အထူး အဆက်အသွယ်.....
Vol. 7 Ch. 92
ရှမြို့တော်နှင့် အလွန်နီးကပ်နေပြီဖြစ်သောကြောင့် လီလော့တို့၏ ယာဉ်တန်းသည် အခြားသွားလာနေသော လူအုပ်များထဲတွင် ရောနှောလျှက်ရှိသည်။မြို့ကြီးပြကြီး ပီပီ ရှမြို့တော်သည် လူဉီးရေထူထပ်ကာ အလွန်ပင်စည်းကားသိုက်မြိုက်နေတော့သည်။
ရထားလုံးထဲတွင်မူ......
လီလော့သည် စာမေးပွဲဖြေဆိုစဉ်က ကြုံတွေ့ခဲ့ရသမျှကို ကျန်းချင်းအာကို ပြောပြနေသည်။
" ငါက ထိပ်တန်းဆယ်ယောက်စာရင်းဝင်ရင် တော်ပြီလို့ပဲ တွေးထားတာ...ဖိအားပေးခံရလို့သာ အခုလိုတွေဖြစ်လာရတာ...."
ကျန်းချင်းအာက စားပွဲပေါ်လက်ထောက်ထားပြီး......
" လုချင်းအာကို ကြည့်ရတာ နင့်ကိုတော်တော်စိတ်ဝင်စားနေပုံပဲနော်....."
လီလော့ ဆို့နင့်သွားရလေပြီ....ဘယ်လိုဖြစ်လို့ စကားလမ်းကြောင်း လွဲသွားရတာလဲ.....
" ငါတို့က အတန်းဖော်တွေပါ....."
" ဘာမှမဟုတ်ပါဘူး.... ငါ သူ့ကို မြင်ဖူးသားပဲ....သူ့ကိုတောင်ဆွဲဆောင်နိုင်တယ်ဆိုတော့ နင့်ရဲ့ ဆွဲဆောင်မှုက ပေါ့သေးသေးတော့မဟုတ်ဘူးနော်...."
ကျန်းချင်းအာကို ကြည့်ရသည်မှာ အတည်ပေါက်ကြီး ပြောနေပုံရသည်။
သို့ပေမယ့်လည်း ကျန်းချင်းအာ ဘာမှခံစားနေရပုံမရသဖြင့် လီလော့ စိတ်မကောင်းဖြစ်မိသွားခဲ့သည်။ ကျန်းချင်းအာသည် သူ့အပေါ် ယောက်ကျားနှင့်မိန်းမကြားက ဆက်ဆံရေးမျိုး ရှိမနေသည်မှာ သေချာသလောက်ပင်.....
တကယ်ဆို ကျန်းချင်းအာသူ့အပေါ် တစ်ခုခုခံစားနေသင့်ပေသည်။ အခုဟာက ငယ်စဉ်ကတည်းက အတူကြီးပြင်းလာသည့် မောင်ငယ်တစ်ဉီးအပေါ် အစ်မတစ်ဉီး၏ စိတ်ပူမှုမျိုးနှင့်သာ စိတ်ပူနေပုံရသည်။
ကျန်းချင်းအာ ကိုယ့်စိတ်ကို သေချာမသိသေးသည်လည်း ဖြစ်ကောင်းဖြစ်နိုင်ပေလိမ့်မည်။
ကျန်းချင်းအာသည် ယခုချိန်တွင် လီလော့၏ ဇနီးလောင်းဖြစ်နေသောကြောင့် အရာအားလုံးအပေါ် ယုံကြည်စိတ်ချနေပြီး လီလော့အတွက် ဘယ်အရာမဆို လုပ်ကိုင်ပေးနေသော်လည်း လီလော့အပေါ် ချစ်သူတစ်ယောက်လို သဘောမထားသည်မှာ သေချာနေလေ၏။
သူမ၏ ကိုယ်ပိုင်အမြင်ရ ယောက်ကျား မိန်းမဆက်ဆံရေးသည် လီလော့နှင့်သူမ၏ ဆက်ဆံရေးလောက် ရှုပ်ထွေးမနေသင့်ဟုပင် ယူဆထားသည်။
လီလော့ တိတ်တဆိတ်သက်ပြင်းချလိုက်မိသည်။ အရာရာကို ဖြေးဖြေးချင်း လုပ်ဆောင်ရမည်မှန်း လီလော့သိပါသည်။ သူမနှင့် လီလော့ကြားက ရှုပ်ထွေးမှုတွေကို ဖြေရှင်းနိူင်ဖို့အတွက် အရင်ဆုံး စေ့စပ်ပွဲဖျက်သိမ်းရပေမည်။
စေ့စပ်ပွဲ ဖျက်သိမ်းပြီးမှသာလျှင် ရှုပ်ထွေးနေသော ခံစားချက်များပျောက်ပျက်သွားပြီး နှစ်ဉီးသားကြားတွင် စစ်မှန်သော ခံစားချက်များ ပေါက်ဖွားလာပေလိမ့်မည်။
ကျန်းချင်းအာ၏ စိတ်နှလုံသားကို ဖမ်းစားနိုင်ရင် ခရီးရှည်ကြီးတစ်ခုဖြတ်သန်းရပေဉီးမည်။
လီလော့၏ အတွေးများကို မသိရှာသော ကျန်းချင်းအာကတော့ ပေါ့ပါးသော အပြုံးတစ်ခုဖြင့်.....
