လော့လန်၏အခြေနေ.....
Vol. 7 Ch. 89
နန်ဖန်မြို့၏ အရှေ့ဘက်ဂိတ်တွင်.......
လီလော့ ရထားလုံးရှေ့တွင် မတ်တပ်ရပ်နေပြီး နန်ဖန်းမြို့တော်ကို လွမ်းဆွတ်တမ်းတသောအကြည့်များဖြင့် ကြည့်နေခဲ့၏။
သိတတ်ခါစအရွယ်ကတည်းကနေထိုင်ခဲ့သော ဤမြို့လေးကို ခွဲခွာရပေတော့မည်။
အမျိုးမျိုးသော အမှတ်တရများကိုလည်း ပြန်ပြောင်းသတိရနေမိခဲ့ပါသည်။
နောက်ဆုံးတွင် လီလော့ ရထားလုံးပေါ်တက်လိုက်ပြီး.......
" သွားကြစို့....."
လီလော့အမိန့်ပေးလိုက်သည့်အခါ ခရီးသွားယဉ်တန်း စတင်ရွေ့လျားသွားခဲ့သည်။ ရှမြို့တော်သို့သွားရာခရီးလမ်းသည် အတော်ပင် ရှည်လျားလှပေသည်။ ခရီးပြင်းနှင်မည်ဆိုလျှင်တောင် ဆယ်ရက်ခန့်ကြာပေဉီးမည်။
လော့လန်အိမ်တော် သခင်ငယ်လေး၏ ခရီးစဉ်ဖြစ်သည့်အတွက် သက်တော်စောင့်အများအပြား လိုက်ပါသွားခဲ့ကြသည်။
လှည်းယာဉ်တန်း ထွက်ခွာသွားချိန်တွင် ဖုန်တထောင်းထောင်းထလျှက်ရှိသည်။
ရထားလုံးပေါ်တွင် လီလော့နှင့်အတူ ချိုင်ဝေနှင့် ယန်လင်းချီတို့ပါ လိုက်ပါလာကြပြီး ချိုင်ဝေက စာအုပ်တစ်အုပ်ကို သည်းကြီးမည်းကြီး ဖတ်ရှုနေပြီး ယန်လင်းချီကတော့ ရထားလုံးပေါ်က အလုပ်ရုံအသေးစားလေးထဲတွင် ဝိဉာဉ်ရည်များကို လေ့လာစမ်းသပ်နေသည်။
သူတို့နှစ်ဉီးစလုံးသည် ဆိုင်ရာလုပ်ငန်းတာဝန်အသီးသီးကို စိတ်ချရသူများထံ လွှဲအပ်ပြီးပြီ ဖြစ်သောကြောင့် လီလော့နှင့်အတူ ပြည်တော်ပြန်ခဲ့ကြခြင်းဖြစ်သည်။
" အစ်မချိုင်ဝေ ရှမြို့တော်မှာရှိတဲ့ လော့လန်အိမ်တော်ရဲ့ လက်ရှိအခြေနေကို ပြောပြပါဉီး....."
ချိုင်ဝေ စာအုပ်ပေါ်ကနေ အကြည့်လွှဲလိုက်ပြီး......
"သိပ်မကောင်းဘူး....လော့လန်အိမ်တော်က စီးပွားရေးကောင်းတော့ နှစ်တိုင်း အမြတ်အစွန်း သန်းချီပြီးရနေတယ်ဆိုတော့ အကုန်လုံးက မျက်စိကျနေကြတာ....."
" ဒါ့အပြင် အိမ်တော်မှာလည်း အတွင်းရေး အပြင်ရေးပြသာနာတွေရှိနေသေးတော့ အလစ်ချောင်းနေတဲ့ သူတွေလည်း မနည်းဘူး။လော့လန်အိမ်တော်ရဲ့ အကြွင်းအကျန်ခွန်အားနဲ့ ကျန်းချင်းအာရဲ့ ဖြစ်တည်မှုကြောင့်သာမဟုတ်ရင် အရင်ကတည်းက လှုပ်ရှားမှုတွေ ရှိလာနိုင်လိမ့်မယ်...."
လီလော့ ချိုင်ဝေကို ခေါင်းခါပြလိုက်ပြီး.....
" မဟုတ်သေးဘူး....သူတို့ဘက်ကသာ တကယ်တမ်းမှာ လုပ်နိုင်စွမ်းရှိတယ်ဆို ကျွန်တော်တို့ ဘယ်လိုမှ ခုခံတားဆီးလို့ရမှာမဟုတ်ဘူး......"
ကျန်းချင်းအာ၏ ထိတ်လန့်စရာကောင်းဝေါ ဖြစ်တည်မှုဆိုသည်မှာ ကြယ်တာယာခရီးရှည်ကောလိပ်၏ ကျောင်းသူဟူသော ဂုဏ်ပုဒ်တစ်ခုသာရှိသည်။ ထိုဂုဏ်ပုဒ်သာမရှိပါက ကျန်းချင်းအာကို သတ်ပြီးနေလောက်ပြီ.....
