← Chapters

ဘိုင်ယွန်မြို့တော်

Vol. 11 Ch. 162

ဘိုင်ယွန်မြို့တော်

Vol. 11 Ch. 162

အခန်း (‌၁၆၂) ဘိုင်ယွန်မြို့တော်

ချင်ယွင် နှင့် အခြားသူများသည် အတားအဆီးမရှိဘဲ ဘိုင်ယွန်မြို့တော်သို့ ရောက်ရန် သုံးရက် ကြာ ခရီးနှင်ခဲ့ရသည်။

ဘိုင်ယွန်မြို့တော်တွငါ ပျံသန်းခွင့်ကို ပိတ်ပင်ထားသောကြောင့် ချင်ယွင်နှင့် တခြားလူများ သည် မြို့ပြင်မှာ ဆင်းရုံကလွဲပြီး အခြားရွေးချယ်စရာ မရှိတော့ပေ။

တော်၀င်အကြီးအကဲသည် မိုးပြာမြူနှင်းငှက်ကို သူ့ဘာသာသူ ဂိုဏ်းသို့ ပြန်ပျံသန်းစေခဲ့သည်။ နောက်ဆုံးတွင်၊ မိုးပြာမြူနှင်းငှက်သည် မြို့ပြင်တွင်နေရန် အလွန်အဆင်မပြေပေ။

ဤကိစ္စအားလုံးပြီးသွားသည့်အခါ ချင်ယွင်နှင့် တခြားလူများသည် ဘိုင်ယွန် မြို့တော်ကို လှည့်ပတ်ကြည့်ရူရန် အခွင့်အရေးရလာခဲ့သည်။

"ဒါက ဘိုင်ယွန်မြို့တော်ဆိုတာလား။ တကယ့်ကို စီရင်စုမြို့တော်ဆိုတဲ့ အတိုင်းပဲ။ အရမ်းချမ်းသာပြီး ကြီးကျယ်လွန်းတယ်။" ချင်ယွင်သည် သက်ပြင်းချလိုက်သည်။

ဘိုင်ယွန်မြို့တော်တစ်ခုတည်း၏ မြို့တံခါးများသည်ပင် အလွန်မြင့်ပြီး ခိုင်ခန့်လှ၏။

မြို့တံခါးတစ်ခုတည်းကပင် ပေခြောက်ဆယ် မြင့်မားပြီး မြို့ရိုးများက ပေနှစ်ဆယ် ကျော်တောင်မြင့်မားသည်။ ၎င်းတို့အားလုံးကို ကျောက်စိမ်းတုံးဖြူများဖြင့် ပြုလုပ်ထား

သည်။ ၎င်းတို့ကို တချက်ကြည့်လိုက်ရုံဖြင့်ပင် နှိုင်းယှဉ်လို့မရသည့် ခံစားချက်ကို ပေးစွမ်းသည်။

ယခင်က ချင်ယွင်သည် မိုးပြာမြူနှင်းငှက်၏ နောက်ကျော်ပေါ်မှ မြို့ပြမြင်ကွင်း တစ်ခုလုံးကို ကြည့်ရှုခဲ့သည်။ ဘိုင်ယွန်မြို့တော်သည် အလွန်ကြီးမားကျယ်ပြန့်သော ဧရိယာကို သိမ်းပိုက်ထားကြောင်း သူတွေ့ရှိခဲ့ရသည်။ ၎င်းဖုံးလွှမ်းထားသော ဧရိယာသည် မိုးကြိုး၀ိညာဥ်မြို့ထက် ဆယ်ဆကျော်ဖြစ်နိုင်သည်။ မိုးကြိုး၀ိညာဥ် မြို့သည် မည်မျှကြီးမားသည်ကိုတွေးကြည့်ရင်းဖြင့် ဤဘိုင်ယွန်မြို့တော်ကြီး မည်မျှ ကြီးမားကျယ်ဝန်းသည်ကို သိနိုင်ပေသည်။

"ဘာဖြစ်တာလဲ? မင်းတုန်လှုပ်နေလား? ငါ ဒီနေရာကို ငါ့ရဲ့ပထမဆုံးအကြိမ် ရောက်တုန်းကလည်း ဘိုင်ယွန်မြို့တော်ရဲ့ ရှုပ်ပွနေတဲ့ ရှုခင်းကြောင့်လည်း တုန်လှုပ် သွားခဲ့ရဖူးတယ်" ဘိုင်ချီဟန်က ချင်ယွင်အနားကို လျှောက်လာပြီး ရယ်မောရင်း ပြောလိုက်သည်။

