← Chapters

မော့ကျန်းသုန့်၏သံသယ

Vol. 29 Ch. 398

မော့ကျန်းသုန့်၏သံသယ

Vol. 29 Ch. 398

အခန်း (၃၉၈) မော့ကျန်းသုန့်၏သံသယ

"ဆိုင်ရှင်အဘိုးနဲ့ မောင်ငယ်လေး ပြန်မလာသေးဘူးလား"

ယန်ရှီးယွင် ဆိုင်တံခါးနောက်ကွယ်တွင် ပုန်းနေရင်း အဋ္ဌမမင်းသားကို မေးလိုက်သည်။

အဋ္ဌမမင်းသားက သူ့နံဘေးမှ မြေပဲပန်းကန်ကိုယူကာ တံခါးဘေးတွင် ချထားလိုက်ပြီး ဆိုင်သန့်ရှင်းရေး ဆက်လုပ်နေသည်။

လုန်မန်က…

"မသိဘူး ၊ (၁၀)နှစ်ကျော်နေပြီဆိုတော့ ဘယ်တော့များမှ ပြန်လာမလဲ မသိနိုင်ဘူး"

ထို့နောက် အဋ္ဌမမင်းသားက စပ်စုလိုက်သည်။

"မင်း တစ်ချိန်လုံးလမ်းပျောက်နေတာ မဟုတ်လား ၊ ဒါပေမဲ့ ဒီသေရည်ဆိုင်ကိုတော့ မြေပဲစားဖို့ ခဏခဏ ရောက်လာတယ်နော်"

ချီလင်ကောင်မလေးယန်ရှီးယွင်သည် ခွန်လွန်တောင်မှာပင် မျက်စိလည်နေသော်လည်း သေရည်ဆိုင်တည်နေရာကိုတော့ အမြဲတမ်း ရှာဖွေနိုင်ခဲ့သည်။

သူ့ကို ကယ်တင်လာစဉ်ကသာ သေရည်ဆိုင်ကို ရှာမတွေ့ဘဲ ခပ်ဝေးဝေးသို့ ဆွဲခေါ်သွားသည်မှလွဲ၍ပေါ့လေ။

တစ်လလျှင် နှစ်ခါလောက် သေရည်ဆိုင်သို့ ရောက်လာတတ်သည်။ ရောက်လာတိုင်းလည်း မြေပဲတောင်းစားလေ့ရှိ၏။

"ဘာလို့လဲဆိုတော့ မြေအောက်ကိုငုပ်လျှိုးလိုက်တာနဲ့ ဒီသေရည်ဆိုင်နေရာက လင်းနေတယ်လေ ၊ အလင်းရောင်နောက်ကိုလိုက်လာတာနဲ့ ဒီကိုရောက်လာတာပဲ"

ယန်ရှီးယွင်က အဋ္ဌမမင်းသားတံခါးဘေးတွင် ချထားပေးသည့် မြေပဲများကို ထုပ်ပိုးသိမ်းဆည်းလိုက်သည်။ ဤမြေပဲများက နောက်အပတ်အတွက် ရိက္ခာဖြစ်သည်။

သူမက လမ်းပျောက်နေသူဖြစ်သည့်အတွက် ရိက္ခာစုဆောင်းထားရန် လိုအပ်သည်။

အဋ္ဌမမင်းသားက ပဟေဠိဖြစ်သွားပြီး...

"အလင်းတန်းတစ်ခုလိုမျိုး လင်းနေတာလား"

သေရည်ဆိုင်က သာမန်မဟုတ်ဘဲ အလွန်ကောင်းမွန်သည့်နေရာတစ်ခုဖြစ်ကြောင်း လုန်မန်သိရှိသည်။ ဤဆိုင်ကိုသာ ပိုင်ဆိုင်ရလျှင် သူ့အတွက် အကျိုးအမြတ်များစွာ ရှိမည်ဖြစ်သည်။

သို့သော် သေရည်ဆိုင်က ချီလင်မျိုးနွယ်များ၏မျက်ဝန်းထဲတွင် တောက်ပနေလိမ့်မည်ဟုတော့ ထင်မထားခဲ့ပေ။

ယန်ရှီးယွင်က...

