← Chapters

စကားစစ်ပွဲ: ရိုးရာစာရေးသူများ၏ တန်ပြန်တိုက်ခိုက်မှု

Vol. 19 Ch. 271

စကားစစ်ပွဲ: ရိုးရာစာရေးသူများ၏ တန်ပြန်တိုက်ခိုက်မှု

Vol. 19 Ch. 271

“ဘာ၊ အဲ့လူက ပြန်ပြောရဲတယ်လား”

လူတိုင်း တစ်ယောက်တစ်ပေါက် အော်ဟစ်လာကြသည်။

ဝမ်ယွင်က နတ်ဘုရားများကို သုတ်သင်ခြင်း၏ အကြောင်းကို အသေးစိတ် မှတ်ချက်ပြုပြီးနောက် ဟုန်ယန်သည် တစ်ခွန်းပင် ပြန်မပြောရဲခဲ့ချေ။ ထို့နောက်တွင် ပိုစ့်မှတ်ချက်များသည် နတ်ဘုရားများကို သုတ်သင်ခြင်းအား အားပေးကြသဖြင့် တစ်ဖက်သတ် ဖြစ်လာခဲ့သည်။

ပြီးသွားပြီဟု အားလုံး ထင်နေကြချိန်တွင် ဟုန်ယန်က ထပ်မံ၍ ထွက်လာပြန်သည်။

[ဟီးဟီး၊ ဆရာတပည့် ဆက်ဆံရေးကိုး၊ ငါ သဘောပေါက်ပြီ၊ တော်တော် စိတ်ဝင်စားစရာ ကောင်းတာပဲ၊ ပီကင်းတက္ကသိုလ်က သူတို့ ကလေးတွေကို အသည်းအသန် ကာကွယ်တယ်လို့ ငါ အမြဲ ကြားခဲ့ဖူးတာ၊ ဒီနေ့ ငါ အဲ့ဒါကို တကယ် တွေ့လိုက်ရပြီ၊ ကြားထားတဲ့ သတင်းအတိုင်းပါပဲာလး၊ ကျောင်းသားက ဒီလို အနှစ်သာရ မရှိတဲ့ လက်ရာကို ရေးတယ်၊ ဒါပေမဲ့ ဆရာက ရှက်ရမယ့်အစား ဂုဏ်ယူနေတယ်၊ ဒါက ငါတို့နိုင်ငံရဲ့ ထိပ်တန်းအဆင့် တက္ကသိုလ်တဲ့လား၊ စိတ်ပျက်စရာကောင်းသလို ဝမ်းနည်းဖို့ ကောင်းလိုက်တာ]

ထိုစကားက အလွန်အမင်း ရင့်သီးကာ ဆိုးရွားလှသည်။ ၎င်းကို ဖတ်ပြီးသည်နှင့် လူတော်တော်များများ မျက်မှောင်ကြုတ်သွားကြသည်။

ထို့အပြင် ထိုစကားက အလွန် ရန်ဆွပေးနေသဖြင့် မလိုတမာစိတ် များလှသည်ဟု ဆိုရပေမည်။

ရဲ့လင်းချန်သည်လည်း ဟုန်ယန်၏မှတ်ချက်ကို ကြည့်ပြီးနောက် မျက်နှာ မည်းမှောင်သွားသည်။

“ချီးပဲ၊ ဒီအရူးကများ၊ ငါတို့ ပီကင်းတက္ကသိုလ်ကို အသရေပျက်အောင် ပြောရအောင် သူက ဘာမို့လို့လဲ”

“ဒီဟုန်ယန်ရဲ့ အတ္တက ချဲ့ကားတာလား ဘာလားပဲ၊ တရားဝင်မဟုတ်တဲ့ ကောင်စီအဖွဲ့ဝင်ဆိုတဲ့ ရာထူးကြောင့် သူ မာန်တက်နေတာလား”

“နတ်ဘုရားများကို သုတ်သင်ခြင်းက အနှစ်မရှိဘူး ဟုတ်လား၊ သူ့ဘယ်မျက်လုံးတွေက အဲ့လို မြင်တာလဲ”

