နဂါးတစ်ကောင်၏ ပြောင်းပြန် ကြေးခွံ
Vol. 11 Ch. 163
အခန်း (၁၆၃) နဂါးတစ်ကောင်၏ပြောင်းပြန် ကြေးခွံ။
ချင်ယွင်၏ ရုတ်တရတ် ပေါက်ကွဲမှုကြောင့် စားသောက်ဆိုင်၏ ဒုတိယထပ်တစ်ခုလုံး အံ့အားသင့်သွားခဲ့ကြသည်။ အားလုံးက ချင်ယွင်ဘက်ကို လှမ်းကြည့်ကြသည်။
ဘိုင်ချီဟန် နှင့် ကျိုးယုတို့သည်ပင်လျှင် ချင်ယွင် သည် အဘယ်ကြောင့် ဤမျှ ပြင်းထန်သော သတ်ဖြတ်လိုသည့်ဆန္ဒများကို အသုံးပြုခဲ့သည်ကို ဝေခွဲမရ ဖြစ်ခဲ့ကြ သည်။
သို့သော် သူတို့သည် ချင်ယွင်ကို နားလည်ကြပြီး ချင်ယွင်သည် ပေါ့ပေါ့တန်တန် ဒေါသထွက်တတ်သူ မဟုတ်ကြောင်း သိထားသည့်အတွက် သူ့ကိုတားဆီးမည့်စကား ဘာတစ်ခွန်းမှ မပြောခဲ့ကြပေ။ ဤကိစ္စအားလုံးကို တိတ်တိတ်လေးပဲ ကြည့်နေကြသည်။
ဘိုင်ယွန်ကျောင်းတော်၏ တပည့်လေးယောက်သည်လည်း ချင်ယွင်ကို လှည့်ကြည့် လိုက်ကြသည်။
အထူးသဖြင့် အရပ်ပုပုလူငယ်ဖြစ်သည်။ သူသည် ချင်ယွင်ကို တချက်ကြည့်လိုက်လျှင်
ချင်ယွင်သည် သူတို့ဘိုင်ယွန်ကျောင်းတော် တပည့်တစ်ယောက်၏ ယူနီဖောင်းကို ဝတ်မထားသည်ကို သူ တွေ့လိုက်ရသည်။ သူ၏ မျက်နှာပေါ်တွင် ချက်ချင်းပင် အထင်သေးသည့်အသွင်က ပို၍ပေါ်လွင်သွားစေသည်။ သူက ပြောလိုက်သည် " ရန်စီချီက ခွေးမလို့ ငါပြောလိုက်တာလေ ။ မင်းက ဘာဖြစ်နေတာလဲ၊ ဒီကောင်မက ခွေးမတစ်ကောင်လို့ ငါထပ် ပြောတယ်ကွာ ။ ဒီကောင်မက စိတ်ဆန္ဒပြင်းထန်တဲ့ လူတချို့နဲ့ ပရောပရည်တောင် လုပ်ပြီးသွားလောက်ပြီ ။"
"မင်းက သေချင်နေတာဘဲ!"
