စီချိုးယင်း......
Vol. 7 Ch. 90
လီလော့ ထိုကောင်မလေးကို တစ်ချက်ကြည့်လိုက်ပြီး ကြက်သွေးရောင်သတ္တဝါကြီးပေါ်က ခုန်ဆင်းလိုက်သည်။
ထိုကောင်မလေးသည် ပေါ့ပေါ့ပါးပါးဝတ်ဆင်ထားသောလည်း လှပသော ကောက်ကြောင်းများကို ဖုံးကွယ်မထားနိုင်ခဲ့ပေ။ သူမသည် ကောဇောပေါ်က စားပွဲနောက်တွင် ခြေဗလာဖြင့် ပုဆစ်တုပ်ထိုင်နေခြင်းဖြစ်သည်။
သူမသည် မျက်ခုံးကောင်းကောင်းနှင့် အမှန်ပင်ကြည့်ကောင်းသူတစ်ယောက်ဖြစ်သည်။
လီလော့ သူမနှင့် မျက်နှာချင်းဆိုင်နေရာတွင် ဝင်ထိုင်လိုက်ပြီး......
" စီချိုးယင်း မဟုတ်လား...."
" လီလော့ မဟုတ်လား...."
သူမ၏ အသံသည် တေးသီငှက်သီကျူးသံကဲ့သို့ ချိုမြိန်လှပေသည်။
"တော်သေးတာပေါ့ .....လူမမှားသွားလို့....."
"ရှင်က မိဘနှစ်ပါးဆီကနေ ရုပ်ရည်ချောမောမှုကို အမွေရထားခဲ့တာပဲ....."
" ကျုပ်က ရုပ်ရည်ကလွဲရင် ကျန်တဲ့နေရာတွေမှာ ချို့တဲ့နေတယ်လို့ ပြောချင်တာလား...."
" အဲ့လိုပြောတာမဟုတ်ပါဘူး....ထျန်ရှုရဲ့ နံပါတ်တစ်ချန်ပီယံကို အထင်မသေးဝံ့ပါဘူး....."
" မင်းက ရှကျောင်းတော်ကလား...."
ရှကျောင်းတော်သည် နန်ဖန်းကျောင်းတော်ကဲ့သို့ ထင်ရှားသောကျောင်းတော်တစ်ခုဖြစ်သည်။ သို့သော်လည်း ရှကျောင်းတော်၏ ကျော်ကြားမှုသည် နန်ဖန်းကျောင်းတော် လိုက်မမှီနိုင်သော အနေအထားတွင်ရှိနေသည်။
"ဟုတ်တယ်....ဒါပေမယ့် ဒုတိယပဲရခဲ့တယ်...."
"ထိပ်တန်းကျောင်းတော်မှာ ဒုတိယရတာဆိုတော့ အထင်ကြီးလောက်ပါပေတယ်...."
လီလော့ သူမကို အလကားသက်သက်ချီးကျုးနေခြင်းမဟုတ်ပေ။ ထိုမိန်းကလေးသည် ပဲ့တင်ထပ်သံစွမ်းအားများကို ထုတ်မပြသော်လည်း အနည်းဆုံးတော့ ဆရာသခင်အဆင့်တွင်ရှိနေမည်မှာ သေချာသလောက်ပင်.....
စကားလုံးအနည်းငယ် ဖလှယ်ပြီးချိန်တွင် လီလော့ သူမကို အကဲခတ်နိုင်ခဲ့လေပြီ....အပေါ်ယံတွင် အေးချမ်းတည်ငြိမ်သည်ဟုထင်နေရသော်လည်း မာနကြီးမှုသည်
အရိုးထဲထိစိမ့်ဝင်နေသည်အထိ စွဲမြဲနေသည်ကို မြင်လိုက်ရသည်။
သူမသည် အိမ်တော်သခင်မလေးတစ်ပါးဖြစ်သည့်အပြင် ကျင်းချွဲ့အိမ်တော်၏ လက်ရှိ အခြေနေသည် လော့လန်အိမ်တော်ထက် ပိုသာနေသဖြင့် လီလော့ ထိုအချက်ကို နားလည်ပေးနိူင်ပါသည်။
" စီသခင်မလေး ကျုပ်ကို ဒီနေရာမှာ တကူးတကလာကြိုတာတော့မဟုတ်ဘူးမလား....."