"အင်း... အလင်းတန်းလိုမျိုးပေါ့ ၊ ဆိုင်ကို အဝေးကနေတောင် လှမ်းမြင်ရတယ်လေ ၊ ဒါပေမဲ့ အလင်းရောင်ကလွဲပြီး ကျန်တာဘာမှ မမြင်ရပါဘူး"

အဘယ့်ကြောင့် ထိုသို့ဖြစ်ရသည်ကို အဋ္ဌမမင်းသားနားမလည်သော်လည်း ထူးခြားသည်ကတော့ အမှန်ပင်။

ထိုအချိန် အပြင်ဘက်သို့ လှမ်းကြည့်လိုက်သည့်အခါ တံခါးဝတွင် တစ်စုံတစ်ယေက်ရောက်လာသည်ကို တွေ့လိုက်ရသည်။ ထိုသူလာမည့်လမ်းကို ချီလင်ကောင်မလေးက ပိတ်ဆို့လျှက် ရှိ၏။

အဋ္ဌမမင်းသားက မဆိုင်းမတွပင် လက်ထဲမှလှံရှည်ဖြင့် ယန်ရှီးယွင်ကို ရိုက်ချလိုက်သည်။

"ဘန်း…"

ယန်ရှီးယွင်မှာ မျက်နှာတည့်တည့်ဆော်ပလော်အတီးခံလိုက်ရပြီး အနောက်သို့ လွင့်ထွက်သွားသည်။

"……"

သူမ ဘာမှလည်းမလုပ်ရပါဘဲ အချောင်သက်သက် အရိုက်ခံလိုက်ရသည်ဟု ယန်ရှီးယွင် ခံစားလိုက်ရသည်။

သူမက မြေပဲများထပ်ရဦးမလားဟု သေရည်ဆိုင်တွင် ရစ်သီရစ်သီလုပ်နေခြင်းဖြစ်သော်လည်း ယခုတော့ ဆက်မနေဝံ့တော့ပေ။

"ယောက်ဖ… ၊ မင်းလာမယ့်လမ်းကို ပိတ်ထားတဲ့ ချီလင်ကောင်မလေးကို ကျုပ် ရှင်းပစ်လိုက်ပြီ"

အဋ္ဌမမင်းသား ဆိုင်တံခါးဆီသို့ ချက်ချင်းရောက်လာပြီး ပြန်လာသည့် ကျန်းလန်ကို ခရီးဦးကြိုပြုရင်း စကားဆိုလိုက်သည်။

ကျန်းလန် : "……"

ချီလင်ကောင်မလေးက သူ့အသက်ကိုကယ်တင်ဖူးသည့် ကျေးဇူးရှင်ဖြစ်သည့်တိုင် အဋ္ဌမမင်းသားက သူမအပေါ် ရက်စက်လွန်းလှသည်။

"ဆိုင်ရှင်အဘိုးနဲ့ကောင်လေး ပြန်မလာသေးဘူးလား"

သေရည်ဆိုင်ထဲရောက်သည်နှင့် ကျန်းလန်က မေးလိုက်သည်။

သေရည်ဆိုင်သည် အရင်အတိုင်းပင် လူသူကင်းမဲ့ တိတ်ဆိတ်လျှက် ရှိ၏။

ကျန်းလန် ခွန်လွန်တောင်မှ ထွက်ခွာသွားသည်မှာ (၁၅)နှစ်ပင် ရှိခဲ့ပြီ ဖြစ်သည်။ ကောင်ငယ်လေးကို ကူညီပြီးနောက် အားပြန်ပြည့်လာသည်နှင့် သူက ချက်ချင်း ပြန်လာခဲ့ခြင်း ဖြစ်သည်။