ချင်ယွင်က အော်ဟစ်လိုက်ပြီး လျှပ်စီးလက်သကဲ့သို့ ပြေးထွက်သွားခဲ့သည်။
သူတို့နှစ်ဦးကြားရှိ စားပွဲသည် ချင်ယွင်၏ ကြောက်မက်ဖွယ်ကောင်းသည့် အငွေ့အသက်ကြောင့် တိုက်ရိုက်ချိုးဖျက်ပြီး ချင်ယွင်သည်လည်း လျှပ်စီးလက်သလို ထိုလူငယ်၏ ရှေ့တွင် ပေါ်လာသည်။
တိုအရပ်ပုပုလူငယ်သည် တုန်လှုပ်သွားသည်။ ချင်ယွင်သည် ဂိုဏ်းငယ်လေးတစ်ခု၏ တပည့်တစ်ဦးဟု မူလက သူထားထင်ခဲ့သည်။ သူတို့ လိုဘိုင်ယွန်ကျောင်းတော်၏ တပည့်များကို တွေ့လိုက်ရသည့်အခါ သူသည် လုံးဝမလှုပ်ရဲဟု သူထင်ခဲ့သည်။ ထို့ကြောင့် သူသည် ဤမျှ ရိုင်းစိုင်းသည့်စကားလုံးများကို ပြောဆိုခဲ့ခြင်း ဖြစ်သည်။ ယခုမူ ထိုလူသည် ရိုးရှင်းစွာပင် အလွန် ကြောက်မက်ဖွယ်ကောင်းနေပုံရသည်။
သို့သော် သူကြောက်ရွံ့မှုခံစားရသောအခါတွင် အချိန်နှောင်းနေပြီဖြစ်သည်။ ချင်ယွင် သည် ထိုအရပ်ပုပုလူငယ်၏ မျက်နှာကို ပါးရိုက်ချလိုက်ပြီး မျက်နှာသည် ဂျင်ကဲ့သို့ လည်သွားသည်။
အခြားတပည့် သုံးယောက်သည် ၎င်းတို့၏ အဖော်များ တိုက်ခိုက်ခြင်း ခံရသည်ကို မြင်သောအခါတွင် သူတို့၏ မျက်နှာများသည် ချက်ချင်းပင် ဒေါသများ ထွက်ပေါ် လာခဲ့သည်။
အထူးသဖြင့် ထိုဖက်တီးတပည့်သည် ဧရာမတူကြီးကို တိုက်ရိုက်ဆွဲထုတ်လိုက်ပြီး ချင်ယွန်းကိုရိုက်ခွဲလိုက်သည်။
ချင်ယွင်၏ မျက်လုံးများသည် အေးစက်စက်အမူယာဖြင့် တဖျပ်ဖျပ်ခတ်နေပြီး ဧရာမသံတူကြီးအပေါ်သို့ သူ၏လက်သီးကို တိုက်ရိုက်ထိုးလိုက်သည်။ ကြေးနီမှ သန့်စင်ထားသော ဧရာမတူကြီးသည် ချက်ချင်း ရွဲ့စောင်းကာပုံပျက်သွားခဲ့သည်။
ဖက်တီး၏အမူအရာသည် သိသိသာသာပင် ပြောင်းလဲသွားခဲ့သည်။ ထိုသူသည် သူ၏ ဧရာမတူကြီးကို လက်သီးတစ်ချက်ဖြင့် ထိုးနှက်ခဲ့သည်။ ဤအရာသည် မည်မျှ ကြောက်စရာကောင်းသည့် ခွန်အားမျိုးနည်း။
သို့သော် သူအဖြေမထုတ်နိုင်မီ ချင်ယွင် ၏ လက်သီးသည် သူ၏ရင်ဘတ်ကို တိုက်ရိုက်
ထိမှန်သွားသည်။
ဤတပည့်များသည် သိုင်းဂိုဏ်းချုပ်နယ်ပယ်၏ ပထမအဆင့် ကောင်းကင်အလွှာ တွင်သာ ရှိသောကြောင့် ချင်ယွင်၏ရှေ့တွင် လက်တုံ့ပြန်ရန် အရည်အချင်းမရှိပေ။
