အရေးကြီးသော ဓလေ့......
Vol. 7 Ch. 94
"သခင်လေး...ဒါက မှိုကိုးမျိုး ထည့်ချက်ထားတဲ့ ဝက်ဝံဆီးအိမ်စွပ်ပြုတ်ပါ.....ဒီထဲမှာ အမျိုးအစားမတူတဲ့ လင်းဇီမှို ကိုးမျိုးရယ်၊ တစ္ဆေဝက်ဝံသားရဲရဲ့ ဆီးအိမ်ရယ် ထည့်ချက်ထားတယ်...သိပ်ကို အာဟာရပြည့်တဲ့စွပ်ပြုတ်ပဲ....."
" ဒီထမင်းက သုံးလဝိဉာဉ်ဆန်ကို ဝိဉာဉ်ရည်ထည့်ချက်ထားတာ....အဲ့ဆန်က ရိတ်သိမ်းပြီး သုံးလကြာတဲ့အထိ ဝိဉာဉ်ဓာတ်ပေါကြွယ်ဝတဲ့နေရာမှာ သိမ်းထားပြီးမှ ချက်လို့ရတာ...."
" ဒီတစ်မျိုးက......."
ထမင်းစားခန်းထဲတွင် လီလော့၊ချိုင်ဝေ၊ ကျန်းချင်းအာနှင့် ယန်လင်းချီတို့ အတူတူ ထိုင်နေကြပြီး နွားသိုးကြီးပေါင်ပေါင်က မွှေးကြိုင်နေသေယ ဟင်းပွဲများကို တစ်မျိုးပြီးတစ်မျိုး တည်ခင်းပေးနေသည်။
" အကုန်လုံးက အာဟာရပြည့်တာတွေချည်းပဲ......"
ဟင်းပွဲများကို ကြည့်ပြီး လီလော့ ငိုရခက် ရယ်ရခက်ဖြစ်နေလေ၏။နွားသိုးကြီးပေါင်ပေါင်သည် အပြောသက်သက်မဟုတ်ဘဲ စားစရာများကို စားပွဲအပြည့်တည်ခင်းပေးနေသည်။
" သခင်လေးက အခုမှ ကြီးထွားနေဆဲအရွယ်ပဲရှိသေးဆိုတော့ အာဟာရပြည့်တာတွေ များများစားပေးရမယ်....."
" ကျေးဇူးပါ ဉီးလေးပေါင်....ကဲ...ထမင်းစားကြရအောင်....."
လီလော့တစ်ယောက် နန်ဖန်းမြို့တွင် စားရခဲသော စားကောင်းသောက်ဖွယ်များကို ခေါင်းမဖော်နိုင်အောင် စားသောက်နေပြီး ဉီးလေးပေါင်ကိုလည်း ကျေးဇူးတင်စကားပြောရန် မမေ့ခဲ့ပေ။
စားသောက်ပြီးချိန်တွင် လီလော့ တစ်ကိုယ်လုံး မီးတောက်နေသကဲ့သို့ ပူလောင်လာခဲ့သည်။
ပေါင်ပေါင်၏ ထူးကဲလှသော ဟင်းချက်လက်ရာကြောင့် မိန်းမလှသုံးဉီးလည်း ခေါင်းမဖော်နိုင်အောင်စားသောက်နေကြသည်။
အားရပါးရစားသောက်နေသော လီလော့တို့ကို ပေါင်ပေါင် ဝမ်းသာအားရထိုင်ကြည့်နေလေ၏။
အားလုံး စားသောက်ပြီးသောအခါ အစေခံအချို့ရောက်လာပြီး ဟင်းပွဲများကို သိမ်းဆည်းသွားခဲ့ပြီး လက်ဖက်ရည်ကြမ်းတည်ခင်းပေးသွားခဲ့ကြသည်။
" ဒါက ပန်းမျိုးတစ်ရာဝိဉာဉ်လက်ဖက်ရည်.....အာဟာရပြည့်တာတွေ စားထားလို့ ပူနွေးလာတဲ့ ခန္ဓာကိုယ်ကို အေးမြသွားစေတယ်....သောက်လိုက်ပါဉီး....."