ချင်ယွင်က ပြုံးပြီး ဘာမှပြန်မပြော။ ဘိုင်ယွန်မြို့တော်သည် ချမ်းသာကြွယ်၀ပြီး ကြီးမားကျယ်ပြန့်သည်မှာ မှန်သော်လည်း ချင်ယွင်ကို ထိတ်လန့်စေလောက်သည့် အတိုင်းအတာအထိတော့ မဟုတ်ပါဘူး။ နောက်ဆုံးတွင်၊ သူသည် အင်မော်တယ် ကမ္ဘာ၏ အစစ်အမှန် လူများကိုပင် မြင်ခဲ့ဖူးသည်။

ထိုမြို့သည် တိမ်များထက်တွင် လွင့်မျောနေသည်။ မြို့တံခါးတစ်ခုတည်းသည်ပင် ပေတစ်ရာမြင့်မားပြီး အဖိုးမဖြတ်နိုင်သည့် ရွှေကျောက်တုံးများဖြင့် လုံး၀ပြုလုပ်ထား သည်။ ထိုကဲ့သို့မြင်ကွင်းမျိုးကို ဤလူများသည် မည်ကဲ့သို့မြင်ဖူးနိုင်လိမ့်မည်နည်း။

သို့သော်လည်း ချင်ယွင်သည် အင်မော်တယ် ကမ္ဘာ၏ ခမ်းနားထည်ဝါမှုနှင့် ပတ်သက်ပြီး မည်သည့်အရာကိုမျှ ကောင်းမွန်သည်ဟု မထင်ခဲ့ပေ။ ဆန့်ကျင်ဘက် အနေနှင့်၊ သူ့ကို လူသားအဖြစ် ပို၍ပင်ခံစားစေခဲ့ရသည်မှာ သေမျိုးကမ္ဘာ၏ မြို့များ ဖြစ်သည်။

ထို့နောက် ချင်ယွင်နှင့် အခြားသူများသည် ဘိုင်ယွန်မြို့တော်ဆီသို့ လျှောက်သွား ကြသည်။

ဘိုင်ယွန်မြို့တော်သည် စီရင်စုမြို့တစ်ခုဖြစ်သော်လည်း သာမန်သေမျိုးလူများလည်း ရှိကြသည်။ ထို့ကြောင့် လမ်းဘေးနှစ်ဘက်တွင် ဈေးဆိုင်များ ခမ်းခမ်းနားနား ဖွင့်လှစ်ထားကြကာ ဈေးဝယ်သူများနှင့် ဈေးသည်များ၏ အော်ဟစ်သံများက ကျယ်ကျယ်တမျိုး တိုးတိုးတဖုံ ကြားနေရသည်။ အသက်ဝင်ပြီး စည်ကားနေသော ဤမြင်ကွင်းသည် မိုးကြိုး၀ိညာဥ်မြို့ အနေဖြင့် လုံး၀မနှိုင်းယှဉ်နိုင်သော အရာတစ်ခု

ဖြစ်သည်။

ဘိုင်ယွန်မြို့တော်၏လမ်းများသည် အလွန်ကျယ်ဝန်းသည်။ ၎င်းတို့သည် ဆယ်မီတာ ကျော် ကျယ်ဝန်းပြီး လူများသွားလာရန် အလွန်အဆင်ပြေသည်။

"မြို့ထဲမှာ လျှောက်ပတ်လည်ကြည့်ကြ။ ငါ မတွေ့ရတာ နှစ်အတော်ကြာပြီဖြစ်တဲ့ မိတ်ဆွေဟောင်းတဦးကြီးကို သွားတွေ့ပြီး စကားစမြည်ပြောလိုက်ဦးမယ်။" တော်ဝင် အကြီးအကဲက ပြုံးပြုံးရွှင်ရွှင်ဖြင့် ပြောလိုက်သည်။

ချင်ယွင် နှင့် အခြားလူများသည် ခေါင်းညိတ်လိုက်ကြသည်။ ဘိုင်ယွန်ကျောင်းတော်ကို ညမအိပ်ခင် ရောက်ရမည်။ ယခုအချိန်က နေ့လယ်ဘဲ ရှိပါသေးသည်။

