← Chapters

မဂ်လာပါ...ကျင်းအာ..

Vol. 7 Ch. 91

မဂ်လာပါ...ကျင်းအာ..

Vol. 7 Ch. 91

ကျန်းချင်းအာတို့အုပ်စု တောင်စောင်းနားကိုရောက်လာသည့်အခါ စီချိုးယင်းက လီလော့ကို အဓိပ္ပါယ်ပါပါကြည့်လိုက်ပြီး......

"ကျွန်မ​ပြောတဲ့ အဆိုပြုချက်ကို ရှင့်ဘက်က သဘောမတူဘူးဆိုလည်း မရှိခဲ့သလိုပဲ သဘောထားလိုက်ပါ....."

သူမ၏ အကြည့်များသည် ထိုအကြောင်းအရာများကို ကျန်းချင်းအာရှေ့တွင် မဆွေးနွေးချင်ကြောင်း သိသာလွန်းနေသည်။

လီလော့ ပြုံးရုံသာ ပြုံးနေပြီး ကျန်းချင်အာတို့ကိုသာ ကြည့်နေခဲ့သည်။

အပြာရင့်ရောင် အင်္ကျီလက်တိုလေးကို စကပ်တိုလေးနှင့် တွဲဖက်ဝတ်ဆင်ထားသော ကျန်းချင်အာသည် သေသူကိုပင် ပြန်ရှင်လာစေလောက်သည်အထိ လှပနေပါသည်။

မြင်းပေါ်က ဆင်းလာသော က်ျန်းချင်းအာသည် လီလော့ကို စီချိုးယင်းနှင့်အတူ တွေ့လိုက်ရသောကြောင့်.......

" တီကောင်လေး.... နင် ငါတို့သခင်လေးကို စိတ်ဝင်စားနေလို့ လိုက်ကပ်နေတာလား....."

စီချိုးယင်း အားတင်းကာ ပြုံးပြလိုက်ပြီး.....

"ကျွန်မက ထျန်ရှုစီရင်စုရဲ့ ချန်ပီယံကို မြင်ဖူးချင်လို့ပါ...... "

ကျန်းချင်းအာက လီလော့ကို ကြည့်လိုက်ပြီး.....

" သူပြောတာ ဟုတ်လား...."

စီချိုးယင်းက လီလော့ဆီ သတိပေးသော အကြည့်များ ပစ်လွှတ်နေသည်။

" စီသခင်မလေးက မင်းကိုသူ့အစ်ကိုနဲ့ပေးစားချင်လို့ ငါနဲ့ စေ့စပ်ထားတာကို ဖျက်သိမ်းပေးဖို့ပြောနေတာ......"

//ဘယ်လောက်တောင်နုံအတဲ့ ကောင်မလေးလဲ...လီလော့ဆိုတဲ့ငါ့ကို နန်ဖန်းကလူတွေ ဘာနာမည်ပြောင်ပေးထားလဲ နင်ဘယ်သိပါ့မလဲ.....//

စီချိုးယင်း၏ အပြုံးများ တောင့်ခဲသွားသော်လည်း လီလော့ကို ပြာကျမတတ်စိုက်ကြည့်နေလေ၏။

" တီကောင်လေးက မြေကြီးထဲမှာမနေဘဲ ငါ့ကိစ္စကို ဝင်ရှုပ်ရဲတယ်ပေါ့......"

စီချိုးယင်း လန့်ဖြန့်သွားပြီး.....

" မဟုတ်ပါဘူး....ကျွန်မ ရှင်းပြပါရစေဉီး....."

သူမ ပြောပြီးတာနဲ့ ကောက်ကာငင်ကာကြီး ထပြေးလေးသည်။

ကျန်းချင်းအာ လေထဲကို လက်ညှိုးနဲ့တောက်လိုက်သောအခါ ပဲ့တင်ထပ်သံစွမ်းအားဖြင့်ဖွဲ့စည်းထားသော အလင်းလုံးလေးတစ်ခုသည် စီချိုးယင်း၏ ပုခုံးသို့အရှိန်ပြင်းစွာ ထိမှန်သွားခဲ့သည်။

" အားးးးးး...."

