ဧည့်သည် အကြီးအကဲ ချင်
Vol. 11 Ch. 160
အခန်း (၁၆၀) ဧည့်သည် အကြီးအကဲ ချင်။
အနက်ရောင်ဝတ်ရုံဝတ် ချင်ယွင်၏ ခန္ဓာကိုယ်သည် အနက်ရောင်လျှပ်စီးကြောင်း များဖြင့် ဖုံးလွှမ်းထားသည်။ သူ၏မျက်လုံးများသည် ရေခဲများကဲ့သို့အေးစက်နေပြီး ခန္ဓာကိုယ်ရှိအနက်ရောင်ဝတ်ရုံသည် လေမတိုက်ခတ်ဘဲ အလိုအလျောက် လှုပ်ခါနေ သည်။
မိုးကြိုး၀ိညာဥ်မျိုးနွယ်စုသည် လျှပ်စီး၏စွမ်းအားကို သဘာဝအတိုင်း ထိန်းချုပ် နိုင်စွမ်းရှိပြီး လျှပ်စီးစွမ်းရည်သဘောတရားတွင် အခြားသူများထက် အဆပေါင်းများစွာ သာလွန်ပြီး ၎င်းတို့၏ ခန္ဓာကိုယ်များသည် အလွန်အစွမ်းထက်သည်။
ချင်ယွင်၏ကိုယ်ပွားသည် တုနှိုင်းမရလောက်အောင်ပင် အစွမ်းထက်သည်။ ဤသည်မှာ နှစ်ပေါင်းတစ်သိန်းနီးပါး မိုးကြိုးလျှပ်စီးဖြင့်ပစ်ခံထားရသည့် ကြောက်မက် ဖွယ်ကောင်းသော ခန္ဓာကိုယ်ဖြစ်သည်။ ဤအရာသည် ရိုးရိုးရှင်းရှင်း မယုံကြည်နိုင်စရာ ကောင်းလှသည်။ အကယ်၍ တစ်စုံတစ်ယောက်သည် ဤခန္ဓာကိုယ်ကို ထိခိုက်ဒဏ်ရာ ရစေချင်သည်ဆိုလျှင် န၀မအဆင့် ကောင်းကင်အလွှာ သိုင်းမြို့စားအဆင့် ကျွမ်းကျင် သူများပင် ဒဏ်ရာရောက်အောင် လုပ်နိုင်မှာ မဟုတ်ဘူး။
သေချာသည်မှာ၊ ချင်ယွင်၏ ခုခံနိုင်သည့်စွမ်းအားသည် ထူးထူးခြားခြား အားကောင်း သော်လည်း သူ၏တိုက်ခိုက်မှုများသည် ကြောက်စရာကောင်းသည့်အဆင်မျိုး မရောက်သေးပါဘူး။ သူ၏ လက်ရှိ ရုပ်ခန္ဓာတိုက်ခိုက်စွမ်းအဆင့်ဖြင့် သူသည် ဒုတိယ အဆင့် ကောင်းကင်အလွှာ သိုင်းမြို့စားအဆင့် ကျွမ်းကျင်သူများကိုသာ ခြိမ်းခြောက် နိုင်စွမ်းရှိပြီး တတိယအဆင့် ကောင်းကင်အလွှာ သိုင်းမြို့စားကျွမ်းကျင်သူများကို လက်ရည်တူအဖြစ်သာ တိုက်ခိုက်နိုင်လိမ့်မည်။
ထို့ကြောင့် သူ၏ရှေ့ရှိ ဆံပင်ဖြူဘိုးအိုကို ရင်ဆိုင်ရာတွင် ချင်ယွင်သည် သူ့ကို အနိုင်ယူ နိုင်ရန် လုံးလုံး ယုံကြည်မူမရှိသလို သူ၏ဘေးတွင် မည်မျှထိ နက်ရှိုင်းသည်မှန်း မသိနိုင်သော လူငယ်တစ်ယောက်လည်း ရှိနေသေးသည်။
ထူးဆန်းသည်မှာ၊ ချင်ယွင်သည် ဤလူငယ်၏ စွမ်းအားကို မမြင်နိုင်ကြောင်း သိလိုက်ရ သည် ။ ဤလူငယ်သည် သူ၏ကျင့်ကြံမှုအဆင့်ကို ဖုံးကွယ်နိုင်သည့် ရတနာနှင့် ဆင်တူသော အရာတစ်ခုခု ရှိနေမှာကို သူကြောက်မိသည်။ မဟုတ်လျှင် ၊ ချင်ယွင်၏ အစစ်အမှန် အင်မော်တယ်တစ်ဦး၏ စိတ်ဝိညာဉ်စွမ်းအားဖြင့်ဆိုလျှင် သူသည် သူ့ပြိုင်ဘက်၏ စွမ်းအားကို မမြင်နိုင်စရာ အကြောင်းမရှိပေ။
"ငါ မင်းကို သတ်မယ်!"