အချိန်များစွာကျန်ရှိသေးသည်။ မည်သို့ပင်ဖြစ်စေ သူတို့သည် ယခု ဘိုင်ယွန် မြို့တော်ကို ရောက်နေပါပြီ။ ဘိုင်ယွန်မြို့တော်၏ ရှုမြင်ကွင်းများကို ခံစားရသည်က ပိုကောင်းပါသည်။

ယင်းနောက် ချင်ယွင်၊ ဘိုင်ချီဟန်နှင့်ကျိုးယုတို့သည် မြို့ထဲကို လှည့်ပတ် လျှောက်လာကြသည်။

ချင်ယွင်သည် ဘိုင်ယွန်မြို့တော်တွင် သာမန်‌ သေမျိုးလူများစွာရှိရုံသာမက ကျင့်ကြံသူများစွာလည်းရှိနေကြောင်း တွေ့ရှိခဲ့ရသည်။ ထို့အပြင်၊ ၎င်းတို့၏ စွမ်းအားသည် မိုးကြိုး၀ိညာဥ်မြို့မှ လူများထက် များစွာ အားကောင်းခဲ့သည်။ ဥပမာအားဖြင့်၊ လမ်းဘေးမှာ ပြေးလွှားနေဆော်ကစားသည့် ကလေးများသည်ပင် သိုင်းပညာ နယ်ပယ်မှာ ရှိနေနိုင်ပြီး သိုင်းသခင်နယ်ပယ် ကျင့်ကြံသူများကို နေရာတိုင်းမှာ တွေ့နိုင်သည်။ သိုင်းဂိုဏ်းချုပ်နယ်ပယ် ကျင့်ကြံသူများသည်ပင်လျှင် ရံဖန်ရံခါ ပေါ်လာတတ်သည်။

ထို့ကြောင့် အကယ်၍ သင်သည် အစွမ်းထက်မာကြောသော သံမဏိပြားကို ကန်နိုင်သည်ဆိုလျှင်ပင် ဘိုင်ယွန်မြို့တော်တွင် မည်သူကိုမျှရန်မစသင့်ပေ။ အကယ်၍ သင်သည် တစ်စုံ တစ်ယောက်ကို ရန်စမိပါက သင်ကိုယ်တိုင်ဒုက္ခရောက်ရုံသာမက သင်၏နောက်ကွယ်မှ အင်အားစုများကိုလည်း ဒုက္ခရောက်စေမည်ဖြစ်သည်။

"အဲဒါက ဘိုင်ယွန်မြို့တော်မှာရှိတဲ့ အကြီးဆုံး စားသောက်ဆိုင်ကြီးပဲ... ဘိုင်ယွန် စားသောက် ဆိုင်တဲ့၊ တစ်ခုခု သွားစားရအောင်!" ထိုအချိန်တွင် ဘိုင်ချီဟန်က အကြံပြုလိုက်သည်။

ချင်ယွင် နှင့် ကျိုးယုတို့သည်လည်း ခေါင်း ညိတ်ပြလိုက်သည်။ ဤကာလအတွင်းမှာ

ခရီးသွားရင်း အချိန်ကုန်နေသည့်အတွက် ကောင်းကောင်းမစားခဲ့ရပေ။ သူတို့သည် ထမင်းဗိုက်အပြည့်စားဖို့ အချိန်တန်ပြီဟု ထင်ရသည်။

ထို့ကြောင့် သူတို့သုံးယောက်သည် ဘိုင်ယွန် စားသောက်ဆိုင်ဆီသို့ လျှောက်သွား ကြသည်။

ဘိုင်ယွန်သည် ဘိုင်ယွန်မြို့တော်၏ နံပါတ်တစ် စားသောက်ဆိုင်ဖြစ်သည်။ အတွင်းအပြင်အဆင်သည် အလွန်ကျယ်ဝန်းပြီး စီးပွားရေးလုပ်ငန်းများသည်လည်း အရှိန်အဟုန်ဖြင့် ကြီးထွားလာခဲ့သည်။ ပထမထပ်ကို စားသုံးသူ လူအများပြားက အပြည့်အဝ သိမ်းပိုက်ထားပြီးဖြစ်သည်။

