ဉက္ကဌက ကျုပ်ပဲဖြစ်မယ်ထင်တယ်.....
Vol. 7 Ch. 97
ထိုအသံကြောင့် ဆူပူနေကြသော ပညာရှင်များအားလုံး လန့်ဖြန့်သွားကြပြီး သတ္တိကောင်းသူတစ်ယောက်က ရှေ့နောက်မကြည့်ဘဲ ထအော်လိုက်လေသည်။
" ဘယ်က အရူးလဲ....."
ထိုသူ၏ အော်သံနှင့်အတူ အားလုံးကလည်း နောက်ကိုလှည့်ကြည့်လိုက်ကြသည်။
ဆံပင်ငွေရောင်နှင့် လူငယ်လေးတစ်ယောက်က သူတို့ခပ်ဖျော့ဖျော့ ပြုံးပြနေပြီး ထိုကောင်လေးဘေးတွင် မျက်နှာထားအေးစက်နေသော ကျန်းချင်းအာပါ အတူတွဲလျှက်ရှိနေသည်ကို မြင်လိုက်ကြရသည်။
ကျန်းချင်းအာကို မြင်လိုက်မှသာ ဆံပင်ငွေရောင်နှင့်ကောင်လေး ဘယ်သူဘယ်ဝါမှန်း မှတ်မိသွားခဲ့ကြလေသည်။ထို့ကြောင့် မဆင်မခြင်ပြုမှုခဲ့သည့် အပြုအမူအများကြောင့် အကုန်လုံး အိုးတို့အန်းတန်းဖြစ်ကုန်ခဲ့ကြသည်။
" သခင်လေးနဲ့ သခင်မလေးရောက်လာတာကိုတောင် မလေးမစားလုပ်နေကြတုန်းပဲလား...."
ကျန်းဖန်၏ ဒေါသတကြီးဆူပူသံကို ကြားလိုက်ရပြန်သည်။
ထိုအခါမှသာ ပညာရှင်များက လီလော့တို့ကို တညီတညွတ်တည်း နှုတ်ဆက်လိုက်ကြသည်။
ဖန်ချန်းချီသည်လည်း လီလော့ကို ထိတ်လန့်စွာ ငေးကြည့်နေလေ၏။ နန်ဖန်းမှာရှိစဉ်ကတည်းက လီလော့ကို မြင်တွေ့ဖူးခဲ့သောကြောင့် လီလော့ မိဘနှစ်ပါးနှင့်ရုပ်ချင်းဆင်မှန်း သိထားပြီးဖြစ်သည်။
အကြီးအကဲကျန်းက လူအုပ်ကြီးကို တွန်းတိုက်ဖြတ်ကျော်လာပြီး လီလော့တို့ကို တလေးတစား နှုတ်ဆက်လိုက်ပြီး.....
"သခင်လေး ခုနက ဘာပြောလိုက်တာလဲ....."
" လစ်လပ်နေတဲ့ ဉက္ကဌရာထူးကို ကျွန်တော် ယာယီတာဝန်ယူပေးမယ်....."
လီလော့၏ အဖြေစကားကြောင့် ကျန်းဖန် မှင်သက်သွားခဲ့ပြီး.....
" ဒါပေမယ်...အဲ့တာက......"
စည်းမျဉ်းစည်းကမ်းနှင့် မညီသည်ဟု ထုတ်ပြောလိုက်ချင်သော်လည်း အိမ်တော်သခင်လေးဖြစ်နေသည့်အတွက် ထိုရာထူးအတွက် လီလော့လောက်သင့်တော်မည့်သူ ရှိနိုင်ပါ့မလား.....
ပညာရှင်များသည်လည်း တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်နေကြပြီး မည်သို့တုံ့ပြန်ရမှန်းပင် မသိရှာတော့ပေ။
ထိုအချိန်တွင် လှောင်ပြောင်သရော်လိုသော အရိပ်အမြွက်များ ယှက်သန်းနေသည့် ဖန်ချန်းချီ၏ စကားသံကို ကြားလိုက်ရသည်။
"ဉက္ကဌရာထူးလေးတစ်ခုအတွက်နဲ့ သခင်လေး ကိုယ့်ကိုကိုယ် နှိမ့်ချနေစရာမလိုပါဘူး...... သခင်လေးအတွက်က ဒီရာထူးလောက်က စကားထဲထည့်ပြောရလောက်အောင် အဖိုးမတန်ပေမယ့် ကျုပ်တို့တွေအတွက်ကတော့ ဒီရာထူးရအောင် ကြိုးကြိုးစားစား လုပ်ကိုင်ခဲ့ရတာပါ.....သခင်လေးက အခုမှရောက်လာပြီး ဉက္ကဌရာထူး ယူလိုက်မယ်ဆို ကျန်တဲ့သူတွေအတွက် မတရားရာကျနေမှာပေါ့......"
