← Chapters

အောင်မြင်သောအဆင့် ချိုးဖြတ်မှု

Vol. 11 Ch. 161

အောင်မြင်သောအဆင့် ချိုးဖြတ်မှု

Vol. 11 Ch. 161

အခန်း (၁၆၁) အောင်မြင်သောအဆင့် ချိုးဖြတ်မှု

ချင်ဘာတန်၏အဖေနှင့်သမီးကို သူတို့၏ နေအိမ်သို့ပြန်ပို့ပြီးနောက် ချင်ယွင်နှင့် ကျန်းရွန်ရှင်းတို့သည် မြို့သခင်စံအိမ်မှထွက်ခွာသွားခဲ့ပြီး အနက်ရောင်ဝတ်ရုံ၀တ် ချင်ယွင်သည်လည်း ချင်ယွင်၏ခန္ဓာကိုယ်သို့ ပြန်လည်၀င်ရောက်ရှိရန် အခွင့်အရေးကို ရယူနိုင်ခဲ့သည်။

ဇောင်ယုသည် ချင်ယွင်၏အကူအညီဖြင့် သူ၏ဒဏ်ရာများ တဖြည်းဖြည်း သက်သာ လာခဲ့သည်။

ထိုကာလအတွင်း ချင်ယွင်နှင့် ဇောင်ယုတို့သည်လီချင်း၏နေရာကို ရှာဖွေရန်အတွက် လက်လျော့ခဲ့ခြင်းမရှိပေ။ သို့သော်လည်း လီချင်းသည် ​​ဤကမ္ဘာကြီးမှ အပြီးတိုင် ပျောက်ကွယ်သွားသလိုပင်။ သူ၏သတင်းစကားကို လုံးဝမရရှိခဲ့ပေ။ ဤအရာက ချင်ယွင်ကို အလွန်အကူအညီမဲ့မူကို ခံစားရစေသည်။

ကံကောင်းထောက်မစွာ၊ ဇောင်ယု၏ ရုပ်ခန္ဓာကြံ့ခိုင်မှု တိုးတက်လာသည်နှင့်အမျှ၊ သူ၏ခန္ဓာကိုယ်အတွင်းရှိ ဝိညာဉ်စွမ်းအင်များ၏ ပြင်းထန်စွာ ဖြစ်ပွားနေသော ဖရိုဖရဲဖြစ်ရာကာလသည်လည်း ရှည်လျားသွားမည် ဖြစ်သည်။ သူ၏ လက်ရှိ အခြေအနေအရ သူသည် နှစ်နှစ်မှ သုံးနှစ်အထိ ပြဿနာရှိလိမ့်မည် မဟုတ်ပေ။

အကယ်၍ သူသာ လီချင်းကို အမှန်တကယ် ရှာမတွေ့ခဲ့ဘူးဆိုလျှင် သူသည် ချင်ယွင် န၀မအဆင့် ကောင်းကင်အလွှာ သိုင်းမြို့စားနယ်ပယ်ကို ဖြတ်ကျော်ရန် စောင့်နေရုံသာ တတ်နိုင်တော့မည်။ ချင်ယွင်သည်လည်း နှစ်နှစ်မှ သုံးနှစ်အတွင်း သေချာပေါက် လုပ်နိုင်လိမ့်မည်ဟု သူယုံကြည်သည်။ ထို့ကြောင့် သူသည် ဇောင်ယုကို အနားယူခွင့် ပေးလိုက်သည်။

ဇောင်ယုသည် ချင်ယွင်အပေါ် ယုံကြည်မှုက မကြုံစဖူးသည့်အဆင့်သို့ ရောက်ရှိသွားပြီ ဖြစ်သောကြောင့် ချင်ယွင် ပြောသမျှကို သူယုံကြည်ခဲ့သည်။

ချင်ယွင် နှင့် ကျန်းရွန်ရှင်းတို့သည် ဂိုဏ်းသို့ ပြန်ရောက်ပြီးနောက်၊ ချင်ယွင်သည် အခန်းထဲသို့ ချက်ချင်း၀င်သွားခဲ့သည်။

