← Chapters

ရှီကန်ဟိုင်ကို သတ်ဖြတ်ခြင်း

Vol. 11 Ch. 159

ရှီကန်ဟိုင်ကို သတ်ဖြတ်ခြင်း

Vol. 11 Ch. 159

အခန်း (၁၅၉) ရှီကန်ဟိုင်ကို သတ်ဖြတ်ခြင်း

ချင်ယွင် ပြောလိုက်သည်နှင့် လူငယ်၏ အမူအရာက ချက်ချင်းပင် အေးစက် သွားခဲ့သည် ။ သွား ၊ ငါ့အတွက် သူ့ကို သတ်ပစ်လိုက်ပါ” သူက သူ၏အနားရှိ အနက်ရောင်ဝတ်လူအား ပြောလိုက်သည်။

အနက်ရောင်ဝတ်ထားသူသည် လူငယ်၏အမိန့်ကိုကြားသောအခါ၊ ချင်ယွင်ကို ထက်ရှ သောဓားတစ်ချောင်းကဲ့သို့ ချက်ချင်း ကြည့်လိုက်သည်။ သူ၏ရုပ်အသွင်အပြင်က အနက်ရောင်သဏ္ဍာန် ပြောင်းလဲသွားခဲ့ပြီး တစ်ချိန်တည်းမှာပင် သူ၏လက်ထဲတွင် အနက်ရောင်ဓားတိုတစ် ချောင်းပေါ်လာကာ ချင်ယွင်ဆီသို့ ပစ်၀င်သွားသည်။

ချင်ယွင်သည် နောက်တကြိမ် လှောင်ပြောင်ဟန်ဖြင့် ကြည့်လိုက်သည်။ နောက်တစ်ကြိမ် ဤကောင်ပင် ဖြစ်နေပြန်သည်။ မနေ့ညက ကျန်းရွန်ရှင်းသည် ဤအဖော်နှင့် အပေါင်းဖော်များ၏ ပြန်ပေးဆွဲမူကို ခံရလုနီးပါးဖြစ်ခဲ့သည်။ သူသည် ကျန်းရွန်ရှင်းကို ပြန်ပေးဆွဲချင်ခဲ့သည့် ဤကောင်နှင့် နောက်တစ်ကြိမ် အမြန် ပြန်တွေ့ရလိမ့်မည်ဟု မျှော်လင့်မထားခဲ့ပေ။

ချင်ယွင်သည် နည်းနည်းလေးမှ တုန့်ဆိုင်းခြင်းမရှိဘဲ၊ သူ၏လက်ထဲတွင် ဆေဘာတစ်လက်ပေါ်လာပြီး အနက်ရောင်ဝတ်လူနှင့် တိုက်ခိုက်လိုက်သည်။

အနက်ရောင်ဓားတိုသည် ချင်ယွင်၏ ဥက္ကာပျံတိုက်ပွဲ၀င်ဆေဘာနှင့် ထိပ်တိုက်ဆုံ မိသည့်အသံများ ဆက်တိုက် ထွက်ပေါ်လာသည်။

ဆေဘာချီနှင့်ဓားချီတို့သည် အပြန်အလှန် ဖြတ်ကျော်သွားကာ အနီးနားရှိ အဆောက် အဦများပေါ်သို့ ဖြန်းခနဲ ပေါက်ကွဲသွားခဲ့ပြီး ကြီးမားလှသော အပေါက်ကြီးများ နောက်တွင် ကျန်ရစ်ခဲ့သည်။

တစ်ဖက်တွင်၊ ချင်ရွှန်းရွှန်းသည် ဤကိစ္စအတွက် သိပ်စိုးရိမ်မူ မရှိပေ။ သူမသည်

ချင်ယွင်၏စွမ်းအားကို ယခင်က မြင်ဖူးထားပြီးဖြစ်ကာ ချင်ယွင်တွင် သူအသုံးမပြုရ သေးသည့် အလွန်အစွမ်းထက်သော ကိုယ်ပွားတစ်ခုရှိနေဆဲဖြစ်ကြောင်း သူမသိသည်။

