အနီရောင်ဝတ် အမျိုးသမီး
Vol. 11 Ch. 165
"ဓားက သင့်စိတ်နှလုံးသားအလိုတိုင်း လိုက်ပါတာလား။ အဲဒါက ဘာလဲ" ဘိုင်ချီဟန် အံ့ဩသွားသည်။
ချင်ယွင်သည် တဖြေးဖြေး ထွက်ခွာသွားသော ချန်ရှီမင်ကို တစ်ချက်ကြည့်လိုက်ပြီး အံ့ဩဟန်ဖြင့် ပြောလိုက်သည် "ဒါက ဓားတွေနဲ့ပတ်သက်ပြီး နားလည် သဘောပေါက်မူနဲ့ သက်ဆိုင်တဲ့ နယ်ပယ်တစ်ခုပဲ။ တစ်နည်းပြောရရင် စကားလုံးတိုင်း၊ အပြုအမူတိုင်းကနေ ပြင်းထန်တဲ့ ဓားဆန္ဒကို ထုတ်လွှတ်နိုင်တယ်။ အခုလေးပဲ၊ ချန်မန်ရှီနဲ့ ငါဟာ အကြည့်ချင်းဖလှယ်လိုက်ကြတဲ့အခိုက် နှစ်ယောက်သား တစ်ယောက်နဲ့တစ်ယောက် ထိပ်တိုက်ဆုံမိသွားကြတယ်။"
"ဒါဆို ရလာဒ်က ဘာလဲ။" ဘိုင်ချီဟန်က မေးသည်။
"တိုက်ပွဲက လက်ရည်တူလို့ ပြောလို့ရတယ်၊ ဒါပေမယ့် ဒါက စမ်းသပ်မှုတစ်ခုပါပဲ။ တကယ့်တိုက်ပွဲဆိုတာက တိုက်ပွဲပြီးမှသာ သိရတာလေ။" ချင်ယွင်က လေးလေး နက်နက် ပြန်ဖြေသည်။
ဘိုင်ချီဟန်သည်လည်း ခေါင်းညိတ်လိုက်သည်။ သူသည် ဓားသမားတဦးလည်း ဖြစ်ခဲ့သည်။ သူသည် ဓားဆန္ဒကို အမြဲတောင့်တနေခဲ့သော်လည်း ၎င်းကို နားမလည်ခဲ့ပေ။
ချင်ယွင်သည် ဘိုင်ချီဟန်ကို လျစ်လျူရှုပြီး တစ်ယောက်တည်း ထွက်လာခဲ့သည်။
မူလက သူသည် ဤသေမျိုးကမ္ဘာတွင်၊ သူ၏ ဓားသိုင်းအဆင့်သည် လူတိုင်းကို လုံးလုံး လျားလျား ဖိနှိပ်နိုင်မည်ဟု ထင်ခဲ့သော်လည်း ယခုတော့ ထိုသို့မဟုတ်ဟု ထင်ရသည်။ အစောပိုင်းလေးက ထိုအမျိုးသမီး၏ ဓားသိုင်းပညာ ရပ်အပေါ် နားလည်နိုင်စွမ်းသည် သူ့ထက်မနိမ့်ကျပေ။
ဤအမျိုးသမီး၏ အသွင်အပြင်သည် ချင်ယွင်၏ နှလုံးသားထဲတွင် ကျယ်လောင်သော အချက်ပေးခေါင်းလောင်းသံနှင့်တူသည်။
ယခင်က သူသည် သူ၏ဓားသိုင်းပညာရပ်များနှင့် ပတ်သက်ပြီး အောင်မြင်မှုများ စွာသည် အတိတ်တွင်သာ အမြဲရှိခဲ့သည်။ သူသတိပြန်ရလာသည့်အချိန်မှစ၍ သူသည် ဓားသိုင်းပညာရပ်နှင့် ထိုးထွင်းသိမြင်မူဉာဏ်အမြင်တို့တွင် အောင်မြင်မှု ရရှိရန် ကြိုးစားခဲ့သော်လည်း အကျွမ်းကျင်ဆုံး ဓားသိုင်းပညာရပ်၏ နားလည် သဘောပေါက်နိုင်စွမ်းကို လျစ်လျူရှုထားခဲ့သည်။
