ၏ မျက်နှာပေါ်တွင် အနီရောင် လက်ဝါးရာအမှတ် အသားတစ်ခု ပေါ်လာပြီး သူမ၏ ပါးစပ်ထောင့်မှ သွေးများ ထွက်ကျလာသည်။ သို့သော် ထိုအမျိုးသမီးသည် မကျေမနပ် ဖြစ်မှုကို မပြဝံ့ပေ။ သူမသည် အပြုံးကို ထိန်းကာ သူမလက်ထဲတွင်ရှိသည့်ပိုထည်ဖြင့် လူငယ်လေး၏ ဝိုင်းပေးသွားသောအဝတ်အစားများကို သုတ်လိုက်သည်။

လူငယ်သည် အမျိုးသမီးကို တွန်းဖယ်လိုက်ပြီး ရှီကန်ဟိုင် နှင့် ရှီဂျီကို မော့ကြည့် လိုက်သည်။

ရှီဂျီနှင့် ရှီကန်ဟိုင်တို့၏ ခန္ဓာကိုယ်များသည် ချက်ချင်းပင် တုန်ခါသွားပြီး ၎င်းတို့၏ နဂိုက ဦးညွှတ်ထားသော ခါးသည် ပို၍ပင် ကွေးသွားခဲ့ကြသည်။

"ခင်ဗျားက ချင်ယွင်နဲ့ လင်းယွင်ဟာ လူတစ်‌ယောက်ထဲ အတူတူပဲဆိုတဲ့ အကြောင်း ပြောခဲ့တာမလား။" လူငယ်က ရုတ်တရက် မေးသည်။

ရှီဂျီသည် ကမန်းကတမ်း တုန့်ပြန်လိုက်ရသည် "ဒါက အရင်က ထင်ခဲ့တာပါ၊ ဒါပေမယ့် အခုက အဲလိုဟုတ်ပုံမပေါ်ဘူး။ ဒါပေမယ့် သူတို့နှစ်ယောက်ကြားက အတော်လေး ဆက်စပ်မှုရှိပုံရတယ်။"

"ဟမ့်၊ ဒါဆို အောက်ထပ်မှာရှိနေတာက လင်းယွင်လား ဒါမှမဟုတ် ချင်ယွင်လား။" လူငယ်က အေးစက်စွာ ဟစ်အော်လိုက်သည်။

"အဲဒါက လင်းယွင်ပါ" ရှီဂျီက စိတ်လှုပ်ရှားစွာ ပြန်ဖြေလိုက်ရင်း သူ၏နဖူးပေါ်မှ ချွေးသီး ချွေးပေါက်များပင် စီးကျလာသည်။

"ခင်ဗျားက ချင်းယွမ်ရဲ့ ခန္ဓာကိုယ်မှာ အသက်သစ်ပင်ရဲ့ သစ်သီးတွေရှိတယ်လို့ မင်းပြောခဲ့တယ်၊ ဒါက လင်းယွင်နဲ့ ဘာဆိုင်လို့လဲ။" လူငယ်က ပြောသည်။

"ဟုတ်ပါတယ်၊ အဲဒီနေ့က ချင်းယွန်းဟာ အသက်သစ်သီးကို ရရှိခဲ့ပါတယ်၊ နောက်ပိုင်းမှာ သူ့ကို အသက်သစ်ပင်က မြေကြီးထဲကို ဆွဲချသွားခဲ့တယ်။ သူ ဘာကြောင့် မသေတာလဲတော့ ကျွန်တော်လည်း မသိပါဘူး၊ အခုတော့ အသက်သစ်သီးက ချင်ယွင်ရဲ့လက်ထဲမှာ ရှိနေသင့်ပါတယ်။" ရှီကန်ဟိုင်က ပြန်ဖြေသည်။

"ကိစ္စကဒီလိုဆိုမှတော့ ဘာလို့ အောက်ထပ်ကို လင်းယွန်းကို မသတ်သေးသေးတာလဲ။ ငါလိုချင်တာက ချင်ယွန်းနဲ့ သူ့လက်ထဲမှာရှိတဲ့ အသက်သစ်သီးပဲ" လူငယ်က ဒေါသတကြီး အော်ဟစ်လိုက်သည်။

"ဟုတ်ကဲ့ ဟုတ်ကဲ့ ဟုတ်ကဲ့ပါ!" ရှီဂျီ နှင့် ရှီကန်ဟိုင်တို့သည် ကမန်းကတန်း ခေါင်းညိတ်လိုက်ပြီး ထွက်သွားကြတော့မည်။

"ဘန်း!"