စီချိုးယင်းတစ်ယောက် ပုခုံးကို ဆုပ်ကိုင်ထားပြီး ကျန်းချင်းအာကို မျက်ရည်အဝဲသားနဲ့ လှည့်ကြည့်လိုက်ပြီး.....

"ကျွန်မ မှားသွားပါတယ် အစ်မချင်းအာရယ်....ကျေးဇူးပြုပြီး ထပ်မရိုက်ပါနဲ့တော့နော်....."

ကျန်းချင်းအာသည် စွမ်းအားများကို ပြန်ရုတ်သိမ်းလိုက်ပြီး.....

" ဒါမျိုး ဘယ်တော့မှ ထပ်မလုပ်နဲ့.....နောက်ပြီးတော့ နင့်အစ်ကို ကြိုးဆွဲရာအတိုင်း ရူးရူးမိုက်မိုက် လိုက်လုပ်မနေနဲ့....သူက ထူးချွန်ပေမယ့် ငါသူ့ကို သဘောမကျဘူး....."

ဒါကို ကြားတော့ စီချိုးယင်း ကပျာကယာနဲ့ အစ်ကိုဖြစ်သူဘက်က ကာပြောပေးလိုက်မိသည်။

" ကျွန်မ အစ်ကိုကြီးက မဆိုးပါဘူး....ကောလိပ်က ဆရာတွေကတောင် အစ်ကိုကြီးကို မြို့စားအဆင့်ထိရောက်နိုင်တယ်လို့ မှတ်ချက်ပေးနေကြတာ....."

" မြို့စားအဆင့်တဲ့လား....."

ကျန်းချင်းအာ ခပ်ဖျော့ဖျော့ ပြုံးလိုက်ပြီး....

" နင်တို့ဘက်မှာရှိတာ ဒါအကုန်ပဲလား....."

စီချိုးယင်း အံ့သြနေခဲ့မိသည်။ ဤမေးခွန်းမျိုးကို တခြားသူသာ မေးလာမည်ဆိုပါ သေလောက်အောင် ရိုက်ခံရမည်ဖြစ်သော်လည်း ကျန်းချင်းအာ မေးလာချိန်တွင် သူမ ဘာပြောရမှန်းပင်မသိတော့ပေ။

ထို့ကြောင့် မနိုင် နိုင်ရာ မဲသည့်အနေဖြင့် အေးရာအေးကြောင်း ပွဲကြည့်နေသည့် လီလော့ဘက်ကို လှည့်လိုက်ပြီး.....

"နင် ငါ့အစ်ကိုကြီးကို ယှဉ်လို့မရဘူး....သူကမှ အစ်မချင်းအာနဲ့ အသင့်တော်ဆုံးသူ....."

ထိုအခါ ကျန်းချင်းအာက ပြုံးလိုက်ပြီး.....

"ဟုတ်တာပေါ့...နင့်အစ်ကိုက လီလော့ကို ဘယ်ယှဉ်နိုင်မှာလဲ....လွန်ခဲ့တဲ့ နှစ်လလောက်ကဆို လီလော့မှာ ဗလာနန်းတော်ရှိနေတဲ့အတွက် ကျင့်ကြံလို့တောင်ရခဲ့တာမဟုတ်ဘူး.....အခုဆို ထျန်ရှုစီရင်စုရဲ့ ချန်ပီယံဖြစ်လာခဲ့ပြီ။အချိန်လုံလုံလောက်လောက်သာရမယ်ဆို လီလော့က ကြယ်တာယာခရီးရှည်ကောလိပ်မှာတောင် ပထမနေရာရလာနိုင်မှာ......"

" အစ်မချင်းအာ....စိတ်ကူးယဉ်တယ်ဆိုတာလည်း အကန့်အသတ်တော့ ရှိသင့်ပါတယ်....ဟုတ်တယ်မဟုတ်လား...."