လီလော့ လက်ဖက်ရည်ကြမ်းကို တကျိုက်တည်းကုန်အောင် သောက်လိုက်သောအခါ ပူနွေးနေသောခန္ဓာကိုယ်သည် တမဟုတ်ချင်းအေးမြသွားပြီး စွမ်းအားများတိုးပွားလာသလိုခံစားလိုက်ရသည်။
" ဉီးလေးပေါင်က အချက်အပြုတ် တကယ်ကျွမ်းတယ်နော်....."
" သခင်လေးက သိပ်ကြင်နာတတ်တာပဲ....နောက်ဆို နေ့တိုင်း အာဟာရပြည့်တာတွေချည်းပဲ ချက်ပြုတ်ပေးပါ့မယ်...."
ပြီးတာနဲ့ ပေါင်ပေါင်က လက်ဖက်ရည်ခွက်များကို သိမ်းဆည်းပြီး ထမင်းစားခန်းထဲက ထွက်သွားခဲ့လေသည်။
ပေါင်ပေါင် ပြောသမျှစကားတိုင်းတွင် လီလော့ အားနည်းနေကြောင်းနှင့် အာဟာရပြည့်ဝစွာစားသုံးရန် လိုအပ်ကြောင်းသာ အပ်ကြောင်းထပ်နေလေ၏။
ဟာသအနေနှင့်ပြောသွားသည်လား...ဒါမှမဟုတ် ပေါင်ပေါင် တစ်ခုခုသိနေ၍လား.....
လွန်ခဲ့သော နှစ်လခန့်က ပဲ့တင်သံရယူရာတွင် လီလော့၏.သွေးအနှစ်သာရများစွာ ဆုံးရှုံးခဲ့ရသည်။ ထိုအကြောင်းကို စိတ်ပူနေမည်စိုး၍ ကျန်းချင်းအာကိုပင်မပြောပြထားခဲ့ပေ။
//ဒါကို ပေါင်ပေါင် သိနေတာများလား....မဖြစ်နိုင်ဘူး....//
အေးရာအေးကြောင်း ရေနွေးကြမ်းသောက်နေသည့် ကျန်းချင်းအာကို လှည့်ကြည့်လိုက်ပြီး....
"ဉီးလေးပေါင်ရဲ့ ကျင့်ကြံမှုအဆင့် ဘယ်လောက်ရှိလဲ....."
" သူ ငါတို့ရှေ့မှာ စွမ်းအားထုတ်မသုံးတာတော်တော်ကြာနေပြီ....ငါ့အထင် ဆရာသခင့်အဆင့်လောက်တော့ရှိမယ်ထင်တယ်...."
လီလော့ ထိုစကားကို လုံးဝမယုံနိုင်ခဲ့ပေ။
လီလော့ အတွေးကို သိနေသော ကျန်းချင်းအာက......
" နင် ဘာမှ အတွေးများမနေနဲ့...ဉီးလေးပေါင်ကို ယုံကြည်ရတဲ့သူလို့ပဲ သိထားပေး....."
လီလော့ ခေါင်းသာညိတ်ပြလိုက်လေသည်။ တကယ်ဆိုလည်း မိဘများကိုယ်တိုင် ယုံကြည်စိတ်ချစွာ တာဝန်ပေးထားသော ဉီးလေးပေါင်ကို အကြောင်းမဲ့သက်သက် သံသယဝင်နေစရာမလိုခဲ့ပေ။
ကျန်းချင်းအာက လက်ဖက်ရည်ကြမ်းသောက်ခြင်းကို အမြန်လက်စသတ်လိုက်ပြီး.....
" အချိန်ကျပြီ....သွားကြစို့....."
