← Chapters

ဓားသည် နှလုံးသား၏ ဆန္ဒအတိုင်း လိုက်သည်

Vol. 11 Ch. 164

ဓားသည် နှလုံးသား၏ ဆန္ဒအတိုင်း လိုက်သည်

Vol. 11 Ch. 164

အခန်း (၁၆၄ )ဓားသည် နှလုံးသား၏ဆန္ဒအတိုင်းလိုက်သည်။

ချင်ယွင်နှင့် အခြားသူများသည် သဘောတူထားသည့်နေရာသို့ ပြန်ရောက်သွား သောအခါ အကြီးအကဲလည်း ပြန်ရောက်လာခဲ့သည်။ ထို့နောက် သူတို့လေးယောက် သည် ဘိုင်ယွန်ကျောင်းတော်ဆီ တိုက်ရိုက်လျှောက်လာခဲ့သည်။

အချိန်ကြာလာသည်နှင့်အမျှ လူအများပြား သည် ဘိုင်ယွန်ကျောင်းတော်ဆီသို့ ရောက်လာကြသည်။ ချင်ယွင် နှင့် အခြားသူများသည် ဘိုင်ယွန်ကျောင်းတော်သို့ ရောက်သောအခါ ဘိုင်ယွန်ကျောင်းတော်တွင် စုဝေးနေကြသူ အနည်းအကျဉ်း ရှိနေပြီဖြစ်သည်ကို တွေ့ရှိခဲ့ရသည်။

တော်ဝင်အကြီးအကဲသည် ချင်ယွင်နှင့် အခြားသူများအတွက် ပြိုင်ပွဲ၀င်စာရင်းကို ပေးပို့ရန်အတွက် ဘိုင်ယွန်ကျောင်းတော်သို့ သွားရောက်ရန်လိုအပ်သည်။ ချင်ယွင် နှင့် အခြားသူများသည် ဘိုင်ယွန်ကျောင်းတော် တပည့်များ၏ ဦးဆောင်မှုအောက်တွင်၊ အခြားဂိုဏ်းများ၏ အကြီးအကဲများနှင့် တပည့်များကို ဧည့်ခံရန်အတွက် အထူးပြင်ဆင်ထားသည့် ချင်းဖန်အိမ်ရာသို့ ရောက်လာကြသည်။

ချင်းဖန်အိမ်ရာသည် ဘိုင်ယွန်ကျောင်းတော် ၏ အပြင်ဘက်ကျဆုံးနေရာတွင် တည်ရှိသည်။ ချင်းဖန်အိမ်ရာတွင် စုစုပေါင်း အိမ်အလုံးနှစ်ရာရှိပြီး လူ‌လေးရာဆံ့သည်။

အားလုံးက အိမ်များကို ကိုယ့်ဘာသာ စိတ်တိုင်းကျ ရွေးချယ်နိုင်သည်။ အိမ်များကို ပထမဦးစားပေးစနစ်ဖြင့် လက်ခံရယူနိုင်သည် ။ ချင်ယွင် နှင့် အခြားသူများသည် စော‌စော‌ရောက်လာသောကြောင့် နေရာကောင်းနှင့် နေရောင်ခြည်အလင်းရသည့် အခန်း နှစ်ခန်းကို ရွေးချယ်ခဲ့ကြသည်။

သို့သော် အခန်းထဲသို့ မဝင်မီတွင် သူတို့နောက်မှ အော်သံကြားလိုက်ရသည်။

"နေပါဦး၊ ဒီအခန်းနှစ်ခန်းက ငါ့ နက်ဗျူလာဂိုဏ်းနဲ့ သက်ဆိုင်တယ်။ မင်းတို့တွေ ထပ်ရွေးလို့ရတယ်။"

ချင်ယွင်နှင့်တခြားသူများသည် ချက်ချင်းလှည့်ကြည့်လိုက်လျှင် သူတို့၏၀တ်စုံများတွင် ကြယ်စင်စုပုံစံများထိုးထားသည့် ဝတ်စုံအဖြူဝတ် တပည့်လေးယောက်သည် သူတို့ဆီ လျှောက်လာနေသည်ကို တွေ့လိုက်ရသည်။