ဖက်တီးသည် သူ၏စိတ်ဝိညာဉ်သည် သူ၏ခန္ဓာကိုယ်မှ ခွဲထွက်သွားသကဲ့သို့ ခံစားလိုက်ရပြီး သူ၏ခန္ဓာကိုယ်သည် ရုတ်တရက် တုန်လှုပ်သွားသည်။ ထို့နောက် ကြောက်စရာကောင်းသော စွမ်းအားတစ်ခုက သူ၏ရင်ဘတ်ထဲမှတဆင့် ထွက်ပေါ်လာသည်။ ဂျင်နှစ်ရာနီးပါးအလေးချိန်ရှိသော သူ၏ကြီးမားလှသော ခန္ဓာကိုယ်ကြီးသည် နံရံပေါ်တွင် အပေါက်ကြီးတစ်ပေါက်ကို တိုက်ရိုက်ချိုးဖေါက်ကာ စားသောက်ဆိုင်ထဲမှလွင့်ထွက်သွားခဲ့ပြီး လမ်းပေါ်သို့ တိုက်ရိုက်ပစ်ကျသွားသည်။
စားသောက်ဆိုင်ရှိလူတိုင်း အံသြသွားကြသည်။ သူတို့၏ လှုပ်ရှားမှုအားလုံးသည် ထိုနေရာတွင် အေးခဲသွားကြပြီး၊ သူတို့သည် ချင်ယွင်ကို မွန်းစတားတစ်ကောင်ကို ကြည့်နေသလိုမျိုး ကြည့်နေကြသည်။
အခြားတပည့်နှစ်ယောက်သည် မူလက ချင်ယွင်ကို အလျင်စလိုဖြေရှင်းချင်သော် လည်း ချင်ယွင်က သူတို့နှစ်ယောက်ကိုအေးစက်စက် အကြည့်တချက်ကို ပေးပြီးနောက် သူတို့၏ ခြေထောက်အောက်ခြေမှ ဦးရေပြားအထိ အေးခဲသွားသည့် ခံစားချက်ကို ခံစားလိုက်ရပြီး အလွန်ထိတ်လန့်သွားကြသည်။ သူတို့သည် ကမန်းကတန်း နောက်ပြန်ဆုတ်သွားကြသည်။
ချင်ယွင်သည် ဘိုင်ယွန်ကျောင်းတော်မှ တပည့်နှစ်ယောက်ကို လျစ်လျူရှုပြီး ရန်စီချီကို အစောပိုင်းက စော်ကားခဲ့သော အရပ်ပုပုတပည့်ဆီသို့ ဆက်လက် လျှောက်လှမ်းလာ ခဲ့သည်။
ချင်ယွင်၏ နှလုံးသားထဲတွင်ရှိသည့်အမျိုးသမီးများသည် သူ၏ အမြဲတမ်း ပြောင်းပြန် ကြေးခွံများဖြစ်သည်။
နဂါးများသည် ပြောင်းပြန်ကြေးခွံများရှိသည်ဟု ဆိုကြသည်။ ချင်ယွင်၏ နှလုံးသားထဲရှိပြောင်းပြန်အကြေးခွံများသည် သူနှင့်ရင်းနှီးသောသူများ ဖြစ်သည်။ လျူရန်ယွင်၊ ရန်စီချီ၊ ကျန်းရွန်ရှင်း မည်သူပဲဖြစ်ဖြစ်၊ အကယ်၍ တစ်စုံတစ်ယောက် သည် သူမတို့ကို နည်းနည်းလေးတောင်မှ ထိခိုက်နစ်နာအောင်လုပ်ရန်သတ္တိရှိသရွေ့ သူချင်ယွင်သည် ထိုသူတို့ကို သတ်ဖြတ်ရမည်ဆိုလျှင်လည်း စိတ်အနှောင့်အယှက် ဖြစ်မည်မဟုတ်ပေ။
အရပ်ပုပုတပည့်သည် မြေပြင်ပေါ်တွင်ထိုင်ကာ ချင်ယွင်ကို ထိတ်လန့်စွာ ကြည့်နေသည်။ ချင်ယွင် ၏ရိုက်ချက်ကြောင့် သူ၏ဘယ်ဘက်ပါးစပ်သည် ရောင်ရမ်း နေပြီး သွားများအားလုံး ပျောက်ကွယ်သွားခဲ့ပြီး။
