← Chapters

နေရာတိုင်းမှာ အဆင့်မြှင့်နေကြတယ်......

Vol. 7 Ch. 87

နေရာတိုင်းမှာ အဆင့်မြှင့်နေကြတယ်......

Vol. 7 Ch. 87

စိတ်လှုပ်ရှားမှု လှိုင်းလုံးများသည် အတော်ကြာသည်အထိ မငြိမ်သက်န်ိုင်သေးပေ။

စုန်မိသားစုက မှင်ရေစံအိမ်နဲ့ ပူးပေါင်းခဲ့သတဲ့.....

ရှပြည်ထောင်စုမှာ နာမည်ကြီးနေတဲ့ မှင်ရေစံအိမ်နဲ့ ပူးပေါင်းခြင်းဟာ ထျန်ရှုမှာရှိတဲ့ အခြားသောစံအိမ်များထက် အဆပေါင်းများစွာ သာလွန်စေခဲ့ပါသည်။

ဤသည်မှာ ကျားကို သိုးအုပ်ထဲလွှတ်ပေးလိုက်သကဲ့သို့ပင်......

ထျန်ရှုနယ်သားတိုင်းသည် ယခုချိန်တွင် ထျန်ရှု၏ဝိဉာဉ်ရည်စျေးကွက်ကို စုန်မိသားစု လက်ဝါးကြီးအုပ်ချယ်လှယ်တော့မည်ကို ကြိုတင်မြင်ယောင်နေကြပြီဖြစ်သည်။

စုန်ချီယုက မျက်နှာကို မော်ချီထားပြီး ယန်လင်းချီကို မောက်မာစွာဖြင့်လှမ်းပြောလိုက်သည်။

"နင် ပြိုင်ပွဲမှာသာ အနိုင်ရချင်ရမယ်...ငါတို့စုန်မိသားစုက ရှီးယန်စံအိမ်ကို အပြတ်အသတ်ရိုက်ချနိုင်ပြီ....."

သို့ပေမယ့်လည်း လီလော့၏ ရယ်သံကျယ်ကြီးကို ကြားလိုက်ကြရသည်။

"နင့်အတွက် ရယ်စရာပါလို့လား...."

လီလော့ သူမကို ခေါင်းညိတ်ပြလိုက်ပြီး ပရိတ်သတ်အားလုံးဘက်ကိုလှည့်ကာ.....

"ကဲ....ကျုပ်တို့ ရှီးယန်စံအိမ်ကလည်း ကြေငြာပေးစရာတစ်ခုရှိတယ်....ဒီနေ့ကစပြီး ကျုပ်တို့ရဲ့ အဆင့်တစ် မိုးပြာကျောက်စိမ်း ဝိဉာဉ်ရည်နဲ့ အဆင့်နှစ် ပတ္တမြားဆီးနှင်း ဝိဉာဉ်ရည်ကို အဆင့်မြှင့်တင်လိုက်ပါပြီ....ကျုပ်ရဲ့ တွက်ချက်မှုအရဆို နှစ်ခုစလုံးရဲ့ သန့်စင်မှုက 64% ရှိတယ်......."

ဝိုးးးးးးးးး

ထိုကြေငြာချက်သည် ကြားရသူအပေါင်းကို ပြင်းထန်စွာ တုန်လှုပ်သွားစေခဲ့သည်။အခြားသော ပဲ့တင်ထပ်သံပြုပြင်သူတိုင်းကလည်း လီလော့ကို ပါးစပ်အဟောင်းသားနဲ့ ငေးကြည့်နေကြသည်။

အဆင့်တစ်နဲ့ အဆင့်နှစ် ဝိဉာဉ်ရည်နှစ်ခုစလုံးက သန့်စင်မှု 64% တဲ့..........

အကယ်၍ ထိုအရာများကို ပမာဏ များများသာ ထုတ်လုပ်နိုင်မည်ဆိုပါက ရှီးယန်စံအိမ်သည် ရှပြည်ထောင်စုတွင် ထိပ်တန်းစံအိမ်ဆယ်စုစာရင်းဝင်နိုင်တော့မည်ဖြစ်သည်။

အခြားသော ထိပ်တန်းစံအိမ်ဆယ်ခုသည် များပြားသော ပမာဏကို အရည်သွေးမြင့်မားစွာထုတ်လုပ်နိုင်ရန်အတွက် နှစ်ပေါင်းများစွာ လူအင်အား၊ ငွေကြေးအင်အားများစိုက်ထုတ် ကြိုးစားခဲ့ကြရသည်။

" ဒီကောင် ပေါက်ကရတွေပြောနေတာ!!!!"