ခေါင်းဆောင်ဖြစ်သူသည် အရပ်ရှည်ပြီး ထွားကြိုင်းသန်မာသူဖြစ်သည်။ သူသည် အရပ် ၁.၉ မီတာရှိမည်ဟု ခန့်မှန်းရပြီး ကျားလို‌ နောက်ကျောနှင့် ဝက်ဝံလိုခါးများရှိသည်။ သူ၏ပခုံးပေါ်၌ ကြက်သွေးရောင်ဓားတစ်ချောင်းကို လွယ်ထားသည်။ သူသည် သိုင်းဂိုဏ်းချုပ် နယ်ပယ် အဋ္ဌမအဆင့် အထွတ်အထိပ် ကောင်းကင်အလွှာတွင် ရှိနေသည်။

အစောပိုင်းလေးက စကားပြောခဲ့သည့်လူသည် အရပ်ရှည်ပြီး ခွန်အားကြီးသည့်လူ ဖြစ်သည်။ ဤအခိုက်အတန့်တွင်၊ ချင်ယွင်နှင့် အခြားလူများကိုကြည့်သည့် သူတို့၏ အကြည့်များသည်အထင်အမြင်သေးပြီး လှောင်ပြောင်ခြင်းများဖြင့် ပြည့်နှက်နေသည်။

"ဘာလို့လဲ၊ ငါတို့က ဒီနေရာကို အရင်ရှာတွေ့ခဲ့တာလေ။" ချင်ယွင်က ပြောသည်။

ချင်ယွင်က ထိုစကားများကိုပြောပြီးနောက် တစ်ဖက်လူလေးယောက်သည် ရယ်မော လိုက်ကြသည်။

"ဘာဖြစ်လို့လဲ၊ ဟုတ်လား။ ငါတို့က နက်ဗျူလာဂိုဏ်းရဲ့ တပည့်တွေဖြစ်လို့‌ပေါ့ကွ။ ငါတို့ နက်ဗျူလာဂိုဏ်းက ဘိုင်ယွန်စီရင်စုတစ်ခုလုံးမှာ ထိပ်ဆုံးအဆင့်တစ်ဆယ် မှာရှိတယ်ကွ။ မင်းတို့ကောင်တွေကြည့်ရတာ တပည့်ယူနီဖောင်း လေးတောင် မဝတ်နိုင်ဘူးလို့ ငါထင်တယ်။

မင်းတို့က ဂိုဏ်းငယ်လေးတွေကလာတာ ဖြစ်ရမယ်။ !" ထွားကြိုင်းသန်မာသည့် ခေါင်းဆောင်လူငယ်က ကျယ်လောင်စွာ ရယ်မောလိုက်သည်။

ချင်ယွင်သည်လည်း အပျင်းဖြေစရာတွေ့သွားသည်။ ထိပ်တန်းစာရင်း၀င် ဂိုဏ်းဆယ်ခုသည် မောက်မာလွန်းလှသည်။ သူတို့၏ခေါင်းများသည် မြည်းများ၏ ကန်ကျောက်ခြင်းကို ခံထားရပုံပေါသည်။

ဘိုင်ချီဟန်သည်လည်း ကူကယ်ရာမဲ့စွာ ခေါင်းခါလိုက်မိသည်။ နက်ဗျူလာဂိုဏ်းကို

ယခင်ကတည်းက သူကြားဖူးသည်။ လွန်ခဲ့သောသုံးနှစ်က ဤဂိုဏ်းသည် ပြိုင်ပွဲတွင် အဆင့်ကိုးရဖူးသူရှိခဲ့သည်။ သို့သော် သူ၏ရှေ့တွင်ရှိသည့် လူလေးယောက် မဟုတ်ပေ။ ဤလူလေးယောက်ကို ဂိုဏ်းက လက်သပ်မွေးထားသည်ဟု ယူဆရလို့ရသည်။

တစ်ဖက်တွင် ကျိုးယုသည် ဤမျှသည်းခံနိုင်စွမ်းမရှိပေ။ သူ၏အမူအရာက အေးစက်သွားပြီး ချက်ချင်းပင် ပြေးဝင်သွား၏။

သန်မာထွားကြိုင်းလူသည် ကျိုးယု ပြေးလာသည်ကိုမြင်သောအခါ၊ သူ၏အမူအရာက အေးစက်သွားသည်။ သူသည် သူ၏ပခုံးပေါ်မှ ဓားရှည်ကြီးကိုဆွဲထုတ်ပြီး ကျိုးယုဆီသို့ ခုတ်ပိုင်းလိုက်သည်။

