စီထျန်းမင်.....
Vol. 7 Ch. 93
ရှမြို့တော်၏ လမ်းမများသည် နန်ဖန်းမြို့ထက် အဆပေါင်းများစွာ ကျယ်ပြန့်နေပြီး နေရာတိုင်းကို အလွယ်တကူသွားလာနိုင်ရန် လမ်းခွဲပေါင်းများစွာနှင့် ချိတ်ဆက်ထားသည်။
အဆုံးမရှိသော လူတန်းရှည်ကြီးများနှင့် အရပ်မျက်နှာပေါင်းစုံမှ ကြားနေရသော ဆူညံသံများသည် ရှမြို့တော်ကို ပို၍ပင်သက်ဝင်စည်းကားနေစေသည်။
ဤသည်မှာ ရှပြည်ထောင်စု၏ အသည်းနှလုံးဖြစ်သော ရှမြို့တော်ပင်ဖြစ်လေသည်။
လီလော့တစ်ယောက် ရထားလုံးပေါ်ကနေ ရှမြို့တော် လမ်းမများကို ငေးမောနေချိန်တွင် စီချိုးယင်းကတော့ အထက်တန်းစားစားသောက်ဆိုင်တစ်ခုထဲသို့ လှမ်းဝင်သွားခဲ့သည်။
ထို့နောက် သီးသန့်ခန်းတစ်ခုထဲသို့ လှမ်းဝင်လိုက်သောအခါ.....
" အိုးး ပြန်လာပြီပဲ....."
ရေနွေးတစ်ခွက်သောက်ရင်း လမ်းမကြီးပေါ် ခပ်တွေတွေငေးမောနေသည့် လုလင်ပျိုတစ်ဉီးက စီချိုးယင်းကို မြင်သည်နှင့် လှမ်းမေးလိုက်ခြင်းဖြစ်သည်။
ထိုလုလင်ပျိုသည် မျက်ခုံးမျက်ဖန်ကောင်းကောင်းနှင့် ကြည့်ကောင်းသူဖြစ်ပြီး စီချိုးယင်းလိုပင် ဆံပင်အစိမ်းရောင်ရှိသူဖြစ်သည်။
ထိုသူသည် စီချိုးယင်း၏အစ်ကို စီထျန်းမင်.......
"ဘာဖြစ်လာတာလဲ...သခင်လေးနဲ့ မတွေ့ခဲဖူးလား....."
"တွေ့ခဲ့ပါ့....အကျိအချွဲလို ညစ်ပတ်တဲ့ကောင်....မြင်မြင်ချင်းစောက်နဲ့ထွင်းဆိုသလို ဒုက္ခပေးသွာတယ်လေ...အဲ့ကလေးဆန်တဲ့ကောင်ကြောင့် အစ်မချင်းအာက ညီမလေးကို ရိုက်သွားတယ်......"
ကျန်းချင်းအာသည် သူမကို အမြဲတစေ ညီမတစ်ယောက်သဖွယ် ဆက်ဆံပေး
ခဲ့သော်လည်း လီလော့ကြောင့် သူမကို ရိုက်သွားခဲ့သည်မဟုတ်လော......
" နင်ကသာ ကလေးဆန်နေတာ....ကျန်းချင်းအာနဲ့ လီလော့တို့ရဲ့ ဆက်ဆံရေးကို နင်မသိဘူးလား.....နင်မို့လို့ လီလော့နဲ့ သွားယှဉ်ချင်နေသေးတယ်......"
" ညီမလေး သူနဲ့ ရန်မဖြစ်ခဲ့ပါဘူး....အစ်မချင်းအာက ကိုကြီးကို မကြိုက်ဘူးလို့ပြောလိုက်တယ်....."
စီထျန်းမင် ရယ်ရုံသာရယ်နေလိုက်ပြီး.....
"မောင်နှမချင်းချင်း ဒီလောက်ထိ ပြောပြနေစရာမလိုပါဘူး.....ကျန်းချင်းအာလို ပါရမီရှင်မျိုးက သေချာပေါက် အဲ့လိုပြောမယ်မှန်း သိနေပြီးသားပဲ....."
" ဒါပေမယ့် ကိုကြီးရယ်...ကိုကြီးက အစ်မချင်းအာနဲ့မယှဉ်နိုင်ပေမယ့် လီလော့ထက်တော့ အဆပေါင်းများစွာ သာပါသေးတယ်......"