မိုလင်း၏ ဒေါသတကြီးအော်ဟစ်သံကို လူတိုင်းကြားလိုက်ကြရသည်။မိုလင်း၏ အမြင်တွင် လီလော့ လေကျယ်နေသည်ဟုသာ ထင်နေမိသည်။ လီလော့ပြောနေသော သန့်စင်မှု 64% သည် မှင်ရေစံအိမ်အတွက်ပင် ခက်ခဲသော အနေအထားတစ်ခုဖြစ်နေသောကြောင့် ရှီးယန်စံအိမ်အတွက် လုံးဝမဖြစ်နိုင်သော အရာပင်......

စုန်ရှန်း၏ မျက်နှာသည် ယင်ကောင်မြိုချထားသကဲ့သို့ ရှုံ့မဲ့နေလေ၏။ လီလော့၏ စကားများသည် ယုတ္တိမတန်သော်လည်း အကြောင်းအရင်းမရှိ တုန်လှုပ်နေခဲ့မိသည်။

မည်သို့ပင်ဆိုစေ လီလော့သည် မထင်မှတ်ထားသေယအရာများကို လုပ်ဆောင်တတ်သူတစ်ဉီးမဟုတ်ပေလော.....

ရွှေနဂါးဘဏ်တိုက်ဘက်တွင်မူ......

ဉက္ကဌလုက လုချင်းအာကို အံ့အားသင့်စွာလှည့်ကြည့်လိုက်ပြီး.....

"ရှီးယန်စံအိမ်ကလည်း ထုတ်ကုန်တွေကို အဆင့်မြှင့်လိုက်ပြီတဲ့....."

လုချင်းအာသည် ဘာမျှမသိသူတစ်ဉီးသဖွယ် မျက်တောင် ပုတ်ခတ် ပုတ်ခတ်ဖြင့်သာ ဉီးလေးဖြစ်သူကို ပြန်ကြည့်နေလေ၏။

စုန်ချီယုသည်လည်း အများနည်းတူ တုန်လှုပ်အံ့သြနေပေသည်။

"ပေါက်ကရတွေ ပြောမနေနဲ့ နင်ပြောတဲ့ 64% ကို ရှီးယန်ပင်မစံအိမ်ကတောင် မထုတ်လုပ်နိုင်သေးတာ နင်တို့လို စံအိမ်ခွဲလေးကနေ ဘယ်လိုလုပ်ထုတ်လုပ်နိုင်မှာလဲ.....ဝိဉာဉ်ရာ်သန့်စင်တာကို ကလေးကစားစရာလို့များထင်နေတာလား.....ထိပ်တန်းဆယ်ခုစာရင်းဝင်စံအိမ်ကြီးတွေတောင် နှစ်ပေါင်းများစွာ သုတေသနတွေလုပ်ပြီး တစ တစ အရည်အသွေးမြှင့်တင်ခဲ့ရတာ ...."

လွန်ခဲ့သော နှစ်လခန့်တုန်းကဆို ရှီးယန်စံအိမ်၏ ထုတ်ကုန်များသည် ထင်းရှူးစံအိမ်နှင့် မတိမ်းမယိမ်းအနေအထားတွင်သာရှိနေခဲ့သည်။ ထိုအချိန်တုန်းကဆို အခြားသော စံအိမ်များနှင့် ယှဉ်​ပြိုင်နိုင််ဖို့နေနေသာသာ အခြေနေကိုတောင် မနည်းထိန်းနေခဲ့ရသည်။

ရုတ်တရက် သိသိသာသာ အဆင့်မြှင့်နိုင်ခဲ့သော်လည်း ယခုလို အချိန်တိုအတွင်း ဒုတိယအကြိမ် အဆင့်မြှင့်နိုင်မည်ဆိုခြင်းသည် လုံးဝမဖြစ်နိိုင်သောအရာပင်ဖြစ်သည်။

ယန်လင်းချီ တိတ်ဆိတ်နေလေ၏။ သူမ လုပ်နိုင်မည်မှန်း မသေချာသောကြောင့် သံသယဝင်နေမိခြင်းဖြစ်သည်။