နှစ်လအတွင်း ထျန်ရှုရဲ့ ချန်ပီယံဖြစ်လာခြင်းကြောင့် လီလော့ အတော်ထူးချွန်မှန်း သူမ လက်ခံနိုင်ပါသည်။ သို့သော်လည်း အထူးချွန်ဆုံးသော ပါရမီရှင်များစွာရှိနေသော ကောလိပ်တွင် ပထမရမည်ဟူသော စကားကိုတော့ သူမ လက်မခံနိုင်သေးပေ။

ကျန်းချင်းအာ သူမကို ရှင်းပြမနေတော့ဘဲ ထွက်သွားဖို့သာ လက်ဟန်ခြေဟန်ပြလိုက်လေတော့သည်။

ကူကယ်ရာမဲ့နေသော စီချိုးယင်းသည် ဖိနပ်ကောက်စွပ်လိုက်ပြီး လီလော့ကို မုန်းတီးသော အကြည့်နှင့် ကြည့်လိုက်ကာ ထွက်ခွာသွားလေတော့သည်။

စီချိုးယင်းတို့ ထွက်သွားသာအခါမှသာ လီလော့ ပထမဆုံးအကြိမ်အဖြစ် ပါးစပ်ပွင့်လာခဲ့သည်။

"ရက်စက်လိုက်တာ...ရောက်ရောက်ချင် ဆောက်နဲ့ထွင်းလိုက်သလိုပဲ နင့်ကြောင့် ငါတော့ လူမုန်းခံရတော့မယ်....."

ကျန်းချင်းအာ၏ စကားများသာ ပျံ့နှံ့သွားပါက လီလော့၏ ကောလိပ်ကျောင်းသားဘဝသည် ပိုမိုခက်ခဲကြမ်းတမ်းလာမည်မှာ ဧကန်မလွဲပင်.....

" နင် ငါ့ကို လှည့်စားနေမှန်းသိပေမယ့် ငါ့မှာ လက်ဆုပ်လက်ကိုင် ပြစရာ သက်သေမရှိဘူးဖြစ်နေတယ်....."

ကျန်းချင်းအာသည် အပြစ်ကင်းစင်လှသောယုန်သူငယ် မျက်ဝန်းလေးများနှင့်သာ ကြည့်နေလေ၏။

ကျန်းချင်းအာ၏ ချစ်စဖွယ်အပြုအမူကြောင့် လီလော့ ဆူပူမည့်စကားများကို ပြန်မျိုချလိုက်ရသည်။

သို့သော်လည်း ထိုအမူအရာသည် တခဏမျှသာ တည်ရှိနေခဲ့ပြီး အရင်အတိုင်း တည်ငြိမ်အေးစက်သော အမူအရာအဖြစ် ပြောင်းလဲသွားခဲ့သည်။

"တော်သားပဲ.... ငါက နင် ဝင်ခွင့်ရလောက်မယ်လို့ပဲ ထင်ထားတာ...မမျှော်လင့်ဘဲ ထျန်ရှုရဲ့ ချန်ပီယံတောင် ဖြစ်လာခဲ့သေးတယ်....."

" ဖိအားပေးခံခဲ့ရတာ....အစကနေ အဆုံးထိ ဖိအားပေးခံခဲ့ရတာ......"

လီလော့ ဆက်မပြောချင်တော့သည့်အနေဖြင့် သူမကို ခေါင်းခါပြလိုက်သည်။

ပြောချင်သော်လည်း မူနေသော လီလော့သည် သူမဘက်က ဘာမှဆက်မမေးလာသောကြောင့် အင်တင်တင်ဖြစ်နေရလေသည်။

// အဆင်မပြေရင်တောင် သည်းခံရမယ်.....လူသိခံလိို့မဖြစ်ဘူး....ရှက်ဖို့ကောင်းလိုက်တာကွာ.....//

" အစ်မချိုင်ဝေနဲ့ လင်းချီတို့ဆီသွားရအောင် ငါ သူတို့ကို လွမ်းနေတာ...."