သို့သော်လည်း ထိုအချိန်တွင် နောက်ထပ် ပေါက်ကွဲသံတစ်ခု ထပ်မံ ထွက်ပေါ်လာ ပြန်သည်။

ဧရာမကျောက်ခြင်္သေ့ကြီးတစ်ကောင်သည် ကြမ်းပြင်ကိုတိုက်ရိုက်ချိုးဖျက်ကာ ပင်မ ထိုင်ခုံပေါ်ရှိ လူငယ်လေးဆီသို့ တိုက်ရိုက်ပစ်၀င်သွားသည်။

ထိုအချိန်တွင် လူငယ်အနားရှိ ဆံပင်ဖြူအဘိုးကြီးသည်လည်း မျက်လုံးများ ပွင့်လာသည်။ သူသည် ရှေ့တစ်လှမ်းတိုးပြီး လူငယ်၏ လမ်းကြောင်း‌ရှေ့မှာ ပိတ်ရပ် လိုက်သည်။ လက်ဖဝါးရိုက်ချက်တခုနှင့်အတူ သံမဏိကဲ့သို့မာကျောလှသော ဧရာမကျောက်ခြင်္သေ့ကြီးသည် ချက်ချင်းပင်ပေါက်ကွဲကာ ပြာအဖြစ် ပြောင်းလဲသွား ရသည်။

"ငါက ဘာကြောင့် လူတစ်ဦးတစ်ယောက်ကိုမှ ရှာမတွေ့ရတာလဲလို့ တွေးနေတာ။ ဒီတော့ မင်းတို့အားလုံးက ဒီမှာ လာပုန်းနေကြတာကို။"

တစ်ချိန်တည်းမှာပင် ချင်ယွင်၏ အေးစက်သော ရယ်မောသံက လူတိုင်း၏နားထဲတွင် ထွက်ပေါ်လာသည်။ ယင်းနောက် ချင်ယွင်နှင့် ချင်ရွှန်းရွှန်းတို့သည် လူတိုင်း၏ မြင်ကွင်းမှာ ပေါ်လာခဲ့လေသည်။

ယခင်က ချင်ယွင်သည် ပထမကျောက်ခြင်္သေ့ကြီးဖြင့် အဆောက်အဦကြီးများကို ဖျက်ဆီးရန် အကြံရခဲ့သော်လည်း ရှီဂျီသည် ယခုထိ ထွက်မလာသေးပေ။

ထို့ကြောင့် ချင်ယွင်သည် စိတ်ရှုပ်ထွေးသွားပြီး ပတ်ဝန်းကျင်ကို ကြည့်ရှုစစ်ဆေးရန် သူ၏စိတ်ဝိညာဉ်စွမ်းအားကို အသုံးပြုခဲ့သည်။ သူတို့အားလုံးသည် တတိယထပ်တွင် အသိုက်ဖွဲ့‌နေ့ခြင်း ဖြစ်ကြောင်း သူတွေ့ရှိခဲ့ရပြီး ချင်ယွင်သည် စောစောလေးက သူတို့၏ စကားစမြည်‌ ပြောဆိုနေသည့်အကြောင်းကို ရှင်းရှင်းလင်းလင်း ကြားနေရခဲ့သည်။

ချင်ယွင်သည် ပင်မထိုင်ခုံတွင်ထိုင်နေသော လူငယ်၏ ကိုယ်ရေးအချက်လက်ကို အလွန်သိချင်သောကြောင့် လူငယ်၏နောက်ခံကို စမ်းသပ်ရန် ချက်ချင်း ဆုံးဖြတ် လိုက်သည်။