လမ်းတစ်လျှောက် မည်သည့်အန္တရယ်မှ မကြုံတွေ့ခဲ့ရပေ။ နတ်မိစ္ဆာများသည်လည်း သူ့ကို မနှောက်ယှက်ခဲ့ကြသလို နတ်လူသားမျိုးနွယ်များသည်လည်း သူ့ကို အန္တရယ်မပြုခဲ့ကြပေ။

ယခုအချိန်ထိ အရာအားလုံးက အဆင်ပြေနေသည်။

လုန်မန်က…

"ဟုတ်တယ် ၊ ဆယ်နှစ်တောင်ကျော်နေပြီ သူတို့ ပြန်မလာကြသေးဘူး ၊ ပြန်လာပါတော့မလားတောင် မသိဘူးဗျာ"

သူက ဆက်ပြောသည်။

"သူတို့ ပြန်မလာတော့ရင် သေရည်ဆိုုင်နာမည်ကို အဋ္ဌမမင်းသားသေရည်ဆိုင်ဆိုပြီး နာမည်ပြောင်းရမယ်"

စိတ်မကောင်းစွာပင် မျက်ရည်ဆက်လက်ဖြင့် သူက သေရည်ဆိုင်ကို အမွေဆက်ခံရမည် ဖြစ်သည်။

စကားများသည့် အဋ္ဌမမင်းသားကို ကျန်းလန်က အရေးမစိုက်ပေ။

ကြည့်ရသည်မှာ ကောင်ငယ်လေးရရှိသည့် ဒဏ်ရာက ပြင်းထန်သည့်အတွက် ပြန်လည်ကောင်းမွန်လာဟန် မရှိသေးပေ။ သို့သော် ဆိုင်ရှင်အဘိုး အနားတွင်ရှိနေသရွေ့ ဒဏ်ရာဘယ်လောက်ပြင်းထန်ပါစေ ပြဿနာ မရှိနိုင်ပေ။

နောက်ဆုံးတော့ ကျန်းလန်က သေရည်တစ်အိုးဝယ်ကာ ခွန်လွန်တောင်သို့ ပြန်လာခဲ့သည်။

"ဆရာ့ကို အရင်သွားတွေ့ရမယ် ၊ ပြီးမှ ဂိုဏ်းတူအစ်မဆီ သွားရမယ်"

လုန်ယွိနှင့် မတွေ့ရသည်မှာ အတော်ကြာပြီဟု ကျန်းလန် ခံစားရသည်။ ယခင်ကလည်း နှစ်ပေါင်းများစွာ တံခါးပိတ်ကျင့်ကြံဖူးသော်လည်း ထိုသို့ မခံစားရပေ။

ယခု သူက ခွန်လွန်တောင်မှ အဝေးသို့ ထွက်ခွာသွားခြင်း ဖြစ်သောကြောင့် လုန်ယွိကို လွမ်းဆွတ်သတိရနေခြင်း ဖြစ်နိုင်သည်။

***

အလယ်ပိုင်းလွင်ပြင်ဒေသ ၊ ဝူထုန်တောင်။

အခန်းတစ်ခုတည်းတွင် ကောင်ငယ်လေး လဲလျောင်းလျှက် ရှိသည်။

ယနေ့တော့ သူ သတိရလာပြီး သတိရလာလာချင်းမှာပင် သူ့ခေါင်းထဲဝင်ရောက်လာသည်က "ဟုန်ယာ" ဖြစ်သည်။

"ဟုန်ယာ ဘယ်မှာလဲ"

သူက ကယောင်ကတမ်းဖြင့် ဖီရှိုးကောင်ကို မေးလိုက်ခြင်း ဖြစ်သည်။

သို့သော် သူရှိနေသည့်နေရာက သေရည်ဆိုင်မဟုတ်သလို ဖီရှိုးကောင်သည်လည်း အနားတွင် မရှိပေ။