သို့သော်လည်း အဖြစ်ပျက်မျိုးစုံ တွေ့ကြုံဖြတ်သန်းခဲ့ရပြီးနောက် လီလော့အပေါ် ယခင်ကထက် ပိုမိုယုံကြည် အားကိုးလာခဲ့မိသည်။လီလော့သည် ယုံကြည်ချက်မရှိဘဲ လူရှေ့သူရှေ့တွင် အခုလို ကြေငြာလိမ့်မည်မဟုတ်ပေ။

လီလော့ သူ့နောက်က အစေခံတစ်ယောက်

ကို လက်ဟန်ခြေဟန်ပြလိုက်သောအခါ ထိုအစေခံက အနက်ရောင်သေတ္တာတစ်လုံးကို လီလော့ဆီ ယူလာပေးခဲ့သည်။

ထိုသေတ္တာကို ဖွင့်လိုက်သောအခါ အထဲတွင် ရှီးယန်စံအိမ်၏ ထုတ်ကုန်များဖြစ်သော မိုးပြာကျောက်စိမ်းနှင့် ပတ္တမြားဆီးနှင်းဝိဉာဉ်ရည် ပုလင်းတစ်ခါဇင်ခန့်ကို မြင်တွေ့လိုက်ရသည်။

လီလော့ ကြုံရာပုလင်းတစ်လုံးကို ဆွဲထုတ်လိုက်ပြီး သန့်စင်မှုစမ်းသပ်သည့်အပ်ကို နှစ်ကြည့်လိုက်သောအခါ သန့်စင်မှု 64%အမှတ်ကို ပြသနေလေ၏။

အာမေဋိတ်သံများ လှိုင်းထန်လာခဲ့ပြန်သည်။

"ဒီနေ့ကစပြီး ကျုပ်တို့ ရှီးယန်က ရောင်းပေးသမျှ အဆင့်တစ်နဲ့ အဆင့်နှစ် ဝိဉာဉ်ရည်တိုင်းက သန့်စင်မှု 64% ရှိနေမှာပါ...အရည်သွေးနိမ့်ကျနေမယ်ဆို ဘာမှအထွန့်မတက်ဘဲ ငွေပြန်အမ်းပေးပါ့မယ်....."

ဤသည်မှာ အာမခံချက်အပြည့်အဝပေးထားသော ကြေငြာမှုပင်ဖြစ်သည်။

စုန်ချီယု၏ မျက်နှာသည် အတော်ပင်အကျည်းတန်နေလေပြီ.... လီလော့ ထိုထုတ်ကုန်များကို ကျွမ်းကျင်သူများ ဌားရမ်း၍ ယာယီသာထုတ်လုပ်မည်ဟု ချေပပြောဆိုချင်သော်လည်း ယခုလို ငွေပြန်အမ်းမည်ဟုပါ အတိအလင်း အာမခံပေးလိုက်သည့်အတွက် ရေရှည်ထုတ်လုပ်မည်မှန်းသေချာနေခဲ့ပြီဖြစ်သည်။

မနာလိုစိတ်နှင့်အတူ မုန်းတီးဒေါသထွက်ခြင်းကြောင့် စုန်ချီယု တစ်ကိုယ်လုံး ပြင်းထန်စွာ တုန်ရီနေလေ၏။

အောင်မြင်နိူင်ရန်အတွက် ကြိုးစားအားထုတ်ခဲ့ရသည့်အပြင် မှင်ရေစံအိမ်နဲ့ပါ ပူးပေါင်းခဲ့ရသေးသည်။ ယခုတော့ ကြိုးစားခဲ့သမျှ သဲထဲရေသွန် ဖြစ်ခဲ့ရလေပြီ။

သူမကိုယ်တိုင် ယန်လင်းချီကို ရှုံးနိမ့်ခဲ့ရသည့်အပြင် ထုတ်ကုန်အသစ်ကြေငြာမှုသည်လည်း ရှီးယန်စံအိမ်ကြောင့် အပြတ်အသတ်ရိုက်ချခံခဲ့ရပြန်သည်။

" မဖြစ်နိုင်ဘူး! !! လုံးဝမဖြစ်နိုင်ဘူး !!!"

မိုလင်း အရူးတစ်ယောက်သဖွယ် အော်ဟစ်နေသည်။

ထိုကဲ့သို့သော အရည်သွေးမြင့်မားသော ထုတ်ကုန်များကို လီလော့တို့ ရေရှည်ထုတ်လုပ်နိုင်မည်ဟု လုံးဝမယုံကြည်နိုင်သေးပေ။

" လီလော့ လိမ်ပြောနေတာပဲဖြစ်ရမယ်....."

