← Chapters

ထွက်ခွာရန် ပြင်ဆင်ခြင်း.....

Vol. 7 Ch. 88

ထွက်ခွာရန် ပြင်ဆင်ခြင်း.....

Vol. 7 Ch. 88

ပွဲတော်ပြီးဆုံးသွားပြီဖြစ်သောကြောင့် လီလော့တို့ ရထားလုံးစီးကာ အိမ်ပြန်လာခဲ့ကြသည်။

လီလော့၊ ချိုင်ဝေ၊ယန်လင်းချီတို့သုံးဉီး ရထားလုံးအတူ စီးနေချိန်မှာ ချိုင်ဝေနှင့် ယန်လင်းချီတို့က လီလော့ကို စိုက်ကြည့်နေသောကြောင့်........

"ကျွန်တော်ချောမှန်း ကိုယ့်ကိုကိုယ်သိပါတယ်....ကျွန်တော်နဲ့ အနေနီးတော့ အစ်မတို့ကျွန်တော့်အပေါ် ခံစားချက်ရှိလာမှာပေါ့...ဒါပေမယ့် အူစ်မတို့ သူငယ်ချင်း ကျန်းချင်းအာနဲ့ သူငယ်ချင်းခန်းမပြတ်ချင်ရင် ကိုယ့်ကိုကိုယ် ထိန်းသိမ်းကြပါ....ဒါမှမဟုတ်ရင်လည်း ကျန်းချင်းအာနဲ့ ဒီကိစ္စကိုသေချာဆွေးနွေးဖို့ပဲ ကျွန်တော့်ဘက်က အကြံပေးချင်တယ်....."

အကြည့်များမှ လွတ်မြောက်နိုင်ရန်အတွက် လီလော့ ရိုးသားစွာ အကြံပေးလိုက်သောအခါ မိန်းမပျိုနှစ်ဉီးစလုံးထံမှ စိတ်ပျက်လက်ပျက်ညီးငြူသံများ ပြိုင်တူ ထွက်ပေါ်လာခဲ့သည်။

" သခင်လေးမှာ လျှို့ဝှက်ချက်တွေရှိနေမှန်းသိပေမယ့် ဒီတစ်ခါကတော့ နည်းနည်းများသွားပြီ....သန့်စင်မှု 64% ကို ဘယ်လို လုပ်ကြမှာလဲ....."

"လွယ်ပါတယ်....ပိုသန့်စင်တဲ့ လျှို့ဝှက်ရေအရင်းမြစ်သုံးနိူင်ရင် သန့်စင်မှုနှုန်းလည်း တိုးလာလိမ့်မယ်......"

လီလော့၏.အဖြေကြောင့်  ချိုင်ဝေရော ယန်လင်းချီပါ ဘာပြောရမှန်းမသိတော့ပေ။

တကယ်တမ်းတွင် ယန်လင်းချီ ထိုအချက်ကို ကြိုတင်ခန့်မှန်းနိူင်ခဲ့ပါသည်။ လီလော့၏ လျှို့ဝှက်ရေအရင်းမြစ်သည် ဝိဉာဉ်ရာ်ထုတ်လုပ်ရာတွင် များစွာ လွှမ်းမိုးနိူင်ခဲ့သည် မဟုတ်လော......

ယခင် လီလော့ ထုတ်ပေးခဲ့သော လျှို့ဝှက်ရေအရင်းမြစ်များကြောင့် အံ့သြလို့မှ မဆုံးသေးခင် ပိုမိုသန့်စင်သော အရင်းမြစ်များကို ထုတ်ပေးမည်ဟုပြောနေခြင်းကြောင့် ယုံရခက်နေခြင်းဖြစ်သည်။

" စုန်မိသားစုကတော့ အလှမ်းကျယ်တော့ အလယ်လပ်ဆိုသလို ဖြစ်ကုန်ပြီပဲ....သူတို့ ဘယ်လောက်တောင် စေ့စပ်ညှိနှိုင်းခဲ့ရမလဲဆိုတာ ဘယ်သူသိနိူင်မှာလဲ...ဒါပေမယ့် သူတို့ အကြိတ်အနယ် ကြိုးစားထားခဲ့သမျှက သခင်လေးရဲ့ ပိုကောင်းတဲ့ရေအရင်းမြစ်ကြောင့် သဲထဲရေသွန်ဖြစ်ကုန်ပြီ....တွေးရင်း တွေးရင်းနဲ့ စုန်ချီယုကိုတောင် သနားလာမိတယ်....."