လီလော့ လေအေးတစ်သုတ် ရှူရှိုက်လိုက်ပြီး မတ်တပ်ထရပ်လိုက်သည်။ လော့လန်အိမ်တော်၏ သခင်လေးအဖြစ် ပင်မအိမ်တော်က ဝန်ထမ်းများကို နှုတ်ဆက်ရပေဉီးမည်။
အနာဂတ်မှာ ဒီလူများကို လီလော့ အုပ်ချုပ်ရမည်မဟုတ်လော.....
တရားဝင်မိတ်ဆက်ခြင်းသည် အရေးကြီးသော ဓလေ့တစ်ခုဖြစ်ပေသည်။
ရှည်လျားသော လူသွားလမ်းအချို့ကို ဖြတ်လျှောက်ခဲ့ပြီးနောက် ခန်းမတစ်ခုရှေ့ရောက်လာခဲ့ကြသည်။
အခန်းတွင်းရှိ တောက်ပသော မီးရောင်များကြောင့် လီလော့ မျက်မှောင်ကြုံ့လိုက်မိလေသည်။
ခန်းမထဲတွင် လူပေါင်းများစွာရှိနေပြီး ဝင်ရောက်လာသည့်လီလော့ကို ထူးဆန်းသောအကြည့်များနှင့် ကြည့်နေကြသည်။
ထိုအချိန်တွင် ကျန်းချင်းအာ၏.ခက်ထန်သော အော်သံကို ကြားလိုက်ရလေသည်။
" သခင်လေး ရောက်လာတာကို မမြင်ကြဘူးလား!!!!!"
သို့သော်လည်း များစွာသောလူများထဲမှ နှစ်ယောက်၊ သုံးယောက်ခန့်သာ မတ်တပ်ရပ်လာကြပြီး.....
" တွေ့ရတာ ဝမ်းသာပါတယ် သခင်လေး......"
"ကျုပ်ကလည်း အခုလိုတွေ့ရတာ ဝမ်းသာပါတယ်....."
တမူထူးခြားစွာ ချောမောနေသော ထိုလူငယ်သည် လီတိုင်ရွှမ်နှင့်တိုင်တန်လန်တို့ဆီက ရုပ်ရည်ကိုသာ အမွေရခဲ့ပုံရသည်။ ထိုလူငယ်ထံတွင် အရည်အချင်းရှိသော အုပ်ချုပ်နိူင်စွမ်းများကို မတွေ့ရဘဲ...ငယ်ရွယ်နုပျိုမှုများကိုသာ တွေ့ရသည်။
စီနီယာအုပ်ချုပ်ရေးမှုးများသည် လီလော့ ဗလာနန်းတော်ရှိသည်ဟု သိလိုက်ကစဉ်ကတည်းပင် လီလော့ကို မေ့လျော့ထားခဲ့ကြသည်။ ဗလာနန်းတော်ရှိနေခြင်းသည် သေဒဏ်ချမှတ်ခံလိုက်ရသူတစ်ဉီးသဖွယ်ပင်....