ရှီဂျီသည် ရုတ်တရက် ဟိန်းဟောက်ပြီး အနက်ရောင်ဝတ်ရုံ၀တ် ချင်ယွင်ဆီသို့ ပြေးသွားသည် ။
ချင်ယွင်သည် အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး ရှီဂျီ၏မျက်နှာကို ပါးရိုက်ကာ နောက်ကို လွင့်ပျံထွက်သွားစေသည်။
သူ၏သားနှစ်ယောက်ကိုသတ်တဲ့သည့်အတွက်ရှီဂျီသည် သူ့ကိုမုန်းတီးနေမည် ဆိုသည်ကို ချင်ယွင်သိသော်လည်း ယင်းသည် ရှီတိုင်ယာနှင့် ရှီကန်ဟိုင်တို့၏ အပြစ်လည်း ဖြစ်သည်။
ရှီတိုင်ယာနှင့် ရှီကန်ဟိုင်တို့သည် သူ့ကို အရင်မတိုက်ခိုက်ဘူးဆိုလျှင် ချင်ယွင်သည် သူတို့ကို သတ်ဖြတ်လိမ့်မည်မဟုတ်ပေ။ ရှီဂျီအတွက်ကတော့ ချင်ယွင်သည် သူ့ကို သတ်ဖြတ်ချင်စိတ် မရှိတော့ပေ။ ရှီဂျီသည် သူ့အပေါ် အလွန်းမင်း လွန်ကဲအောင် လုပ်သည်ဟု မခံစားမိသ၍ သူသည် ရှီဂျီကို သတ်ဖြတ်လိမ့်မည် မဟုတ်ပေ။
ချင်ယွင်သည် ဤကဲ့သို့သော လူတစ်ယောက်ဖြစ်သည်။ လူများက သူ့ကို မစော်ကား မပြစ်မှားသရွေ့ သူကိုယ်တိုင်ကလည်း သူတို့ကို မစော်ကားဟူသော နိယာမကို အမြဲနာခံသူဖြစ်သည်။ အကယ်၍ လူများက သူ့ကို စော်ကားလျှင် သူသည် သေချာပေါက် ကွပ်မျက်ပစ်လိမ့်မယ်။ ထို့ကြောင့် သူသည် သူသတ်သင့်သည်ဟု ယူဆသူများကိုသာ သတ်ပစ်သည်။
"မင်းက အဲဒီ ချင်ယွင်ပဲ၊ အသက်သစ်သီးက မင်းလက်ထဲမှာပဲ" ထိုလူငယ်က ချင်ယွင်ကိုကြည့်ကာ ပြောသည် ။
အနက်ရောင်ဝတ်ရုံဝတ် ချင်ယွင်က သရော်လှောင်ပြောင်ဟန်ဖြင့် “ကျုပ်က ချင်ယွင်ပဲ၊ ဒါပေမယ့် အသက်သစ်သီးကတော့ ကျုပ် စားပြီးပြီ” ဟု တုံ့ပြန်လိုက်သည်။။
ချင်ယွင်သည် မလိမ်ညာခဲ့ပါဘူး။ သူသည် အသက်သစ်သီးကို အမှန်တကယ်ပင် စားသုံးခဲ့ပြီးဖြစ်သည်။ သို့သော်လည်း အသက်သစ်သီးကို စားသုံးခဲ့သူမှာ အနက်ရောင် ဝတ်ရုံ၀တ်ချင်ယွင် မဟုတ်ပေ။ ယင်းအအစား၊ နံဘေးမှာရှိနေသည့် ခန္ဓာကိုယ် အစစ်အမှန် လင်းယွင်ဖြစ်သည်။
သို့သော် သူ၏ကိုယ်ပွားဆိုသည်မှာလည်း သူဖြစ်သည်၊ ထို့ကြောင့် သူ၏ကိုယ်ခန္ဓာ အစစ်အမှန် ဖြစ်သည်။ သူတို့နှစ်ယောက်လုံးသည် ချင်ယွင်ချည်းသာ ဖြစ်ကြသည်။