လီလော့ ချိုင်ဝေ့ကို ပြုံးရုံသာ ပြုံးပြလိုက်တော့သည်။ ယခုချိန်တွင် စည်းတံဆိပ်ကိုးခုအဆင့်သာရှိသေးသည့်အတွက် အဆင့်သုံးဝိဉာဉ်ရည်ကို အဆင့်မြှင့်နိူင်လောက်သည်အထိ လျှို့ဝှက်ရေးအရင်းမြစ်များကို ထုတ်မပေးနိူင်သေးပေ။

အဆင့်သုံးဝိဉာဉ်ရည်ကိုပါ အဆင့်မြှင့်နိုင်မည်ဆိုပါက စုန်မိသားစုအတွက် အသက်ရှူရန် ကယ်ပေါက်ပင် ကျန်လိမ့်မည်မဟုတ်ပေ။

" နေစမ်းပါဉီး....နင်က သိပ်မကြာခင် ကောလိပ်ကိုသွားရတော့မှာမဟုတ်လား...အဲ့အခါကျရင် လျှို့ဝှက်ရေအရင်းမြစ်အတွက် ဘယ်လိုလုပ်ကြမလဲ...... "

ရှီးယန်စံအိမ် ထုတ်ကုန်များ အခုလို အရည်သွေးမြင့်နေရခြင်းမှာ လီလော့ ထောက်ပံ့ပေးနေသော ရေအရင်းမြစ်ကြောင့်သာ ဖြစ်သဖြင့် လီလော့မရှိတော့ပါက အရည်သွေးကို မည်သို့ ထိန်းထားရမည်နည်း။

ထို့အပြင် သန့်စင်မှု 64% ဟုပင် အာမခံပေးခဲ့သေးသည်။

ထိုအချက်ကို လီလော့ ကြိုတင်စဉ်းစားထားပြီးသောကြောင့်......

" ကျွန်တော် ရှမြို့တော်ကနေ လစဉ်လတိုင်း ပို့ပေးမှာပါ......"

လီလော့၏ ပဲ့တင်ထပ်သံစွမ်းအားများ တိုးပွားလာသည်နှင့်အမျှ သူထုတ်လုပ်နိုင်သည့် ရေအရင်းအမြစ် ပမာဏလည်း တိုးလာမည်ဖြစ်သည်။ ၎င်းသည် ထျန်ရှုစီရင်စုအတွက် လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ပေလိမ့်မည်။

" ဒါပေမယ့် သခင်လေး ရှမြို့တော်ကိုသွားရင် ငါလည်း ပြန်လိုက်သွားရတော့မယ်....ငါဒီကိုရောက်နေတယ်ဆိုတာ ဘဏ္ဍာရေးကိစ္စတွေစီမံခန့်ခွဲပေးဖို့သက်သက်ပဲ....အခု ငါလုပ်ပေးသင့်တာတွေ အကုန်လုပ်ပေးပြီးပြီဆိုတော့ ရှမြို့တော်ကို ပြန်သင့်နေပြီ...."

ချိုင်ဝေ ထို့သို့ပြောလိုက်သောအခါ ယန်လင်းချီကလည်း ခေါင်းညိတ်လိုက်ပြီး.........

"အင်း...ရှီးယန်စံအိမ်လည်း ကောင်းကောင်းလည်ပတ်နေပြီပဲ....အခုရက်ပိုင်းအတွင်း ဒုဉက္ကဌနေရာအတွက် ကျန်းချင်းအာ ရွေးပေးထားတဲ့ အဆင့်လေးပဲ့တင်ထပ်သံပြုပြင်သူတစ်ယောက်ရောက်လာလိမ့်မယ်....ကျန်းချင်းအာရွေးထားတဲ့သူဆိုတော့ ရှီးယန်ကို သူ့နဲ့ ယုံယုံကြည်ကြည် လွှဲထားခဲ့လို့ရတယ်....."

" တကယ်ဆို ငါကလည်း ကြယ်တာယာခရီးရှည်ကောလိပ်က ကျောင်းသူတစ်ယောက်ဆိုတော့ နင် ငါ့ကို ဟိုရောက်ရင် စီနီယာအစ်မလို့ခေါ်ရမှာနော်....."

" ဟုတ်တာပေါ့...အစ်မတို့လို အရည်အချင်းရှိသူတစ်ယောက်ကို ထျန်ရှုမှာ ဆက်နေခိုင်းရင် ဖြုန်းတီးရာကျနေမှာပေါ့....."

ချိုင်ဝေသည် ပင်မလော့လန်အိမ်တော်၏ စီမံခန့်ခွဲသူတစ်ယောက်ဖြစ်ပါလျှက်နှင့် ကျန်းချင်းအာ အကူညီတောင်းခံမှုကြောင့် ထျန်ရှုစီရင်စုရှိ လော့လန်အိမ်တော်၏.အခြေနေများကို ထိန်းသိမ်းပေးရန်ရောက်လာခဲ့ခြင်းဖြစ်သည်။ပဲ့တင်ထပ်သံပြုပြင်သူခန်းမ၏ ထူးချွန်သူတစ်ဉီးဖြစ်သော ယန်လင်းချီသည်လည်း ကျန်းချင်းအာကြောင့်ပင် ရှီးယန်သို့ရောက်လာခဲ့ခြင်းဖြစ်သည်။

လီလော့ ထျန်ရှုကနေ ထွက်ခွာတော့မည်ဖြစ်သောကြောင့် ထိုနှစ်ယောက်လည်း ထျန်ရှုတွင် ဆက်နေစရာအကြောင်းမရှိတော့ပေ။

" နင်ဘယ်တော့လောက် ကောလိပ်ကိုသွားမှာလဲ....."