ထို့ကြောင့် သူသည် အခြားသော ကျောက်ခြင်္သေ့ကြီးကို ပစ်လွှင့်ကာ သူ့ကို တိုက်ခိုက် ရန်ကြိုးစားလိုက်သော်လည်း မမျှော်လင့်ဘဲ ထိုလူငယ်အနားမှ ဆံပင်ဖြူအဘိုးအိုသည် ပိတ်ဆို့သွားခဲ့သည်။

လူငယ်သည် သူ့ဆီသို့ ဖြည်းညှင်းစွာ လျှောက်လာနေသော ချင်ယွင်ကို ကြည့်ကာ သတ်ပစ်လိုသော အရိပ်အယောင်များ သူ၏မျက်လုံးထဲတွင် ပေါ်လာသည်။

သို့သော် ချင်ယွင်၏ နောက်ကွယ်တွင်ရှိနေသောချင်ရွှန်းရွှန်းကို မြင်လိုက်ရသော အခါတွင် သူ၏မျက်လုံးများသည် တပ်မက်စိတ်များ ပြင်းပြစွာ တောက်ပလာခဲ့သည်။ သို့သော်လည်း သူသည် လျင်မြန်စွာ ဖုံးကွယ်ထားလိုက်သည်။ သူက ချင်ယွင် ဘက်လှည့်သို့ ပြန်လှည့်ပြီး ပြောလိုက်သည် "မင်းက ဒီနှစ် မိုးကြိုး၀ိညာဥ် ဂိုဏ်းရဲ့ပြိုင်ပွဲမှာ နံပါတ်တစ်ရတဲ့ လင်းယွင် ဖြစ်ရမယ်။ ဟုတ်တယ်မလား”။

ဒီအလှလေးကရော ဘယ်သူလဲဆိုတာ သိနိုင်မလား။” ချင်ယွင်သည် လူငယ်လေး၏ အမူအရာကို မြင်လိုက်ရသောကြောင့် သူ၏ရှေ့ရှိ ဤလူငယ်သည် မည်သည့်အရာကို စီစဉ်နေမှန်း ချက်ချင်း သဘောပေါက်သွားသည်။

ချင်ယွင် စကားမပြောမီ ချင်ရွှန်းရွှန်းက “အဖေ့ကို မြန်မြန် လွှတ်ပေးပါ” ဟု အေးစက်စက် ပြောလိုက်သည်။

"မင်းအဖေ ၊ မင်းအဖေက ဘယ်သူလဲ။" လူငယ်က တအံ့တသြ မေးသည်။

"ငါ့အဖေက မနေ့ညက နင်တို့ဖမ်းသွားတဲ့ မိုးကြိုး၀ိညာဥ်မြို့ရဲ့ မြို့တော်သခင် ချင်ဘာတန်ပဲ။" ချင်ရွှန်းရွှန်းက အေးစက်စွာ အော်‌ ပြောလိုက်ပြန်သည်။

လူငယ်သည် သိသိသာသာ အံ့အားသင့်သွားခဲ့သည်။ ထို့နောက် သူသည် ကျယ်လောင်စွာ ရယ်မောလိုက်ပြီး "နားလည်မှုလွဲနေတာ၊ နားလည်မှုလွဲနေတာပါ၊ ငါတို့က မြို့တော်သခင်ချင်ကို ဖမ်းဆီးထားတာမဟုတ်ပါဘူး။ ငါတို့က သူ့ကို ဧည့်သည်အနေနဲ့ပဲ ဒီကို ခေါ်လာတာပါ။ တစ်ယောက်ယောက်က ဒီမှာ ရှိလား။ မြို့တော်သခင်ချင်ကို မြန်မြန် ဖိတ်ခေါ်လာခဲ့စမ်း။

"သခင်လေး၊ ဒါပေမယ့်..." ရှီဂျီက တစ်ခုခုပြောချင်သော်လည်း လူငယ်က သူ့ကို စိုက်ကြည့်နေသည်ကိုမြင်လျှင် သူသည် ချက်ချင်းပင် သူပြောမည့် စကားလုံးများကို မျိုချလိုက်ရပြီး ခေါင်းညိတ်ကာ သဘောတူလိုက်ပြီး "သခင်လေး ကျွန်တော် အခုပဲ သွားလုပ်လိုက်ပါ့မယ်။"