ယင်းအပြင် သူမ၏နှလုံးသားထဲတွင် ကျေးဇူး တင်ခြင်းအရိပ်အယောင်များ ထိန်းချုပ်နိုင်စွမ်းမရှိ ထွက်ပေါ်လာသည်။ ဤကောင်သည် သူမကို လုံးဝလျစ်လျူရှုပြီး သူ့ဘာသာသူ ထွက်သွားနိုင်သော်လည်း သူသည် နေဖို့ ရွေးချယ်ခဲ့လေသည်။

အထူးသဖြင့် 'မင်းက အိပ်မက် မက်နေတာပဲ' ဟူသော စကားကိုပြောလိုက်သောအခါ ယင်းစကားသည် သူမ၏နှလုံးသားကို တုန်လှုပ်သွားစေသည်ဟု ချင်ရွှန်းရွှန်း ခံစားလိုက်ရသည်။ သူမ၏ မူလက အေးစက်စက်နှလုံးသားသည်ပင် အမှန်တကယ် ကြေကွဲခြင်း တစွန်းတစ ပြသလာနေသည်။

သူမရှေ့ရှိ ဤလူသည် သူမနှင့်စတင်တွေ့ပြီးကတည်းက သူမကိုကူညီနေမှန်း ချင်ရွှန်းရွှန်း ရုတ်တရက် သတိရလိုက်သည်။ ထို့အပြင် သူသည် လုံးဝမညည်းညူခဲ့ပေ။ ထိုအချိန်တုန်းကဆို သူမသည် သူ့ကိုပင် သတ်ပစ်ချင်ခဲ့သည်။ ယင်းက သူမကို အရှက်ရသွားစေသည်။

"တကယ်လို့ သူ့မှာသာ မိန်းမရှိမ‌နေရင် ငါတောင် သူ့မိန်းမ ဖြစ်ကောင်း ဖြစ်နိုင်လိမ့်မယ်။" ချင်ရွှန်းရွှန်းသည် သူမကိုယ်သူမ တွေးနေမိသည်။ ချင်ယွင်ကို ကြည့်သည့် သူမအကြည့်တွေက အတော်လေးပင် ပျော့‌ပြောင်းသွားခဲ့သည်။

ပင်မထိုင်ခုံမှာထိုင်နေသော လူငယ်သည် လူနှစ်ယောက် လက်ရည်သူ တိုက်ခိုက် နေသည်ကို ကြည့်နေသည်။ သူ၏မျက်နှာပေါ်တွင် ဒေါသအရိပ်ယောင်များ ပိုပြင်း ထန်လာပြီး သူ၏ဘေးမှာ ရပ်နေသည့် ရှီကန်ဟိုင်ကို လှည့်ကြည့်လိုက်သည်။

"မင်းလည်း သူ့ကို သွားသတ်လိုက်ပါ။ သူမက ဒီည မင်းပိုင်ဖြစ်လိမ့်မယ်" လူငယ်သည် သူ၏ဘေးနားမှာ တုန်လှုပ်နေသော အနီရောင်၀တ်စုံဝတ် မိန်းမပျိုးလေးအား လက်ညှိုး ထိုးပြလိုက်သည်။

ရှီကန်ဟိုင်သည် ခဏလောက် မှင်သေသေဖြစ်သွားခဲ့ရသည်။ သူသည် အနီရောင်၀တ် ချစ်စရာကောင်းသော အမျိုးသမီးကို ကြည့်လိုက်ရင်း သူ၏မျက်လုံးများတွင် လောဘ အရိပ်အယောင်များ ပေါ်လာလေသည်။ ထို့နောက် သူသည် တုန့်ဆိုင်းခြင်းမရှိ ဓားကို ဆွဲကိုင်ရင်း ချင်ယွင်ဆီသို့ ပြေး၀င်သွား‌‌လေသည်။

ရှီကန်ဟိုင်၏ရုတ်တရက် ထပ်တိုး၀င်‌ရောက်တိုက်ခိုက်မှုကြောင့် မူလက လက်ရည်တူ နေသောမြင်ကွင်းသည် တစ်ဖက်‌ကိုအလေးသာသည့် အရိပ်အယောင်များ ပေါ်လွင် လာစေသည်။