" နောက်ထပ်လဝက်လောက်တော့ အချိန်ယူချင်သေးတယ်....."

အချိန်တစ်လကျော်သာ ကျန်တော့​သောကြောင့် ဒုတိယမြောက်ပဲ့တင်သံအတွက် ခြောက်ရောင်ခြယ်လှည်းဘီးပေါ်က အပေါက်များကို တတ်နိူင်သမျှ ဖြည့်သွားခဲ့ချင်သည်။

"မဆိုးပါဘူး...အခုကတည်းက ကြိုတင်ပြင်ဆင်ထားမှာ သွားခါနီးရင် အဆင်သင့်ဖြစ်နေမှာ....."

ချိုင်ဝေ အိမ်ပြန်ရတော့မည်ဖြစ်သောကြောင့် အတော်ပင်တက်ကြွနေရှာသည်။

"ငါ့ ကလေးလေး ချင်းအာကို မတွေ့ရတာကြာတော့ လွမ်းနေပြီ....."

ယန်လင်းချီ၏ အပြောကို လီလော့ခေါင်းညိတ်ထောက်ခံလိုက်ပြီး.....

" ဟုတ်တယ်...ကျွန်တော်လည်း ချင်းအာလေးကို လွမ်းနေပြီ.....သူ့ကိုတွေ့တာနဲ့ အားရပါးရကို ပွေ့ဖက်ထားလိုက်ချင်တယ်....."

ထိုစကားကြောင့် ယန်လင်းချီ၏အမူအရာများ တမဟုတ်ချင်း တည်ကြည်လေးနက်သွားလေ၏။

"ကောလိပ်ရောက်ရင် ဆင်ဆင်ခြင်ခြင်နေဖို့ ကြိုသတိပေးထားမယ်နော်....ပေါက်ကရလျှောက်လုပ်လို့ကတော့ သေအောင်ရိုက်ခံရမယ်မှတ်....."

" ကိုယ်ရည်းစား ကိုယ်ဖက်တာတောင် ဖက်လို့မရဘူးလားဗျာ....အစ်မတို့ကောလိပ်ကလူတွေ အသည်းနှလုံးမရှိကြဘူးလား....."

.............. ..........................

ပွဲတော်ပြီးဆုံးသွားချိန်တွင် အေးချမ်းသောနေ့ရက်များ တဖန်ရောက်ရှိလာခဲ့ပြန်သည်။

ရှီးယန်စံအိမ်သည် နေ့စဉ်နှင့်မးအမျှ အရည်သွေးမြင့်မားသော ထုတ်ကုန်များကို ထုတ်လုပ်ရောင်းချနေပြီး အကျိုးမြတ်များစွာ ပိုင်ဆိုင်နိုင်ခဲ့ပါသည်။

နှစ်ပတ်တာ အချိန်ကုန်ဆုံးပြီးချိန်တွင် လီလော့၏ ကျင့်ကြံမှုအဆင့်သည် စည်းတံဆိပ်ဆယ်ခုအဆင့်သို့ ရောက်ရှိခဲ့ပြီဖြစ်သည်။

နောက်တစ်ဆင့်အနေဖြင့် ဆရာသခင်အဆင့်သို့တက်လှမ်းနိူင်ရန် ပဲ့တင်ထပ်သံမျိုးစေ့ချခြင်းအတွက် အခြေခိုင်အောင် ကြိုးစားရပေဉီးမည်။ ထို့အပြင် အချိန်ကို အကျိုးရှိစွာ အသုံးချနိုင်ခဲ့သည့်အတွက် ခြောက်ရောင်ခြယ်လှည်းဘီးပေါ်တွင် ဖြည့်စရာ အပေါက်နှစ်ပေါက်သာ ကျန်ပေတော့သည်။

မည်သို့ပင် ကြိုးစားပါစေ ထိုအပေါက်နှစ်ခုကို လုံးဝမဖြည့်နိုင်ခဲ့ပေ။ ကြည့်ရသည်မှာ ရှားပါးလှသော သစ်သားဓာတ်နှင့် မြေဓာတ်ပစ္စည်းနှစ်မျိုး ရှာဖွေရမည်ထင်သည်။

ရွှေနဂါးဘဏ်တိုက်တွင် သွားရှာခဲ့သော်လည်း လိုချင်သောအရည်အသွေးမျိုးမရခဲ့သာ့်အတွက် ဉက္ကဌလုက ရှမြို့တော်ရှိ ရွှေနဂါးဘဏ်တိုက်တွင် ရှာဖွေရန် အကြံပေးခဲ့သည်။

လီလော့သည် ရွှာငယ်ဇနပုဒ်မှ မြို့ကြီးပြကြီးဆီ ထွက်ခွာရန် အချိန်တန်ခဲ့လေပြီ......

All Chapters