စားသောက်ဆိုင်၏ စားပွဲထိုးသည် မျက်လုံးအမြင်အား အပြည့်အ၀ ကောင်းသူဖြစ်သည်။ ချင်ယွင်နှင့် အခြားလူများ အားလုံးသည် လှပသော ပိုးထည် ၀တ်စုံများ ၀တ်ဆင်ထားသည်ကို တွေ့လိုက်ရသဖြင့်၊ သူက ချက်ချင်းလာပြီး အပြုံးဖြင့် နှုတ်ဆက်လိုက်ပြီး "အစ်ကိုတို့ထမင်းစားရုံသက်သက်ပဲလား။ စားသောက် ဆိုင် တည်းခိုဦးမှာလား ။" မေးမြန်းသည်။

သူတို့၏လုပ်ငန်းခွင်မှာက မျက်စိတစ်ဖက်တည်းကြည့်တတ်ရုံဖြင့် အဆင်မပြေပါဘူး။ လူ‌ပေါင်းများစွာ၏ နောက်ခံသမိုင်းကြောင်းကိုအကဲခတ်ပြီးသိနားလည်ရမည့်အပြင် သူတို့၏ဆန္ဒသဘောထားကိုလည်း နားထောင်ရန် လိုအပ်ပါသည်။

ဆိုလိုတာက သူက ဘယ်သူလဲ၊ သူ ဘာလုပ်လဲ၊ သူရဲ့ဝတ်စားဆင်ယင်ပုံကနေ သူ့အိတ်ကပ်ထဲမှာ ပိုက်ဆံဘယ်လောက်ရှိတယ်ဆိုတာကို သင်ပြောပြနိုင်ရမယ်။

ပိုးထည်၀တ်စုံကိုပဲ ဥပမာ ယူကြည့်ပါ။ သာမာန်အားဖြင့် ဤ၀တ်စုံမျိုးလို ၀တ်စားဆင်ယဉ်သူ လူနှစ်မျိုးနှစ်စားပဲ ရှိတတ်သည်။ လူတစ်မျိုးက ချမ်းသာ ကြွယ်၀သော ကုန်သည်များ၏ တပည့်သား‌မြေးမြစ်များဖြစ်ကြပြီး ကျန်သည့် လူတစ်မျိုးက ချင်ယွင်တို့အဖွဲ့ကဲ့သို့ အလွန်အစွမ်းထက်သည့် အင်အားစုကြီးတခုမှ ကျင့်ကြံသူများ ဖြစ်သည်။ ထိုနှစ်မျိုးတွင် မည်သည့်လူအမျိုးအစားဖြစ်စေ ရန်စရန်တော့ မလွယ်ကူပေ ။ ပထမလူစားမျိုးသည် မာနကြီးပြီး မောက်မာပုံ ပေါက်သော်လည်း ထိုလူများ၏ခြေလှမ်းများသည် များသောအားဖြင့် အနှစ်ဆန်မပါ ဗလာဖြစ်နေတတ်သည်။

နောက်လူစားတစ်မျိုးက ဂုဏ်သိက္ခာရှိပြီး ကြံ့ခိုင်သန်စွမ်းကြသည်။ ထိုလူစားမျိုးသည် မောက်မာနိုင်ကြပြီး စားပွဲထိုး၏အမြင်မှာလည်း ယင်းကို မောက်မာသည်ဟုမခေါ် ။ ခန့်ညားထည်ဝါသည်ဟု ခေါ်သည်။ ချင်ယွင် နှင့် အခြားသူများသည် နောက်ပိုင်း လူစားမျိုးတွင် ပါဝင်ခဲ့သည်။

ဖောက်သည်ပြောသည့်စကားကို နားထောင်ပြီးသည်နှင့် တစ်ဖက်သားပြောနေသည့် စကားနှင့် သူဘာလိုချင်သည်ကို စားပွဲထိုးတစ်ဦးကသိရသည်။ ထို့ကြောင့် စားပွဲထိုးအလုပ်သည် ပေါ့ပေါ့ပါးပါး လွယ်လွယ်ကူကူ လုပ်နိုင်သည့် အရာတစ်ခု မဟုတ်ပေ။