အကယ်၍ ဤအမျိုးသမီး၏ထွက်ပေါ်လာမူ ကြောင့်သာမဟုတ်ပါက၊ ချင်ယွင်သည် ၎င်းကို မသိလိုက်ဘဲ နစ်မြောမိနေပေလိမ့်မည်။
ကျင့်ကြံခြင်းတွင် အကြီးမားဆုံးအမှားက သင်အမှားလုပ်မိသော်လည်း ၎င်းကို မသိခြင်းပင်ဖြစ်သည်။ သင်မသိသရွေ့ သင်သည် လမ်းမှားကိုပင် ဆက်လျှောက်နေမိ လိမ့်မည်။
နောက်ဆုံးအဆုံးသတ်တွင် သင်အမှားများကို ရှာဖွေတွေ့ရှိသော်လည်း သင်သည် နောက် ကြောင်းပြန်လှည့်ရန် မဖြစ်နိုင်တော့ပေ။
ယခုဆိုလျှင် နှစ်၀က်ကျော်ကြာပြီးနောက်၊ ချင်ယွင်သည် ဓားသိုင်းပညာနယ်ပယ်တွင် တစ်လက်မမျှ မတိုးတက်ခဲ့ပေ။ ဤအရာက သူ့ကို အလွန်ရှက်ရသွားစေသည်။
"ကြည့်ရတာ ဒီဂိုဏ်းပေါင်းစုံပြိုင်ပွဲတွေ ပြီးဆုံးပြီးနောက် ငါ့ရဲ့ဓားသိုင်းပညာရပ်ကို စနစ်တကျ လေ့ကျင့်ဖို့ အချိန်တန်ပြီထင်တယ်" ချင်ယွင်က သူ့ကိုယ်သူပြောသည်။
ချင်ယွင်သည် လမ်းလျှောက်လာရင်း ဘိုင်ယွန်ကျောင်းတော်၏အလယ်ရှိ ရေကန် တစ်ခုဆီ ရောက်သွားခဲ့သည်။
မူလက သူသည် ရန်စီချီကို ရှာချင်သော်လည်း ရန်စီချီသည် မည်သည့်နေရာတွင် နေထိုင်သည်ကို မသိသောကြောင့် ချင်ယွင်သည် ကျောင်းတော်ထဲတွင် ကံစမ်းရန် ဆုံးဖြတ်ခဲ့သည်။
သို့သော် ချင်ယွင်သည် ရန်စီချီမမြင်ရသော် လည်း သူသည် အလွန်ရင်းနှီးသောလူကို တွေ့လိုက်ရသည်။
"ဒါသူမလား?"
အနီရောင်ဝတ်စုံဝတ်ထားပြီးဆွဲဆောင်မှုရှိသော အမျိုးသမီးသည် သူ့အနားမှ ဖြည်းညင်းစွာ လျှောက်သွားနေသည်ကို ချင်ယွင်က ကြည့်နေသည်။ သူသည် အလွန် တုန်လှုပ်သွားခဲ့သည်။
ဤအမျိုးသမီးသည် သူ့ကို ချင်နင်းမြို့ရှိ ချောက်ကမ်းပါးတခုပေါ်မှ ခုန်ဆင်းသွားရ အောင်တွန်းအားပေးပြီးနောက် လုံးလုံးလျားလျား ပျောက်ကွယ်သွားခဲ့သော အနီရောင်ဝတ် အမျိုးသမီးမှလွဲ၍ အခြားသူမဟုတ်ပေ။
ချင်ယွင်သည် ဤအမျိုးသမီးအပေါ်တွင် နက်ရှိုင်းသောလွှမ်းမိုးမှုရှိသောကြောင့်ချင်ယွင် သည် သူမအနားက ဖြတ်လျှောက်သွားသော အခါတွင် သူမကို အကြည့်တစ်ချက် ဖြင့်ပင် မှတ်မိခဲ့သည်။