ကျိုးယုသည် အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး လေးလံသော ဓားကြီးကို မျက်ကွယ် ပြုလိုက်သည်။ သူသည် သူ၏ခွန်အားကို ထပ်မံ အသုံးပြုလိုက်ပြီး သူ၏ အရှိန်ဟုန်သည်လည်း အမှတ်သားတစ်ခုအထိ တိုးလာခဲ့သည်။

ထိုလူ၏ လေးလံသောဓားကြီး ကျဆင်းမလာမီ ကျိုးယုသည် ထိုလူ၏ ရင်ဘတ်ကို ထိုးနေပြီဖြစ်သည်။

ထွားကြိုင်းသန်မာ‌သောထိုလူ၏မျက်လုံးများ သည် အံ့သြသွားသည့်အမူအရာတစ်ခုကို ချက်ချင်း ထုတ်ဖော်ပြသလာသည်။ ထို့နောက် သူ၏တစ်ကိုယ်လုံးသည် နောက်ပြန် လွင့်ထွက်သွားကာ လေးလံသောဓားကြီးသည်လည်း မြေပြင်ပေါ်သို့ ကျသွားသည်။

ထွားကြိုင်းသန်မာ‌သောလူ၏နောက်သို့ လိုက်လာသော အခြားတပည့် သုံးယောက်သည်လည်း ထိတ်လန့်သွားကြပြီး ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ စကားပင် မပြောနိုင်ကြပေ။

ဤထွားကြိုင်းသန်မာ‌သောလူသည် သူတို့နက်ဗျူလာဂိုဏ်း၏ ပါဝင်ယှဉ်ပြိုင်သူ များတွင် အစွမ်းထက်ဆုံး ဆန်ကာတင်ရွေးချယ်ထားသူ ဖြစ်သည်။ သူ့ပြိုင်ဘက်၏ လှုပ်ရှားမူလေးတစ်ခုက အံ့မခန်းဖြစ်နေလိမ့်မည်ဟု သူ မျှော်လင့်မထားခဲ့ပေ။ သူ့ပြိုင်ဘက်၏ ခွန်အားသည် မည်မျှကြောက်စရာကောင်းလိုက်သနည်း။

"အနာဂတ်မှာ တခြားသူတွေကို ရန်မစခင်မှာ တစ်ဖက်အဖွဲ့ရဲ့ နောက်ခံကို အရင်သိထားဖို့ လိုပါတယ်၊ မဟုတ်ရင် မင်းသေသွားရင်တောင် သိလိုက်မှာ မဟုတ်ပါဘူး။" ကျိုးယုက အေးစက်စွာ အော်ပြောလိုက်ပြီး အခန်းဘက်သို့ လှည့်ကာ လမ်းလျှောက်ဝင်သွားတော့သည်။ သူတို့သည် ထိုလူလေးယောက်ကို ပြန်ကြည့်ရန်ပင် ပျင်းရိနေလေသည်။

တိုက်ပွဲတွင် ရှုံးနိမ့်သွားခဲ့ရသော ထိုလူလေးဦးသည် သဘာဝအတိုင်း စိတ်ပျက် လက်ပျက် ကျန်ရစ်ခဲ့သည်။

ချင်ယွင်သည် ထိုသူတို့၏ စိတ်ပျက်လက်ပျက်ဖြစ်နေသည့်မြင်ကွင်းကို မြင်တွေ့လိုက်ရလျှင် ရယ်စရာကောင်းသည်ဟု ထင်မိသည်။ ဤလူလေးယောက်သည် ကျင့်ကြံမှုမှာ မကျွမ်း ကျင်ရုံသာမက သူတို့၏ဦးနှောက်ကိုလည်း ကောင်းကောင်း အသုံးမချတတ်ကြပေ။

သာမာန်အားဖြင့်၊ ဤအချိန်တွင် အခြားသူများကို ပွင့်ပွင့်လင်းလင်း ရန်စသည့် လူအနည်းငယ်သာရှိသည်။ အမုန်းတရား ကြီးကြီးမားမား မရှိခဲ့ဘူးဆိုလျှင် ဤအချိန်မျိုးမှာ မည်သူကရော သူတို့၏စွမ်းအားကို မိုက်မဲစွာ ထုတ်ဖော် ပြသမည်နည်း။

ထင်ရှားသည်မှာ၊ ဤလူလေးယောက်ကို အခြားသူများက မှားယွင်းသော သတင်းအချက်ပေးပို့ပြီး အသုံးချခဲ့ကြသည်မှာ ထင်ရှားသည်။ ထိုကြောင့်လည်း ဤလူလေးယောက်သည် သူတို့ကို စိန်ခေါ်ရန် မောက်မာစွာဖြင့် ဤနေရာကို ရောက်လာခဲ့ခြင်းဖြစ်နိုင်သည်။

သို့သော်လည်း သူတို့ကို နောက်ကွယ်နောက်မှ ကြိုးဆွဲနေသူက မည်သူလဲ။

ဘိုင်ယွန်ကျောင်းတော်လား။ လင်းထျန်ဂိုဏ်း ဂိုဏ်း?