"ကိုကြီးက ကောလိပ်မှာဆို အဆင့်လေးကြယ်တာယာခန်းမက ထူးချွန်ကျောင်းသားတစ်ယောက်ပါ....ဆရာတွေကလည်း မြို့စားအဆင့်ရောက်နိုင်မယ်လို့ ပြောထားကြတယ်မဟုတ်လား....."
" မြို့စားအဆင့်က ကျန်းချင်းအာကို ဖိနှိပ်ထားနိူင်မယ်လို့ နင် ထင်နေတာလား....."
"ဟူးးးး... ချိုးယင်း....သူတို့နှစ်ယောက်ရဲ့စေ့စပ်ပွဲမှာ ကျန်းချင်းအာကသာ အဓိကကျတဲ့သူ....သူသာ စိတ်မပြောင်းဘူးဆို ဘယ်သူဖျက်ဖျက် ပျက်မှာမဟုတ်ဘူး....."
" ငါ ကျန်းချင်းအာကို သဘောကျပေမယ့် မဖြစ်နိုင်တဲ့နည်းတွေနဲ့ မကြိုးစားချင်ဘူး....."
" ကိုကြီး ကိုယ့်ကိုကိုယ် အချစ်သူတော်စင်လို့များထင်နေတာလား.....ဒါဆိုညီမလေး မေးမယ်....အစ်မချင်းအာကို ပိုင်ဆိုင်နိုင်မယ့် အခွင့်ရေးရှိမယ်ဆို ကိုကြီးလက်လွတ်ခံမှာလား....."
စီထျန်းမင် ပြုံးရုံသာ ပြုံးနေလေ၏။
" ကိုယ့်ကိုကိုယ် ယုံကြည်စမ်းပါ ကိုကြီးရာ.....ကိုကြီးရဲ့ ခွန်အား၊ပါရမီ၊ နာမည်ကျော်ကြားမှုတိုင်းက ရှမြို့တော်မျိုးဆက်သစ်တွေကြားမှာ ထိပ်တန်းအဆင့်ဝင်ပြီးသား....စိတ်ရှည်သည်းခံပြီး စောင့်ဆိုင်းမယ်ဆို ကိုကြီးရဲ့ကောင်းတဲ့အချက်တွေကို အစ်မချင်းအာ တဖြည်းဖြည်း သိလာမှာပါ....."
" ပြီးတော့ ကိုကြီးက လီလော့ထက်စာရင် အပုံကြီးသာတယ်....."
" ပေါက်ရတွေ ပြောမနေပါနဲ့တော့...ပြီးတော့ လီလော့ကိုလည်း ပြသာနာထပ်ရှာမနေနဲ့ဉီး....သူက လော့လန်အိမ်တော်သခင်လေးဆိုတာလည်း မေ့မနေနဲ့.....ကျန်းချင်းအာ နင့်ကို လာရှာရင် ငါဝင်ကူမှာမဟုတ်ဘူးနော်....."
" ဟွန့် အဲ့ကောင်အကြောင်း ခေါင်းထဲထည့်မထားနိုင်ပါဘူး.....ဒီနေ့ လုပ်ရပ်တွေကြောင့် အဲ့ကောင်ကို စိတ်ဆိုးတယ်....နောက်တစ်ခါ ဒူဇီပိုင်ရွှမ်းတို့ ဒုက္ခပေးဖို့ကြံလာရင် လက်ပိုက်ကြည့်နေလိုက်တော့မယ်....."
စီထျန်းမင် ခေါင်းယမ်းလိုက်မိသည်။ လော့လန်အိမ်တော် သခင်လေးသည် အလွယ်တကူ ကိုင်တွယ်နိုင်မည့်သူတစ်ဉီး ဟုတ်မည်မထင်......
ယခုချိန်တွင် ဒူဇီအိမ်တော်သည် လော့လန်အိမ်တော်ကို ပစ်မှတ်ထားချင်နေပုံရသည်။
................ ......... .................