အမှန်တကယ်တော့ ချင်ယွင်သည် သိုင်းဂိုဏ်းချုပ်နယ်ပယ်၏စတုတ္ထအဆင့် အထွတ် အထိပ် ကောင်းကင်အလွှာမှာ ရှိနေခဲ့ပါသည်။ ရှီကန်ဟိုင် နှင့် အနက်ရောင်ဝတ် လုပ်ကြံသတ်ဖြတ်သူတို့၏ တိုက်ခိုက်မှုများကို တစ်ချိန်တည်းတွင် ရင်ဆိုင်နေရသည့် အတွက် ချင်ယွင်သည် ၎င်းတို့ကို ခံနိုင်ရည်စွမ်းမရှိသည့် အရိပ်အရောင်အချို့ပင် ပေါ်လာလေသည်။

"ငရဲကိုသွားလိုက်တော့!"

ရှီကန်ဟိုင်၏လက်ထဲမှ လေးလံသောဓားကြီးသည် ချင်ယွင်ဆီသို့ တောင်တစ်လုံး ထိုးကျလာသည့်အလား ကျဆင်းသွားသည်။ တစ်ချိန်တည်းမှာပင် အနက်ရောင်၀တ် လုပ်ကြံသတ်ဖြတ်သူ၏ ဓားတိုသည် ချင်ယွင်၏ ရင်ဘတ်ဆီသို့ တစ္ဆေသရဲအရိပ်ကဲ့သို့ ထိုးထွက်လာခဲ့သည်။

ချင်ယွင်သည် လျင်မြန်စွာ ဆုတ်ခွာသွားခဲ့ရပြီး သူတို့နှစ်ဦး၏ တိုက်ခိုက်မှုကို ရှောင်လိုက်သည်။

သို့သော်လည်း အနက်ရောင်၀တ် လုပ်ကြံသတ်ဖြတ်သူသည် ချင်ယွင်ကို ရှောင်တိမ်း မည်ကို မျှော်လင့်ထားပုံရသည်။ သူသည် အလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းလဲ သွားပြီး ချင်ယွင်၏နောက်တွင် ပေါ်လာသည်။ ထို့နောက် သူ၏လက်ထဲရှိ ဓားတိုလေးသည် ချင်ယွင်၏ လည်ပင်းကို တိုက်ရိုက်သုတ်သင်လိုက်သည်။

ချင်ယွင်သည် အေးစက်စွာ အော်ဟစ်ပြီး အနက်ရောင်ဝတ် လုပ်ကြံသတ်ဖြတ်နှင့် ထိပ်တိုက်ရင်ဆိုင်ရင် သူ၏‌ဆေဘာကို တိုက်ရိုက်ခုတ်ပိုင်းကာ တားဆီးလိုက်သည်။

အနက်ရောင်ဝတ် လုပ်ကြံသတ်ဖြတ်သူသည် ရယ်မောလိုက်သည်။ အခြား လက်တစ်ဖက်က ချင်ယွင်၏လက်ကို ရုတ်တရက် ဆုပ်ကိုင်လိုက်ပြီး သူ့ကို တင်းတင်း ကျပ်ကျပ် ဆုပ်ကိုင်လိုက်သည်။ သူတို့နှစ်ယောက်သည် တခဏအကြာ တစ်ယောက်ကိုတစ်ယောက် အကျဉ်းအကျပ် ခက်ခဲမူကို ဖြစ်သွားစေ၏။

ဤမြင်ကွင်းကိုမြင်လိုက်ရလျှင် ရှီကန်ဟိုင်၏ မျက်နှာသည် အထင်သေးသည့် သရော်ဟန်ကို ထုတ်ဖော်ရင်း သူ၏ကြီးမားလှ‌သောဓားကြီးကို လက်ထဲကိုင်ပြီး ချက်ချင်း ပြေးလာခဲ့သည်။

ရှီကန်ဟိုင်၏ ဧရာမဓားကြီးသည် ချင်ယွင်၏ နောက်ကျောကို တည့်တည့် ခုတ်ပိုင်း လိုက်သော်လည်း ချင်ယွင်သည် အနက်ရောင်ဝတ် လုပ်ကြံသတ်ဖြတ်သူ၏ လက်မှ မလွတ်မြောက်နိုင်သေးပေ။