ချိုင်ဝေ လီလော့ကို တအံတသြကြည့်လိုက်ပြီး......
" ဒါဆို သခင်လေးရဲ့ အမြင်ကရော....."
" သူတို့တွေ ကျွန်တော့် မိဘတွေကို ကြောက်နေကြတာ.....ကျွန်တော့်မိဘတွေသာ တကယ်သေဆုံးသွားတာမဟုတ်ခဲ့ရင် သူတို့တွေ လက်လွန်ခြေလွန် လုပ်မိတာတွေအတွက် ပြန်ပေးဆပ်ရမှာကို ကြောက်နေတာ....."
မြို့စားအဆင့်ကျွမ်းကျင်သူနှစ်ဉီး၏ ဒေါသကို ရှပြည်ထောင်စုတွင် ခံနိုင်ရည်ရှိသူ ရှိလိမမ့်မည်မဟုတ်ပေ။
" အင်း....သခင်လေးပြောတာ အကျိုးအကြောင်းသင့်တယ်....."
" ဒါပေမယ့် ဒီခြိမ်းခြောက်နိုင်စွမ်းက အချိန်ကြာလာတာနဲ့အမျှ အားနည်းလာမှာပဲ.....ဘယ်ကျားက မျက်စိရှေ့ကအစာကို လွှတ်ပေးရိုးထုံးစံရှိလို့လဲ....."
လီတိုင်ရွှမ်နှင့်တိုင်တန်လန်တို့၏ ဖြစ်တည်မှုသည် လောဘသမားများကို အချိန်ကြာကြာ ချိန်းခြောက်နိုင်မည်မဟုတ်တော့ပေ။ တစ်နေ့နေ့မှာ လော့လန်အိမ်တော်ရဲ့ အတွင်းရေးတွေ ပေါက်ကြားသွားခဲ့ပါလျှင် အနှေးနှင့်အမြန်ပျက်စီးရမည်မှာ ဧကန်မလွဲပင်......
နောက်နှစ် အိမ်တော်စုဝေးပွဲတွင် အိမ်တော်ထိခိုက်ပျက်စီးစေရန် လုပ်ဆောင်မည့်သူများထဲတွင် ဖေဟောင်ထိပ်ဆုံးကနေ ပါနေမည်မှာ သေချာသလောက်ပင်.....
အချိန်သည် အဓိကကျသော အရာတစ်ခုတစ်နေခဲ့သည်။ စည်းတံဆိပ်ဆယ်ခုအဆင့်လောက်နှင့် ကျားလို ဝံပုလွေလို ရန်သူမျိုးကို မည်သည့်နည်းနှင့်မျှ အံတုနိုင်မည်မဟုတ်ပေ။
နှစ်အနည်းငယ် ကြာပြီးချိန်တွင် သူရော ကျန်းချင်းအာပါ မြို့စားအဆင့်ရောက်တော့မှသာ လော့လန်အိမ်တော်ကို ကောင်းစွာ ကိုင်တွယ် အုပ်ချုပ်နိုင်ပေလိမ့်မည်။
သို့သော်လည်း ရန်သူများသည် လီလော့တို့ကို ထိုမျှအထိ အချိန်ပေးလိမ့်မည်မဟုတ်ပေ။
" ရှပြည်ထောင်စုမှာရှိတဲ့ အစွမ်းထက်တဲ့အင်အားစုတွေ လော့လန်အိမ်တော်ကို ဘယ်လို ဆက်ဆံကြလဲ....."
" ကြယ်တာယာခရီးရှည်ကောလိပ်နဲ့ ရွှေနဂါးဘဏ်တိုက်ကိုညဖယ်ထားလိုက်မယ်ဆို တော်ဝင်ရုံးတော်က အခုချိန်မှာ အင်အားအကောင်းဆုံးပဲ....လက်ရှိ အုပ်ချုပ်နေတဲ့သူက ငယ်သေးတဲ့အတွက် ဘဏ္ဍာစိုးကပဲ မင်းကြီးကိုယ်စား အုပ်ချုပ်နေရတယ်.....တောင်ဝင်ရုံးတော်လက်အောက်မှာ အမျိုမျိုးသော အင်အားစုတွေနဲ့ ထိပ်တန်းအိမ်တော် ငါးခုရှိနေတယ်....."