"ငါ ဒီမှာ ရှိတယ်"

ရုတ်တရက် အေးဆေးတည်ငြိမ်သည့် အသံတစ်သံ ထွက်ပေါ်လာသည်။

ထိုအခါမှ သူ့ဘေးနားတွင် ရပ်နေသည့် ဟုန်ယာကို ကောင်ငယ်လေး သတိထားလိုက်မိသည်။

ဟုန်ယာက…

"နင် သတိလစ်နေတာ တစ်နှစ်ခွဲလောက်ရှိပြီ ၊ နင့်ဒဏ်ရာက အရမ်းပြင်းထန်တယ်လေ ၊ ဒါပေမဲ့ အခုတော့ အတော်လေး သက်သာနေပါပြီ"

ထို့နောက် ဇာမဏီကောင်မလေးက ကောင်ငယ်လေးကို ကြည့်ပြီး ကျေးဇူးတင်စွာဖြင့် ဦးညွှတ်လိုက်သည်။

"ငါ့ကို ကယ်ဖို့လိုက်လာလို့ ကျေးဇူးတင်ပါတယ် ၊ နင့်ရဲ့စေတနာကို ငါ အမြဲတမ်း မှတ်ထားပါ့မယ် ၊ နင် တစ်နေ့ အန္တရယ်ကြုံလာခဲ့ရင် ငါ အသက်ပေးပြီး ကယ်တင်မယ်လို့ ကတိပေးပါတယ် ၊ အဲဒါက နင် ငါ့အသက်ကို ကယ်တင်ခဲ့တဲ့အတွက် ပြန်ပေးဆပ်ခြင်းပါပဲ"

ကောင်ငယ်လေးက ခေါင်းတစ်ချက်ကုတ်ရင်း ရှက်ကိုးရှက်ကန်းဖြင့် ပြုံးလိုက်သည်။

"ငါက အဆင်ပြေပါတယ်ဟာ ၊ နင် အန္တရယ်နဲ့ရင်ဆိုင်ရတယ်ဆိုရင် ငါက ကူညီရမှာပဲလေ ၊ နင့်ဘက်က ဒီလောက် သူစိမ်းမဆန်ပါနဲ့"

ဟုန်ယာက…

"အသက်ကယ်တယ်ဆိုတာ အသွေးအမွှားကိစ္စမဟုတ်တော့ ငါက ဒီအတိုင်းတော့ မထားလိုက်နိုင်ဘူး"

ထို့နောက် ကောင်ငယ်လေး အဆင်ပြေသည်ကို အတည်ပြုပြီး ဟုန်ယာ အခန်းထဲမှ ထွက်ခွာသွားသည်။ ကောင်ငယ်လေးကတော့ သူမထွက်ခွာသွားသည်ကို ငေးမောရင်း သက်ပြင်းသာ ချမိသည်။

"ဟို မင်းမျိုးမင်းနွယ်လူသားပြောတာတော့ မိန်းကလေးတစ်ယေက် ကူရာကယ်ရာမဲ့နေတဲ့အချိန် ဝင်ပြီးကူညီလိုက်တာက အဲဒီမိန်းကလေးရဲ့ နှလုံးသားကို သိမ်းပိုက်နိုင်မယ်တဲ့… ၊ ဒါပေမဲ့ ဟုန်ယာက ငါ့အပေါ် အခုထိ သူစိမ်းဆန်နေတုန်းပဲ"

ကောင်ငယ်လေး ရေရွတ်လိုက်သည်။

ထိုလူသားပြောသည့် အကြံဉာဏ် အရာမထင်သည်မှာ ထင်ရှားသည်။

ထို့နောက် ကောင်ငယ်လေးက အဋ္ဌမမင်းသားပေးလိုက်သည့် လှံရျည်ကို ဆွဲထုတ်လိုက်သည်။

"ဖြစ်ပါ့မလား…"