"သေလိုက်တော့ လင်းယွင်!" သူသည် ချင်ယွင်၏ခါး ပြတ်တောက်သွားသည်ကို မြင်လိုက်ရသကဲ့သို့ ရှီကန်ဟိုင်၏ အမူအရာက ပို၍ပင် ရက်စက်ကြမ်းကြုတ်လာသည်။

ချင်ယွင်ကိုကြည့်နေနသည့် သူ၏အကြည့်က လူသေကောင်ကို ကြည့်နေသလိုမျိုး ထိုလူငယ်လေး၏ နှုတ်ခမ်းထောင့်များသည် ယုတ်မာကောက်ကျစ်သော အပြုံးတစ်ခု အဖြစ် တွန့်ကွေးသွားခဲ့သည်။

ရုတ်တရက် ချင်ယွင်၏ ပါးစပ်ထောင့်တွင် ထူးဆန်းသော အပြုံးတစ်ခု ပေါ်လာသည်။

ချင်ယွင်နှင့် ရောထွေးလုံးဖက်နေသောအနက်ရောင်၀တ် လုပ်ကြံသတ်ဖြတ်သူသည် ရုတ်တရက် ထိတ်လန့်သွားသည်။

သို့သော် သူတုံ့ပြန်မှုမပြုမီတွင် ချင်ယွင်၏ ခန္ဓာကိုယ်မှ အနက်ရောင်အလင်းတန်း တစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။ ထိုအလင်းတန်းသည် ရှီကန်ဟိုင်၏ အနားတွင် ရုပ်အသွင်ပြင်တစ်ခုအဖြစ် ပေါ်လာလေသည်။ အနက်ရောင်လျှပ်စီးများဖြင့် လွှမ်းခြုံထားသော လက်သည် ရှီကန်ဟိုင်၏ရင်ဘတ်ကို အနှိုင်းမဲ့ ချွန်ထက်သော ဓားတစ်လက်ကဲ့သို့ ထိုးဖောက်ဝင်ရောက်သွားခဲ့သည်။

"မင်း...မင်းက ချင်... ချင်ယွင်..."

ရှီကန်ဟိုင်သည် ရုတ်တရက်ပေါ်လာသော ရုပ်အသွင်ကိုကြည့်လိုက်ရင်း သူ၏မျက်လုံး များသည် ချက်ချင်းပင် ပြူးကျယ်သွားရသည်။ သူ၏မျက်လုံးများတွင် လုံး၀ မထင်မှတ်ထားသည့် အမူအရာမျိုး ပေါ်လာသည်။

သို့သော် သူသည် နောက်ကျနေပြီဖြစ်သည်။ သူ၏ရင်ဘတ်တွင် ပြင်းထန်သော နာကျင်မှုကြောင့် သူ၏ သူငယ်အိမ်များသည်ပင် တဖြည်းဖြည်း မောပန်းနွမ်းနယ်ပြီး အသက်ဓာတ်ကင်းမဲ့လာသည်။ အဆုံးတွင် သူသည် အလင်းရောင်အားလုံးကို ဆုံးရှုံးပြီး အမှောင်ထုကြီး လွှမ်းမိုးသွားလေသည်။

အနက်ရောင်ရုပ်အသွင်အပြင်သည် ခန်းမအတွင်းရှိလူအားလုံးကို အံ့အားသင့်သွား စေခဲ့သည်။ အထူးသဖြင့် ဆံပင်ဖြူအဘိုးကြီးသည် အနက်ရောင်ဝတ်ရုံဝတ်ထားသည့် ချင်ယွင်ကို စိုက်ကြည့်နေသည်။

အနက်ရောင်ဝတ်ရုံ၀တ် ချင်ယွင်သည် လက်ရှိတွင် ၎င်း၏မူလအသွင်အပြင်ကို အသုံးပြုထားသည်။ သူ၏ကိုယ်ပွားသည် သူ၏အကြီးမားဆုံး လျှို့ဝှက်ချက်ဖြစ်ပြီး ၎င်းကို မည်သူ့ကိုမျှ မတွေ့စေချင်ပေ။