လူငယ်သည် ချက်ချင်းပင် ဒေါသတကြီးဖြစ်သွားပြီး ဆံပင်ဖြူအဘိုးအိုအား အမိန့်ပေး လိုက်သည် “ ငါ့အတွက် သူ့ကို သွားသတ်လိုက်တော့၊"
ဆံပင်ဖြူ အဘိုးအိုသည် လူငယ်၏ အမိန့်ကို ကြားသောအခါ၊ တတိယအဆင့် ကောင်းကင်အလွှာ သိုင်းမြို့စားအဆင့်ကျင့်ကြံမှုစွမ်းအားက ချက်ချင်းပင် ထွက်ပေါ် လာသည်။ ပြင်းထန်သော အငွေ့အသက်တစ်ခုသည် ကောင်းကင်သို့ ချက်ချင်းပျံတက် သွားခဲ့ပြီး မိုးကြိုး၀ိညာဥ်မြို့တစ်ခုလုံးကို လွှမ်းခြုံသွားခဲ့သည်။
အနက်ရောင်ဝတ်ရုံ၀တ် ချင်ယွင်၏အမူအရာသည် သူ၏ခန္ဓာကိုယ်မှ အနက်ရောင် လျှပ်စီးကြောင်းများ ထွက်ပေါ်လာရင်း အေးစက်သွားခဲ့သည်။ သူသည် ဆံပင်ဖြူ အဘိုးအိုကို စူးစူးစိုက်စိုက်ကြည့်နေရင်း သူ၏တစ်ကိုယ်လုံးသည် လှုပ်ရှားရန် အခွင့်အရေးကောင်းကို စောင့်နေသည့် ကျားသစ်နက်တစ်ကောင်ကဲ့သို့ပင်ဖြစ်သည်။
"ရပ်လိုက်!"
ထိုအချိန်တွင် ဂုဏ်သိက္ခာရှိသော အသံတစ်ခု ထွက်ပေါ်လာသည်။ အလင်းတန်း အဖြစ်တစ်ခုက ခရမ်းရောင်ရုပ်အသွင်ပြင်တခုအဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး ဆံပင်ဖြူ အဘိုးကြီးနှင့် ချင်ယွင်ရှေ့တွင် ပေါ်လာသည်။
"နဝမအဆင့် ကောင်းကင်အလွှာ သိုင်းမြို့စားအဆင့် ကျွမ်းကျင်သူလား ?" ဆံပင်ဖြူ အဘိုးကြီးသည် သိသိသာသာ တုန်လှုပ်သွားခဲ့သည်။
ချင်ယွင်သည်လည်း အနည်းငယ် အံ့သြသွားသည်။ ရောက်လာသောဤလူကို ထုံးစံအတိုင်း သူသိသည်။ ဤသူသည် မိုးကြိုး၀ိညာဥ်ဂိုဏ်း၏ ဂိုဏ်းခေါင်းဆောင် လဲ့ရှောင်တင်း ဖြစ်သည်။
"မင်းတို့နှစ်ယောက်လုံး ငါ့ကို မျက်နှာသာပေးလို့ရမလား၊ မင်းတို့ရဲ့ရန်သူအဖြစ် တိုက်ခိုက်တာကို ရပ်လိုက်ပြီး ညှိညှိနှိုင်းနှိုင်း လုပ်ဆောင်ကြပါလား။ မင်းတို့တွေ မိုးကြိုး၀ိညာဥ်မြို့တစ်ခုလုံးကို ဖျက်ဆီးဖို့အတွက် မိုးကြိုး၀ိညာဥ်မြို့ထဲမှာ တိုက်ခိုက် ကြမလို့လား။" လဲ့ရှောင်တင်းက ပြောသည်။
