← Chapters

သူ့ကို ကြည့်နေလိုက်မယ်

Vol. 19 Ch. 272

သူ့ကို ကြည့်နေလိုက်မယ်

Vol. 19 Ch. 272

နတ်ဘုရားများကို သုတ်သင်ခြင်း၏ စာအုပ်ဝေဖန်ချက်အောက်၌ စကားစစ်ပွဲ စတင်လေတော့သည်။

ဘယ်သူကမှ အခြားသူကို အရှုံးမပေးသလို ဘယ်သူကမှ တစ်ယောက်ယောက်ကို နားချနိုင်ခြင်း မရှိချေ။ လူတိုင်းက ရန်လိုသော အပြုအမူဖြင့် တုံ့ပြန်နေကြသည်။

စာအုပ် ဝေဖန်ချက်ကို ကြီးကြပ်ရသူတောင်မှ အားလုံးကို လိုက်ဖျက်၍ မမီချေ။

ထိုစဉ် စာပေ ဝေဖန်ရေးသမားဟု ဆိုလာသည့် လူတစ်ယောက်က နတ်ဘုရားများကို သုတ်သင်ခြင်းတွင် စတင်၍ မှတ်ချက် ပေးသည်။

[ဒီစာအုပ်ရဲ့ အောင်မြင်မှုတွေက တကယ်ကို မျက်စိဖမ်းစားနိုင်သလို ပိုက်ဆံတွေလည်း အများကြီး ရှာနိုင်တယ်၊ ဒါပေမဲ့ အဲ့ဒီ အွန်လိုင်း website အားလုံးနဲ့ အင်တာနက်ဆိုတဲ့အရာရော သတိထားပါ၊ ငါတို့ လတ်တလော အမြတ်ကိုပဲ ကြည့်လို့မရဘူး၊ ငါတို့နိုင်ငံနဲ့ လူမျိုးရဲ့ အနာဂတ်အတွက် တစ်ခုခု လုပ်မှဖြစ်မယ်၊ ဒီအခြေအမြစ် မရှိတဲ့အရာတွေက ငါတို့ လက်ရှိ လူငယ်တွေရဲ့ အချိန်နဲ့ ခွန်အားကို စားသုံးသွားမှာ၊ ဒါက ငါတို့ ကလေးတွေရဲ့ သင်ယူစိတ်ကို ထိခိုက်စေတယ်၊ ပြီးတော့ ငါတို့ အမျိုးသားစိတ်ဓာတ်ကို ဖျက်ဆီးလိုက်တယ်လို့ ပြောရမယ်၊ ငါတို့ ဒါကို ပြင်းပြင်းထန်ထန် ကန့်ကွက်ရမယ်]

[စာရေးဆရာ၊ ကျေးဇူးပြုပြီး အသိစိတ်လေး ရှိပါဦး၊ ငါတို့ လူငယ်တွေကို ထိခိုက်အောင် လုပ်လိုက်လို့ မနာကျင်ဘူးလား၊ ကျေးဇူးပြုပြီး မင်းရဲ့ ကလောင်နဲ့ ချက်ချင်း ဝေးဝေးနေပြီး စာရေးတာကို ရပ်လိုက်ပါ]

ထိုစာသားကို တင်လိုက်သည်နှင့် အာရုံစိုက်မှုများ ပို၍ ရရှိလာပြီး နောက်ထပ် မှတ်ချက်လှိုင်းလုံးတစ်ခု ပေါ်ပေါက် လာပြန်သည်။

[ချီးပဲ အဲ့ငတုံးက ဘယ်ကနေ ရောက်လာတာလဲ၊ အဲ့ဒီ အသုံးမကျတဲ့ စကားတွေတိုင်းက လူအုပ်ကြီးကို ကျေနပ်အောင် လုပ်ဖို့ပဲ]

[သူက စာရေးဆရာကိုတောင် ကလောင်ချခိုင်းချင်သေးတာလား၊ သူ ဘာလို့ မသေသေးတာလဲ]

[ငါ ရယ်ချင်လို့ သေတော့မယ်၊ စာရေးဆရာလည်း အသက်မွေးဝမ်းကြောင်း လုပ်ဖို့ မလိုဘူးလား၊ မင်းက သူ့ကို ကလောင်ချင်ခိုင်းတာက အဲ့ဒါမှ သူ မင်းကို အားပေးလို့ ရအောင်လို့လား၊ လူတွေကို ဂန္ထဝင်စာအုပ် လေးအုပ်ဖတ်တာ၊ ရုပ်သံဇာတ်လမ်းတွဲတွေ ကြည့်တာနဲ့ ဂိမ်းကစားတာကနေ ပိတ်လိုက်ပါလား၊ စောက်ရူးရဲ့]