လီလော့တို့ စီးနင်းလာသော ရထားလုံးသည် ကျယ်ပြန့်သော လမ်းအချို့ကို ဖြတ်ကျော်လာပြီးနောက် လော့လန်ပင်မအိမ်တော် ရှေ့တွင် ရပ်တန့်သွားခဲ့သည်။
လီလော့တို့ ရထားလုံးပေါ်က ဆင်းလိုက်သောအခါ နန်ဖန်းကစံအိမ်ထက် များစွာကြီးမားခန့်ထည်သော စံအိမ်ကို မြင်တွေ့လိုက်ရသည်။
သက်တော်စောင့်အချို့သည်အိမ်တော် အနီးဝန်းကျင်တွက် ကင်းလှည့်နေကြပြီး တချို့ကမူ ကင်းမျှော်စင်ပေါ်ကနေ ထက်ရှသောအကြည့်များနှင့် ပတ်ပတ်လည်ကို စောင့်ကြပ်ကြည့်ရှုနေကြသည်။
"လော့လန်အိမ်တော်ရဲ့ အုပ်ချုပ်ရေးမှုးတိုင်းကို ဒီည နင်နဲ့တွေ့ဖို့ ဖိတ်ပေးထားတယ်....နင်က အိမ်တော်သခင်လေးဆိုတော့ အားလုံးနဲ့ ရင်းနှီးထားသင့်တယ်လေ....."
"အုပ်ချုပ်ရေးမှုးတွေက လော့လန်အိမ်တော်ရဲ့စီးပွားရေးလုပ်ငန်းတွေကို တာဝန်ယူပေးနေကြတာ....အိမ်တော်ရဲ့ အမြတ်အစွန်း 60% က နယ်မြို့က စီးပွားရေးလုပ်ငန်းတွေဆီကရတာ....ကျန်တဲ့ 40% က ရှမြို့တော်မှာရှိတဲ့ လုပ်ငန်းတွေကနေ ရတာ....."
ဒါကိုကြားတော့ လီလော့အံ့သြသွားခဲ့မိတယ်။ရှမြို့တော်က ဝင်ငွေက အဲ့သလောက်တောင် များမှန်း မသိခဲ့မိဘူး......
" ငါ ရှမြို့တော်က လုပ်ငန်းတွေကို လက်လွှဲယူခဲ့တုန်းက ဖေဟောင်အမျိုးမျိုး ဒုက္ခလိုက်ပေးခဲ့သေးတယ်....အချိန်ယူပြီး ကြိုးစားခဲ့လို့သာ ဖေဟောင်ရဲ့ စွက်ဖက်မှုတွေကို ဖြတ်တောက်နိုင်ခဲ့တာ...."
" ချင်းအာ....နင် အများကြီး ဖြတ်သန်းခဲ့ရတာပဲ......"
ရှမြို့တော်ရှိ စီးပွားရေးလုပ်ငန်းအချို့သည် လော့လန်အိမ်တော်အတွက် ပင်မသွေးကြောသဖွယ် အရေးပါလှသည်။ ဖေဟောင်သာ လက်ဝါးကြီးအုပ်သွားခဲ့မည်ဆိုပါက ဒုက္ခအကြီးအကျယ်ရောက်ရပေလိမ့်မည်။ ကံကောင်း၍သာ ကျန်းချင်းအာ အချိန်မှီကယ်ဆယ်လိုက်နိုင်ခြင်းဖြစ်သည်။
နှစ်ဉီးသား စကားတပြောပြောနဲ့ လမ်းလျှောက်နေစဉ်တွင် မိန်းတံခါးနားရောက်သောအခါ ထွားကျိုင်းသန်မာသော လူထွားကြီးတစ်ဉီး၏ ကျယ်လောင်စွာ အော်ဟစ်နှုတ်ဆက်သံကို ကြားလိုက်ရသည်။
" နောက်ဆုံးတော့ သခင်လေး ရှမြို့တော်ကို ရောက်လာပြီပဲ....ဒီအဖိုးကြီး သခင်လေးကို သတိရနေတာ....."
လီလော့ ရုတ်တရက် တိုက်ခိုက်ခံလိုက်ရသည့်ဟုပင် ထင်မိလောက်သည်အထိ တင်းကြပ်စွာ ဖျစ်ညှစ်ပွေ့ဖက်ခြင်း ခံလိုက်ရလေသည်။
ထိုလူ၏ အဆီတဝင်းဝင်းချွေးနံ့များကြောင့် လီလော့ အသက်ရှူကြပ်လာသလိုပင် ခံစားလိုက်ရသည်။
" ဉီးလေးပေါင်....သူ့ကို ညှစ်သတ်နေတာလား....."