ဆံပင်ဖြူအဘိုးကြီးသည် ထိုစကားကိုကြားသောအခါ သူ၏ဘေးနားမှ လူငယ်ကို လှည့်ကြည့်လိုက်သည်။
လူငယ်လေး၏ မျက်နှာသည် ဒေါသနှင့် မကျေမနပ် ဖြစ်နေသည်။ သူသည် ချင်ယွင်နှင့် လင်းယွင်တို့ဘက်ကို လှည့်ကြည့်လိုက်ပြီး "ချင်ယွင်နှင့် လင်းယွင်တို့ ၊ ငါ မင်းတို့ နှစ်ယောက်စလုံးကို သတိရနေမယ်၊ နောက်တစ်ခါ မင်းတို့နှစ်ယောက် ငါနဲ့ မတွေ့စေနဲ့ ၊ မဟုတ်ရင် မယဉ်ကျေးတဲ့အတွက် ငါ့ကို အပြစ်မတင်နဲ့ "
ချင်ယွင်သည် လူငယ်၏ခြိမ်းခြောက်မှုကို လုံးဝဂရုမစိုက်ဘဲ ဖျတ်ခနဲ ပြုံးလိုက်သည်။
သို့ပေမယ့် လဲ့ရှောင်တင်းက ပြောလိုက်သည် "ချင်ယွင်နဲ့လင်းယွင် နှစ်ယောက်စလုံးက ငါတို့ မိုးကြိုး၀ိညာဥ်ဂိုဏ်းကပဲ။ တကယ်လို့ မင်းတို့သာ သူတို့ကို ထိမယ်ဆိုရင် ထိတဲ့လူက ငါတို့ မိုးကြိုး၀ိညာဥ်ဂိုဏ်းရဲ့ ရန်သူတွေဖြစ်လာလိမ့်မယ်။ မင်းက တိုင်ယွန်ကုန်သည်ကြီးများအသင်းရဲ့ သခင်လေးပဲဖြစ်ဖြစ် ကုန်ကုန်ပြောရရင် မင်းဘယ်သူပဲဖြစ်ဖြစ် ငါဂရုမစိုက်ဘူး။ ငါလဲ့ရှောင်တင်းက အဲဒီလူအားလုံးကို သတ်ပစ်မယ်။"
ထိုသို့ပြောပြီးနောက် နဝမအဆင့် ကောင်းကင်အလွှာ သိုင်းမြို့စားအဆင့် ကျွမ်းကျင်သူတစ်ဦး၏ ဖိအားများက လုံးလုံးလျားလျား ထွက်ပေါ်လာခဲ့ပြီး လူငယ်လေးအပေါ် တိုက်ရိုက် ဖိနှိပ်လာခဲ့သည်။
ထိုလူငယ်လေးသည် ပါးစပ်ထဲမှသွေးများ ယိုစီးကားရွှဲနစ်သွားခဲ့ပြီး သူ၏မျက်နှာက ချက်ချင်း နီရဲသွားသည်။
"မိုးကြိုး၀ိညာဥ်ဂိုဏ်း၊ ငါဂျီယွမ်က မင်းရဲ့ မိုးကြိုး၀ိညာဥ်ဂိုဏ်းနဲ့ ခွဲထုတ်လို့ မရတော့ ဘူးဆိုတာကို ငါမှတ်မိနေမယ် " လူငယ်သည်သူ၏ ၀တ်စုံလက်မောင်းကို ဝှေ့ယမ်းကာ ဆံပင်ဖြူအဘိုးကြီးနှင့်အတူ အံကြိတ်ပြီး ထွက်ခွာသွားခဲ့သည်။ ("ခွဲထုတ်လို့မရတော့ ဘူးဟူသည်" သူနဲ့ပတ်သက်သွားပြီ၊ ရန်ငြိုးရှိသွားပြီဟုဆိုလိုဟန်)
တစ်ဖက်တွင် ချင်ယွင် အနည်းငယ် ထိတ်လန့်သွားသည်။ မိုးကြိုး၀ိညာဥ်ဂိုဏ်း၏ ဂိုဏ်းခေါင်းဆောင်သည် သူ့အတွက်ကြောင့် ဤဂျိယွမ်နှင့် အမှန်တကယ် ရန်သူဖြစ်ခံလိုက်တာလား?