"နဂါးစုတ်ပြောသလို ဟုန်ယာရဲ့ခေါင်းကို ရိုက်ပစ်လိုက်ရမလား"

အတွေးများကို ရပ်တန့်လိုက်ပြီး ကောင်ငယ်လေး ခေါင်းခါယမ်းလိုက်သည်။

"မဟုတ်ဘူး ၊ မဟုတ်ဘူး ၊ အဲဒီ နဂါးစုတ်ကို ယုံလို့မဖြစ်ဘူး ၊ ငါ ဆိုင်ကိုပြန်ရောက်မှ အစ်ကိုကြီးကို မေးကြည့်ရမယ်"

"ပြီးတော့ လက်သီးနတ်ဘုရားကလည်း ငါ့ကို ကူညီရတဲ့အတွက် ဘာတောင်းဆိုမှုမှ မလုပ်သေးဘူး ၊ သူ ငါ့ကိုကူညီတာ ဘာပြန်ပေးဆပ်ရမလဲ အဋ္ဌမမင်းသားကိုပဲ မေးကြည့်ရတော့မှာပဲ"

သူ ထိုကိစ္စကို မမေ့လျော့ရဲပေ။

လက်သီးနတ်ဘုရားကြောင့်သာ ဟုန်ယာကို ကယ်တင်နိုင်ခဲ့ခြင်း ဖြစ်လေရာ ထိုသူကို လုံး၀ ကျေးဇူးတင်ရမည် ဖြစ်သည်။ သို့သော် ထိုသူက သူ့ကို မည်သို့မည်ပုံ ကူညီလိုက်မှန်းပင် ကောင်ငယ်လေး မသိခဲ့ပေ။

"ဒီကိစ္စ အစ်ကိုကြီးကို ပြောပြရင်ကောင်းမလား ၊ မဖြစ်ဘူး… မဖြစ်ဘူး… အဲဒီလူက အရမ်းတန်ခိုးစွမ်းအားမြင့်မားတယ် ၊ ငါလျှောက်ပြောလို့ မဖြစ်ဘူး"

သေသေချာချာ စဉ်းစားပြီးနောက် ထိုကိစ္စကို ပြောပြရန် မသင့်တော်ဟု သူ ခံစားရသည်။

အဋ္ဌမမင်းသားနှင့် တိုင်ပင်ပြီးမှ ထိုသူကို မည်သို့ပြန်လည် ကျေးဇူးဆပ်ရမည်ကို နည်းလမ်းရှာဖွေရပေမည်။

***

ခွန်လွန်တောင် ၊ နဝမတောင်ထွတ်။

ကျန်းလန် လမ်းလျှောက်လာရင်း ပတ်ဝန်းကျင်တစ်ခုလုံးပေါင်းပင်များ ပြန်လည်ပေါက်ရောက်နေကြောင်း သတိထားလိုက်မိသည်။

"နောက်မှပဲ ဒါတွေရှင်းရတော့မယ်"

ကျန်းလန် တွေးလိုက်သည်။

ထို့နောက် ဆရာဖြစ်သူရှိရာ နဝမတောင်ထွတ်အစွန်းသို့ တန်းတန်းမတ်မတ် ထွက်ခွာလာခဲ့သည်။ ဆရာဖြစ်သူ မရှိလျှင်တော့ ကျောက်စိမ်းရေကန်သို့ သွားရောက်ရမည် ဖြစ်၏။

ပြီးမှ နဝမတောင်ထွတ်ကို သန့်ရှင်းရေးပြုလုပ်ရမည်ဖြစ်သည်။

ယခုက ဆောင်းရာသီဖြစ်သော်လည်း နှင်းများကျဆင်းခြင်း မရှိတော့ပေ။ မဟုတ်ပါက မြက်ပင်ပေါင်းပင်များ ရှည်လျားနေသည်ကို သူ တွေ့မြင်ရမည် မဟုတ်ပေ။