[နတ်ဘုရားများကို သုတ်သင်ခြင်းမှာ ကာမရာဂစိတ်ကို ဖြစ်စေတဲ့ အရေးအသားမျိုး မပါဘူး၊ ဒါ ကောင်းတဲ့အရာပဲ၊ နတ်ဘုရားများကို သုတ်သင်ခြင်းက စိတ်ကို အားဖြည့်စေတဲ့အရာ]

[အားလုံးပဲ တောင်းပန်ပါတယ်၊ ငါ့ခွေးကို ငါ ကောင်းကောင်း မချည်ထားမိလို့ပါ၊ အဲ့ကောင် လွတ်ထွက်သွားပြီးတော့ မင်းတို့ကို လိုက်ဟောင်ပြီး အနှောင့်အယှက်ပေးလို့ တောင်းပန်ပါတယ်]

….

မရေတွက်နိုင်သော စာဖတ်သူများသည် နတ်ဘုရားများကို သုတ်သင်ခြင်း၏ အပိုင်းသစ်ကို မျှော်လင့်နေသော်လည်း အခြားသူများက စာရေးသူကို ကလောင်နှင့် ဝေးဝေးနေရန် ပြောနေသည်။ ယင်းက အများ ဝေဖန်ပြောဆိုစရာ အကြောင်း တစ်ခု ဖြစ်လာ၏။

သို့သော် ထိုဝေဖန်သူများ၏ စကားကို အားပေးသူများ တဖြည်းဖြည်း များလာသည်။

တစ်စုံတစ်ယောက်က နတ်ဘုရားများကို သုတ်သင်ခြင်း၏ မှတ်ချက်ကဏ္ဍမှ မှတ်ချက်များကို ဝေ့ပေါ်၌ တင်လုကိ်သည်။ ယင်းက ရေပန်းစားသော ရှာဖွေမှုများဆီသို့ ထိုးတက်သွားပြီး အများပြည်သူများ၏ ပြောစရာ ခေါင်းစဉ်တစ်ခု ဖြစ်လာသည်။

[ဒီစာအုပ်ကို ပိတ်လိုက်တာကို ငါ အားပေးတယ်၊ ဒီလို စာရေးဆရာမျိုးက အဆိပ်ပဲ၊ ထောင်ထဲသွားသင့်တယ်]

[ချီးပဲ၊ ဒီအရာက ငါ့သားကို တက္ကသိုလ်ဝင်ခွင့် စာမေးပွဲမတိုင်ခင် စာမလုပ်အောင် လုပ်ခဲ့တဲ့အရာပဲ၊ ဒါ ငါတို့ဘဝကို ဒုက္ခပေးတဲ့ အရာ]

[ငါ့သားက သူ့ဖုန်းကို ကိုင်ပြီး ဒီလိုအရာမျိုးကို နေ့တိုင်း ကြည့်နေတာ၊ ဒီလိုလက်ရာမျိုးကို တားဆီးဖို့ ကျုပ် နိုင်ငံတော်ကို တောင်းဆိုပါတယ်]

[အပေါ်ကလူ၊ ခင်ဗျားဦးနှောက်က ချောင်နေတာလား၊ ခင်ဗျားကလေးတွေက ဒါကို မဖတ်ရင် တခြားဟာတွေနဲ့ ဆက်ဆော့နေဦးမှာပဲ၊ ခင်ဗျား သောက်ကျိုးနည်း ကိုယ့်ကိုယ်ကိုယ် အရှက်ရအောင် လုပ်နေတာလား]

[အရူးတွေ၊ နေရာတိုင်းမှာ အရူးတွေပါလား၊ ဒီစာအုပ်က စိတ်ဝင်စားဖို့ကောင်းလွန်းတယ်၊ ဒါက ရှားပါး လက်ရာကောင်း တစ်ခုဆိုတာ ပြနေတာပဲ၊ မင်းတို့အားလုံး မနာလိုဖြစ်နေတာ ဟုတ်တယ်မလား]

[စာရေးသူများ အဖွဲ့အစည်းကတောင်မှ ရှေ့ထွက်လာပြီး ဒီစာအုပ်က ဆိုးရွားတယ်လို့ ပြောနေတယ်၊ ပိတ်ပစ်လိုက်၊ ငါ့ကလေးတွေကို လမ်းမှားလျှောက်အောင် မလုပ်နဲ့]