" ဘာပဲဖြစ်ဖြစ် နင်စာမေးပွဲမှာ ပထမရတဲ့အတွက် ဂုဏ်ယူပါတယ်....."
" နင်ပြောထားတဲ့ ပန်းတိုင်အတွက် ငါ ပထမအဆင့်အောင်မြင်သွားပြီမဟုတ်လား....."
" အင်း...ငါမှန်းထားတာထက်တောင် သာလွန်နေသေးတယ်....."
လီလော့ ပထမရမည်ဟု သူမ တကယ်ကိုထင်မထားမိခဲ့ပေ။လီလော့သည် လွန်ခဲ့သောနှစ်လခန့်က ဗလာနန်းတော်ရှိနေသည့်အတွက် မကျင့်ကြံနိုင်ခဲ့သော်လည်း ယခုလို စီရင်စုကိုယ်စားပြုအဆင့်ထိ တက်လှမ်းနိုင်ရန် သူမတူအောင် ကြိုးစားအားထုတ်ခဲ့ရမှန်း သူမ နားလည်မိပါသည်။
" ဆုလေးဘာလေး မပေးချင်ဘူးလား...."
ကျန်းချင်းအာ တခဏလောက်စဉ်းစားပြီးနောက်.....
" ငါ့ကို နိုင်အောင်တိုက်....အဲ့အခါကျမှ ဆုချမယ်....."
" နင့်ကို နိူင်အောင်နိုင်ရမယ်.....ငါက အလကားသက်သက်အရိုက်ခံမယ်ကောင်လို့များ ထင်နေတာလား.....ငါ့ဘက်က နိုင်ရင်တောင် နင် စကားကိုတစ်မျိုးလှည့်ပြောဉီးမှာပဲလေ....ငါ ဂျင်းထည့်ခံလာရတာ နှစ်ပေါင်းမနည်းတော့ဘူး... နင် ခက်ခက်ခဲခဲရုန်းကန်ခဲ့ရသမျှကို လက်စားပြန်ချေချင်နေတာမဟုတ်လား"
" ဒါပေမယ့် နင် ထျန်ရှုမှာတုန်းက လော့လန်အိမ်တော်အတွက် ဉာဏ်နီဉာဏ်နက်သုံးပြီး အကျိုးအမြတ်တွေ ရှာပေးခဲ့တယ်မဟုတ်လား....အစ်မ ချိုင်ဝေပြောပြလို့ ငါအကုန်သိပြီးပြီ....."
" ငါ့မှာလည်း အခြားနည်းလမ်းမှ မရှိတော့တာ...အကျိုးအမြတ်တွေသာ မရတော့ဘူးဆို ငါ့ကိုယ်ငါ ကျွေးမွေးထားဖို့ တတ်နိုင်မှာ မဟုတ်ဘူးလေ......"
" အော် ဒါနဲ့...ငါ ဝိဉာဉ်ရည်နဲ့သန့်စင်တဲ့အလင်းတွေ လိုနေတယ်လို့ အစ်မချိုင်ဝေနင့်ကို မပြောလိုက်ဘူးလား....."