အတန်းထဲမှ ကျောင်းသားများအားလုံး အလွန်အမင်း ဒေါသထွက်နေကြသည်။

ယင်းမှာ အစသာ ရှိပေသေးသည်။ ဟုန်ယန် မှတ်ချက်ရေးပြီး မကြာခင်မှာပင် နောက်ထပ် တရားဝင် အကောင့် တစ်ခု ပေါ်လာသည်။

ဟွမ်လီဟွာ၊ မြို့တော် စာရေးဆရာများ အဖွဲ့အစည်း၏ ဒုဥက္ကဋ္ဌ ဖြစ်ပြီး ဂန္တဝင်စာပေများရေးကာ ကဗျာလည်း ရေးသူ ဖြစ်သည်။

သူ၏ ဝေ့ပေါ် ပရိသတ်က စုစုပေါင်း တစ်သန်းကျော်ပြီး ကဗျာပေါင်းများစွာကို တင်ထားသည်။

သူ ရှေ့ထွက်လာပြီး မှတ်ချက် ရေးလိမ့်မည်ဟု မည်သူမှ ထင်မထားမိပါ။

[ငါ ကဗျာတွေအများကြီးကို ဖတ်ဖူးသလို ရေးလည်းရေးဖူးတယ်၊ ဒါပေမဲ့ ငါက ခေတ်ရေစီးကြောင်းနဲ့ အမီလိုက်နိုင်ဖို့အတွက် အိုမင်းလွန်းနေပြီ၊ အခု လူတော်တော်များများက ငါ့ကို အမွေအနှစ်လို သဘောထားမှာ ကိုတောင် စိုးရတယ်၊ ဒါပေမဲ့ ငါ ဒီနေ့ခေတ် လူတွေရဲ့ အကြိုက်ကို တကယ် နားမလည်နိုင်တော့ဘူး၊ စာကြောင်းလေး နည်းနည်းလောက် ရေးလိုက်တာနဲ့ ကဗျာလို့ သတ်မှတ်လိုက်ပြီလား၊ စာလုံးပေါင်းသတ်ပုံနဲ့ ကာရန်နဘေတွေကိုတောင် မပြောဘဲနဲ့လေ၊ ငါ့အမြင်မှာတော့ ဒါတွေအားလုံးက ကြုံရာတွေရေးထားတဲ့ အရေးမပါတဲ့ဟာတွေပဲ၊ အဲ့ဒီ “ကြီးမြတ်တဲ့အိပ်မက်တွေ” နဲ့ “လူ့အဖွဲ့အစည်းထဲ ခြေချတယ်” ဆိုတဲ့ စကား၊ သူ ဘယ်ခေတ်မှာ နေနေတယ်လို့ ထင်နေတာလဲ၊ ဒါ ကဗျာ မဟုတ်ဘူး၊ သူ့ကိုယ်သူ အထင်ကြီးလွန်းနေတဲ့ တစ်စုံတစ်ယောက်ဆီက အရေးမပါတဲ့ စကားတွေပဲ]

[ကဗျာရေးတယ်ဆိုတာ လိုက်ဖက်ညီပြီး သဟဇာတ ဖြစ်ဖို့လိုတယ်၊ ပိုအရေးကြီးတာက ရည်ရွယ်ချက်ပဲ၊ သတိရှိတာနဲ့ အသေးစိတ်ကျတာက အရင်လာရမယ်၊ ပြီးတော့ စာပေတန်ဖိုး ရှိကိုရှိရမယ်၊ ဒီလိုဟာမျိုးကို ကဗျာလို့ ခေါင်းစဉ်တပ်ရင် လူငယ်တွေရဲ့ စိတ်ကို အဆိပ်ခတ်လိုက်တာပဲ၊ ပီကင်းတက္ကသိုလ်က ပါမောက္ခတချို့က အကျိုးဆက်ကို အလေးအနက် မစဉ်းစားဘဲ သူတို့ကျောင်းသားတွေကို ကာကွယ်ပေးနေတယ်၊ ဒါပေမဲ့ ငါတို့ကတော့ အဲ့လို မလုပ်နိုင်ဘူး၊ ငါတို့မှာ စာပေနဲ့ ပတ်သက်တဲ့ တာဝန်ရှိတယ်]