စီချိုးယင်းက မေးခွန်းကို တိုက်ရိုက်မဖြေဘဲ လှမ်းမြင်နေရာသော ရှမြို့တော်ကို လက်ညိုးထိုးပြနေပြီး.....
"ရှင့်ကို ရှကျောင်းတော်သားတစ်စုက ပြသာနာရှာဖို့ ပြင်ဆင်နေကြတယ်....အဲ့လူတွေရဲ့နောက်ကွယ်မှာ ဒူဇီပိုင်ရွှမ်းရှိနေတယ်....."
" ဟင်....ကျုပ် သူတို့နဲ့ တစ်ခါမှရန်မဖြစ်ဖူးပါဘူး....."
"ဒူဇီအိမ်တော်နဲ့ လော့လန်အိမ်တော်က နှစ်ပေါင်းများစွာ ရန်ငြိုးဖွဲ့လာခဲ့ကြတာ....ဒူဇီပိုင်ရွှမ်းက အစ်မချင်းအာကို မထိရဲတော့ ရှင့်ဘက်လှည့်မဲဖို့ ကြံနေတာ....."
" အော်...အဲ့သလိုလား....သတိပေးလို့ ကျေးဇူးပါပဲဗျာ....."
" ရှင် လော့လန်အိမ်တော်ရဲ့ လက်ရှိအခြေနေကို သိရဲ့လား...."
" ပြောစရာရှိရင် ပွင့်ပွင့်လင်းလင်းသာ ပြောပါ.....ရွယ်တူချင်းတွေကို စကားပုလ္လင်ခံမနေပါနဲ့....မသိရင် မင်းက ငါ့ထက် အသက်အများကြီးပိုကြီးနေတာကျနေတာပဲ....."
" ဒါဆိုလည်း ကျွန်မမေးမယ်....ရှင် လော့လန်အိမ်တော်ကို ကာကွယ်ပေးချင်လား....."
" ကာကွယ်ပေးချင်တာပေါ့....ဒါပေမယ့် ကျုပ်အဖြစ်က အဖက်ဖက်ကနေ အဝိုင်းခံထားရသလိုဖြစ်နေတော့ ပြောသလာက်ဘယ်လွယ်ပါ့မလဲ....."
" ကျွန်မမှာ နည်းလမ်းရှိတယ်....လော့လန်နဲ့ ကျင်းချွဲ့သာ လက်ထပ်ပွဲတစ်ခုလုပ်ပြီး မဟာမိတ်ဖွဲ့လိုက်မယ်ဆို ဘယ်သူ့ကိုမှ ကြောက်နေစရာမလိုတော့ဘူး....."
" ဟမ်? ?? စိတ်မကောင်းပါဘူး...ကျုပ်ကစေ့စပ်ထားပြီးသားပါ...အဲ့တော့ ခင်ဗျားနဲ့ စေ့စပ်ဖို့မဖြစ်နိူင်တော့ဘူး...."
" ရှင်နဲ့ကျွန်မ စေ့စပ်မယ်လို့ပြောနေတာမဟုတ်ဘူး!!!"
" ကျွန်မ အစ်ကိုနဲ့ အစ်မချင်းအာကို စေ့စပ်ပေးဖို့ပြောနေတာရှင့် !!!"
" ဒါဆို ပိုလို့တောင် မဖြစ်နိူင်တော့ဘူးလို့ပဲမှတ်လိုက်ပါ...."