"စားရုံပဲ!" ချင်ယွင်က ပြုံးပြီး ပြန်ဖြေသည်။

ဤစားပွဲထိုးကိုမြင်လျှင် ချင်ယွင်သည် သူ၏ အစ်မလျူရန်ယွင်ဖွင့်ထားသော စားသောက်ဆိုင်ကို အတွေးနှစ်ယောက်ဘဲ မနေနိုင်တော့ ပေ။ သူသည် သူ၏အစ်မကို တစ်ခါမှ မကူညီဖူးသော် တစ်နေ့လုံး အလုပ်ရှုပ်နေသည့် သူ့အစ်မ၏ ပုံရိပ်လေးကို ပြန်မြင်နေရသည်။ စားပွဲထိုးကိုမြင်ပြီး ချင်ယွင်သည် အလွန်ဖော်ရွှေပြသည်။

"ကောင်းပါပြီ၊ ဧည့်သည်တော်ကြီးသုံးယောက် ၊ အပေါ်ထပ်ကို ကြွလာခဲ့ပါ။" စားပွဲထိုးက ပြုံးပြီးပြောသည်။ ချမ်းသာကြွယ်၀ပြီး စကားပြောရဆိုရလွယ်ကူသော ဖောက်သည်များနှင့် တွေ့ဆုံရခြင်းသည်လည်း သူတို့လိုစားပွဲထိုးများ၏ ကံကောင်း ခြင်းတရပ်ပင် ဖြစ်သည်။

ထို့နောက် စားပွဲထိုးသည် ချင်ယွင်နှင့် အခြားသူများကို ဒုတိယထပ်ရှိ ပြတင်းပေါက် တစ်ခုအနီးရှိစားပွဲဆီသို့ ခေါ်ဆောင်သွားခဲ့သည်။ ချင်ယွင်နှင့် အခြားသူများသည်လည်း ဤနေရာတွင် အမှတ်အသားဖြစ်သည့် ဟင်းလျာအချို့ကို ကြုံရာကျပန်း မှာယူကြပြီး နောက်ထပ် ဝိုင်နှစ်ခွက်ကို မှာယူပြီးနောက် စားပွဲထိုးကို ပြန်ထွက်သွားစေခဲ့သည်။

ဘိုင်ချီဟန်သည် သူ၏မျက်နှာတွင် အစမှအဆုံးထိ ပြုံးနေခဲ့ပြီး ကျိုးယုမှာမူ နှစ်တစ်

ထောင်ကြာသည်အထိ မပြောင်းလဲမယိမ်းယိုင်သည့် တရားသူကြီးတဦး၏ မျက်နှာထားရှိ‌နေသည်။

ဝိုင်နှင့် ဟင်းလျာများ လျင်မြန်စွာ ရောက်လာကြသည်။ ချင်ယွင်သည် ဘိုင်ချီဟန်နှင့် စတင်စကားပြောခဲ့ပြီး ကျိုးယုသည် ရံဖန်ရံခါ ကြားဝင်ပြောတတ်သည်။ သို့သော် ဝိုင်သောက်ခြင်းသည် သူ၏ အမှန်ကန်ဆုံး ရွေးချယ်မှုဖြစ်သည်။

သို့သော်လည်း ချင်ယွင်နှင့် အခြားသူများသည် ပြင်းပြင်းထန်ထန် စကားစမြည် ပြောနေကြစဉ် အနီးနားစားပွဲရှိ လူလေးဦး၏ စကားသံများက သူတို့၏ အာရုံများကို စွဲဆောင်သွားခဲ့သည်။

"ဟေး ဒီအကြောင်းကို မင်းတို့ကြားပြီးလား။ ဒီတစ်ခါ ငါတို့ကျောင်းတော်က ဂိုဏ်းပြိုင်ပွဲတစ်ခု ကျင်းပနေတယ်။ ဂိုဏ်းတချို့က ပါရမီရှင်တွေဟာ ဒီကို အပြေးလာနေကြတယ်။" ပြောသည့်လူက အဖြူရောင်တပည့်ဝတ်စုံကို ဝတ်ဆင်ထားပြီး ပိန်ပါးပြီးအားနည်းပုံရသည့် အမျိုးသားတစ်ဦး ဖြစ်သည်။