"ဟိုင်အာ!" ရှီဂျီသည် ရုတ်တရက်အော်လိုက်ပြီး အနက်ရောင်ဝတ်ရုံ၀တ် ချင်ယွင်ဆီသို့

အသဲအသန် ပြေးလာသောရင်း သူ၏မျက်လုံးများက နီမြန်းနေတော့သည်။

ချင်ယွင်သည် သူ၏လက်ဖဝါးကို ဆွဲထုတ်ပြီး ရှီကန်ဟိုင်၏ အလောင်းကို ရှီဂျီဆီသို့ လွှင့်ပစ်လိုက်သည်။ တစ်ချိန်တည်းမှာပင် သူ၏ရုပ်အသွင်အပြင်သည် တောက်ပလာခဲ့ ပြီး အနက်ရောင်ဝတ် လုပ်ကြံသတ်ဖြတ်သူ၏နောက်ကွယ်တွင် ထူးထူး ခြားခြား ပေါ်လာသည်။

အနက်ရောင်ဝတ် လုပ်ကြံသတ်ဖြတ်သူ၏ တုံ့ပြန်မှုသည် အလွန်နိုးကြား ထက်မြက်ပြီး အနက်ရောင်ဝတ်ရုံ၀တ် ချင်ယွင် ပေါ်လာသည့်အခိုက်တွင် သူသည် အန္တရာယ်ကို သတိပြုမိနေပြီ ဖြစ်သည်။

သို့သော် အနက်ရောင်ဝတ်ရုံ၀တ်ချင်ယွင်နှင့် ပတ်သက်သည့် ကြောက်စရာ ကောင်းသည့်အချက်မှာ ၎င်းသည် သူ၏ ခန္ဓာကိုယ်တစ်ခုတည်းသာ မဟုတ်ပေ။ အနက်ရောင်လျှပ်စီးများ လွှမ်းခြုံထားသော အရှိန်အဟုန်သည်လည်း ကြောက်စရာ ကောင်းလွန်းသည်။ သူသည် အနက်ရောင်အလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းလဲ သွားပြီး အနက်ရောင်ဝတ်လုပ်ကြံသတ်ဖြတ်သူ၏ရှေ့တွင် ပေါ်လာပြီး သူ၏ ရင်ဘတ် ဆီသို့ လက်သီးဖြင့် ထိုးလိုက်သည်။

"ရပ်စမ်း!"

ဆံပင်ဖြူအဘိုးအိုသည် တပြိုင်နက် အော်ငေါက်ပြီး ပြေးထွက်သွားသည်။

သို့သော် သူ နောက်ကျနေပြီ ဖြစ်သည်။ အနက်ရောင်ဝတ်ရုံ၀တ် ချင်ယွင်သည် အနက်ရောင်ဝတ် လုပ်ကြံသတ်ဖြတ်သူသူ၏ ရင်ဘတ်ကို တိုက်ရိုက် ထိုးလိုက်သည်။ တဖျတ်ဖျတ်လင်းလက်နေသော အနက်ရောင်လျှပ်စီးသည် ချက်ချင်းပင် အနက်ရောင်၀တ် လုပ်ကြံသတ်ဖြတ်သူ၏ ခန္ဓာကိုယ်ကို ဆုတ်ဖြဲလိုက်ပြီး အနက်ရောင်၀တ် လုပ်ကြံသတ်ဖြတ်သူကို အသားအပိုင်းအစများအဖြစ် ပြောင်းလဲ ပစ်လိုက်သည်။

ဆံပင်ဖြူအဘိုးအိုသည် အနက်ရောင်ဝတ် လုပ်ကြံသတ်ဖြတ်သူ အသတ်ခံရသည်ကို မြင်သောအခါ ချက်ချင်းပင် ဒေါသတကြီး ဖြစ်သွားသည်။ အစိမ်းရောင်အခိုးအငွေ့ အမျှင်တန်းနှစ်ခုပင် သူ၏နှာခေါင်းထဲမှ ထွက်လာနေသည်။ သူသည် လက်ဖဝါးတဖက်ဖြင့် အနက်ရောင်ဝတ်ရုံ၀တ် ချင်ယွင်ဆီသို့ တိုက်ရိုက် ရိုက်ချလိုက်သည်။

အနက်ရောင်ဝတ်ရုံ၀တ် ချင်ယွင်၏ မျက်လုံးများသည် အေးစက်နေပြီး ပြန်လှည့် ကြည့်ကာ သူ၏လက်သီးဖြင့် ထိုးလိုက်သည်။

"ဘုန်း!"