ခဏကြာပြီးနောက်…

တောင်ထွတ်အစွန်းတွင် မတ်တတ်ရပ်နေသည့် ဆရာဖြစ်သူကို ကျန်းလန် တွေ့လိုက်ရသည်။

တပည့်ဖြစ်သူ ပြန်မလာတော့မည်ကို စိုးရိမ်ပူပန်လျှက်ရှိသည့် မော့ကျန်းသုန့်မှာ ကျန်းလန်ကို ရုတ်တရက် တွေ့လိုက်ရသည့်အခါ အတော်လေး ပျော်ရွှင်သွားသည်။

ကျန်းလန်က မော့ကျန်းသုန့်ကို ဦးညွှတ်အရိုအသေပြုရင်း…

"ဆရာ…"

သူက ဝယ်လာသည့် သေရည်အိုးကိုလည်း ဆရာဖြစ်သူထံ လှမ်းပေးလိုက်၏။

သေရည်ဆိုင်ပိုင်ရှင် မရှိသောကြောင့် အကောင်းစားသေရည်မဟုတ်ဘဲ သာမန်သေရည်သာ ဝယ်ယူခဲ့ရသည်။ သို့သော် မော့ကျန်းသုန့်က သေရည်ကို စိတ်မဝင်စားပေ။

သူက သေရည်အိုးကို လှမ်းယူရင်း…

"အခုသွားတဲ့ခရီးစဉ်က ဘာအကျိုးအမြတ်များရခဲ့သလဲ"

"အကျိုးအမြတ်အတော်များများ ရခဲ့ပါတယ် ဆရာ…"

ပြောရင်း ကျန်းလန်က ရွှေရောင်ကြာပန်းကို ဆရာဖြစ်သူထံ လှမ်းပေးလိုက်သည်။

"ဆရာ ကျေးဇူးပြုပြီး မိုးကောင်းကင်စမ်းသပ်ခံရခြင်း ရွှေရောင်ကြာပန်းကို ပြန်ယူပါ ၊ ကျွန်တော် မလိုအပ်တော့ဘူး"

"မလိုအပ်တော့ဘူး… ဟုတ်လား"

မော့ကျန်းသုန့် တစ်ခဏမျှ အံ့အားသင့်သွားပြီး ကျန်းလန်၏ ကျင့်ကြံခြင်းအဆင့်ကို ကြည့်လိုက်သည်။

မရှိမှုအာကာသအဆင့် ၊ အောင်မြင်ထားသည့်အဆင့်တွင်သာ ရှိနေသဖြင့် သူ မျက်လုံးများ ကျဉ်းမြောင်းလိုက်သည်။

ထို့နောက် သူက တန်ခိုးစွမ်းအားအသုံးပြုကာ ကျန်းလန်၏ ဖုံးကွယ်ထားသောကျင့်ကြံခြင်းအဆင့်ကို ကြည့်လိုက်ထိုးဖောက်ကြည့်လိုက်တော့မှ မျက်ဝန်းများ ချက်ချင်းတောက်ပလင်းလက်သွားသည်။

တကယ်ပဲ…

လူသားအင်မော်တယ် ၊ ကနဦးအဆင့်။

မော့ကျန်းသုန့်က အတော်လေး အံ့အားသင့်ဝမ်းသာသွားဟန်ဖြင့်…

"မင်း အင်မော်တယ်အဖြစ် အဆင့်တက်နိုင်ခဲ့ပြီလား"

ကျန်းလန် အဆင့်တက်သွားခြင်းက သူမျှော်လင့်ထားသည်ထက် လျှင်မြန်နေသော်လည်း ဘာပြဿနာမှ မရှိပေ။ သူမျှော်လင့်ထားသည့်အတိုင်း သူ့တပည့်က အင်မော်တယ်ဖြစ်လာခဲ့ပြီ ဖြစ်သည်။