ဤအခိုက်တွင် နတ်ဆိုးနတ်ဘုရား ချင်ယွင်သည် သူ့ဆီသို့ ထပ်မံလျှောက်လှမ်း လာသည်ကိုမြင်ရလျှင် သူသည်ကြောက်ရွံ့ထိတ်လန့်သွားပြီး သူ၏ခြေထောက်များကို ချက်ချင်းပြန်ဆုတ်ကာ "ပြန်... ပြန်သွား! ငါ... မင်းကို ပြောမယ် ငါ... ဘိုင်... ဟွန်… ဟွန်ကျောင်း ရဲ့ တပည့်…” (အကြောက်လွန်ပြီး စကားမှာပြောဟန်တူ)။
သူပြောပြီးသည်နှင့် စားသောက်ဆိုင်တစ်ခုလုံး ရယ်မောသွားခဲ့ကြသည်။ အမြဲတမ်း အေးတိ အေးစက်နေတတ်သည့် ကျိုးယုသည်ပင် ပြုံးလိုက်မိသည်။
သို့သော်လည်း ချင်ယွင်၏ မျက်လုံးများသည် နှင်းခဲကဲ့သို့ အေးစက်နေသေးသည်။
ရုတ်တရက် ချင်ယွင်၏ နှုတ်ခမ်းထောင့်က တွန့်ကွေးသွားသည်။ သူ၏ဘေးရှိ စားပွဲပေါ်မှ တူချောင်းများကို ဆွဲယူပြီး ထိုအရပ်ပုပုတပည့်ဆီကို ပစ်ချလိုက်သည်။
ထို့နောက် ကောင်းကင်ကြီး တုန်ခါလောက်သည့် ကြေကွဲဖွယ်ရာအော်သံကြီး ထွက်ပေါ်လာသည်။
အရပ်ပုပုတပည့်သည် သူ၏ အရေးကြီးသော ထိုနေရာတွင် စိုက်၀င်နေသော တူချောင်းများကို မြေပြင်ပေါ်ရှိ သစ်သားပျဉ်ချပ်တွင် အသေရိုက်ထားသည့်အဆုံးမရှိ ကြောက်ရွှံ့ဖွယ်ကောင်းသော ပြိုင်ဘက်ကင်းလက်နက်ကို မြင်လိုက်ရသကဲ့သို့ပင် ကြည့်နေလေသည်။
သူ၏ပေါင်ခြံခွကြားမှ ပြင်းထန်သော နာကျင်မှု၊ သူ၏နှလုံးသားထဲမှ ကြောက်ရွံ့မှုများနဲ့အတူ သူ၏မှတ်ဉာဏ်ထဲမှာပင် ချက်ချင်း ကြောက်လန့်သွားခဲ့သည်။
မူလက ထမင်းတစ်လုတ်ကို ပါးစပ်အပြည့်စားနေကြသော ဧည့်သည်များသည် ချင်ယွင်ကို မကြည့်ဝံ့ဘဲ ထိုလူက သူ့ကို တူဖြင့်ထိုးခံပြီး နက်နက်ရှိုင်းရှိုင်း ကြောက်လန့်သွားခဲ့သည့် ထိုတပည့်ကိုသာ (ထမင်းကိုမျိုမချဘဲ) ကြည့်နေကြသည်။
ဘိုင်ချီဟန်သည် လက်ခုပ်တီးပြီး ချင်ယွင်ကို လက်မထောင်ပြကာ ပြောလိုက်သည် "ကောင်းတယ် , ကောင်းတယ်, တကယ်ကို ကောင်းလိုက်တာ ၊ ဒီတူက မကြာခင် ဘိုင်ယွန်မြို့ရဲ့ နံပါတ်တစ် အင်မော်တယ်ပစ္စည်းတစ်ခု ဖြစ်လာမှာတောင် ငါကြောက်မိ တယ်။"