အခန်းထဲသို့ဝင်ပြီးနောက် ချင်ယွင်သည်လုံးဝတွန့်ဆုတ်ခြင်းမရှိဘဲ တင်ပျဉ်ခွေထိုင်ကာ ရှေးဟောင်းခေတ် အစိမ်းရောင်ကြာပန်းပညာရပ်ကို စတင်ဖြန့်ချီလိုက်သည်။ သူ၏ ဝိညာဉ်စွမ်းအင်များသည် သိုင်းဂိုဏ်းချုပ်နယ်ပယ် စတုတ္ထအဆင့် အထွတ်အထိပ် ကောင်းကင်အလွှာသို့ ရောက်ရှိသွားပြီဖြစ်ကြောင်း သူခံစားခဲ့ရသည်။ တစ်နည်း ဆိုရသော်၊ ယခုအချိန်တွင် သူသည် သိုင်းဂိုဏ်းချုပ်နယ်ပယ်ပဉ္စမအဆင့် ကောင်းကင် အလွှာသို့ ဖြတ်ကျော်ရမည့်အချိန်ဖြစ်သည်။

ဤကာလအတွင်း ချင်ယွင်သည် ဝိညာဉ်စွမ်းအင်များကို တမင်တကာ ကျင့်ကြံခြင်းမျိုး မဟုတ်သော်လည်း သူ့အလိုလိုကြီးထွားလာသည့် ဝိညာဉ်စွမ်းအင်ကျင့်ကြံခြင်းအဆင့် မြင့်တက်လာခြင်းကိုတော့ ခွင့်ပြုပေးခဲ့ရသည်။ ဤနည်းဖြင့် သူသည် သဘောတရား များကို နားလည်သဘောပေါက်ရန်နှင့် သူ၏သိုင်းပညာရပ်များကို အကောင်အထည် ဖော်ရန်အတွက် လုံးလုံးလျားလျား အာရုံစိုက်နိုင်ခဲ့သည်။

ချင်ယွင်၏ ဒန်တန်အတွင်းရှိဝိညာဉ်စွမ်းအင်ရေကန်သည် လှိုင်းလုံးကြီးတစ်ခုလို ဖြစ်နေပြီး ရေကန်ထဲတွင် ပြည့်နေသော ကြာပန်းများသည် ချက်ချင်းပင် ညှိုးနွမ်း သွားလေသည်။(ရှိပြီးသားကြာပန်းများညှိုးနွမ်းသွား)

ဤအခိုက်အတန့်တွင်၊ ဝိညာဉ်စွမ်းအင်ရေကန်သည်လည်း အနည်းငယ် ကျယ်ပြန်လာခဲ့ပြီး အတွင်းပိုင်းရှိ ဝိညာဉ်စွမ်းအင်ရေကန်သည် ပို၍ပင် ကြည်လင်ပြီး သန့်ရှင်းလာခဲ့သည်။

သိမ်မွေ့သောလေပြည်လေညင်းက ဖြည်းညှင်းစွာ ဖြတ်ကျော်သွားခဲ့ပြီး ကြည်လင် သန့်ရှင်းသော ရေကန်ထဲတွင် ကြာပန်းပွင့်များ ပြန်လည်ပေါက်လာပြီး ရေကန်ငယ် တစ်ခုလုံးကို ဖုံးလွှမ်းသွားခဲ့သည်။ (ကြာပွင့်များပြန်လည်ပေါက်လာ)