၎င်းတို့နှစ်ခုထဲမှ တစ်ခုမျှ ဖြစ်နိုင်မည်မဟုတ်ပေ။ အဘယ့်ကြောင့်ဆိုသော် သူတို့သည် မိုးကြိုး၀ိညာဥ်ဂိုဏ်းကို အထင်မသေးသော ကြောင့်ဖြစ်၏။ သူတို့အနေဖြင့်လည်း ယခုလိုနည်းလမ်းမျိုးကို အသုံးပြုနေစရာ မလိုအပ်‌ပေ။ အကြောင်းမှာ ထိုလူလေး ယောက်သည် သူတို့အဖွဲ့ကို မည်သည့်ခြိမ်းခြောက်မှုမှ မပြုလုပ်နိုင်ကြောင်း သိထားသောကြောင့် ဖြစ်သည်။

ဒါဆိုရင် ဘယ်သူဖြစ်မလဲ။ ချင်ယွင် နားမလည်နိုင်။

"မှန်းဆနေစရာ မလိုပါဘူး။အဲဒါက သရဲတစ်ရာဂိုဏ်းကပဲ!" ဘိုင်ချီဟန်က နောက်မှ လျှောက်လာပြီး ချင်ယွင်၏ပခုံးကိုပုတ်ရင်း ပြောလိုက်သည်။

"သရဲတစ်ရာဂိုဏ်းလား?" ချင်ယွင်သည် စိတ်ရှုပ်ထွေးစွာဖြင့် မေးလိုက်သည်။ ဤဂိုဏ်းအကြောင်းကို သူ တစ်ခါမှ မကြားဖူးငပ။

"မှန်ပါတယ်၊ အဲဒါက သရဲတစ်ရာဂိုဏ်းပဲ။ သူတို့ဟာ မနှစ်က အဆင့်လေးရခဲ့တယ်။ ဒါ့အပြင်သူတို့ဟာ အမြဲတမ်း လျှို့ဝှက်ဆန့်ကျယ်ပြီး ထူးထူးဆန်းဆန်း ပြုမူကြတယ်။ သူတို့ တတ်နိုင်သမျှ အရာအားလုံးကို လွန်လွန်ကဲကဲပြုလုပ်ကြတယ်။ ဂိုဏ်း၀င်အားလုံးကလည်း မိဘမဲ့ပုဂ္ဂိုလ်တွေနှင့် တောရိုင်းတ‌စ္ဆေသရဲတွေလို ရက်စက် ရိုင်းစိုင်းကြတဲ့လူတွေပဲ၊ အဲဒါကြောင့် သရဲတစ်ရာဂိုဏ်းလို့ခေါ်တာ။ ဘိုင်ချီဟန်က ရှင်းပြသည်။

ချင်ယွင် မချိပြုံး ပြုံးလိုက်မိသည်။ အမှန်တကယ်ကို ယခုလိုဂိုဏ်းမျိုး ရှိနေသည်။ နာမည်အရပင် တော်တော်ကြောက်စရာကောင်းနေပြီ။