ထို့ကြောင့် သူတို့သည် အရည်အချင်းမရှိသော သခင်လေး လက်ထဲသို့ လော့လန်အိမ်တော်ကို ယုံကြည်စိတ်ချစွာ မအပ်နှံထားနိုင်ခဲ့ကြပေ။
သို့သော်လည်း သူတို့ နှစ်ပေါင်းများစွာ မေ့လျော့နေခဲ့သော သခင်လေးသည် သူတို့ရှေ့သို့ တဖန်ပြန်လည်ရောက်ရှိလာခဲ့လေပြီ။
သခင်လေးသည် ယခင်လို ဗလာနန်းတော်ရှိနေသူတစ်ဉီး မဟုတ်တော့သည့်အပြင် ထျန်ရှုစီရင်စု၏ ချန်ပီယံဆုကိုပင် ဆွတ်ခူးနိူင်ခဲ့သေးသည်။
သို့သော်လည်း သခင်လေးနှင့် ကျန်းချင်းအာကြားတွင် ကြီးမားသော ကွာခြားချက်များစွာရှိနေသေးသည်။လီလော့သာ အမှန်တကယ် အရည်အချင်းရှိမည်ဆိုပါက ကျန်းချင်းအာနှင့် လက်တွဲပြီး လော့လန်အိမ်တော်အတွက် မျှော်လင့်ချက်များယူဆောင်ပေးနိူင်လိမ့်မည်။
ခန်းမထဲတွင်ရှိနေသူတိုင်းသည် ရှုပ်ထွေးသော ခံစားချက်ကိုယ်စီဖြင့် သခင်လေးကို နှုတ်ဆက်လိုက်ကြလေသည်။
"သူက အတွင်းပိုင်း အတိုင်ပင်ခံကိုးဉီးထဲက တစ်ဉီးဖြစ်တဲ့ အကြီးအကဲလဲ့ကျန်း.....နင် သူ့ကို သိတယ်မဟုတ်လား....ပင်မအိမ်တော်မှာ အကြီးအကဲဆိုလို့ သူတစ်ယောက်ပဲကျန်တော့တာ...သူက အိမ်တော်ရဲ့လုံခြုံရေးပိုင်းကို တာဝန်ယူပေးထားတယ်...."
စားပွဲရှည်၏.ဘယ်ဘက် ထိပ်ဆုံးခုံတွင် ထိုင်နေသော သက်လတ်ပိုင်းယောက်ကျားကြီးတစ်ဉီးကို ကျန်းချင်းအာ ညွှန်ပြနေခြင်းဖြစ်သည်။ ဖေဟောင် နန်ဖန်းကိုရောက်လာစဉ်က ထိုသူပါ ပါလာခဲ့သောကြောင့် လီလော့ မြင်ဖူးနေခြင်းဖြစ်သည်။
"ဟိုတစ်ယောက်က ပဲ့တင်ထပ်သံပြုပြင်ရေးအလုပ်ရုံကို အုပ်ချုပ်နေတဲ့ ဆရာယွမ်ကျင်း....."
ကျန်းချင်းအာ ညွှန်ပြလိုက်သောသူသည် ကျောင်းဆရာတစ်ယောက်နှင့်သာတူနေပြီး ပဲ့တင်ထပ်သံပြုပြင်သူဟု ထင်ရက်စရာပင်မရှိပေ။
" ဟိုအမျိုးသမီးက ဆေးလုံးထုတ်လုပ်ရေးတာဝန်ခံ အန်းဟုန်ယန်....."
အဖြူရောင်ဝတ်စုံဝတ်ဆင်ထားသော ထိုအမျိုးသမီးသည် အေးချမ်းသော အလှတရားကို ပိုင်ဆိုင်ထားသူတစ်ဉီးဖြစ်သည်။
"မဂ်လာပါ သခင်လေး....."
ကျန်းချင်းအာ မိတ်ဆက်ပေးနေသူသုံးဉီးသည် လော့လန်ပင်မအိမ်တော်တွင် ရာထူးအမြင့်ဆုံးသောသူများဖြစ်ကြသည်။
လီလော့ ထိုသူများကို နွေးထွေးသည်လည်းမဟုတ် အေးစက်သည်လည်းမဟုတ်သော အမူအရာမျိုးနှင့်သာ ပြန်လည်နှုတ်ဆက်လိုက်ပါသည်။
ရှီးယန်ရုံးချုပ်၏ ဉက္ကဌကို မတွေ့ရသဖြင့် လီလော့ စိတ်ခုသွားခဲ့မိသည်။
လီလော့ ကျန်းချင်းအာကို လှည့်ကြည့်လိုက်သည့်အခါ သူမ၏ ဒေါသတကြီးအော်ဟစ်သံကို ကြားလိုက်ရပြန်သည်။
" ရှီးယန်ရုံးချုပ်ရဲ့ ဉက္ကဌဟန်ဇီ ဘယ်ရောက်နေတာလဲ! !!!!"