ရှေးဟောင်းခေတ် အစိမ်းရောင်ကြာပန်းပညာရပ်၏ လျှို့ဝှက်ဆန်းကြယ်မှုမှာ နယ်ပယ် တစ်ခုစီတိုင်းတွင် ကြာပန်းအသစ်တစ်ပွင့်ကို မွေးဖွားပေးမည်ဖြစ်ပြီး ကြာပန်းသည် အဆက်မပြတ် ကြီးထွားလာမည် ဖြစ်သည် ။ ကြာပန်းပွင့်သည် ရေကန်တစ်ခုလုံး၏ ရေပြင်ထဲတွင် အပြည့်ပွင့်လာသောအခါ၊ ဝိညာဉ်စွမ်းအင်နယ်ပယ်သည် အပြည့်အ၀ ပြည့်သွားခဲ့ပြီ ဖြစ်သည်။

ဤအဆင့်ချိုးဖြတ်သည့်အချိန်တွင် ထိုကြာပန်းများသည် အာဟာရအဖြစ်သို့ ပြန်လည်ပြောင်းသွားခဲ့ပြီး အားလုံးသည် ရေအိုင်ထဲမှရေအဖြစ်သို့ ပြန်လည် ရောက်ရှိကုန်၏၊ ရေကန်သို့ ဝိညာဥ်စွမ်းအင်ကို ပြန်လည်ပေးသည်။၊ ဤအရာသည် နယ်ပယ်တခုချင်းစီ၌ အဆင့်ချိုးဖြတ်မူဖြစ်ပြီး နောက်နယ်ပယ်များ၌လည်း ဤနည်း အတိုင်းပင် ဖြစ်သည်။

ဤဖြစ်စဥ်သံသရာကို လျှော့မတွက်သင့်ပေ။ ဤလုပ်ငန်းစဉ်တွင် ' ရှေးဟောင်းခေတ် အစိမ်းရောင်ကြာပန်းပညာရပ်'၏ အကြီးမားဆုံးသော လျှို့ဝှက်ဆန်းကြယ်မှုများ ပါဝင်သည်။

ချင်ယွင်သည် သိုင်းဂိုဏ်းချုပ်နယ်ပယ်၏ ပဉ္စမအဆင့် ကောင်းကင်အလွှာသို့ လွယ်ကူစွာဖြတ်ကျော်ခဲ့ပြီး သိုင်းဂိုဏ်းချုပ်နယ်ပယ်၏ ပဉ္စမအဆင့် ကောင်းကင်အလွှာ အလယ်အလတ်အဆင့်သို့ ချောမွေ့စွာရောက်ရှိသွားခဲ့သည်။

သေချာသည်မှာ ၊ ချင်ယွင်၏ အဆင့်ချိုးဖြတ်မူနှင့် အတူ၊ ကောင်းကင်ဘုံကိုးလွှာ ကြယ်စင်စုပုံကြမ်းထဲရှိ အစိမ်းရောင်၀တ်စုံ၀တ်ချင်ယွင်နှင့် အနက်ရောင်၀တ်စုံ၀တ် ချင်ယွင်တို့လည်း အဆင့်ဖြတ်ကျော်သွားကြသည်။

ကိုယ်ပွားနှစ်ခုတွင် တစ်ခု၏ခန္ဓာကိုယ်သည် အသက်သစ်ပင်ဖြစ်ပြီး၊ နောက်တစ်ခု၏ ခန္ဓာကိုယ်မှာ ရှေးဟောင်းလျှပ်စီးဖြင့် အနှစ်တစ်သိန်းကြာအောင် ပျိုးထောင်ပေးခဲ့ သည့် လျှပ်စီး၏ ချစ်မြတ်နိုးခြင်းခံရသော ကလေးငယ်ဖြစ်သည်…။ အကယ်၍ သူတို့၏ ကျင့်ကြံမှုအခြေခံကို ကန့်သတ်ချုပ်ချယ်ထားခြင်းကြောင့်သာ၊ မဟုတ်လျှင် သူတို့အားလုံးသည်သိုင်းမြို့စားနယ်ပယ်ကို ဟိုးယခင်ကတည်းကဖြတ်ကျော်ပြီးသား ဖြစ်သွားလိမ့်မည်။