ထိုမှတ်ချက်များသည် တစ်ခုထက် တစ်ခုက ပို၍ ရင့်သီးနေ၏။ အမြင့်၌ ရှိနေသော စာရေးဆရာများသည် စာပေ၏ တန်ဖိုးကို တိုင်းထွာ၍ နတ်ဘုရားများကို သုတ်သင်ခြင်းအား ရင့်ရင့်သီးသီး ဝေဖန်နေ၏။

တစ်စုံတစ်ယောက်က ချက်ချင်း ပြန်ချေပသည်။

[သောက်ကျိုးနည်း၊ ဒီကဗျာက‌ တအားကောင်းတယ်လို့ ငါ ထင်တာပဲ၊ ဖတ်ရတာ လျှာမှာတော့ ချောနေတာပဲ၊ အဲ့ဒါ ဘယ်လို ဆိုးလို့လဲ]

[ကြီးမြတ်တဲ့ အိပ်မက်တွေဆိုတာ ဘာဖြစ်လို့လဲ၊ “လူအဖွဲ့အစည်းထဲ ခြေချတယ်” ဆိုတာကို သူ ထပ်ရေးလို့ မရဘူးလား၊ ကဗျာက လက်တွေ့နဲ့ ကိုက်ညီရမှာလား]

[အနည်းဆုံးတော့ ငါ့အတွက် အဲ့ဒါကို ဖတ်လိုက်ရင် ခံစားလို့ ကောင်းတာပဲ၊ ခင်ဗျားရော အဲ့လို ကဗျာမျိုး ရေးနိုင်လား]

[စာပေဆိုတာ ခံစားချက်တွေကို လွတ်လွတ်လပ်လပ် ဖော်ပြလို့ရတဲ့ အနုပညာလေ၊ ခင်ဗျားမှာ အဲ့လိုစိတ်မျိုး ရှိတာတောင် မြို့တော်က စာရေးသူအဖွဲ့အစည်းရဲ့ ဒုက္ကဋ္ဌ ဖြစ်နေတယ်တဲ့လား၊ ဟားဟား]

သို့သော် လူတော်တော်များများက ဆန့်ကျင်ဘက်ခြမ်း၌ ရပ်တည်ကြလေသည်။ သူတို့ တစ်ယောက်ချင်းစီက နတ်ဘုရားများကို သုတ်သင်ခြင်းအား အပြစ်တင်ဆဲဆိုပြီး နတ်ဘုရားများကို သုတ်သင်ခြင်းက ပိုက်ဆံ ရှာနိုင်သည်ကို လက်ခံရန် ငြင်းဆိုနေ၏။

ထို့နောက်တွင်မူ တရားဝင်အကောင့်များစွာက ဝေ့ပေါ်တွင် ပေါ်လာကြသည်။

သူတို့အားလုံးသည် မြို့ကြီးတစ်မြို့ဆီမှာ စာရေးသူများ အဖွဲ့အစည်း၏ လူများဖြစ်ပြီး ကဗျာဆရာများလည်း ဖြစ်ပေသည်။

စာအုပ် ထုတ်ဝေဖူးသော စာရေးဆရာတစ်ယောက်ကလည်း ဤသို့ ရေးလာသည်။

[စာရေးဆရာများ အဖွဲ့အစည်းအားလုံးက လူတွေ ထွက်လာတာလား၊ အမှန်အတိုင်း ပြောရရင် ငါ ဒီရက်တွေမှာ အရမ်း မကျေမနပ် ဖြစ်နေတာ၊ ငါတို ရိုးရာ စာရေးဆရာတွေက တွေ့ရကြုံရမယ့် အရေးအတွက် စိုးရိမ်တုန်လှုပ်နေပြီးတော့ သူတို့ အသက်မွေးဝမ်းကြောင်းနဲ့ လုံလုံလောက်လောက် ထောက်ပံ့ဖို့ ပြဿနာတွေ အများကြီး ကြုံနေရတာ၊ ဒီအနှစ်သာရ မရှိတဲ့ လက်ရာတွေကတော့ ပိုက်ဆံတွေ အများကြီး ရနေတယ်၊ ဒါ တော်တော်လေးကို တရားမျှတမှု မရှိဘူး]