[သူတို့က ပီကင်းတက္ကသိုလ်က ကျောင်းသားတွေပဲ၊ သူတို့ကို ကျောင်းထုတ်လိုက်ဖို့ ကျုပ် ဆန္ဒပြုတယ်]

[စာပေလောကက ထွက်သွားစမ်း]

…

ပိတ်ပင်စေချင်နေသော လူများသည် များသောအားဖြင့် မိဘများ ဖြစ်လေသည်။ စာရေးသူများ အဖွဲ့အစည်းမှ လူများ၏ ဆွယ်စကား၌ စိတ်ယိုင်ကာ မိဘများက အမှားအမှန်ကို ခွဲခြားသိမြင်လာရန် မကြိုးစားတော့ဘဲ ရန်စကားများဆို၍ ဝေဖန် လေတော့သည်။

နတ်ဘုရားများကို သုတ်သင်ခြင်းအား အားပေးသည့် စာဖတ်သူများစွာ ရှိပါသော်ငြားလည်း မိဘများတို့၏ ဝိုင်းဝန်း ပြောဆိုမှုအောက်၌ ပျောက်ကွယ်သွားလေသည်။

ထိန်းရခက်သွားသော မှတ်ချက်များကို ကြည့်ပြီး ရဲ့လင်းချန် ပိုပို၍ မျက်မှောင်ကြုတ်လာသည်။

ဤသို့သော ရေပန်းစားနေသည့် ရှာဖွေမှုသည့် မကောင်းသောအရာပင်။ ယင်းသည် ရိုးရာစာပေမှ လူတို့၏ လှည့်ကွက်များ ဖြစ်လောက်သည်။ သူတို့သည် အများအင်အားကို ထိန်းချုပ်အသုံးချ၍ ရဲ့လင်းချန်၏ တည်ရှိမှုကို ဖယ်ရှားချင်နေကြခြင်း ဖြစ်သည်။

ဤသို့သော မကောင်းသတင်းသည် အလွန်တရာ စိတ်ပျက်ဖွယ်ကောင်းလှပြီး သူ့အနာဂတ် ရေပန်းစားမှုအပေါ် အကြီးအကျယ် သက်ရောက်နိုင်ပေသည်။ သူ အပတ်တကုတ်ခံ၍ တည်ဆောက်ထားရသော အခြေအနေက ရိုးရာ စာရေးသူများနှင့် ကဗျာဆရာများ၏ အသရေဖျက်မှုအောက်၌ ကျဆင်းလာရသည်။

နတ်ဘုရားများကို သုတ်သင်ခြင်း၏ စာရေးသူ ကလောင်နာမည်က ဝိုင်နှင့် ဆက်စပ်နေ၏။ ရဲ့လင်းချန်သည် မည်သည့် ဝိုင်ကိုမှ သွားပုပ်လေလွင့် အပြောမခံနိုင်ပါ။

“ပါမောက္ခဝမ် လာပြီ”

သူတို့၏ လက်၇ှိ အတန်းချိန်သည် တိုက်တိုက်ဆိုင်ဆိုင် ဝမ်ယွင်၏ စာပေအတန်းချိန် ဖြစ်နေ၏။ သူ့အသက်ရနေပြီ ဖြစ်သော်လည်း မျက်နှာအသားအရေက စိုပြည်နီမြန်းနေဆဲ ဖြစ်ပြီး အခန်းထဲသို့ ယခင်အတိုင်း အားမာန်အပြည့်ဖြင့် ဝင်လာသည်။

“စာသင်ဖို့ အချိန်ကျပြီ”

“မင်္ဂလာ နံနက်ခင်းပါ ဆရာ …”

အသံက တော်တော်လေး အားနည်းနေ၏။

“ဘာဖြ်စတာလဲ၊ မင်းတို့ ငါ့သင်ခန်းစာနဲ့ ပတ်သက်ပြီး တစ်ခုခု ပြောချင်တာ ရှိလို့လား”

ဝမ်ယွင်သည် အတန်းကို တစ်ချက်ဝေ့ကြည့်ပြီးနောက် ကျောင်းသားများအားလုံး စိတ်ညစ်ပြီး ဒေါသထွက်နေကြောင်း သတိထားမိသွားသည်။