လက်သီးနှင့် လက်ဖ၀ါ ထိပ်တိုက်ဆုံတွေ့မှုကြောင့် ထိတ်လန့်တုန်လှုပ်ဖွယ် ပေါက်ကွဲ သံများ ထွက်ပေါ်လာပြီး ပြိုကျနေသောအဆောက်အဦးကို ပြင်းထန်စွာ လှုပ်ခါသွား စေခဲ့သည်။

ဆံပင်ဖြူအဘိုးကြီးနှင့် အနက်ရောင်ဝတ်ရုံ၀တ် ချင်ယွင်တို့ နှစ်ယောက်စလုံး ခြေလှမ်း အနည်းငယ် နောက်ပြန်ဆုတ်သွားကြသည်။

ဆံပင်ဖြူအဘိုးကြီး၏ မျက်လုံးများသည် အံ့သြမှုအပြည့်ရှိနေသည်။ သူသည် တတိယ အဆင့် ကောင်းကင်အလွှာ သိုင်းမြို့စားအဆင့်ကျွမ်းကျင်သူ ဖြစ်သည်၊ သို့သော် ဤစတုတ္ထအဆင့် ကောင်းကင်အလွှာ သိုင်းဂိုဏ်းချုပ် ကျွမ်းကျင်သူတဦး၏ လက်ဖဝါး ရိုက်ချက်ကြောင့် သူသည် နောက်ပြန်တွန်းထုတ်ခြင်း ခံခဲ့ရသည်။

ယင်းအပြင်၊ သူ၏လက်ထဲရှိ ထူးဆန်းလွန်းသည့် အနက်ရောင်လျှပ်စီးသည် မည်သည့် အရာဖြစ်သည်ကို အတိအကျ သူမသိပေ။

တစ်ချိန်တည်းမှာပင် ထိုင်ခုံတွင်ထိုင်နေသော လူငယ်လေး၏ မျက်နှာသည် ရေညှိကဲ့သို့ ညို့မည်းနေပြီး ဒေါသတကြီး ခြင်္သေ့တစ်ကောင်ကဲ့သို့ သူ၏မျက်လုံး များတွင် သတ်ဖြတ်လိုသည့်ဆန္ဒများဖြင့် ထိန်းမနိုင်သိမ်းမရ ထွက်ပေါ်နေလေ၏။

ကွင်းပြင်ကြီး၏ အငွေ့အသက်သည် တင်းမာနေသည်။

ချင်ရွှန်းရွှန်းသည် တိုက်ပွဲကို တစ်ဖက်မှ တိတ်တဆိတ် စောင့်ကြည့်နေသော်လည်း၊ တိုက်ပွဲမြင်ကွင်းကို သူမ မြင်လိုက်ရသောအခါတွင် သူမ အလွန်တုန်လှုပ်သွား သေးသည်။

ဤကဲ့သို့ ရက်စက်ရက်စက်ကြမ်းကြုတ်သော သတ်ဖြတ်နည်းလမ်းများသည် အမှန်တကယ်ပင် ကြောက်စရာကောင်းလွန်းသည်။

သို့သော် ချင်ရွှန်းရွှန်းသည် ကြောက်ရွံ့မှု အနည်းငယ်မျှ မခံစားရပေ။ ယင်းအစား သူမသည် မကြုံစဖူး လုံခြုံမှုကို ခံစားလိုက်ရသည် ။ ချင်ယွင်၏ တိုက်ခိုက်ပုံ နည်းလမ်းများကို သူမမြင်သောအခါ၊ ငရဲ၏နက်ရှိုင်းသောအရပ်မှ နတ်ဆိုးနတ်ဘုရား တစ်ပါး ထွက်‌ပေါ်လာသည်ကို သူမမြင်လိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။

"သူက ဘယ်လိုလူစားမျိုးလဲ" ချင်ရွှန်းရွှန်းသည် ချင်ယွင်၏ကိုယ်‌ရေးအချက်လက်ကို

ပို၍ပင် သံသယဖြစ်လာသည်။

All Chapters