အမူရာမဲ့စွာ မတ်တပ်ရပ်နေသော စုန်ရှန်းသည် ရူးသွပ်လုနီးပါး ဖြစ်နေသော မိုလင်းကို လျစ်လျူရှုလိုက်ပြီး လှည့်ထွက်သွားလေတော့သည်။

စုန်ရှန်းတွင် ယနေ့ဖြစ်ပျက်ခဲ့သမျှကို​ ပြောင်းလဲနိုင်စွမ်းမရှိခဲ့ချေ။စုန်မိသားစု၏ လှုပ်ရှားမှုတိုင်းသည် အရှိန်ပြင်းစွာရိုက်ချခံလိုက်ရသည့်အပြင် ​ပြိုင်ဘက်များအတွက်ပါ အမြတ်ရသွားစေခဲ့သေးသည်။

သန့်စင်မှု 64% ဟူသည် စုန်မိသားစု ဘယ်တော့မှ မကျော်လွှားနိုင်သော တောင်တန်းကြီးတစ်ခုဖြစ်သောကြောင့် စုန်မိသားစု နလန်ပြန်ထူနိူင်တော့မည်မဟုတ်ပေ။

လော့လန်အိမ်တော်၏ စီးပွားရေးလုပ်ငန်းအချို့ကို ဝါးမျိုခဲ့ဖူးသည့် စုန်မိသားစုသည် တစ်ချိန်တစ်ခါက အမြင့်တွင်ပျံသန်းနိူင်ခဲ့သူများဖြစ်ခဲ့ကြသည်။

အခုလိုမျိုး ဖြစ်ရလာရတာ ဘာကြောင့်လဲ.....

ထိုသို့တွေးမိလိုက်ချိန်တွင် လီလော့မျက်နှာကိုသာ ပြေးမြင်နေခဲ့မိသည်။

လော့လန်အိမ်တော်တွင် မနာလိုချင်စရာကောင်းလောက်အောင် ထူးချွန်သူဟူ၍ ကျန်းချင်းအာတစ်ယောက်သာရှိသည်ဟုထက်မှတ်ထားချိန်တွင် သခင်ငယ်လေးက အဆိပ်ပြင်းသော မြေပွေးတစ်ကောင်သဖွယ် တိုက်ခိုက်သွားခဲ့သည်။

" ကဲ...ပွဲပြီးပြီဆိုတော့ ပြန်ကြတာပေါ့....."

ဉက္ကဌလုက ပြန်ဖို့ မတ်တပ်ထရပ်လိုက်ရင်း လုချင်းအာကို လှည့်ပြောလိုက်သည်။

" ငါ့မှာ လက်ဆုပ်လက်ကိုင် သက်သေပြစရာမရှိပေမယ့် နှစ်ပေါင်းများစွာ စီးပွားရေးလုပ်လာတဲ့ အတွေ့အကြုံတွေအရပြောရမယ်ဆို လော့လန်အိမ်တော် သခင်လေးက တစ်ခုခုတော့ တစ်ခုခုပဲ.....သူက မိဘတွေလောက်ရော ကျန်းချင်းအာလောက်ပါ မထက်မြငက်ဘူးဆိုပေမယ့် ဘယ်အရပ်နဲ့ ဘယ်ဇာတ်လိုက်ဖက်မှန်း ကောင်းကောင်းကြီးရွေးချယ်တတ်တယ်.....ဒါဟာ သူနဲ့ ရွယ်တူတွေမှာမတွေ့နိုင်တဲ့ ရင့်ကျက်မှုမျိုးပဲ....အနာဂတ်မှာ လီလော့က ကျန်းချင်းအာနဲ့ တကယ့်ကို လိုက်ဖက်တဲ့သူ ဖြစ်လာမှာပါ....."

ဉီးလေးဖြစ်သူ ထွက်သွားပေမယ့်လည်း လုချင်းအာတစ်ယောက် လီလော့ကိုတမေ့တမောငေးကြည့်နေဆဲပင်.....

" သမီးလည်း အဲ့လိုပဲထင်မိပါတယ်....."

ဘဝစာမျက်နှာအသစ်တစ်ခု စတင်ဖို့အတွက် ကြယ်တာယာခရီးရှည်ကောလိပ်ကို အတူခရီးနှင်ရမည့်အကြောင်းတွေးမိချိန်တွင် ရှင်းပြရန်ခက်ခဲသော မျှော်လင့်ချက်အချို့ ဖြစ်တည်လာခဲ့ပါသည်။

All Chapters