ချင်ယွင်လို မိုက်မဲစွာပြုမူတတ်သူတစ်ယောက်တောင်မှ တိုင်ယွန်ကုန်သည်ကြီးများ အသင်းမှာ ဤဂျီယွမ်၏ အဆင့်အတန်းသည် နိမ့်ကျလိမ့်မည် မဟုတ်ဘူးဆိုသည်ကို သေချာပေါက် ပြောနိုင်သည်။ အကယ်၍ သူတို့သည် သူနှင့်ရန်သူဖြစ်ခဲ့လျှင် တိုင်ယွန်ကုန်သည်ကြီးများအသင်း တစ်ခုလုံးနှင့် ရန်သူများဖြစ်နိုင်ချေရှိသည်။
ဂိုဏ်းခေါင်းဆောင်တဦးအဖြစ်၊ လဲ့ရှောင်တင်းသည် သူစိတ်ဆန္ဒရှိသည့်အတိုင်း လှုပ်ရှားသူတစ်ဦးမဟုတ်သည်မှာ သေချာသော်လည်း သူ၏လုပ်ရပ်များက ချင်ယွင်ကို စိတ်ကူး၍မရနိုင်ဟု ခံစားရစေသည်။
ဂျီယွမ်ထွက်သွားပြီးနောက် လဲ့ရှောင်တင်း သည် သူ၏ရှေ့မှာရှိသည့် ချင်ယွင်ကို လှည့်ကြည့်ပြီး ပြုံးကာ ပြောလိုက်သည့် " ချင်ယွင်၊ မင်းအကြောင်းကို ငါအရင်က ကြားဖူးတယ်။
အနက်ရောင်ဝတ်ရုံ၀တ်ချင်ယွင်သည်အနည်းငယ် ပြုံးပြလိုက်သော်လည်း သူ၏ စိတ်နှလုံးထဲတွင် အလွန်ကိုးရိုးကားယားနိုင်သည်ဟု ခံစားရသည်။
ရုတ်တရက် သူသည် တစ်စုံတစ်ခုကို သတိရသွားပြီး မေးလိုက်သည် "ခုနက ဂိုဏ်းခေါင်းဆောင်က ကျွန်တော်ကလည်း မိုးကြိုး၀ိညာဥ်ဂိုဏ်းကလို့ ရှင်းရှင်း လင်းလင်း ပြောခဲ့တယ်။ ဒါပေမယ့် ဒါက မဟုတ်ဘူးလို့ ရှင်းနေတာပဲလေ။ ဂိုဏ်းခေါင်းဆောင်က ဘာလို့ ကျွန်တော်ကို ကာကွယ်ပေးချင်ရတာလဲ"
လဲ့ရှောင်တင်းက ကျယ်လောင်စွာ ရယ်မောလိုက်ပြီး "မင်းက မဟုတ်ဘူးလို့ ဘယ်သူပြောတာလဲ"
ချင်ယွင်၏နှလုံးသည် ရုတ်တရက် တချက်ခုန်သွားသည်။ လဲ့ရှောင်တင်းသည် သူ၏ ကိုယ်ရေးအချက်လက်မှန်ကို ရှာဖွေတွေ့ရှိသွားခြင်း ဖြစ်နိုင်ပါသလား။ ဒါက မဖြစ်နိုင်ဘူးမဟုတ်လား?
သို့သော်၊ လဲ့ရှောင်တင်း၏ စကားများက ချင်ယွင်ကို သက်ပြင်းတချက်ချပြီး စိတ်သက်တောင့်သက်သာ ဖြစ်စေခဲ့သည် "သိပ်မကြာသေးပါဘူး၊ အခုလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ မင်းဆန္ဒရှိသရွေ့ မင်းကို ငါ့မိုးကြိုး၀ိညာဥ်ဂိုဏ်းရဲ့ အကြီးအကဲဖြစ်တောင် ငါဖိတ်ခေါ်မယ်။ မင်းဘယ်လိုထင်လဲ?"