"ထိပ်တန်းအိမ်တော် ငါးခုထဲမှာမှ ဒူဇီအိမ်တော်နဲ့ ဂျိရန်အိမ်တော်တို့က လော့လန်အိမ်တော်နဲ့ ရန်ုငြိုးကြီးကြီးမားမားရှိထားကြတယ်....လန်လင်းအိမ်တော်နဲ့ကတော့ ဆက်ဆံရေးပြေလည်ပါတယ်....ကျင်းချွဲ့အိမ်တော်ကတော့ ကြားနေဝါဒသမားတွေ၊ကြည့်ရတာ ဒူဇီအိမ်တော်နဲ့ ဂျိရန်အိမ်တော် အားနည်းသွားအောင် လော့လန်အိမ်တော်ကို အသုံးချချင်နေကြပုံရတယ်......"
" သခင်လေး နန်ဖန်းမှာ ရှိနေတုန်းက ဘာပြသာနာမှ မရှိခဲ့ပေမယ့် ရှမြို့တော်ကို ရောက်တာနဲ့ ပြသာနာက သူ့အလိုလိုရောက်လာလိမ့်မယ်....."
ထို့အတွက်လည်း လီလော့ ကြိုတင်ပြင်ဆင်ထားပြီးပါပြီ.....ကျန်းချင်းအာ သူ့ကိုယ်စား စီမံပေးနေသော်လည်း လော့လန်အိမ်တော်၏ အရှင်သခင်အစစ်အမှန်သည် လီလော့ပင်ဖြစ်သည် မဟုတ်လော......
အတိတ်ကာလတုန်းက ဝေးလံခေါင်သီသော နန်ဖန်းတွင် နေထိုင်ခဲ့သည့်အပြင် ဗလာနန်းတော်ရှိသည့်အတွက် လီလော့ကို အရေးတယူ ဂရုစိုက်မည့်သူမရှိခဲ့ပေ။
သို့သော်လည်း အရှုပ်ထွေးများကြားသို့ ခြေချရတော့မည်ဖြစ်သောကြောင့် ရှောင်လွှဲနေရန် မဖြစ်နိုင်တော့ပေ။
ထို့အပြင် အိမ်တော်သခင်တစ်ပါးဖြစ်သည့်အတွက် အရာအားလုံးကို ကျန်းချင်းအာကို ပုခုံးထမ်းခိုင်းနေ၍မဖြစ်သေးပေ။ အရင်က အကူညီမဲ့ပြီး အရည်အချင်းမပြည့်ဝခဲ့ပေမယ့် ယခုချိန်တွင် ကိုယ်ပိုင်ခွန်အားရှိလာပြီဖြစ်သောကြောင့် ကိုယ့်ဝန် ကိုယ်ထမ်းရပေတော့မည်။
" ဟူးးးးး ကျွန်တော့်မိဘတွေက တကယ့်
အရှုပ်ထုပ်တွေ ထားခဲ့တာပဲ......"
လီလော့ လုံလောက်အောင် မသန်မာခဲ့ခြင်းသည်လည်း ရှုပ်ထွေးရခြင်း၏ အကြောင်းရင်းတစ်ခုအဖြစ်ပါဝင်နေခဲ့သည်။ ထို့ကြောင့် မြန်နိူင်သမမျှ အမြန်ဆုံး သန်မာအောင် ကြိုးစားရပေတော့မည်။
ရှပြည်ထောင်စုတွင် ကြယ်တာယာခရီးရှည်ကောလိပ်ထက် ကောင်းသော ကောလိပ်ဟူ၍မရှိတော့ပေ။ လီလော့ ထိုကောလိပ်တွင် ဝင်ခွင့်ရခဲ့သည့်အတွက် အလွန်ပျော်ရွှင်နေခဲ့မိပါသည်။
.......... ..................... ..................... ...........
ခရီးစဉ်တစ်လျှောက်တွင် ထွေထွေထူးထူးလုပ်စရာမရှိသည့်အတွက် နေ့ရက်များကို သက်တောင့်သက်သာ ဖြတ်သန်းခဲ့ကြသည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် ရက်ပေါင်းများစွာ ကုန်လွန်သွားခဲ့လေပြီ......
လီလော့တို့ ရှမြို့တော်ဆီရောက်လာခဲ့ပြီဖြစ်သည်။
လီလော့ ရထားလုံးပေါ်ကနေ လှမ်းမြင်နေရသော ရှမြို့တော်ကြီးကို မျှော်ငေးကြည့်လိုက်သောအခါ အဝေးကမြင်နေရသည့်တိုင် အံ့မခမ်းထည်ဝါမှုများကို မြင်တွေ့နေရသည်။
နန်ဖန်းမြို့သည် ရှမြို့တော်နှင့်ယှဉ်လိုက်ပါက မြုမှုန်မျှသာပင်.....
" ဝိုးးး ရှမြို့တော်ကြီးက ထင်ထားတဲ့အတိုင်း အံမခမ်းပါပဲလား......"