"သရဲတစ်ရာဂိုဏ်းက မိုးကြိုး၀ိညာဥ်ဂိုဏ်းကို အခုလို ပစ်မှတ်ထားရတဲ့ အကြောင်းရင်းက တကယ်တော့ ငါ့ကြောင့်ပါပဲ။ လွန်ခဲ့တဲ့ သုံးနှစ်လောက်က သရဲတစ်ရာဂိုဏ်းရဲ့ ပါရမီရှင် ချင်းဟီနဲ့ တိုက်တုန်းက ငါ့ရဲ့ပြင်းထန်တဲ့ တိုက်ကွက်ကြောင့် သူ့ခြေထောက်တစ်ဖက် ကျိုးသွားခဲ့ရတယ်။ ဒီဖြစ်ရပ်တွေက သုံးနှစ်ကျော်သွားပြီလို့ ငါယုံကြည်တယ်။ သူက ဒီကိစ္စနဲ့ပတ်သက်ပြီး သူ့နှလုံးသားထဲမှာ အမုန်းတရားတွေနဲ့ အမြဲတမ်း ချည်နှောင်ထားခဲ့တယ်။ အခုလေးတင်ပဲ၊ ငါ့အတွက် ခက်ခဲတဲ့အရာတွေကို တမင်တကာ ဖန်တီးဖို့ ဒီနေရာကို ဟိုလူတစ်စုကို စေလွှတ်ခဲ့တာပဲ" ဘိုင်ချီဟန်က အေးစက်စွာ ရယ်မောလိုက်သည်။

ချင်ယွင်က ခေါင်းညိတ်ပြီး ပြောလိုက်သည် "ဒါဆို ငါ့ကို ထပ်ပြောပါဦး၊ ငါတို့ အာရုံစိုက်ဖို့ အခြားဘယ်အင်အားစုတွေ ရှိသေးလဲ?"

"တကယ်တော့ ငါတို့ မိုးကြိုး၀ိညာဥ်ဂိုဏ်းရဲ့ စွမ်းအားနဲ့ဆိုရင် ထိပ်တန်းဂိုဏ်းငါးခုကိုပဲ အာရုံစိုက်ဖို့ လိုတယ်။ ဘိုင်ယွန်ကျောင်းတော်နဲ့ လင်းထျန်ဂိုဏ်းအကြောင်းကတော့ ဘာမှထပ်‌ ပြောစရာမလိုတော့ပါဘူး။ လင်းဖန်နဲ့ ဖန်းမန့်တို့က ငါတို့ကို ခြိမ်းခြောက်နိုင်တဲ့ တည်ရှိမူတွေ ဖြစ်တယ်။ နောက်တစ်ခုကတော့ သရဲတစ်ရာဂိုဏ်း‌ပေါ့။ အစောကပြောခဲ့တဲ့ ချင်းဟီဆိုတာက စွမ်းအားအရာမှာ ပျမ်းမျှပဲရှိပြီး တိုက်ခိုက်ခြင်းနည်းလမ်းတွေက ထူးဆန်းပြီး ရက်စက်ပြင်းထန်တယ်။ ဒါကြောင့် သူ့ကို တိုက်ခိုက်တဲ့အခါ မင်းသတိထားရမယ်။" ဘိုင်ချီဟန် က ပြောလိုက်သည်။

ချင်ယွင်သည်လည်း ခေါင်းညိတ်လိုက်သည်။

"နောက်တစ်ခုက‌တော့ ၊ ပန်းတစ်ရာဂိုဏ်းဆိုတာရှိတယ်။ ဒီပန်းတစ်ရာဂိုဏ်းက ဂိုဏ်း၀င်အားလုံးဟာ အမျိုးသမီး‌တွေချည်းပဲ။ အသန်မာဆုံးကတော့ ချန်မန်ရှီဆိုတဲ့ အမျိုးသမီးဖြစ်လိမ့်မယ်။ သူမရဲ့ ကျင့်ကြံမှုအဆင့်က အမြဲမြင့်မားတယ်။ သူမက ငါ့ထက် အားနည်းပုံမပေါ်ဘူး။" ဘိုင်ချီဟန်က ပြောသည်။

"အယ်၊ မင်းထက်အားမနည်းဘူးဆိုရင် ဘာလို့ဂိုဏ်းက အဆင့်ငါးပဲ ရှိရတာလဲ" ချင်ယွင်က အံ့ဩသွားသည်။

"လွန်ခဲ့တဲ့ ၃ နှစ်က ဗိုလ်လုပွဲမှာ သူမက ပြိုင်ပွဲကို အရင်ဆုံး အရှုံးပေး လိုက်တာပဲ။ အကြောင်းပြချက် အတိအကျကို ဘယ်သူမှ မသိပေမယ့် အဲဒီအချိန်တုန်းက ဓားဆန္ဒကို နားလည်သဘောပေါက်မူနဲ့ ပတ်သက်တယ်လို့ ကောလဟာလတွေ ရှိခဲ့တယ်။" ဘိုင်ချီဟန်က သက်ပြင်းချလိုက်သည်။