ချင်ယွင်သည် အနည်းငယ် ထိတ်လန့်သွားသည်။ မိုးကြိုး၀ိညာဥ်ဂိုဏ်း၏ အကြီးအကဲလား၊ လဲ့ရှောင်တင်းက သူ့ကို အမှန်တကယ်မြင်သွားခဲ့တာ။
လဲ့ရှောင်တင်းသည် ချင်ယွင်၏ အတွေးများကို မြင်နိုင်ပုံရပြီး ပြောလိုက်သည်"မင်းမှာ တတိယအဆင့် ကောင်းကင်အလွှာ သိုင်းမြို့အစား ကျွမ်းကျင်သူကိုတောင် တွန်းလှန်နိုင်တဲ့ ခွန်အားတွေ ရှိနေပြီလေ။ မင်းက ဘာလို့ အကြီးအကဲတစ်ယောက် မဖြစ်ရမှာလဲ"
ချင်ယွင်သည် ရှက်ရွံ့သွားခဲ့ပြီး "ကျေးဇူးတင်ပါတယ် ဂိုဏ်းခေါင်းဆောင် ၊ ဒါပေမယ့် ကျွန်တော်က အမြဲတမ်း လွတ်လပ်မှုကို နှစ်သက်ပြီး ချုပ်ချယ်ခံတာကို မကြိုက်ဘူး" ဟု သူကပြောလိုက်ပါသည်။
"ဒါဆို ဧည့်သည်အကြီးအကဲချင်အဖြစ်ဆိုရင်ရော အဆင်ပြေရဲ့လား။ ဧည့်သည် အကြီးအကဲချင်က ဂိုဏ်းထဲမှာနေဖို့ မလိုအပ်ဘဲ ဂိုဏ်းရဲ့ ကန့်သတ်ချက်တွေကိုလည်း လိုက်နာစရာမလိုပါဘူး။ ဒါပေမယ့် ဂိုဏ်းက အန္တရာယ်ရှိနေပြီဆိုရင် ဧည့်သည် အကြီးအကဲချင်က ဂိုဏ်းကိုကာကွယ်ဖို့ ပြန်လာရန်လိုအပ်တယ်။ " လဲ့ရှောင်တင်းက ဆက်ပြောသည် ။
ဤစကားများပြောပြီးသည်နှင့် ချင်ရွှန်းရွှန်း သည်ပင် အံ့သြသောအမူအရာကို ထုတ်ပြသည်။ သူမသည် 'လင်ယွင်' ကိုကြည့်ကာ ထူးဆန်းသောအမူအရာတစ်ခုကို ထုတ်ဖော်လိုက်သည်။
"ကောင်းပြီလေ၊ ငါက ဧည့်သည်အကြီးအကဲ ချင်ပေါ့" ချင်ယွင် သဘောတူလိုက်သည်။
လဲ့ရှောင်တင်း၏ မျက်နှာသည် ချက်ချင်းဆိုသလို ရွှင်လန်းသော အပြုံးတစ်ခု ထွက်ပေါ်လာပြီး ကျယ်လောင်စွာရယ်မောရင်း ပြောလိုက်သည့် "ကောင်းတယ်၊ ကောင်းတယ်၊ ကောင်းတယ်။"
ထို့နောက် ချင်ယွင်သည် သူ၏စကားများကို ပြန်ရုတ်သိမ်းသွားမှာကို ကြောက်နေ သလိုမျိုး အကြီးအကဲတံဆိတ်ပြားတစ်ခုကို ထုတ်ကာ ချင်ယွင်ထံ ပစ်ပေးလိုက်သည်။
ဤအရာက ချင်ယွင်ကို စိတ်မသက်မသာဖြစ်စေသည်။
အဆုံးတွင် လဲ့ရှောင်တင်းက 'လင်းယွင်' ဘက်ကို လှည့်ကြည့်ကာ ပြုံးလိုက်သည်။ 'မနက်ဖြန်၊ ဂိုဏ်းက ဘိုင်ယွန်စီရင်စုမြို့တော်ကို သွားရမယ်။ ဒီပြိုင်ပွဲမှာ ဂိုဏ်းရဲ့ ဂုဏ်သတင်းကို တိုးစေဖို့အတွက် မင်း စောစောပြန်ပြီး ပြင်ဆင်သင့်တယ်။'
"လင်းယွင်"သည် ခေါင်းညိတ်ပြလိုက်ပြီး သူ၏ မျက်လုံးများက စိတ်လှုပ်ရှားမှု များနှင့်အတူတောက်ပနေသည်။ "ငါ မကြာခင် ဘိုင်ယွန်စီရင်စုမြို့တော်ကို သွားရ တော့မှာပါလား။ ရန်စီချီ၊ ငါတို့ မကြာခင် ပြန်ဆုံကြမယ်။ မင်း အခု ဘယ်လိုနေလဲ ငါ သိချင်နေမိတယ်။"
ထိုနောက် ချင်ယွင်သည် နှုတ်ဆက်ရန်အတွက် အကြောင်းပြချက်ကို ချက်ချင်းရှာလိုက်ပြီး 'လင်းယွင်နှင့်အတူ ချင်ရွှန်းရွှန်းနောက်မှ ချင်ဘာတန်၏ နေအိမ်သို့ ပြန်သွားခဲ့သည်။