ထိုအချိန်တွင် ချင်ယွင်သည် ဤနေရာတွင် 'လင်းယွင်' အဖြစ် ပေါ်လာသောကြောင့် အနီရောင်ဝတ် အမျိုးသမီးသည် သူမ ဖြတ်ကျော် သွားခဲ့သော ထိုလူငယ်ကို မှတ်မိပုံမပေါ်ပေ။ ချင်ယွင်သည် ထိုနေ့တုန်းက ချောက်ကမ်းပါးမှခုန်းချရန် အတင်းအကြပ် ခိုင်းစေခံခဲ့ရသူ ဖြစ်သည်။
"သူမ ဘာလို့ဒီမှာရှိနေတာလဲ၊ သူမက အတိအကျ ဘာလိုချင်တာလဲ" ချင်ယွင်သည် အံ့ဩသွားသည်။
ယုတ္တိဗေဒအရပြောရလျှင် သူမကဲ့သို့သော မကောင်းမိစ္ဆာလမ်းစဉ် ကျင့်ကြံတစ်ဦး သူသည် ပုန်းအောင်းနေသင့်သည် မဟုတ်ပါလော။ ကျွမ်းကျင်ပညာရှင်များ တိမ်တွေလိုပေါများသည့် ဘိုင်ယွန်မြို့တော်ကိုလာခဲ့ပြီး အဘယ်ကြောင့် ဘိုင်ယွန် ကျောင်းတော်မှာ ပွင့်ပွင့်လင်းလင်း လျှောက်သွားနိုင်ရတာလဲ။ ဤအကြောင်းအရာ သည် တစ်ခုခု ထူးဆန်းနေသည် မဟုတ်ပါလား။
ချင်ယွင်သည် ဤအကြောင်းကို ပိုတွေးလေ၊ တစ်ခုခုမှားနေပြီဟု ခံစားလာရ သောကြောင့် သူမနောက်မှ အမြန်လိုက်သွားခဲ့သည်။
ဤအမျိုးသမီးသည် ဘိုင်ယွန်မြို့အပြင်သို့အမှန်တကယ်လမ်းလျှောက်သွားနေသည်ကို
ချင်ယွင်သည် ရှာဖွေတွေ့ရှိခဲ့ပြီး သူမပို၍ လမ်း လျှောက်လာလေ မြို့နှင့်ပိုဝေးကွာလေ ဖြစ်လာသည်။ အဆုံးတွင် သူမသည် တောအုပ်တစ်ခုသို့ ဝင်ရောက်သွားခဲ့သည်။
"သူမက ငါ့ကို ရှာဖွေတွေ့ရှိသွားတဲ့အတွက် ဝေးလံခေါင်သီတဲ့ နေရာတစ်ခုဆီ တမင်တကာ မျှားခေါ်ခဲ့တာများ ဖြစ်နိုင်ပါ့မလား" ချင်ယွင်သည် သူ၏စိတ်ထဲမှာ နိုးနိုးကြားကြားဖြင့် သတိထားကာ ပြောလိုက်သည်။
အနီရောင်ဝတ်အမျိုးသမီး၏ ကျင့်ကြံမှု အဆင့်သည် သိုင်းဂိုဏ်းချုပ်နယ်ပယ်၏ နဝမ အဆင့် အထွတ်အထိပ် ကောင်းကင်အလွှာ မဟုတ်တော့ပေ။ ယင်းအစား သူမသည် ပထမအဆင့် ကောင်းကင်အလွှာ သိုင်းမြို့စားနယ်ပယ်တွင် ရှိနေခဲ့သည်။ သူမ၏ စွမ်းအားကို လျှော့တွက်လို့မရပေ။ သို့သော် ချင်ယွင်၏ အနက်ရောင်ဝတ်ရုံ၀တ် ကိုယ်ပွားဖြင့်ဆိုပါက သူမကို ကြောက်နေစရာ မလိုပေ။
ချင်ယွင်က သူ့ကို ရှာဖွေတွေ့သွားရှိကြောင်း သံသယရှိနေချိန်မှာပဲ ရှေ့ရှိတောအုပ်ထဲမှ လူတစ်ယောက်၏အသွင်အပြင်က သူ၏အတွေးများကို ဖျောက်ပစ်လိုက်သည်။