" လီလော့ ရှင် အရူးကွက်နင်းမနေနဲ့......ကျွန်မ ပြောလိုက်တဲ့စကားတွေရဲ့ အကျိုးဆက်ကို ရှင်နားလည်လို့လား....လော့လန်အိမ်တော်ကို ကာကွယ်ချင်တယ်ဆို တန်ရာတန်ကြေးတော့ပေးရမှာပဲ....ရှင် အစ်မချင်းအာနဲ့ စေ့စပ်ထားတာကို ဖျက်သိမ်းပေးလိုက်မယ်ဆို အစ်မချင်းအာနဲ့ ကျွန်မအစ်ကို လက်ထပ်လို့ရပြီ....နှစ်အိမ့်တစ်အိမ်ပူးပေါင်းပြီးသွားရင် ကျွန်မတို့တွေ လော့လန်အိမ်တော်ကို နောက်ဆုံးအချိန်ထိ ကာကွယ်ပေးသွားမှာပါ....."
" ဒါတွေက မင်းရဲ့ ကိုယ်ပိုင်ဆန္ဒတွေလား...ဒါမှမဟုတ် ကျင်းချွဲ့အိမ်တော်အတွက် ပြောပေးနေတာတွေလား....."
" ရှင့်ဘက်ကသာ သဘောတူမယ်ဆို ဒါဟာ ကျွန်မတို့ ကျင်းချွဲ့စံအိမ်ရဲ့ သဘောထားဖြစ်နေမှာပါ....အစ်မချင်းအာနဲ့ ကျွန်မအစ်ကိုသာ လက်ထပ်လိုက်မယ်ဆို အကျိုးအမြတ်တွေအများကြီး ရလာနိုင်မှာ......"
" ဘာလိုပဲဖြစ်ဖြစ် ကျုပ်ဘက်က လုံးဝသဘောတူမှာမဟုတ်ဘူး..... "
" ရှင် လော့လန်အိမ်တော်ကို မကာကွယ်ပေးချင်ဘူးလား!!!"
" ကာကွယ်ပေးချင်တာပေါ့.... အိမ်တော်ကိုလည်း ကာကွယ်ပေးချင်တယ်....ကျန်းချင်းအာကိုလည်း လိုချင်တယ်......"
" ရှင် သိပ်ကို လောဘကြီးတာပဲ....လောဘကြီးသူတိုင်းက အဆုံးသတ်မလျကြဘူး....ကျွန်မတို့ ကျင်းချွဲ့အိမ်တော်က လောဘကြီးသူတွေနဲ့ မိတ်ဆွေဖွဲ့မှာမဟုတ်ဘူး......"
" မင်း သိပ်ကိုနုံအလွန်းတာပဲ....မိတ်ဆွေဖွဲ့တယ်ဆိုတဲ့စကားလုံးကို မင်းမို့လို့ ယုံကြည်ရဲတယ်.....စွမ်းအားရှိသူတွေကြားမှာ အကျိုးအမြတ်တွက်ချက်တာလွဲရင် ဘာမှမရှိဘူး......"
" လော့လန်အိမ်တော်နဲ့ ကျင်းချွဲ့အိမ်တော်က အခုထိ အခင်မင်မပျက်ရှိနေတယ်ဆိုပေမယ့် မင်းထင်နေသလို ခင်မင်မှုမျိုး မဟုတ်တာတော့ သေချာတယ်.....ကျုပ်တို့ လော့လန်အိမ်တော်သာ အလျင်အမြန်ပြိုလဲသွားရင် အခြားအိမ်တော်တွေအတွက် အစာထိုးကျွေးသလိုဖြစ်နေမှာကို စိုးရိမ်နေတာမဟုတ်လား....ကျုပ်တို့ကို မင်းတို့အိမ်တော်ရဲ့ ဝန်ပထုပ်ဝန်ပိုးတွေကိုပါ ကူထမ်းခိုင်းချင်နေတာမဟုတ်လား..... မင်း ကျင်းချွဲ့အိမ်တော်ကို ကိုယ်စားပြုနိုင်တယ်ဆို ခင်မင်မှုတွေ၊မိတ်ဆွေဖွဲ့မှုတွေအကြောင်း လာပြောမနေနဲ့.....ကျုပ်တို့ လော့လန်အိမ်တော်ကယိုင်နဲ့နေပြီဆိုပေမယ့် အခုထိရပ်တည်နိုင်ပါသေးတယ်....အဲ့လိုရပ်တည်နိုင်ရတာလည်း မင်းတို့ကျေးဇူးတပြားသားမှမပါဘူး....မယုံရင် အိမ်ပြန်ပြီး မင်းမိဘတွေကိုသွားမေးကြည့်လိုက်....စာမတတ်ပေမတတ်တွေကို သင်ပေးနေဖို့ ကျုပ်မှာအချိန်မရှိဘူး....."