"မှန်တယ်၊ လူအချို့ဆို ငါတို့ရဲ့ကျောင်းတော်ကိုတောင် ရောက်နေကြပြီ။ ချင်ဖန်း အိမ်ရာမှာ လူတွေနဲ့ ပြည့်နေပြီဆိုတာ မင်း မမြင်ဘူးလား။ အဲဒါက ပြိုင်ပွဲကိုလာတဲ့ သူငယ်ချင်းတွေအတွက်ပဲ ။" အရပ်ပုပုလူငယ်တစ်ဦးက ပြောသည်။

"ဟမ့်၊ တကယ်လို့ မင်းတို့သာ ငါ့ကိုမေးခွန်း ထုတ်ရင် ဒီကောင်တွေက ဒီကို ပျော်ဖို့လာရုံသက်သက်လို့ ငါပြန်ဖြေရမှာပဲ။ ဒီနှစ်ချန်ပီယံက ငါတို့ ဘိုင်ယွန် ကျောင်းတော်က သေချာပေါက်ပဲကွ။ စီနီယာအစ်ကို လင်းဖန်ရဲ့ စွမ်းအားက သာမန် မဟုတ်ဘူး။ သူ တိုင်ယွန်တောင်တန်းကနေ ပြန်ရောက်လာကတည်းက တံခါးပိတ် ကျင့်ကြံနေတယ်လို့ပြောတယ်။ အခု သူ့ရဲ့ ကျင့်ကြံအဆင့်မှုက အများကြီး တိုးတက် လာပြီ ။ သူဟာ သိုင်းမြို့စားနယ်ပယ်ကို ဖြတ်ကျော်၀င်ရောက်ဖို့တောင် ဖြစ်ကောင်း ဖြစ်နိုင်တယ်။ ဖက်တီးတပည့်တစ်ဦးက အေးစက်စွာ ဟစ်အော်လိုက်သည်။

ကျန်သုံးယောက်လည်း ထပ်ခါထပ်ခါ ခေါင်းညိတ်လိုက်ကြသည်။

"ဒါပေမယ့် လင်းထျန်ဂိုဏ်းရဲ့ ဖန်းမန့်က ကိုင်တွယ်ရ လွယ်ကူသူ မဟုတ်ဘူး။ အဆုံးမှာတော့ သူက နောက်ဆုံးအကြိမ်တုန်းက ချန်ပီယံဖြစ်ခဲ့ဖူးတယ်။" မုတ်ဆိတ်မွေးနှင့် တုတ်ခိုင်သန်မာသည့် နောက်ဆုံးတပည့်က ပြောလိုက်သည်။

"ဒါဆို မိုးကြိုး၀ိညာဥ်ဂိုဏ်းကကော၊ ဘာဖြစ်လို့ သူတို့ဆီက ဘာသတင်းမှ မကြားရတာလဲ။" ပထမဆုံး‌စကားစပြောသည့် ပိန်ပိန်ပါးပါးတပည့်က မေးသည်။

"ဟမ့်၊ မိုးကြိုး၀ိညာဥ်ဂိုဏ်းက ငါတို့ ဘိုင်ယွန်ကျောင်းတော်ကို ဘယ်လိုလုပ် ယှဉ်နိုင်မှာလဲ။ သူတို့ရဲ့ စွမ်အားကွာဟမူကြောင့် ဘိုင်ချီဟန် နဲ့ ကျိုးယုတို့ဆို ငါတို့ရဲ့ စီနီယာအစ်ကို လင်းဖန်ရဲ့ရှေ့မှာ ဖိနပ်စီးဖို့တောင် မထိုက်တန်ဘူး။" ဖက်တီး တပည့်က နှိမ့်ချစွာ ပြောသည်။

ဘေးတွင်ရှိနေသော ကျိုးယုသည် ချက်ချင်းပင် ဒေါသထွက်သွားသည်။ သူ၏မျက်နှာက ပြာနှမ်းသွားပြီး ပေါက်ကွဲတော့မည့်ပုံပင်။ ဘိုင်ချီဟန်က ပြုံးပြုံးလေးဖြင့် ခေါင်းယမ်းပြလိုက်သည်။

ချင်ယွင်သည် ကျယ်လောင်စွာ ရယ်မောမိပြီး မထိန်းနိုင်သည့်အတွက် သူ၏ဖန်ခွက်ကို

ချက်ချင်း ကောက်ယူကာ ရေတစ်ခွက်ကို မော့သောက်လိုက်ရသည်။

သို့သော် သူ၏ရယ်မောခြင်းမပြီးဆုံးမီတွင် သူ၏ဘေးနားရှိလူများကြား စကားပြောဆို မူက သူ၏အမူအရာကို လုံးဝ သုန်မှုန်သွားစေခဲ့သည်။