"ဓားဆန္ဒလား ?" ချင်ယွင် အံ့သြသွားသည်။ သူမှလွဲ၍ သိုင်းဂိုဏ်းချုပ်နယ်ပယ်တွင် ဓားဆန္ဒကို နားလည်နိုင်သော တစ်စုံတစ်ယောက်ရှိပါသလား။

"ဟုတ်တယ်၊ မင်းလိုပဲ သူမကလည်း ဓားဆန္ဒကို ငါနားလည်သွားတာ၊ ဒါပေမယ့် ကောလာဟလတွေက မှန်လားမှားလား ငါမသိဘူး။" ဘိုင်ချီဟန်က ပြန်ဖြေသည်။။

"ဒင် ဒင် ဒင်!"

ထိုအချိန်တွင် မနီးမဝေးမှ စူးရှသော ခေါင်းလောင်းသံ ထွက်ပေါ်လာသည်။

ချင်ယွင်နှင့်ဘိုင်ချီဟန်တို့သည် အဝေးမှ ဖြည်းညှင်းစွာ ချဉ်းကပ်လာသော အမျိုးသမီးသုံးဦးကို တွေ့လိုက်ရသည်။

အမျိုးသမီး သုံးဦးစလုံးသည် ချောမောလှပပြီး အထူးသဖြင့် ဦးဆောင်သူ အမျိုးသမီး ဖြစ်သည်။ သူမ၏မျက်နှာကို ဖုံးအုပ်ထားသော်လည်း သူမသည် ရင်သပ်ရှုမောဖွယ် အလှပိုင်ရှင်တစ်ဦးဖြစ်ကြောင်း သူမ၏မျက်ခုံးများမှ ပြောပြနိုင်သေးသည်။

"ဒါက သူမပဲ။ သူမက ချန်မန်ရှီ ပဲ" ဘိုင်ချီဟန် က အံ့သြစွာပြောသည်။

ချင်ယွင်သည် အနည်းငယ် ထိတ်လန့်သွားသည်။ သူသည် ခေါင်းကိုမော့ပြီး မျက်နှာကို ဖုံးအုပ်ထားသည့် အမျိုးသမီးကို သေသေ ချာချာ ကြည့်လိုက်သည်။ ထိုအချိန်မှပင် သူမသည် အမှန်တကယ် ဆံပင်ဖြူနေကြောင်း သူ သတိပြုမိခဲ့သည်။ သို့သော် အဘိုးအိုတစ်ဦး၏ ငွေရောင်ဆံပင်ဖြူများကဲ့သို့ ဖြူခြင်းမျိုးမဟုတ်ပေ။ ယင်းအစား ဆောင်းရာသီမှာကျသည့် နှင်းပွင့်များကဲ့သို့ ဖြူနေခြင်းဖြစ်သည်။

"အယ်၊ ငါ သူမရဲ့ ကျင့်ကြံမှုအဆင့်ကိုတောင် မမြင်ရဘူးပဲ။" ချင်ယွင် အံ့သြသွားသည်။ တိုင်ယွန်ကုန်သည်ကြီးများအသင်းမှ သခင်‌လေးအပြင်၊ ဤအမျိုးသမီးသည် သူ ဤသေမျိုးကမ္ဘာသို့ရောက်ကတည်းက ကျင့်ကြံမှုအဆင့်ကို မမြင်နိုင်သော ဒုတိယလူဖြစ်သည်။

"သူမရဲ့ ကျင့်ကြံမှုအဆင့်ကို ဖုံးကွယ်ထားတဲ့ ရတနာတချို့များ ရှိနိုင်မလား?" ချင်ယွင် အံ့ဩသွားသည်။

သို့သော်လည်း ချင်ယွင်သည် သူ၏အကြည့်ကို ရုပ်သိမ်းခါနီးတွင်၊ ထိုအမျိုးသမီးသည် ရုတ်တရက် ခေါင်းလှည့်ကာ သူမ၏မျက်လုံးများထဲတွင် သန်မာသောဓားဆန္ဒ တစ်ခုဖြင့် ချင်ယွင်ကို စိုက်ကြည့်နေသည်။

"ဓားဟာ သင့်နှလုံးသားရဲ့ သဘောတိုင်းဖြစ်တယ်။ ဒီအမျိုးသမီးက ကြီးကျယ်တဲ့ ရန်သူတစ်ယောက်ပဲ" ချင်ယွင်က အံ့သြစွာပြောသည်။

All Chapters