ကျန်းချင်းအာ ရယ်ရယ်မောမော ဝင်ပြောလိုက်မျသာ လီလော့ လွတ်မြောက်သွားခဲ့ရသည်။
ထိုသူ လွှတ်ပေးလိုက်သောအခါမှသာ ထိုသူ၏ ရုပ်သွင်ကို လီလော့ ရှင်းလင်းစွာမြင်နိူင်ပါတော့သည်။ ထိုသူသည် အဆီတဝင်းဝင်းနဲ့ ထိပ်ပြောင်သော လူထွားကြီးတစ်ဉီးဖြစ်ပြီး ခါးတွင်လည်း ပြောင်လက်တောက်ပနေသော ဝက်ခုတ်ဓားမကြီးတစ်ချောင်းကို ချိတ်ဆွဲထားသေးသည်။
" ဉီးလေးက....."
လီလော့ ထိုသူကို ရင်းနှီးနေသောလည်း ရုတ်တရက်စဉ်းစား၍ မရသေးပေ။
"သခင်လေး...ကျုပ် နွားသိုးပေါင်ပေါင်လေဗျာ....မမှတ်မိတော့ဘူးလား....သခင်လေး ငယ်ငယ်တုန်းက ကျုပ်ပဲ ချက်ပြုတ်ကျွေးမွေးခဲ့တာကို....."
ထိုအခါမှသာ လီလော့ မှတ်မိနိုင်တော့သည်။ထိုသူသည် လီလော့ ငယ်စဉ်က နန်ဖန်းတွင်နေထိုင်ခဲ့သောလည်း ရှမြို့တော်တွင် လူလိုနေသောကြောင့် ပြောင်းရွှေ့ခံလိုက်ရသဖြင့် လီလော့ ရုတ်တရက်မမှတ်မိနိုင်ခြင်းဖြစ်သည်။
" ဉီးလေးပေါင်က လော့လန်အိမ်တော်မှာ သက်တမ်းအရင့်ဆုံးပဲ....သခင်ကြီးနဲ့ သခင်မကြီး လော့လန်အိမ်တော်ကို တည်ထောင်စဉ်ကတည်းကအတူရှိနေခဲ့တာ.....ဉီးလေးပေါင်ရဲ့ ဟင်းချက်လက်ရာက ရှမြို့တော်မှာ နာမည်အကြီးဆုံးပဲ.....အခုလည်း လော့လန်အိမ်တော်ရဲ့ ချက်ပြုတ်ရေးတာဝန်တွေကို ဉီးလေးပေါင်ပဲ တာဝန်ယူထားတာ....."
ကျန်းချင်းအာက လီလော့ နားလည်အောင် သေချာရှင်းပြနေလေ၏။
ထိုအခါမှသာ လီလော့ လက်ခုပ်ထတီးလိုက်ပြီး......
" ကျွန်တော် မှတ်မိပြီ....."
"ဉီးလေးပေါင်က အပြင်ပိုင်းသာ လူကြမ်းကြီးနဲ့တူတာ တကယ်တမ်းကြတော့ ကြက်တစ်ကောင်တောင် သတ်ရဲတာမဟုတ်ဘူး....ကျွန်တော်ငယ်ငယ်တုန်းက မီးဖိုချောင်ထဲခေါ်လာပြီး ကြက်ကိုကူသတ်ခိုင်းတာလေ.....မှတ်မိပြီ...မှတ်မိပြီ......"
နွားသိုးကြီးပေါင်ပေါင် ရှုံ့မဲ့သွားလေ၏။
" သခင်လေးက မှတ်ဉာဏ်သိပ်ကောင်းတာပဲနော်...အသေးစိတ်ကျကျကို မှတ်မိနေတော့တာပဲ......"