ကျန်းချင်းအာ ပြောပြောဆိုဆိုနဲ့ မြင်းပေါ်ခုန်တက်လိုက်ပြီး တောင်စောင်းအောက်သို့ ပြန်ဆင်းသွားခဲ့သည်။

နှစ်ဉီးသား တောင်စောင်းအောက်သို့ ရောက်လာချိန်တွင် နေဝင်ရီတရော အချိန်ဖြစ်နေသဖြင့် ကောင်းကင်ကြီးသည် တမျိုးတဖုံလှပနေသည်။

ရထားလုံးအပြင်ဘက်တွင် စောင့််ဆိုင်းနေကြသော ချိုင်ဝေနှင့် ယန်လင်းချီတို့က ကျန်းချင်းအာတို့အတွဲကို လှမ်းမြင်လိုက်ရသောအခါ.....

" ဒီလိုဆိုတော့လည်း သူတို့နှစ်ယောက်က လိုက်ဖက်ညီသားပဲ....."

သိပ်မကြာခင်မှာ လီလော့တို့ ရောက်ရှိလာခဲ့ကြသည်။

" ချင်းအာ...ငါနင့်ကို သေလောက်အောင်လွမ်းနေတာ....."

ယန်လင်းချီသည် ယခင်ကနှင့်မတူဘဲ ပျော်ရွှင်မြူတူးစွာနှင့် ကျန်းချင်းအာကို ပြေးဖက်လိုက်သည်။

ချိုင်ဝေကတော့ ခပ်ပြုံးပြုံးနဲ့သာ ကြည့်နေလေ၏။သို့သော်လည်း ကျန်းချင်းအာက သူမကိုပါ ဆွဲဖက်လိုက်သည်။

"ကြိုးစားပေးခဲ့ကြတဲ့အတွက် အစ်မချိုင်ဝေနဲ့လင်းချီကို တကယ်ကျေးဇူးတင်ပါတယ် ....."

မိန်းမလှသုံးဉီးတွေ့ဆုံပွဲတွင် လီလော့ကတော့ အပိုလူတစ်ယောက်သဖွယ် ဘေးဖယ်ခံထားရရှာသည်။

// ဟွန့် ....နန်ဖန်းမှာတုန်းက ရဲဘော်ရဲဘက်တွေလို အတူနေအတူစားခဲ့ကြပြီး အခုကျတော့ ငါ့ကိုဘေးဖယ်ထားတယ်.....//

" လီလော့ လာလေ...ငါတို့နဲ့အတူ ပျော်ကြရအောင်....."

ယန်လင်းချီ လှမ်းခေါ်လိုက်သော်လည်း ကျန်းချင်းအာကပါ ခေါင်းညိတ်ပြလိုက်သောကြောင့် လီလော့ မပီမပြင်ပြုံးပြလိုက်ပြီး.....

"မိန်းကလေးတွေကြားမှာ ဘာဝင်လုပ်ရမှာလဲ....မလာပါဘူး....ကိုယ့်ဘာကိုယ် ပျော်ကြ...."

သုံးယောက်သား ပျော်နေကြသည်ကို လီလော့ရပ်ကြည့်နေခဲ့ရသည်။

အတော်လေးကြာတော့မှသာ အလွမ်းသယ်လို့ပြီးသွားခဲ့ကြသည်။

ယန်လင်းချီနှင့် ချိုင်ဝေတို့က မြင်းပေါ် ခုန်တက်လိုက်ကြပြီး ကျန်းချင်းအာကတော့ ရထားလုံးထဲ ဝင်ထိုင်လိုက်ပြီး.....

" နင် မလာသေးဘူးလား....နင်စာမေးပွဲ​​​ဖြေတုန်းကအကြောင်းတွေ ပြောပြပါဉီး....."

လီလော့ အရှက်ပြေချောင်းဟန့်လိုက်ပြီး......

" သိပ်တော့လည်း ထွေထွေထူးထူးတော့ မဟုတ်ပါဘူး......"

" ဒါဆိုလည်း ပြောမနေနဲ့တော့....."

" ဟမ်...နင်သာ စိတ်ဝင်စားမယ်ဆို ငါပြောပြပါ့မယ်....."

တခဏအကြာတွင် ကျန်းချင်းအာ၏ ရယ်သံလွင်လွင်လေးသည် ရထားလုံးထဲမှ ပျံ့လွှင့်လာခဲ့သည်။

All Chapters