သူ၏ကိုယ်ခန္ဓာအစစ်နှင့် ကိုယ်ပွားနှစ်ခု၏ အဆင့်ချိုးဖြတ်ဝင်ရောက်မှုများနှင့်အတူ ချင်ယွင်၏ ခွန်အားသည် အခြားအဆင့်တစ်ခုသို့ လျင်မြန်စွာ မြင့်တက်လာခဲ့ သည်။ ထို့ကြောင့်၊ ချင်ယွင်ကိုယ်တိုင်သည်လည်း ဘိုင်ယွန်စီရင်စုမြို့တော်သို့သွားမည့် ခရီးစဉ်အတွက် ယုံကြည်မှုပိုရှိလာသည်။

ရှောင်ဘိုင်သည် ချင်ယွင်၏ရင်ဘတ်ပေါ်ရှိ အစိမ်းရောင်ကြာပန်းအမှတ်သား နေရာသို့ ပြန်ရောက်သည်မှာ ကြာပြီဖြစ်သည်။ သို့သော် လည်း ရှောင်ဘိုင်သည် ထိုနေရာသို့ ပြန်လည် ဝင်လာပြီးနောက် နက်ရှိုင်းစွာ ငိုက်မျဉ်းသွားခဲ့သည်။ ပြန်နိုးလာတဲ့အခါ အဆင့်လေး ဆိတ်သုဉ်းခြင်းသားရဲတစ်ကောင်အဖြစ်သို့ ဖြတ်ကျော်သွားနိုင်လိမ့်မည်ဟူ သူယုံကြည်ထားသည်။။

ဆိတ်သုဉ်းခြင်းသားရဲများအတွက်၊ ထိုသို့သော ကျင့်ကြံမှုအရှိန်သည် အလွန် လျင်မြန်သည်ဟု ယူဆထားပြီး ဖြစ်သည်။ ပုံမှန်အားဖြင့်၊ ဆိတ်သုဉ်းခြင်း သားရဲ တစ်ကောင်သည် ဆယ်နှစ်မှ ရှစ်နှစ်အတွင်း အဆင့်ချိုးဖြတ်ကျော်ရန် မဖြစ် နိုင်ပေ။ သူတို့သည် ရှေးဟောင်းနတ်ဘုရားသားရဲများ၏ သွေးမျိုးဆက်ကို ပိုင်ဆိုင်ထား မည်ဆိုလျှင် ၊ ၎င်းတို့၏ အဆင့်ဖြတ်ကျော်မှုအမြန်နှုန်းသည် အလွန်မြန်ဆန်နေမည် မဟုတ်ပေ။ ထို့ကြောင့် ရှောင်ဘိုင်သည် လျင်မြန်စွာအဆင့်ဖြတ်ကျော်နိုင်ခဲ့ရ၏ အခြင်းအကြောင်းရင်းမှာ အစိမ်းရောင်ကြာပန်း အမှတ်အသားကြောင့်ဖြစ်သည်။

အနီလေးနှင့် အနက်လေးတို့အတွက်မူ ၎င်းတို့သည် အစိမ်းရောင်ကြာပန်း စည်းတံဆိပ် ထဲတွင် အချိန်အတော်ကြာနေခဲ့ပြီး အမြဲထွက်ချင်နေပုံရသောကြောင့် ချင်ယွင်သည် အနီလေးနှင့်အနက်လေးတို့ကို လွှတ်ပေးခဲ့ရသည်။ (အဖြူလေးက ရှောင်ဘိုင်၊ အနီလေးကရှောင်ဟောင်၊ အနက်လေးက ရှောင်ဟေးတို့နာမည်များကို မူလပါရှိသည့် အတိုင်း အလျဉ်းသင့်သလို ရေးသားသွားပါမည်။)