ခေတ်သစ် ကဗျာဆရာတစ်ဦးကလည်း မှတ်ချက်ပြုသည်။

[ဒီလို ရိုးရာစာပေ ကျဆင်းနေတာက နတ်ဆိုးတွေ ပျော်ရွှင်မြူးထူးပြီး ကခုန်ဖို့ လမ်းဖွင့်ပေးလိုက်သလို ဖြစ်သွားတာပဲ၊ ဝမ်းနည်းဖို့ ကောင်းတယ်]

အခြား ရိုးရာ စာပေ အယ်ဒီတာတစ်ဦးကလည်း ဝင်ရေးသည်။

[ကဗျာကို ဘယ်လို ရေးထားလဲဆိုတာကို ငါ မှတ်ချက်ပေးမျာ မဟုတ်ဘူး၊ ဒါပေမဲ့ နတ်ဘုရားများကို သုတ်သင်ခြင်းလို စာအုပ်တစ်အုပ် အတွက်ကတော့ ငါ လေ့လာကြည့်သလောက် ပထမဆုံးအချက်အနေနဲ့ ဘာလေးနက်မှုမှ မရှိဘူး၊ ဒုတိယက အဓိပ္ပာယ် ကင်းမဲ့နေတယ်၊ အဲ့ဒါက ဖတ်ကြည့်ရင် အချိန်ကုန်တာကလွဲပြီး ဘာသင်ခန်းစာမှ မရနိုင်တဲ့ အမြန်ပြင် အစားအစာလိုမျိုးပဲ၊ ဒီလို စာအုပ်မျိုးကို ပီကင်းတက္ကသိုလ်က တော်တဲ့ ကျောင်းသားတစ်ယောက် ရေးထားတာလို့ ကြားရတာက တကယ်ကို ဝမ်းနည်းစရာပဲ]

အခြားသူများက ပို၍ တည့်တိုးရေးကြသည်။

[ဒီနေ့ခေတ်လူတွေ ဘာတွေ ဖြစ်နေတာလဲ၊ ဘယ်လိုလုပ် သူတို့က ဒီလိုအရာမျိုးကို လိုက်နေကြတာလဲ၊ လူဦးရေက ဆုတ်ယုတ်နေသလို ငါတို့နိုင်ငံရဲ့ အနာဂတ် ယဉ်ကျေးမှုကလည်း စိုးရိမ်စရာပဲ]

ထိုမျှ အချိန်တိုအတွင်း၌ ရိုးရာစာပေ စာရေးသူများနှင့် ကဗျာဆရာများ အပါအဝင် စာရေးသူများ အဖွဲ့အစည်း၏ အဖွဲ့ဝင်များက အင်တာနက်ပေါ်၌ နတ်ဘုရားများကို သုတ်သင်ခြင်းအား ပစ်မှတ်ထား၍ ဆက်တိုက် တိုက်ခိုက်လာသည်။

“ယီးပဲ၊ ဒီအရူးတွေအားလုံး ဘယ်ကနေ ထွက်လာမှန်းမသိအောင်ကို ပေါ်လာကြတာပဲ”

ရှန်းသည် ပို့စ်၏ မှတ်ချက်များ၌ သည်းကြီးမည်းကြီး တိုးလာနေသော မှတ်ချက်များကို ကြည့်ကာ အံ့ဩနေ၏။

အခြားသူများအတွက်လည်း ထိုနည်းတူပင်။ ထိုအခိုက်တွင် မည်သူမျှ ဘယ်လို ပြန်တုံ့ပြန်မရလဲ မသိချေ။