တစ်ယောက်က မနေနိုင်ဘဲ ထုတ်ပြောလိုက်သည်။

“ပါမောက္ခဝမ်၊ တစ်ယောက်ယောက်က ကျွန်တော်တို့ကျောင်းကို အွန်လိုင်းပေါ်မှာ ဝေဖန်နေတယ်”

“ဘာတွေဖြစ်နေတာလဲ”

ဝမ်ယွင် အနည်းငယ် မျက်မှောင်ကြုတ်သွားသည်။

“နတ်ဘုရားများကို သုတ်သင်ခြင်းကြောင့်ပါ”

ဟောင်ကျန်းက သူ့ဖုန်းကိုထုတ်၍ မှတ်ချက်များကို ဝမ်ယွင်အား ပြလိုက်သည်။

ဝမ်ယွင်က နတ်ဘုရားများကို သုတ်သင်ခြင်းအတွက် ကာကွယ်ပြောဆိုပေးသူ ဖြစ်သဖြင့် တစ်ချို့သော မှတ်ချက်များက သူနှင့် တိုက်ရိုက် ပတ်သက်နေ၏။ လူငယ်များ၏ စိတ်ကို ဖျက်ဆီးနေသဖြင့် ပါမောက္ခသည် ပါမောက္ခဟုပင် မဆိုထိုက်ဟု ဘောင်ကျော်၍ ပြောဆိုသူများပင် ရှိနေ၏။

“ကောင်းပြီ၊ မင်းတို့ဖုန်းတွေကို ပိတ်ထားလိုက်၊ သင်ခန်းစာကို အာရုံစိုက်ရအောင်”

ဝမ်ယွင်သည် ယင်းကို အဖြစ်သဘောမျိုးသာ တစ်ချက်ကြည့်လိုက်ပြီး တည်ငြိမ်စွာ ပြောလိုက်သည်။

“ပါမောက္ခဝမ်၊ ဆရာ ဂရုမစိုက်ဘူးလား”

တော်တော်များများက မနေနိုင်ဘဲ မေးလိုက်သည်။

“မင်းတို့က ပီကင်းတက္ကသိုလ်ရဲ့ ကျောင်းသားတွေပဲ၊ သူတို့ မင်းတို့ကို အထင်သေးတာနဲ့ သူတို့အဆင့်ထိ လိုက်နှိမ့်ပြီး သူတို့နဲ့ ရန်ဖက်ဖြစ်မလို့လား”

ဝမ်ယွင်က လေးနက်သော မျက်နှာထားနှင့် ကျောင်းသားတိုင်းကို ကြည့်လိုက်သည်။

“ငါ မင်းတို့ကို စာပေ သင်ပေးတာ၊ ဘယ်တော့မှ အခြားသူတွေကို ကြိမ်းမောင်းပြောဆိုဖို့ ငါ မင်းတို့ကို မသင်ပေးဘူး၊ ဒါက စာပေနဲ့ ပတ်သက်နေမှာတော့ ဒါကို ပြန်ရင်ဆိုင်မယ့် တစ်ခုတည်းသော နည်းလမ်းက စာပေပဲ၊ အခြားသူတွေက မင်းတို့ကို အထင်သေးရင် မင်းတို့ရဲ့ စာပေအဆင့်အတန်းက သူတို့ထက် မြင့်မားတယ်ဆိုတာကို သက်သေပြလိုက်”

“မင်းတို့ သူတို့ကို ပြန်ခွန်းတုံ့ပြန်လို့ သူတို့က မင်းတို့ကို လေးစားလာမှာလား”

ဝမ်ယွင်၏ စကားက လူတိုင်းကို အသက်ရှူသံ ပြင်းလာစေပြီး အများစုသည် မကျေနပ်ဟန်ဖြင့် ခေါင်းငိုက်စိုက် ကျသွားလေသည်။

သူတို့ကိုယ်သူတို့ သက်သေ ပြချင်ပါသည်။ သို့သော် လက်ရှိတွင် သူတို့သည် စကားလုံးပိုင်း၌ လိုအပ်ချက်ရှိနေသေးပြီး စာပေအားဖြင့် ဘာမှမပြနိုင်သေးသည်ကို သတိပြုမိသွားခဲ့သည်။

လူတစ်ယောက်၏ ဗဟုသုတ ခေါင်းပါးမှုကို အသုံးပြုရန် လိုအပ်လာချိန်မှသာ သတိပြုမိနိုင်ပေသည်။

“ဘာဖြစ်တာလဲ၊ မင်းတို့ စကားမပြောတတ်တော့ဘူးလား”