လီလော့ ကျယ်လောင်စွာ ရယ်မောလိုက်မိသည်။ နွားသိုးကြီးပေါင်ပေါင်သည် ရုပ်နှင့်မလိုက်အောင် စိတ်သဘောထား နူးညံ့သူတစ်ယောက်ဖြစ်သည်။အကြည့်တစ်ချက်နှင့်ပင် ကလေးများကို အော်ငိုစေနိုင်သော်လည်း ကြက်တစ်ကောင်ပင် သတ်ဝံ့သူမဟုတ်ပေ။
ခါးတွင်ချိတ်ဆွဲထားသော ဝက်ခုတ်ဓားမကြီးသည် အလှပြရုံသက်သက်သာဖြစ်ပြီး သွေးတစ်စက်မှ စွန်းထင်းဖူးခြင်းမရှိခဲ့ပေ။
ထိုသူသည် လော့လန်အိမ်တော်၏ သက်တမ်းရင့် ဝန်ထမ်းဖြစ်ပြီး အမှန်ပင် ယုံကြည်ထိုက်သူတစ်ဉီးဖြစ်သည်။
"အခု ဒီကိုရောက်လာပြီဆိုတော့ ဉီးလေးပေါင်ကပဲ ကျွန်တော့်ကို ဂရုစိုက်ပေးပါဉီး....."
" ကျုပ်က နန်ဖန်းကို ပြန်ပြီး သခင်လေးကို စောင့်ရှောက်ပေးချင်ခဲ့တာ....ရှောင်ကျင်းက ကျုပ်ကို ပြန်ခွင့်မပေးဘူးလေ....အခု ရောက်လာပြီဆိုတော့ သခင်လေးကို ဗိုက်ပေါက်ထွက်တဲ့အထိ ချက်ကျွေးဉီးမှာ......"
ဉီးလေးပေါင်က လီလော့ လက်မောင်းကို ကိုင်ကြည့်ပြီး.....
" သခင်လေးကြည့်ရတာ ပိန်လိုက်တာ....အာဟာရပြည့်မယ့် စွပ်ပြုတ်တစ်အိုးလောက် ချက်ကျွေးဉီးမှပါပဲ....."
ဉီးလေးပေါင်တစ်ယောက် ပြောပြောဆိုဆိုနဲ့ စားဖိုဆောင်ဘက် ပြေးထွက်သွားလေသည်။
" ဉီးလေးပေါင်ကတော့ အရင်လို သန်မာနေတုန်းပဲ......"
"ဉီးလေးပေါင်က တကယ်ကို ယုံကြည်ရတဲ့သူပါ.....ငါသူ့ကို စီးပွားရေးလုပ်ငန်းတစ်ချို့ ဉီးစီးခိုင်းတာကို ငြင်းပြီး စားဖိိုဆောင်မှာပဲနေနေတယ်လေ....."
"ချင်းအာ....သူ ဆန္ဒမရှိရင် အတင်းအကြပ်မလုပ်ခိုင်းပါနဲ့...."
"ကဲ...ဒါဆိုလည်း သွားကြရအောင်...ဟိုနားဒီနား နည်းနည်းလိုက်ပြပေးမယ်....ထမင်းစားပြီးမှ အုပ်ချုပ်ရေးမှုးတွေနဲ့တွေ့ကြတာပေါ့....ဒီတစ်နေ့တော့ နည်းနည်းအပင်ပန်းခံလိုက်ပါဉီး....."
" ဒီလောက်လေး ပင်ပန်းတာက အစ်မကြီးချင်းအာ ပင်ပန်းခဲ့တာတွေကို ဘယ်ယှဉ်နိုင်ပါ့မလဲဗျာ......"
"နင် ဒီစကားမျိုး မိန်းကလေး ဘယ်နှယောက်လောက်ကို ပြောပြီးပြီလဲ....."
" ဘာလဲ....သဝန်တ်ိုနေတာလား....."
" သဝန်တိုစရာလား....အဲ့လို ခံစားချက်မျိုး တစ်ခါမှမခံစားဖူးဘူး....အတွေ့အကြုံရသွားအောင် သင်ပြပေးပါဉီး..... ..."
ရှေ့ကနေ ထွက်သွားသော ကျန်းချင်းအာကျောပြင်ကို ကြည့်ပြီး လီလော့ ဒေါသထွက်နေမိခဲ့သည်။
// တော်လိုက်တဲ့ ချင်းအာ....ဘာပြန်ဖြေရမှန်းမသိအောင် လုပ်ချသွားပြန်ပြီ.......//
လီလော့ ကူကယ်ရာမဲ့စွာ သက်ပြင်းချလိုက်ပြီးလှမ်းအော်လိုက်သည်က ......
" ငါတို့ ညစာ ဘာစားရမှာလဲ....."