အတည်ပြုထားသော တရားဝင်အကောင့်များစွာ တစ်ပြိုင်တည်း ပေါ်လာနေ၏။ အချို့သည် ကဗျာဆရာများ ဖြစ်ပြီး အခြားသူများက စာရေးဆရာများ ဖြစ်လေသည်။ သို့သော် ဘယ်သူကမှ ကျော်ကြားမှု၌ နိမ့်ကျခြင်း မရှိချေ။ တစ်ယောက်ခြင်းစီက ဩဇာညောင်းပြီး လူသိများသဖြင့် သာမန်လူများ ပြန်ချေပရန် အခက်တွေ့နေလေသည်။

“ချီးပဲ၊ ဒီဟုန်ယန်က တော်တော် ကောက်ကျစ်တာပဲ”

ရှောင်ကမ်းက ဆဲရေးတိုင်းထွာလေသည်။

“ပြီးခဲ့တဲ့ ရက်တွေက သူ ဘာမှပြန်မပြောတာ အံ့ဩစရာ မဟုတ်တော့ဘူးပဲ၊ သူက သူ့တပ်ကို အားဖြည့်ချင်နေလို့ ရိုးရာ စာရေးသူ အားလုံးကို ပူးပေါင်းခိုင်းလိုက်တာကိုး”

“သူတို့ ရူးနေတာလား ဘာလားပဲ၊ ဒါ ကဗျာလေး နှစ်ပုဒ် မဟုတ်ဘူးလား၊ တစ်ယောက်ယောက်ကို ပြဿနာရှာဖို့ စစ်ကူခေါ်တာက အဓိပ္ပာယ်မရှိဘူး”

ရဲ့လင်းချန် ခေါင်းခါလိုက်ပြီး ပြောစရာ စကားမဲ့သလို ခံစားနေရသည်။

ဒိန်ချဉ်က ဘာလို့ သူ့ကို ပြန်ရန်မလုပ်နှင့်ဟု နားချသလဲဆိုသည်ကို ယခုမှ သူ နားလည်သွားလေသည်။ ဂန္တဝင် စာရေးသူများ အဖွဲ့သည် ယခု ကျဆင်းနေသည့် အနေအထားသို့ ရောက်နေ၏။ အွန်လိုင်းစာပေက ပိုက်ဆံရှာနိုင်သည့် နည်းလမ်းကို မြင်ပြီးနောက် သူတို့ မနာလို ဖြစ်လာကြသည်။ ယခု ထိုအခွင့်အရေးကို အရယူ၍ သူတို့ အရူးအမူး ဝေဖန်တိုက်ခိုက်နေခြင်း ဖြစ်လေသည်။

အာလူးလေးသည် မရယ်ဘဲ မနေနိုင်ဖြစ်ကာ ဖုန်းကို လူတိုင်းအား ပြလိုက်လေသည်။

“မြေယိုး၊ ဒီလူတွေရဲ့ လက်ရာကို ကြည့်ကြည့်ပါဦး၊ သူတို့ကများ နတ်ဘုရားများကို သုတ်သင်ခြင်းကို ဝေဖန်ရဲတဲ့ သတ္တိ ရှိရတယ်လို့”

ထိုအခိုက်တွင်မှ လူတိုင်း ရုတ်တရက် သတိထားမိသွားကြသည်။

ထိုစာရေးစရာများအဖွဲ့သည် ပရိသတ်များ မရှိသလောက် ဖြစ်နေကြပြီး သူတို့အချင်းချင်းကြားတွင်သာ လေလုံးထွားပြီး အောင်မြင်နေခြင်း ဖြစ်သည်။ တကယ့် ပရိသတ် တစ်ချို့တလေမျှ ရှိပြီး သူတို့၏ လက်ရာများက ဆိုးရွားလွန်းလှသည်။ လူအများစုသည် ပထမတစ်ကြောင်း ဖတ်ပြီးသည်နှင့် ဆက်ဖတ်ချင်စိတ် မရှိကြတော့ချေ။ နတ်ဘုရားများကို သုတ်သင်ခြင်းက နာမည်ကျော်လာပြီးနောက် သူတို့ ဘယ်လောက် ပစ်ထားခံရလဲ ဘယ်သူမှ မသိကြပေ။ သူတို့၏ လက်ရာများအားလုံးကို အတူတူ ပေါင်းလိုက်လျင်တောင်မှ နတ်ဘုရားများကို သုတ်သင်ခြင်ထက် နိမ့်ကျပေမည်။