လီလော့ လက်ဖဝါးဖြန့်လိုက်သည့်အခါ သန့်စင်သော အပြာရောင် ရေပဲ့တင်ထပ်သံစွမ်းအားများ စုစည်းလာခဲ့သည်။ ထိုစွမ်းအားများကို မြင်သောအခါ ကျန်းချင်းအာ မျက်လုံးပြူးသွားခဲ့လေသည်။
" ငါ ထျန်ရှုမှာရှိနေတုန်းက နင့်ပဲ့တင်ထပ်သံစွမ်းအား အဲ့သလောက် အားမကောင်းပါဘူး....."
" အဲ့တာ ငါ့မိဘတွေ ချန်ထားပေးခဲ့တဲ့ ပဲ့တင်ထပ်သံကြောင့်ပဲ....ငါ့ ဗလာနန်းတော်တွေက အခြားသူတွေထက် ပိုပြီး အညစ်ကြေးသန့်စင်နိုင်တဲ့အတွက် ဝိဉာဉ်ရည်တွေသုံးပြီး အဆင့်မြှင့်နိုင်ခဲ့တယ်...."
ကျန်းချင်းအာကို လျှို့ဝှက်ထားစရာမလိုသည့်အတွက် လီလော့ အခုလို ပြောပြလိုက်ခြင်းဖြစ်သည်။
" သိပြီ..."
ဖန်တီးတုပထားသော ပဲ့တင်ထပ်သံ၏ စွမ်းအားကို မျက်ဝါးထင်ထင်တွေ့မြင်လိုက်ရသည့်အတွက် ကျန်းချင်းအာ ထိတ်လန့်အံ့သြနေခဲ့မိသည်။
" ငါ့ရဲ့ ပဲ့တင်ထပ်သံက အခုဆို အဆင့်ခြောက်ရောက်နေပြီ...ထပ်ပြီး အဆင့်မြှင့်ပေးဖို့ အဆင့်ခြောက် ဝိဉာဉ်ရည်တွေ လိုအပ်နေသေးတယ်....."
ဤအချိန်သည် လီလော့ ကျန်းချင်းအာကို ချွဲရတော့မည့် အလှည့်ပင်......
" အစ်မကြီးချင်းအာ... ဝယ်ပေးမယ်မဟုတ်လားဟင်......"
ကျန်းချင်းအာ ရယ်မောလိုက်ပြီး.....
" ဘယ်လောက်လိုလို့လဲ....."
" ခန့်မှန်းချေ ပုလင်းနှစ်ရာလောက်ပါပဲ...."
// အစ်မကြီးချင်းအာပဲကောင်းတယ်.....အစ်မချိုင်ဝေကို အားကိုးနေလို့မရတော့ဘူး....//
ကျန်းချင်းအာ စိတ်ထဲကနေ အကြမ်းဖျဉ်း တွက်ချက်ကြည့်လိုက်သောအခါ....
//တစ်ပုလင်းကို သုံးသောင်းဆိုတော့...ပုလင်းနှစ်ရာဆို ခြောက်သန်း......//
" မေ့လိုက်တော့....ငါအဲ့လောက်ထိ မတတ်နိုင်ဘူး .....ငါ့အထင် နင့်ကို နန်ဖန်းပြန်ပို့လိုက်တာ ပိုကောင်းမယ်ထင်တယ်....."
" ကျန်းချင်းအာ! !! လော့လန်အိမ်တော်မှာ စီးပွားရေး လုပ်ငန်းတွေ အများကြီးရှိနေရဲ့သားနဲ့...နင် ငွေတွေအလွဲသုံးစားလုပ်ထားလို့လား....ခြောက်သန်းလောက်ကို ဘာလို့ မတတ်နိုင်ရတာလဲ....."
" စီးပွားရေး လုပ်ငန်းတွေ အများကြီးရှိနေတဲ့လား..လော့လန်အိမ်တော်က အမိုးပေါက်နေတဲ့ အိမ်ပျက်ကြီးလို ဖြစ်နေတာဟဲ့....အဲ့တာတွေကို ပြင်ဆင်ဖို့ငါဘယ်လောက် အကုန်ခံလိုက်လဲ နင်သိရဲ့လား.....နှစ်ပေါင်းများစွာစုဆောင်းထားသမျှ ကုန်လုနီးပါးပဲ....."