ထို့နောက် သူက ကျန်းလန်ပြန်ပေးသည့် မိုးကောင်းကင်စမ်းသပ်ခံရခြင်း ရွှေရောင်ကြာပန်းကို လက်ခံယူရန် လက်ကိုဆန့်ထုတ်လိုက်သည်။

ရွှေရောင်ကြာပန်းကို လက်ဖြင့်ထိလိုက်မိသည်နှင့် မော့ကျန်းသုန့် မျက်မှောင်ကြုတ်လိုက်မိသည်။  သို့သော် သူက မည်သည့်စကားမှမဆိုဘဲ ကြာပန်းကို သိမ်းဆည်းလိုက်သည်။

ကျန်းလန်က ခေါင်းငုံ့ထားရင်းဖြင့်ပင်…

"ဟုတ်… ကျွန်တော် အင်မော်တယ်အဖြစ် အဆင့်တက်နိုင်ခဲ့ပါပြီ…"

မော့ကျန်းသုန့်က ပြုံးလိုက်ရင်း…

"ဆိုတော့ လက်ထပ်ဖို့ရော အဆင်သင့်ဖြစ်ပြီလား…"

ကျန်းလန်က ရိုသေလေးစားဟန်ဖြင့်…

"အဲဒီကိစ္စနဲ့ပတ်သက်လို့တော့ ဆရာကပဲ ဆုံးဖြတ်ပေးပါ…"

သူ့ဘက်ကတော့ လက်ထပ်ပွဲကို ငြင်းဆိုစရာမရှိပေ။ လူကြီးများအဆင်ပြေသလို စီစဉ်ရန်သာ လိုအပ်သည်။

မော့ကျန်းသုန့်က ရယ်မောလိုက်ရင်း…

"ကောင်းပြီလေ ၊ နောက်မှ မင်္ဂလာကိစ္စကို အခြားတောင်သခင်တွေနဲ့ ဆွေးနွေးတာပေါ့ ၊ ဒါပေမဲ့ မင်္ဂလာပွဲက ဒီလောက် မြန်မြန်ကြီး မဟုတ်သေးပါဘူး ၊ ဟိုမှာ… ခွန်လွန်တောင် ၊ အဓိကခန်းမဆောင်မှာ ထွန်းညှိထားတဲ့ အလင်းတိုင်တွေကို မင်း တွေ့တယ်မဟုတ်လား"

ကျန်းလန် ခေါင်းမော့ကြည့်လိုက်တော့ အလင်းတိုင် (၇)ခု ထွန်းညှိထားသည်ကို တွေ့ရသည်။

သူ ခွန်လွန်တောင်သို့ ရောက်ရှိသည်မှာ နှစ်ပေါင်း (၅၈၅)နှစ် ရှိပြီ ဖြစ်သည်။ အလင်းတိုင် (၉)ခုလုံး ထွန်းညှိပြီးရန်မှာ နောက်ထပ် အနှစ် (၃၀)ခန့် စောင့်ရဦးမည် ဖြစ်သည်။

မော့ကျန်းသုန့်က…

"အလင်းတိုင်တွေ ပြီးပြည့်စုံအောင် ထွန်းညှိဖို့ဆိုရင် နောက်ထပ် အနှစ် (၃၀)လောက် စောင့်ရဦးမယ် ၊ အဲဒီအချိန်ကျမှ လက်ထပ်မယ်ဆိုရင်လည်း အဆင်ပြေပါတယ်…"

မော့ကျန်းသုန့်က တစ်ခဏမျှ စဉ်းစားပြီးနောက်…

"ဒါပေမဲ့ မင်းဘက်က လက်ထပ်ချင်နေပြီဆိုရင်တော့ ဆရာတို့ မင်္ဂလာပွဲကို အချိန်စောလိုက်လို့ရတယ်… ဘယ်လိုလဲ"

All Chapters