လက်ရှိတွင် ထိုလူစုသည် ပို့စ်၌ ဒေါသထွက်သော မှတ်ချက်များ ရေးရရုံနှင့် အားမရတော့ခေ်ျ။ သူတို့သည် နတ်ဘုရားများကို သုတ်သင်ခြင်း၏ ဝေဖန်ချက် ပေးနိုင်သော နေရာသို့ တန်းသွားပြီး ဤသို့သော အမှိုက်စာပေအား ဆန္ဒပြ၍ ပိတ်ပင်ရန် အပြင်းအထန် တောင်းဆိုကြသည်။

ထိုလှိုင်းက သူတို့၏ ပရိသတ်များထံပါ ကူးစက်သွားပြီး ရန်ပွဲတွင်းသို့ ပူးပေါင်းလာကြသည်။ အချိန် အတိုင်းအတာ တစ်ခုအထိ သက်ဝင် လှုပ်ရှားနေပြီး စကားစစ်ပွဲက အရှိန်ပြင်းလာသည်။

[ဒီအွန်လိုင်းစာပေဆိုတဲ့ဟာက စာပေနဲ့ ဘာမှမဆိုင်ဘူး၊ ဒါက ကင်ဆာပဲ၊ ဖယ်ရှားကို ဖယ်ရှားပစ်ရမယ်]

[သော်ကျိုးနည်း၊ မင်း ဘယ်လောက် တုံးလဲ သိလား အပေါ်ကကောင်၊ အွန်လိုင်းစာပေက နှစ်တိုင်း ငါတို့ GDP ကို ဘယ်လောက် ရအောင် လုပ်ပေးလဲ မင်း သိလား၊ ပြီးတော့ မင်း၊ မင်းတို့အားလုံး လုပ်နိုင်တာဆိုလို့ ငါတို့နိုင်ငံရဲ့ လူမှုဘဝဖူလုံရေးကို ဘယ်လို မှီခိုရမလဲပဲ သိတာ၊ ဘယ်လိုလုပ် မင်းက သူများကို လက်ညှိုးထိုး အပြစ်တင်နိုင်တာလဲ]

[ပြီးတော့ မင်းကရော ခွေးချီးလို တစ်ကြောင်းစ၊ နှစ်ကြောင်းစ ကဗျာတွေ ရေးပြီးတာနဲ့ မင်းကိုယ်မင်း ဟုတ်လှပြီ ထင်နေတာလား၊ တော်တော် မာန်တက်နေတာပဲ၊ အွန်လိုင်းစာပေကို ပိတ်ပင်သင့်တယ်]

[ပီကင်းတက္ကသိုလ်ရဲ့ ကျောင်းသားက ဒီလို စုတ်ပြတ်နေတဲ့ လက်ရာကို ရေးတယ်ပေါ့ ဟုတ်လား၊ ဟီးဟီး မင်းတို့တွေ ဘွဲ့နဲ့ ထိုက်တန်လို့လား၊ မင်းတို့တွေ မင်းတို့ မိသားစုကို ဘယ်လို မျက်နှာပြမလဲ]

[နတ်ဘုရားများကို သုတ်သင်ခြင်းရဲ့ ကဗျာကို စာပေလောကက ဖယ်ကြဉ်ပြီးသား၊ ဘာမှ အဓိပ္ပာယ် မရှိဘူး]

[ဒီမှင်စာတွေ ဘယ်ကလာတာလဲ၊ ခေတ်သစ်မှာ သူတို့ မစွမ်းဆောင်နိုင်တာကို အပြစ်တင်နေတာလား၊ စာပေအသစ်ကို ဝိုင်းဆန္ဒပြကြတယ်တဲ့လား]

…

All Chapters