တိုက်ဆိုင်စွာပင်၊ ဤအချိန်တွင် ကျန်းရွန်ရှင်းသည် အလျင်အမြန် ပြေးလာခဲ့သည်။ ဤကလေးနှစ်ကောင်ထဲက တစ်ယောက်သည် ကျန်းရွန်ရှင်း၏ ဘယ်ခြေထောက်ကို ပွေ့ဖက်ထားပြီး ကျန်တစ်ကောင်က ကျန်းရွန်ရှင်း၏ ညာဘက်ခြေထောက်ကို ပွေ့ဖက်ထားပြီး လွှတ်ပေးရန်ပင် ငြင်းဆန်နေသည်။

ဤကောင်လေးနှစ်​​ယယောက်သည် ကျန်းရွန်ရှင်းကို အကြိုက်​ကြီးအကြိုက်တွေ့​‌နေပြီး ချင်ယွင်သည်ဤကောင်လေးနှစ်​​ယောက်​ကို ကျန်းရွန်ရှင်းထံ တိုက်ရိုက်​အပ်​ထားရန် ဆုံးဖြတ်​လိလိုကသည်။ သူထွက်သွားပြီးနောက် ပြန်လာရန် အချိန်အတော်ကြာနေဦး မည်ဖြစ်သသည်။ ထိုကြောင့် ချင်ယွင်သည် ကျန်းရွန်ရှင်းကို သူနှင့်အတူခေါ်ဆောင်ရန် မရည်ရွယ်ထားခဲ့ပေ။

ဘိုင်ယွန်မြို့တော်သို့ဖြစ်‌စေ သို့မဟုတ် မိုးပြာတိမ်တိုက်မြို့တော်သို့ ဖြစ်စေ သူ မည်သည်‌နေရာသို့သွားသည်ဖြစ်စေ ဤခရီးစဉ်အတွင်း သူ၏အသက်သည် မည်သည့် အချိန်တွင်မဆို အန္တရာယ်ရှိလိမ့်မည်။ ချင်ယွင်သည် သူ့ကိုယ်သူ ကာကွယ်နိုင် သော်လည်း ကျန်းရွန်ရှင်းကို ကာကွယ်ရန်အတွက် အလွန်ခက်ခဲလိမ့်မည် ။

ကျန်းရွန်ရှင်းသည် သဘာဝအတိုင်း အလွန်နားလည်သဘောပေါက်သူ ဖြစ်သည်။ သူမသည် ချင်ယွင်၏ အတွေးများကို နားလည်ထားပြီးဖြစ်သောကြောင့် ချင်ယွင် ထွက်ခွာသွာရန် အလွန်ဝန်လေးနေမှာစိုးရိမ်သည့်အတွက် စကားဦးပင် မသန်းခဲ့ပေ။

ထို့ကြောင့်လည်း သူမသည် ညသန်းခေါင်တွင် သူမနေထိုင်ရာအိမ်မှ ချင်ယွင် နေထိုင်ရာနေအိမ်သို့ ရောက်လာခဲ့ခြင်းဖြစ်သည်။

ချင်ယွင်သည် ကျန်းရွန်ရှင်း၏ သွယ်လျသောခါးလေးကို ပွေ့ဖက်လိုက်ပြီး သူမကို ညင်သာစွာ ပြုံးပြလိုက်သည်။

ကျန်းရွန်ရှင်းသည် သူမမျက်လုံးထဲမှ စီးကျလာသော မျက်ရည်များကို ထိန်းကာ ချင်ယွင်ကိုကြည့်ပြီး "ယောင်္ကျား၊ နင် ငါ့ကို နောင်ရော ချစ်ဦးမှာလား" ဟု ပြောလိုက် သည်။

ချင်ယွင်သည် ကျန်းရွန်ရှင်း၏ ဦးခေါင်းကိုထိလိုက်ပြီး သူ၏လက်နှစ်ဖက်ဖြင့် ပွေ့ဖက်ထားလိုက်သည်။

ချစ်သူများ ခွဲခွာရန်အ‌ကြောင်းဖန်လာတိုင်း မြင်ရသည့်လူများကို ဝမ်းနည်းကြေကွဲ စေသည်။