ချင်ယွင်သည် ကူကယ်ရာမဲ့ဖြစ်ကာ ခေါင်းယမ်းလိုက်မိသည်။ ယခင်က သူ၏ခေါင်းထဲသို့ ဒေါသများ တိုးဝင်လာသည်ဟု ခံစားရသည်။ ယခုအချိန်တွင် သူ၏ဒေါသများပင် တော်တော်များပြေပျောက်သွားရသည်။ သူသည် အနည်းငယ် ပြင်းထန်လွန်းသွားသည်ဟုလည်း ခံစားမိသည်။ ထို့ကြောင့် သူသည် ထိတ်လန့်တုန်လှုပ်ပြီး ဘေးတွင်ရပ်နေသော ဘိုင်ယွန်ကျောင်းတော်မှ တပည့်နှစ်ယောက်အား ပြောလိုက်သည် "သူ့ကိုပြန်ခေါ်သွားပါ။ သစ်သားစွမ်းရည် ကျင့်ကြံသူတစ်ယောက်ကို သွားရှာလိုက်ပါ။ သူ့ခန္ဓာကိုယ်အောက်ပိုင်းကိုတော့ မူလအတိုင်းဖြစ်အောင် ထိမ်းထားလို့ ရကောင်းရနိုင်ပါသေးတယ်" ။
တပည့်နှစ်ယောက်က အထပ်ထပ်အခါခါ ခေါင်းညိတ်ပြပြီး တူချောင်းများကို မြေပြင်ပေါ်မှ ဆွဲထုတ်ကာ အရပ်ပုပုလူငယ်ကို သယ်ထုတ်သွားကြသည်။
ဤစိတ်အနှောက်အယှက်ဖြစ်စရာကိစ္စ ဖြစ်ပျက်ပြီးနောက် ချင်ယွင်နှင့် အခြားသူများ သည်လည်း စားချင်စိတ် ပျောက်ကွယ်သွားကြသည်။ သူတို့သည် ဆုံးရှုံးမှုအတွက် စားသောက်ဆိုင်ကို လျော်ကြေးပေးပြီး ပြန်ထွက်သွားသည်။
သို့သော်လည်း သူတို့ထွက်သွားပြီး သိပ်မကြာခင်မှာပဲ သူတို့နောက်မှ စကားပြောသံ ကြားလိုက်ရသည် "စီနီယာအစ်ကို ကျန်း၊ အဲဒါသူတို့ပဲ၊ ဖက်တီးလင်းကို ဒဏ်ရာရစေရုံတင်မကဘူး ချိုင်ရှင်းလည်း ကြောက်ရွှံ့တုန်လှုပ်သွားစေခဲ့တယ်"
ချင်ယွင် လှည့်ကြည့်လိုက်လျှင် တပည့်ငါးယောက်အုပ်စုကိုဦးဆောင်ခေါ်လာသည့် ပိန်ပိန်ပါးပါးအားနည်းသောတပည့်သည် ချင်ယွင်ကို လက်ညှိုးထိုးပြရင်း လှမ်းအော်ပြောနေသည်ကို တွေ့လိုက်ရသည်။
ချင်ယွင်၏ မျက်နှာသည် ချက်ချင်းပင် သတ်ဖြတ်လိုသောဆန္ဒကို ဖော်ထုတ်လာသည်။ သူသည် မူလက သူတို့၏အသက်ကို ချမ်းသာပေးရန် ရည်မှန်းထားသော်လည်း ထို
လူများသည်ထိုမျှလောက် မိုက်မဲနေလိမ့်မည်ဟု မမျှော်လင့်ပေ။ ထိုလူများသည် အမှန်တကယ်ပင် သူတို့ကို နောက်တစ်ကြိမ်ရန်စရန် ရောက်လာကြသေးသည် ။
ချင်ယွင်သည် ခေါင်းဆောင်တပည့်ကို တစ်ချက်ကြည့်လိုက်သည်။ သူသည် သိုင်းဂိုဏ်း ချုပ်နယ်ပယ်၏ သတ္တမအဆင့် ကောင်းကင်အလွှာရှိလူငယ်တစ်ဦးဖြစ်သည်။ ဘိုင်ယွန်ကျောင်းတော် တပည့်တစ်ဦး၏ ယူနီဖောင်းကိုလည်း ဝတ်ဆင်ထားသည်။ ထင်ရှားသည်မှာ၊ သူသည် ဘိုင်ယွန်ကျောင်းတော်၏ ထိပ်တန်းတပည့်ဖြစ်သင့်သည်။