လီလော့ ပုံမှန်လေသံနှင့်သာပြောနေသော်လည်း ဒေါသအငွေ့အသက်အချို့ကို စိချိုးယင်းခံစားနေခဲ့မိသည်။
ဘန်းးးးး
သူမ စားပွဲကို ရိုက်ချလိုက်တာကြောင့် ပဲ့တင်ထပ်သံစွမ်းအားများ ဖြာထွက်လာလေ၏။
" ဒီမယ် စီသခင်မလေး..အပြုအမူကို သတိထားပေးပါ စစတွေချင်းမှာတင် မင်းကို စိတ်ပျက်မိတော့မယ်....."
" ရှင် တရားလွန်မလာနဲ့...."
" ကိုယ့်ကိုကိုယ်သာ အရင်ပြန်ကြည့်လိုက်ပါဉီး...ကျုပ်ကို နန်ဖန်းကလာတယ်ဆိုပြီး ငနုံတစ်ယောက်လို လာမဆက်ဆံနဲ့....."
" ကျွန်မက ရှင့်ကို စေတနာနဲ့ အကြံပေးနေတာလေ....."
" ဘယ်သူ့ကိုမှ ယုံကြည်လို့မရတာကြောင့် ကျုပ်တို့ ဘယ်သူဆီကမှ အကူညီယူမှာမဟုတ်ဘူး....လော့လန်အိမ်တော်ကို ထိရင် ကျုပ်နဲ့ ငြိမယ်....."
" ကြည့်ရတာ အစ်မချင်းအာကို ကျွန်မကိုယ်တိုင်မေးရတော့မယ်ထင်တယ်....."
" အိုးးး ဒါပေါ့ ငါ့ဇနီးလောင်းလေးကို သွားမေးသင့်တာပေါ့....."
" ရှင်တော်တော်လွန်နေပြီနော်....ရှင့်ကြောင့်သာမဟုတ်ရင် အစ်မချင်းအာ ဒီလောက်ဒုက္ခခံနေရမှာမဟုတ်ဘူး....."
" ဒါပေါ့ မှီခိုအားထားလောက်တဲ့ဇနီးလောင်းလေးရှိနေတော့ အပူတစ်ဝက်သက်သာရတာပေါ့....မဟုတ်ဘူးလား....."
စီချိုးယင်း ရူးမတတ်ဒေါသထွက်နေလေ၏။လီလော့ကို လျှော့တွက်မိခဲ့မှန်း နားလည်လိုက်ပါပြီ။ ဒီအကောင်က မိန်းမတစ်ယောက်နောက်မှာ ပုန်းအောင်းနေရတာကို ရှက်ရမယ့်အစား ဂုဏ်တောင်ယူနေသေးတယ်.....
လီလော့ သူမကို လျစ်လျူရှုထားလိုက်ပြီး သူတို့ဆီဉီးတည်လာနေသူတစ်စုကို လှမ်းကြည့်နေလိုက်သည်။
ထိုလူစုသည် လော့လန်အိမ်တော်အလံကို ကိုင်ဆောင်ထားကြီးပြီး လှပသောမိန်းမပျိုလေးတစ်ဉီးက ထိုလူစုကို ဉီးဆောင်လာနေခြင်းဖြစ်သည်။
လီလော့ စီချိုးယင်းဘက်လှည့်ပြီး စကားနဲ့ အနိုင်ပိုင်းလိုက်သည်က.....
" ကြည့်လိုက်....ကျုပ်ဇနီးလောင်းလေး ကျုပ်ကိုလာကြိုနေပြီ...."