"လင်းဖန်လား?" ရုတ်တရက်ပေါ်လာသော ရုပ်အသွင်ပြင်ကိုကြည့်ရင်း ချင်ယွင်၏ မျက်ခုံးများ ကော့တက်လာပြီး အံ့သြစွာပြောလိုက်သည်။
တစ်ချိန်တည်းမှာပင်၊ လင်းဖန်သည် သိုင်းမြို့စားနယ်ပယ်၏ ပထမအဆင့် ကောင်းကင်အလွှာသို့ ဖြတ်ကျော်၀င်ရောက်သွားခဲ့ပြီဖြစ် ကြောင်းကိုလည်း ချင်ယွင် သည် တွေ့ရှိခဲ့ရသည်။
"ပစ္စည်း ယူလာလား" လင်းဖန်သည် အနီရောင်ဝတ်အမျိုးသမီးနှင့် မျက်နှာချင်း ဆိုင်ရင်း မေးလိုက်သည်။
"ငါကိုယ်တိုင် လှုပ်ရှားနေတာတောင်မှ မင်းက စိတ်သက်သာရာမရသေးဘူးလား။ ကြည့်စမ်း။" အနီရောင်ဝတ်ထားသော အမျိုးသမီးသည် ချစ်စရာကောင်းစွာ ပြုံးလိုက်ပြီး သူမ၏ရင်ခွင်မှ ကြွေပုလင်းငယ်ကို ထုတ်ကာ လင်းဖန်ထံ ပစ်ပေး လိုက်သည်။
လင်းဖန်သည် ကြွေပုလင်းကို ဖမ်းယူလိုက်ပြီး ဝမ်းသာအားရသည့်အမူအရာကို ထုတ်ဖော်လိုက်သည်။
"ဒီအရာက တကယ်ရော အလုပ်ဖြစ်ရဲ့လား?" လင်းဖန်က ယုတ်မာရက်စက်သည့် အပြုံးဖြင့် မေးသည်။
အမျိုးသမီးက ချစ်စရာကောင်းစွာ ပြုံးပြသည်။ သူမသည် လင်းဖန်၏ ပခုံးပေါ် လက်တစ်ဖက်ကို တင်လိုက်ပြီး သူ့ကိုမှီလိုက်သည်။ "သေချာပေါက် အလုပ်ဖြစ် ပါတယ်။ အဲဒါက အဘိုးကြီးရဲ့ ဘိုးဘွားအမွေအနှစ်ရဲ့ လျှို့ဝှက်ချက်ပဲလေ။ အဲဒါကို ရယူဖို့အတွက် ငါ အများကြီး ကြိုးစားခဲ့ရတယ်။ နောက်ဆုံးတော့ အဘိုးကြီးကိုလည်း စမ်းသပ်ကြည့်ခဲ့တယ်။ ရလာဒ်တွေက တကယ်ကို မဆိုးပါဘူး။"
"ဟီးဟီး၊ အရမ်းကောင်းတယ်။ အချိန်ကျလာတဲ့အခါ ရန်စီချီ ငါ့ရဲ့ပေါင်ခြံခွကြားပေါ် တက်စီးတဲ့အချိန် သူမဘယ်လို အမူယာမျိုးရှိနေမလဲဆိုတာ ငါကြည့်ချင်မိတယ်" လင်းဖန်၏ မျက်နှာပေါ်တွင် ရက်စက်သော အပြုံးတစ်ခု ပေါ်လာသည်။
ချင်ယွင်၏ ခန္ဓာကိုယ်သည် ရုတ်တရက် တုန်လှုပ်သွားပြီး ကြွေပုလင်းထဲတွင် မည်သည့် ဆေးမျိုးပါရှိသည်ကို သူ ချက်ချင်း သိလိုက်သည်။ သတ်ဖြတ်လိုသည့် ဆန္ဒများက သူ၏ မျက်လုံးများထဲသို့ တိုးဝင်လာခဲ့သည်။