"အယ်၊ ငါတို့ ဘိုင်ယွန်ကျောင်းတော်ရဲ့ နံပါတ်တစ် အလှဘုရင်မလေး ရန်စီချီကို စီနီယာအစ်ကိုလင်းဖန်က ဦးညွှတ်ရလုနီးပါးဖြစ်အောင် အတင်းအဓမ္မ ဖိအားပေးခဲ့ တယ်လို့ ကြားလိုက်ရတယ်။ အဲသတင်းက မှန်လား။ အရပ်ပုပုလူငယ်က မေးသည်။”

"ဟင့်၊ မင်းအသံကို တိုးတိုးပြောစမ်းပါ ။ ဒါက တားမြစ်ချက်တစ်ခုကွ။ ငါ မင်းတို့ကို ပြောပြမယ်၊ ဒါကအမှန်ပါပဲ။ စီနီယာအစ်ကိုလင်းက ရန်စီချီကို ရည်းစားစကား ပြောနေတာကို အဲဒီတုန်းက ငါ့စီနီယာအစ်ကိုတစ်ယောက်က ကိုယ်တိုင်တွေ့ခဲ့တာကွ။ ဒါပေမယ့် ရန်စီချီက သဘောမတူဘူး။ စီနီယာအစ်ကို လင်းဖန်လည်း သူမကို ဒေါသတကြီးဖြစ်ပြီး အတင်းအဓမ္ဓသိမ်းပိုက်တော့မှာ ။ တကယ်လို့ သိုင်းမြို့စား ဘိုင်ယွန်သာ အချိန်မီရောက်မလာခဲ့ရင် ဒီရန်စီချီက စီနီယာအစ်ကိုလင်းဖန်ရဲ့ မိန်းမ ဖြစ်နေမှာကိုတောင် ငါကြောက်မိတယ်။ ဖက်တီးက ထူးထူးခြားခြားပြောသည်။

"ဟမ့်၊ ဒီရန်စီချီ ဘာတွေးနေလဲ ငါတကယ်မသိတော့ဘူး။ စီနီယာအစ်ကို လင်းဖန်နဲ့တွဲရတာ မကောင်းဘူးလို့များ သူမထင်နေတာလား။ ငါတကယ် နားမလည်တော့ဘူး၊ သူမက ဘာလို့ ငြင်းဆန်နေရတာလဲ၊ တကယ်တော့ ငါ့အမြင်ရ မင်းတို့ကို ပြောရမယ်ဆိုရင် သူမက အဆင့်အတန်းမရှိတဲ့ အပေါစားမိန်းမ တစ်ယောက်ပါပဲ။ သူမက ခွေးမတစ်ကောင်တောင် ဖြစ်နိုင်တယ်။ “ အရပ်ပုပု လူငယ်က အလွန်မင်း အထင်အမြင်သေးစွာဖြင့် ပြောလိုက်သည်။

she's just cheap. Maybe she's just a bitch."

ချင်ယွင်၏ မျက်နှာသည် သတ်ဖြတ်လိုသည့်ဆန္ဒများဖြင့် ပြည့်နှက်လာနေ၏။ သူသည် ထိုအရပ်ပုပုလူငယ်ကို လှည့်ကြည့်ကာ အေးစက် စက်လေသံဖြင့် ပြောလိုက်၏ "ပြန်ပြောစမ်း၊ အတိအကျ ဘယ်သူက ခွေးမလဲဆိုတာ!"

ချက်ခြင်းဆိုသလိုပင် စားသောက်ဆိုင်တစ်ခုလုံး သတ်ပစ်ချင်စိတ်များဖြင့် ပြည့်နှက် သွားလေသည်။ (အရှိတိုင်းပြန်‌ဆိုလိုက်သည့် အတွက် ရိုင်းတယ်လို့ မထင်စေလိုပေ။ ရဟန်းသံဃာ အသက်သိက္ခာဂုဏ်ဝါကြီးသူများအား ရှိခိုးကန်တော့ကာ တောင်းပန်ပါတယ်)။

All Chapters