" ဒါ့အပြင် ဖေဟောင်ကလည်း လုပ်ငန်းခွဲသုံးခုကို လူအင်အားရော ငွေအင်အားပါ အပိုင်သိမ်းသွားလိုက်သေးတယ်.....အဲ့လုပ်ငန်းသုံးခုက ရသမျှ တပြားမှ မပေးဘူးလို့ နင့်ရှေ့တင် သူပြောသွားတာမကြားလိုက်ဘူးလား.....နင် လော့လန်အိမ်တော်ကို မတရားချမ်းသာတယ်များထင်နေတာလား......"
လီလော့ စိတ်ဓာတ်ကျနေလေပြီ....ပင်မအိမ်တော်၏ ချမ်းသာမှုကို မျှော်ကိုးလာခါမှ ထင်မှတ်မထားလောက်အောင် မွဲနေလေ၏။
အိမ်တော်သခင်လေးတစ်ယောက်ရဲ့အဖြစ်က အဲ့သလောက်တောင် ဆိုးဝါးနေပြီလား.......
" အဆင့်ခြောက် ဝိဉာဉ်ရည် ပုလင်းနှစ်ရာဆိုတော့.....စိတ်မပူပါနဲ့...တစ်ထိုင်တည်း အကုန်မဝယ်ပေးနိုင်ပေမယ့် ဟိုနည်းနည်း ဒီနည်းနည်း ရှာပေးပါ့မယ်....."
လိုချင်တာ ရသွားသည့်အခါ လီလော့ သက်ပြင်းချလိုက်မိသည်။
" နင် ရှီးယန်စံအိမ်မှာ ကောင်းကောင်းလက်စွမ်းပြနိူင်ခဲ့တဲ့အတွက် ရှီးယန်ရုံးချုပ်မှာ နင့်ကိုထည့်ထားပေးမယ်.....ဖေဟောင်က ရှီးယန်ရုံးချုပ်ကို လက်ဝါးကြီးအုပ်ချင်နေတာ.... နင်သာ ရှီးယန်ရုံးချုပ်ကို ထိပ်တန်းစံအိမ် ဆယ်ခုစာရင်းဝင်အောင် လုပ်ပေးနိုင်ရင် နင်တောင်းတဲ့ ပုလင်းနှစ်ရာလောက်ဆိုတာ အိပ်နေသလောက်ပဲရှိတော့မှာ....."
" အခုလိုအားပေးတဲ့အတွက် အစ်မကြီးချင်းအာကို ကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျ......"
// ရက်စက်လိုက်တာ ချင်းအာရယ်....ရှီးယန်ရုံးချုပ်ကို ထိပ်တန်းစံအိမ် ဆယ်ခုစာရင်းဝင်အောင်လုပ်ပေးရမယ်တဲ့လား.....//
ကျန်းချင်းအာ လိုက်ကာစကို ပင့်တင်လိုက်ပြီး မြို့ပြမြင်ကွင်းကို ငေးကြည့်နေခဲ့သည်။
တခဏအတွင်းမှာပင် အေးစက်တည်ငြိမ်သော လေသံအေးအေးဖြင့် လီလော့ကို လှည့်ပြောလိုက်သည်က......
" လီလော့....ရှမြို့တော်က ကြိုဆိုပါတယ်...."
" နင် ဒီကိုရောက်လာတဲ့အတွက် ငါတကယ်ပျော်တယ်......"
ကျန်းချင်းအာ နှစ်လိုဖွယ်ရာပြုံးနေသောကြောင့် အမှန်ပင် ပျော်ရွှင်နေမှန်း ခံစားမိနေရသည်။
သို့သော် ထိုအပြုံးများနောက်ကွယ်တွင် ဓားထက်ထက်များသိုဝှက်ထားမှန်း လီလော့ သိနေပါသည်။
သူမအတွက်နဲ့ တစ်စုံတစ်ယောက်ကို သေသေကြေကြေတိုက်ခိုက်ရတော့မည်ဟုလည်း ခံစားနေရသည်။
ပြောလိုက်စမ်းပါ အစ်မကြီးချင်းအာရယ်....ကျွန်တော်မျိုးတို့ ဘယ်သူ့ကို ရင်ဆိုင်ရမလဲဆိုတာ........