လင်းဖန်သည် အမှန်တကယ် စက်ဆုပ်ဖွယ်ကောင်းလိမ့်မည်ဟု မည်သူကရော ထင်ထားခဲ့မည်နည်း။ ရန်စီချီကို အနိုင်ယူရန်အတွက် ယခုလို စက်ဆုပ်ဖွယ် ကောင်းသည့် နည်းလမ်းမျိုးကိုပင် အပြုသုံးချင်နေတာလား။ သူသည် တကယ့်ကို ဆန်ကုန်မြေလေးတစ်ယောက်ဖြစ်၏။
"စိတ်မပူပါနဲ့၊ ဒီဆေးပြားတွေထဲက တစ်လုံးကို စားလိုက်သရွေ့ သူမဟာ ဘယ်လိုအပျိုစင် အမျိုးသမီးဖြစ်ဖြစ်၊ ဘယ်လိုအာဇာနည်အမျိုး သမီးပဲဖြစ်ဖြစ် ၊ နောက်ဆုံး သူမဟာ မိန်းမ ပျက်တစ်ယောက် ဖြစ်လာပါလိမ့်မယ်" အနီရောင်ဝတ် အမျိုးသမီးက ပြုံးပြီးပြောသည် "ဒါပေမယ့် ရန်စီချီကိုရဖို့အတွက် မင်းအနေနဲ့ ဘာလို့ ဒီလောက်ကြိုးစားနေရတာလဲဆိုတာ ငါနားမလည်ဘူး။ အခု သူမက မိန်းမပျိုအစစ် တစ်ယောက် မဟုတ်တော့ဘူးဆိုတာကို မင်းသိထားရမယ်"
အနီရောင်ဝတ်အမျိုးသမီးသည် ယခုလိုစကားမျိုးပြောလိုက်ကိုကြားရလျှင် လင်းဖန်၏ မျက်နှာသည် ရန်လိုမှုအရိပ်အယောင်များ ချက်ချင်းဆိုသလို ထွက်ပေါ်လာသည်။ သူက ခက်ထန်စွာ ပြောလိုက်သည် “ဒီအကြောင်းနှင့်ပတ်သက်ပြီး မင်း ငါ့ကိုမပြောခင် ငါက သူမနဲ့ပတ်သက်တဲ့ အကြောင်းအရာအချို့ကို ပြောပြမယ်။ ဒီခွေးမက ဂိုဏ်းထဲမှာ ငါသူမကို လက်ထပ်ဖို့ သဘောတူထားတာကို ငြင်းဆန်လိမ့်မယ်လို့ ငါ မမျှော်လင့်ခဲ့ဘူး ။နောက်ပိုင်းရောက်မှ ငါက ဒီကိစ္စကို သိခဲ့ရတာ။ ငါဟာ အသက်ရှုလို့ မရနိုင်တော့ ဘူးလို့တောင် ခံစားခဲ့ရတယ်။ အဲဒါကြောင့် ငါက သူမ အလျှော့ပေးရအောင် ဆရာနဲ့ ဖိအားပေးခဲ့တယ် ။ ဆရာက သူမကိုခေါ်တွေ့ပြီး ပြင်းပြင်း ထန်ထန် ကြိမ်းမောင်းလိမ့်မယ်လို့ ငါ မမျှော်လင့်ထားခဲ့ဘူး။ အခု ရန်စီချီက ငါ့အတွက် ပြင်ဆင်ထားပြီးသား။ ဒါပေမယ့် ငါတစ်ယောက်တည်းဘဲ နေချင်နေလို့မရဘူးလေ။ အဲ့ဒါကြောင့် မင်းကို အကူအညီတောင်းခဲ့ရတာ"
"ဒါဆို မင်းက သူမကို လက်စားချေချင်တာလား။ အနီရောင်ဝတ် အမျိုးသမီးက ညှို့ယူ
ဖမ်းစားဟန်ဖြင့် ပြုံးပြသည်။
"ဟမ့်၊ သူမ ငါ့ကိုသစ္စာဖောက်ရင် ဘာဖြစ်မလဲ ဆိုတာ သူမကို သိစေချင်တယ်။" လင်းဖန်၏ မျက်လုံးများတွင် ရက်စက်ပြင်းထန်သော အလင်းရောင်တစ်ခု လင်းလက် လာသည်။