ချင်ယွင်နှင့်ကျန်းရွန်ရှင်းတို့သည် အခန်းထဲမှ ထွက်သွားသောအခါ မိုးလင်းနေပြီ ဖြစ်သည်။

ယခုတစ်ကြိမ် ဘိုင်ယွန်မြို့‌ တော်သို့သွားမည့် သူတို့အဖွဲ့သည် ကောင်းကင်မိုးကြိုး ရင်ပြင်တွင်စုဝေးကြနေပြီး ချင်ယွင်နှင့် ကျန်းရွန်ရှင်း တို့သည် ကောင်းကင်မိုးကြိုး ရင်ပြင်သို့ အတူတကွသွားကြသည်။

စိန်လေးအတွက်တော့ ချင်ယွင်သည် သူ၏ ဖွဲ့စည်းတည်ဆောက်မှု အစီရင်အူတိုင်ကို မစုစည်းနိုင်သေးသောကြောင့် သူ၏ဘေးမှာနေရန် အသုံးမ၀င်ပါဘူး။ ထိုကြောင့် သူသည်သူမအတွက် တံခါးစောင့်ခိုင်းလုပ်ခိုင်းခြင်းက ပိုကောင်းသည့်အတွက် စိန်လေးကို ကျန်းရွန်ရှင်းထံကို လွှဲပေးလိုက်ပြီး ဖြစ်သည်။

ချင်ယွင်ထွက်သွားတော့မည်ဟု စိန်လေးကြားသောအခါတွင် သူ၏မျက်နှာတွင် နှပ်ချေးတွဲလောင်းနှင့် မျက်ရည်များပင် ပိုးပိုး‌ပေါက်ပေါက်ကျနေပြီး ယင်းမြင်ကွင်း ချင်ယွင်နှင့် ကျန်းရွန်ရှင်းကို ရယ်ရမလား ငိုရမလားမသိ ဖြစ်စေသည်။

ချင်ယွင်သည် ကောင်းကင်မိုးကြိုးရင်ပြင်သို့ ရောက်သောအခါ၊ ဘိုင်ချီဟန်နှင့် ကျိုးယုတို့ သည် ထိုနေရာတွင် တခဏကြာ စောင့်နေကြပြီဖြစ်သည်။

ချင်ယွင်သည် ဘိုင်ချီဟန်၏ ကျင့်ကြံမှုအဆင့်ကို စစ်ဆေးကြည့်ရာ သူသည် သိုင်းမြို့စားတစ်ပိုင်း နယ်ပယ် ဖြစ်နေပြီဟု တွေ့ရှိခဲ့သည်။ ဤသည်မှာ ချင်ယွင်၏ မျှော်မှန်းချက်ထဲကအတိုင်း အပြည့်အ၀ဖြစ်သည်။

ဘိုင်ချီဟန် နှင့် ကျိုးယုတို့သည် ချင်ယွင် ရောက်ရှိလာသည်ကိုမြင်သောအခါ၊ အထူးသဖြင့် ကျိုးယုသည် ချင်ယွင်ကို ကျေးဇူးတင်သောအကြည့်များဖြင့်ကြည့်ရင်း ပြုံးပြပြီး ခေါင်းညိတ်ပြသည်။

သူသည် သတိလစ်သွားပြီးနောက် မိုးကြိုး၀ိညာဥ်တောင်ကမ္ဘာငယ်လေးထဲမှ ထွက်ခွာ နိုင်ရခြင်း၏အကြောင်းရင်းမှာ ချင်ယွင်ကြောင့်ဖြစ်ကြောင်း သူသိသည်။ တစ်နည်း အားဖြင့် ချင်ယွင်သည် သူ့ကို အခြားလူများလက်မှ ကယ်တင်ခဲ့သည်ဟု ယူဆနိုင်သည်။