ချင်ယွင်သည် ခေါင်းဆောင်လူငယ်ကို သုံးသပ်လိုက်သောအခါ ခေါင်းဆောင် လူငယ်သည်လည်း ချင်ယွင်နှင့် အခြားလူများကို ပြန်လည် သုံးသပ်လိုက်သည်။
ချင်ယွင်၏ ကျင့်ကြံမူအဆင့်သည် သိုင်းဂိုဏ်း ချုပ်နယ်ပယ်၏ ပဉ္စမအဆင့် ကောင်းကင်အလွှာ၌သာ ရှိသည်ကို မြင်သောအခါ၊ မထီမဲ့ မြင်ပြုသော လှောင်ပြောင်မှု တစ်ခုက သူ၏ မျက်နှာပေါ်တွင် ချက်ချင်းပေါ်လာသည်။
သို့သော်လည်း သူသည် ချင်ယွင် အနားရှိ ကျိုးယု နှင့် ဘိုင်ချီဟန်တို့ကို ကြည့်လိုက်သောအခါ ဘိုင်ချီဟန် နှင့် ကျိုးယုတို့၏ ကျင့်ကြံမှုအဆင့်ကို သူ လုံးဝ မမြင်နိုင်သောကြောင့် သူ၏ မျက်လုံးများတွင် အံ့အားသင့်မှုကို ချက်ချင်း ထုတ်ဖော်လိုက်သည်။ တစ်နည်းဆိုရသော် ဘိုင်ချီဟန် နှင့် ကျိုးယုတို့ နှစ်ယောက် စလုံး၏ ကျင့်ကြံမှုအဆင့်သည် သူ၏အထက်တွင် ရှိနေသောကြောင့် သူသည် မည်သည့် အရာလုပ်ရမလဲဆိုသည်ကို အနည်းငယ် ပျောက်ဆုံးသွားရသည်။
ဘိုင်ချီဟန်နှင့် ချင်ယွင်တို့သည် အကြည့်ချင်းဖလှယ်ကာ နောက်ပြန်မလှည့်မီ အထင်သေးဟန်ဖြင့် ပြုံးလိုက်ကြသည်။
"စီနီယာအစ်ကို ကျန်း၊ သူတို့က ဒဏ်ရာရ အောင် လုပ်တဲ့လူတွေပဲ။ သူတို့ကို သင်ခန်းစာ မြန်မြန်သင်ပေးလိုက်ပါ" ပိန်ပိန်ပါးပါး အားနည်းသည့်တပည့်က ကမန်းကတန်း ပြောလိုက်တယ်။
သို့သော် စီနီယာအစ်ကိုကျန်း၏မျက်နှာသည် ပြာနှမ်းသွားပြီး အလွန်မင်း ရှက်ရွံ့သွားသည်။ သူက ပြန်လှည့်ပြီး ပိန်ပိန်ပါးပါးအားနည်းသည့် တပည့်ကို ပါးပိတ် ရိုက်လိုက်သည်။ ထို့နောက် သူက ဒေါသတကြီး အော်ဟစ်လိုက်ပြီး "မြေနိုးကောင်၊ မင်း ဗျင်းခံချင်ရင်လည်း ကိုယ့်ဘာသာတစ်ယောက်တည်းခံကွ၊ ငါ့ကို ဆွဲမထည့်နဲ့"
သူသည် ခေါင်းပင်ပြန်လှည့်မကြည့်ဘဲ တပည့်များနှင့်အတူ ထွက်ခွာသွားခဲ့သည်။
ပိန်ပိန်ပါးပါးအားနည်းသည့် တပည့်လေးသည် ဘာပြောရမှန်းမသိအောင် ချက်ချင်းပင် ထိတ်လန့်သွားသည်။ သူသည် ထွက်ခွာသွားသည့် ချင်ယွင်နှင့် တခြားလူများ၏ နောက် ကျောကို လှမ်းကြည့်လိုက်လျှင် သူ၏မျက်လုံးများတွင် တုနှိုင်းမရသည့် အံ့အားသင့်နေသော အမူအရာများ ပေါ်လာလေသည်။