ဘေးနားရှိအနီရောင်ဝတ် အမျိုးသမီးသည်လည်း အကြိမ်ဖန်များစွာ ကဲ့ရဲ့ရှုံ့ချနေ လေသည်။
"မင်းက ဘာလို့ ဒီလိုလုပ်တာလဲ။ မင်းက ဘာလို့ ငါ့ကို မင်းနဲ့အတူ ရှိနေခွင့် မပေးရတာလဲ၊ ငါ့မျက်နှာနဲ့ငါ့ရဲ့ခန္ဓာကိုယ်ကိုကြည့်စမ်း။ အဲဒီထဲက ဘယ်တစ်ခုက ရန်စီချီထက် ပိုဆိုး၀ါးလို့လဲ။" အနီရောင်ဝတ်ထားသော အမျိုးသမီးသည် လင်းဖန် အပေါ်သို့ ရုတ်တရက် မှီကာ သူ့ကို နောက်ပြောင်ကျီစယ်လိုက်သည်။
လင်းဖန်သည် ဆိုးသွမ်းစွာ ပြုံးလိုက်ပြီး အမျိုး သမီး၏ ခါးကို ထိလိုက်သည်။ " တကယ်လို့ မင်းသာ ဒီလိုဆိုးယုတ်တဲ့နည်းစနစ်ကို မကျင့်ကြံခဲ့ဘူးဆိုရင် မင်းကို အိပ်ရာထဲမှာ ဖမ်းထားပြီးသား ဖြစ်နေပြီပေါ့။ အခုအချိန်အထိ ငါက ဘာလို့ စောင့်နေရမှာလဲ"
"သွား၊ လူယုတ်မာ။" အနီရောင်ဝတ် အမျိုးသမီးက ပြုံးပြီး မထီမဲ့မြင်ဟန်ဖြင့် ပြောလိုက်တယ်။
သစ်ပင်ပေါ်တွင်ရပ်နေသော ချင်ယွင်သည် ထိုစကားများကို ကြားသောအခါ သူတို့နှစ်ဦးကြားရှိ ဆက်ဆံရေးကို စေ့စေ့စပ်စပ်နားလည်သွားခဲ့ပြီး သူ၏ နှလုံးသားထဲတွင် သတ်ပစ်လိုစိတ်က ပို၍ပြင်းထန်လာသည်။
လင်းဖန်သည် ရန်စီချီအပေါ် ပြစ်မှားလိုစိတ်မရှိလျှင် သူ့အတွက် ဒုက္ခဖြစ်စေမည် မဟုတ်ဟု သူ တစ်ချိန်က ပြောခဲ့ဖူးသည်။ ယခုမူ လင်းဖန်သည် ရန်စီချီနှင့် ဆက်ဆံရန်အတွက် ဤကဲ့သို့ ညစ်ပတ်သောနည်းလမ်းကိုပင် အသုံးပြုရန် ကြံစည်ခဲ့ပြီး ချင်ယွင်ကို ခွင့်မလွှတ်နိုင်လောက်အောင် ခံစားခဲ့ရစေသည်။
"ဘယ်သူလဲ?" ထိုအချိန်တွင် အနီရောင်၀တ်ထအမျိုးသမီးသည် တုန်လှုပ် ချောက်ချားစွာ အော်လိုက်သည်။
သစ်ပင်ပေါ်ရှိ ချင်ယွင် ရုတ်တရက် တုန်လှုပ်သွားသည်။ သတ်ဖြတ်လိုသည့်ဆန္ဒကို ယခုပင် မထင်မှတ်ဘဲ ထုတ်ဖော်ခဲ့မိသည့်အတွက် အနီရောင်၀တ်စုံ အမျိုးသမီးသည် သူ့ကို အမှန်တကယ် တွေ့ရှိခဲ့ခြင်း ဖြစ်သည်။ နည်းနည်းလေးမှ တုန်းဆိုင်းခြင်းမရှိဘဲ ချင်ယွင်သည် အဝေးသို့ ထွက်ပြေးသွားခဲ့သည်။
စာစဉ်(၁၁)ပြီးပြီ။
ဘာသာပြန်သူ နေဇင်။