ထို့နောက် ရှီဂျီသည် ချင်ဘာတန်ကို ခေါ်ဆောင်ရန် လူအချို့ကို ခေါ်ဆောင် သွားခဲ့သည်။ ထိုအချိန်တွင် ချင်ဘာတန်သည် သတိလစ်နေပြီဖြစ်သည်။

ချင်ရွှန်းရွှန်းသည် ချင်ဘာတန်ကို ကူညီရန် ချက်ချင်း ခြေလှမ်းပြင်လိုက်သည်။ ချင်ယွင် သည်လည်း ချင်ဘာတန်၏ခန္ဓာကိုယ်ကို စုံစမ်းစစ်ဆေးရန် ရှေ့တိုးလာခဲ့သည်။

"စိတ်မပူပါနဲ့ သူအဆင်ပြေပါတယ်၊ သူက ဒဏ်ရာနည်းနည်းလေး ရသွားတာပါ ။ ခေတ္တသတိလစ်နေတယ်။ မကြာခင် သူနိုးလာပါလိမ့်မယ်။" ချင်ယွင်က ချင်ရွှန်းရွှန်းကို ပြောသည်။

ချင်ယွင်၏ စကားကိုကြားလျှင် ချင်ရွှန်းရွှန်း သက်ပြင်းချလိုက်မိသည်။

"မြို့သခင်ချင် အဆင်ပြေနေမှတော့ ငါတို့ ထွက်သွားတော့မယ်။" ချင်ယွင်က ပြောသည်။

ထိုစကားကိုပြောပြီးနောက် ချင်ယွင်နှင့် ချင်ရွှန်းရွှန်းတို့သည် ချင်ဘာတန်နှင့်အတူ ထွက်ခွာရန် ပြင်ဆင်လိုက်သည်။

"ခဏ!" လူငယ်က ရုတ်တရက် အော်ပြောလိုက်သည်။

ချင်ယွင်က လူငယ်ဘက်လှည့်ပြီး ပြောလိုက်သည့် "ဘာဖြစ်လို့လဲဆိုတာ ငါသိလို့ရ မလား?"

လူငယ်က ရုတ်တရက် ပြုံးလိုက်ပြီး ပြောသည် "မင်းက အဆောက်အဦလည်း ဖြိုချခဲ့ပြီး ငါကလည်း မင်းတို့ကို လွှတ်ပေးလိုက်တယ်။ ဒီတော့မင်းအနေနဲ့ နောက်ကွယ်မှာ ငါ့အတွက် တစ်ခုခု လုပ်ပေးသင့်တယ် မဟုတ်လား"

"အိုး။ မင်း ငါတို့ကို ဘာလုပ်စေချင်တာလဲ၊ ငါသိချင်တယ်" ချင်ယွင်လည်း ရယ်မောလိုက်သည်။ ဤလူငယ်သည် သူတို့ကို အလွယ် တကူ ထွက်သွားခွင့်ပြုမှာ မဟုတ်ဘူးဆိုသည်ကို သူသိသည်။

လူငယ်သည် ဆိုးသွမ်းစွာ ပြုံးလိုက်ပြီး ချင်ရွှန်းရွှန်းကို လက်ညှိုးထိုးပြကာ ပြောလိုက်သည် "သူမကို ငါနဲ့ တစ်ညလောက် အတူနေစေချင်တယ်"

"မဖြစ်နိုင်ဘူး!" ချင်ရွှန်းရွှန်းက ချက်ချင်းဆိုသလို ဒေါသတကြီး အော်ဟစ်လိုက်သည်။

ချင်ယွင်၏ သရော်လှောင်ပြောင်သံက ပို၍ပင် သိသာလာသည်။ သူ၏မျက်လုံးထဲတွင် သတ်ဖြတ်လိုသည့်ဆန္ဒက တဟုန်ထိုး မြင့်တက်လာခဲ့ပြီး အေးစက်စွာ တစ်ခွန်းချင်း ပြောလိုက်သည် "မင်း အိပ်မက် မက်နေတာလား" ။

All Chapters