ဝမ်ယွင်က အားလုံးကို ကြည့်လိုက်သည်။

“မင်းတို့ ပီကင်းတက္ကသိုလ် တက်နိုင်တာကို ဂုဏ်ယူရမှာ မဟုတ်ဘူး၊ ပီကင်းတက္ကသိုလ်က မင်းတို့အတွက် ဂုဏ်ယူလာအောင် လုပ်ရမှာ၊ မင်းတို့ အသုံးမကျတာတွေ သင်ခဲ့လို့ အခြားသူတွေက ငါ့ကို ဝေဖန်ပြောဆိုလာတယ်ဆိုရင် ငါ့မှာ ဘာမှပြောစရာ မရှိဘူး”

“အခု သင်ခန်းစာ စမယ်”

လူတိုင်း ခေါင်းကိုမော်၍ ဝမ်ယွင်၏ သင်ခန်းစာကို ယခင်ထက်ပို၍ အလေးအနက်ထားကာ နားထောင်နေသည်။ ကျောင်းသား တော်တော်များများက စာပေနှင့် ပတ်သက်၍ မေးခွန်းများ မေးကြသည်။ အထူးသဖြင့် ရှေးကဗျာများ အကြောင်းပင်။

၇◌ဲ့လင်းချန်သည် အတန်း၏ နောက်တန်း၌ ထိုင်နေသည်။ သူက အတန်းဖော်များနှင့် ဆရာကို ကြည့်နေပြီးနောက် သူ့ဒေါသက တစ်ခဏအတွင်း ပျောက်ကွယ်သွားသလို ခံစားလိုက်ရသည်။ သူ အသက်ရျူထုတ်၍ ဖုန်းကို တိတ်တဆိတ် ထုတ်လိုက်သည်။

သူ ဝေ့ပေါ်၌ ဝိုင်ဟူ၍ အကောင့်တစ်ခု တင်သွင်း၍ ဖွင့်လိုက်သည်။

ထိုဝေ့ပေါ် အကောင့်အောက်၌ သူသည် တစ်လုံးချင်းစီရေး၍ တင်မည်ဟူသော ခလုတ်ကို နှိပ်လိုက်သည်။

ယင်းက လူတိုင်းကို တုံ့ပြန်လိုက်သော စာတစ်ခုပင်။

[ဒီကမ္ဘာပေါ်က လူတွေက ငါ့ကို အသရေဖျက်ကြတယ်၊ အနိုင်ကျင့်ကြတယ်၊ စော်ကားကြတယ်၊ ငါ့ကို လှောင်ရယ်ကြတယ်၊ ငါ့ကို အထင်သေးကြတယ်၊ ငါ့ကို လှည့်စားကြပြီးတော့ လိမ်ကြတယ်၊ ဒါကို ငါ ဘယ်လို ရှင်းသင့်လဲ]

[ငါ သူ့ကို စိတ်ရှည်ရှည်ထားနိုင်သရွေ့ လွှတ်ထားလိုက်မယ်၊ သူ့ကို ရှောင်မယ်၊ သူ့ကို တစ်ယောက်တည်း ထားလိုက်မယ်၊ သည်းခံလိုက်မယ်၊ လေးစားလိုက်မယ်၊ ဥပေက္ခာပြုထားလိုက်မယ်၊ နှစ်နည်းနည်းလောက် သူ့ကို ကြည့်နေလိုက်မယ်]

ရိုးရှင်းသော အမေးအဖြေလေးတစ်ခု ဖြစ်သော်လည်း လက်ရှိ အခြေအနေနှင့် ကိုက်ညီနေသည်။ ယင်းက အရာအားလုံး အပေါ် ရဲ့လင်းချန်၏ သဘောထားကို ဖော်ပြနေ၏။ တစ်ချိန်တည်းမှာပင် ယင်းက သူ့နာမည်ကို ပျက်အောင် ကြိုးစား နေသူများ အတွက်လည်း တုံ့ပြန်မှုလည်း ဖြစ်ပေသည်။

*မင်းတို့ ကြိုက်သလောက် ငါ့ကို ကြိမ်းမောင်း၊ ရယ်မောပြီး အထင်သေးနေလိုက်၊ ငါ အရေးမစိုက်ဘူး၊ အခုချိန်ကစပြီး နောက်နှစ် အနည်းငယ်အတွင်း ဘယ်သူက ရယ်နိုင်ဦးမလဲ ကြည့်ရသေးတာပေါ့*

All Chapters