ချိုင်ဝေနှင့် ယန်လင်းချီတို့သည်လည်း အိမ်ပြန်လာနိုင်ခဲ့ပြီဖြစ်သောကြောင့် ပြုံးပန်းဝေဆာလျှက်ရှိကြသည်။
" လမ်းခရီးကလည်း ထင်ထားတာထက်တောင် ချောမွေ့နေသေးတယ်....."
လီလော့စကားပြောနေစဉ်တွင် အလံကိုင်ထားသော လူတစ်စုကိုတွေ့လိုက်ရသည်။
အလံထက်တွင်ရွှေရောင်စာကလေးတစ်ကောင် အတောင်ပျံကျ်နေပုံကို မြင်လိုက်သောကြောင့်.....
" ကျင်းချွဲ့အိမ်တော်ကလား....."
ချိုင်ဝေ တအံတသြရေရွတ်လိုက်မိသည်။
လီလော့လည်း အံသြနေခဲ့မိသည်။ လီလော့ ရှမြို့တော်သို့ရောက်လာခြင်းသည် လျှို့ဝှက်ချက်တစ်ခုမဟုတ်ခဲ့ပေ။ ရှမြို့တော်ကို ရောက်လျှင် ပြိုင်ဘက်အိမ်တော်များ၏ လှုပ်ရှားမှုများနှင့် ကြုံတွေ့ရမည်ကို ကြိုတင်မှန်းဆထားပါသော်လည်း ယခုလို ဆက်ဆံရေးပြေလည်သည့် ကျင်းချွဲ့အိမ်တော်နှင့် စတင်တွေ့ဆုံရမည်မှန်း ထင်မှတ်မထားမိခဲ့ပေ။
သူတို့ဘာများ လိုချင်နေကြတာလဲ.....
သိပ်မကြာခင်မှာ ကြက်သွေးရောင်သတ္တဝါကိုတစ်ကောင်စီးနင်းလာသော ဆတ်သားတစ်ယောက်က......
" ကျုပ်တို့ရဲ့ သခင်မလေးက လော့လန်အိမ်တော်သခင်လေးကို တွေ့ချင်နေတယ်...."
" ကျင်းချွဲ့အိမ်တော်ရဲ့ သခင်မလေး???"
လီလော့ ချိုင်ဝေ့ကို လှမ်းကြည့်လိုက်သည့်အခါ.......
" သခင်မလေးနာမည်က စီချိုးယင်းလို့ခေါ်တယ်.....နင်နဲ့ ရွယ်တူလောက်ပဲ.... သူလည်း ကြယ်တာယာခရီးရှည်ကောလိပ်မှာ တက်မယ့်သူပဲ.....ငါသိသလောက်ဆို နင်တို့နှစ်ယောက် တစ်ခါမှ မတွေ့ဖူးကြဘူးမဟုတ်လား....."
" ကျွန်တော်ရဲ့ ရုပ်ရည်ချောမောမှုကိုကြားပြီး စွဲလန်းသွားတာလားမှမသိတာ......"
ချိုင်ဝေ စိတ်လေသည့်အကြည့်များနှင့်သာ ကြည့်လိုက်တော့သည်။
" အတွေးများနေလို့ အကျိုးမရှိဘူး....သွားတွေ့လိုက်ရင် အကျိုးအကြောင်းသိရမှာပါ....."
လီလော့ ရထားလုံးပေါ်က ဆင်းလိုက်ပြီး ဆတ်သား လမ်းပြသည့်နောက်ကို လိုက်သွားခဲ့လိုက်သည်။
"သက်တော်စောင့်တွေ ခေါ်မသွားဘူးလား...."
ချိုင်ဝေ သတိလှမ်း ပေးလိုက်သော်လည်း လီလော့ လက်ခါပြလိုက်ပါသည်။
လီလော့ကို ရူးမိုက်စွာဖြင့် ရှမြို့တော်အတွင်း တိုက်ခိုက်ရဲလိမ့်မည်မဟုတ်ပေ။ လော့လန်အိမ်တော်မည်မျှပင် ကျဆင်းနေပါစေ လက်ကျန်ခွန်အားအချို့ရှိနေသေးသည်မဟုတ်လော.....
ကြက်သွေးရောင်သတ္တဝါကြီးသည် တောင်စောင်းတစ်ခုပေါ်သို့ ပြေးတက်သွားလေ၏။
တောင်စောင်းပေါ်တွင် ကြီးမားသော သားမွှေးကောဇောတစ်ချပ်ခင်းကျင်းထားပြီးအစိမ်းရောင်ဆံပင်နှင့်ကောင်မလေးတစ်ယောက်က ပုဆစ်တုပ်ထိုင်နေလေ၏။ ထိုကောင်မလေးသည် တောင်စောင်းပေါ်တက်လာသော လီလော့ကို စောင့်ကြိုနေဟန်ဖြင့် စိုက်ကြည့်နေသည်။