သိပ်မကြာခင်မှာပဲ ကြီးမားတဲ့ မိုးပြာမြူနှင်းငှက်ကြီးသည် ကောင်းကင်မိုးကြိုး ရင်ပြင်ပေါ်ကို ဆင်းသက်လာခဲ့သညါ။ တော်၀င်အကြီး အကဲသည် ငှက်နောက်ကျော ပေါ်တွင် ရပ်ကာ ချင်ယွင်နှင့် အခြားသူများကို လက်ဝှေ့ယမ်းပြလိုက်သည်။

ချင်ယွင် နှင့် အခြားသူများသည် အနည်းငယ် အံ့သြသွားကြသည်။ ဘိုင်ယွန်းမြို့‌တော်သို့ ဤခရီးစဉ်တွင် တော်၀င်အကြီးအကဲသည် အဖွဲ့ကို ကိုယ်တိုင်ကိုယ်ကျ ဦးဆောင်လိမ့်မည်ဟု သူတို့ မမျှော်လင့်ထားပေ။ သာမာန်အကြီး အကဲများ ဦးဆောင် လိမ့်မည်ဟု ထင်ထားကြသည်။

သို့သော်လည်း ချင်ယွင်နှင့် အခြားသူများသည် တုံ့ဆိုင်းနေခြင်းမရှိဘဲ မိုးပြာမြူနှင်းငှက်၏ နောက်ကျောပေါ်သို့ ခုန်တက်ခဲ့ကြသည်။

သူတို့သုံးယောက် တက်လာပြီးနောက် တော်၀င် အကြီးအကဲသည် အမိန့်ပေးလိုက်ပြီး မိုးပြာမြူနှင်းငှက်ကြီးသည် တိမ်များပေါ်သို့ ပျံတက်သွားသည်။

ကောင်းကင်မိုးကြိုးရင်ပြင်၏ မြောက်ဘက်ထောင့်တွင်၊ လောလောဆယ်တွင် မိုးကြိုး၀ိညာဥ်ဂိုဏ်း၏ နတ်သမီးနှစ်ပါး တည်ရှိနေသည်။ သူမတို့နှစ်ယောက်လုံးသည် တဖြည်းဖြည်းပျောက်ကွယ်သွားသော မိုးပြာမြူနှင်းငှက်ကြီးကိုကြည့်ရန် ခေါင်းကို မော့လိုက်ကြသည်။

"နောက်ဆုံးတော့ မင်းက ငါ့ယောက်ျားကို ကြိုက်‌နေတာပဲ ။" ကျန်းရွန်ရှင်းက ရုတ်​တရက်​ ချင်ရွှန်းရွှန်းဘက်​သို့ လှည့်​ပြီး ပြုံးလိုက်​သည်​။

ချင်ရွှန်းရွှန်းသည် အနည်းငယ် မျက်မှောင် ကြုတ်ပြီး စကားပြန်မပြောပေ ။ ကျန်းရွန်ရှင်း မည်သည့်အရာဆိုလိုသည်ကို သူမ နားမလည်ပေ။

ကျန်းရွန်ရှင်းက ရုတ်တရက် နူးညံ့စွာ ပြုံးပြီး ချစ်စရာကောင်းသည့် အပြုံးဖြင့် ပြောလိုက်သည် "အဲဒါကြောင့် နောင်အနာဂတ်မှာ ငါတို့က ညီအစ်မကောင်းတွေ ဖြစ်ကြလိမ့်မယ်။ နောက်တစ်ခါ ငါ့ယောင်္ကျား ပြန်လာရင် မင်းအိပ်ရာထဲကို ဝင်ခွင့်ပြု ပေးမယ်"

မူလက ချင်ရွှန်းရွှန်းသည် စကားပြန်ပြောချင်သော်လည်း သူမသည် ဤစကားကြောင့် သူမ၏တံတွေးဖြင့် တစ်ဆို့သွားခဲ့ပြီး စကားမပြောနိုင်လောက်အောင်ပင် တဟွတ်ဟွတ် ဖြင့် ချောင်းဆိုးသွားခဲ့ရသည်။

All Chapters