ဖန်ချန်းချီသည် လိမ်မာပါးနပ်စွာပြောဆိုတတ်ပေသည်။ထိုစကားများသည် ပညာရှင်များကိုယ်စားပြောပေးနေသည်ဟုထင်ရသော်လည်း တကယ်တမ်းတွင်မူ လီလော့နှင့် ပညာရှင်များကို ရန်တိုက်ပေးနေခြင်းဖြစ်သည်။
ပညာရှင်များ ရုတ်ရုတ်သဲသဲဖြစ်သွားပုံအရ ဖန်ချန်းချီ၏စကားများ အလုပ်ဖြစ်သွားခဲ့ပုံရသည်။
လီလော့ တခဏလောက်ကြာသည်အထိ ဖန်ချန်းချီကို ကြည့်နေခဲ့မိသည်။ ထိုမြေခွေးအိုကြီးသည် ဇောင်ရီထက်ပင် ကိုင်တွယ်ရခက်ခဲမည့်သူဖြစ်သည်။
" ကျွန်တော်လည်း အဆင့်နှစ် ပဲ့တင်ထပ်သံပြုပြင်သူတစ်ယောက်ပါ....ကျွန်တော် ခင်ဗျားတို့လောက်တော့ ဗဟုသုတမကြွယ်ဝပါဘူး.....တကယ်ဆို ဉက္ကဌက ဝိဉာဉ်ရည်သန့်စင်ရတဲ့အလုပ်တွေ လုပ်စရာမှမလိုတာ....ရှီးယန်ကို ပိုပြီး သန်မာလာအောင်လုပ်ပေးနိုင်ဖို့ပဲလိုတာ မဟုတ်လား....."
" ကျွန်တော် ထျန်ရှုမှာ လုပ်ပေးခဲ့တာတွေကို ခင်ဗျားတို့လည်း သိပြီးလောက်မှာပါ....အရင် တစ်နှစ်စာ အမြတ် တစ်သိန်းလောက်ပဲရနေတဲ့ ရှီးယန်စံအိမ်ကို အမြတ်သုံးဆရအောင် လုပ်ပေးခဲ့တယ်လေ......"
" ကျွန်တော် တွက်တာမမှားဘူးဆို ရှီးယန်ရုံးချုပ်ရဲ့ တစ်နှစ်စာ အမြတ်က တစ်သန်းလောက်တော့ရှိမယ်ထင်တယ်......"
လီလော့ ဆက်မပြောတော့ဘဲ အားလုံးကို ကိုယ်တိုင် စဉ်းစားခိုင်းလိုက်လေသည်။အမြတ်ငွေ သုံးသိန်းဆိုသည်မှာ ရုံးချုပ်ဝင်ငွေ၏ သုံးပုံတစ်ပုံစာရှိပေသည်။
ထိုအချိန်တွင် ယန်လင်းချီ ရှေ့ထွက်လာပြီး.....
" သခင်လေးပြောတာ အမှန်တွေချည်းပဲ....မယုံရင်ကိုယ်တိုင်သွားစစ်ဆေးလို့ရတယ်....."
ယန်လင်းချီ၏ အခိုင်အမာပြောဆိုနေမှုကြောင့် တီးတိုးသံများ လျော့ပါးသွားခဲ့ကြသည်။ အကယ်၍ ပြောသည့်အတိုင်း ဟုတ်မှန်နေပါက သူတို့၏ သခင်လေးသည် မွန်းစတားဆန်သူတစ်ဉီးပင်ဖြစ်ပေလိမ့်မည်။
အတတ်ပညာပိုင်းသည် အရေးကြီးသည်ဆိုသော်လည်း ရှီးယန်ရုံးချုပ်ကို တောင့်တင်းခိုင်မာအောင် ပြုလုပ်ပေးနိုင်ခြင်းကသာလျှင် ပို၍အရေးကြီးသည်မဟုတ်ပေလော......
လီလော့ ထိုသို့ လူလုံးလာပြလိမ့်မည်မထင်ထားသောကြောင့် ဖန်ချန်းချီ အတော်ဒေါခွီးနေလေပြီ.......
" သခင်လေး...ကျုပ်တို့ကို စိတ်ဓာတ်ကျအောင်လုပ်နေတာလား...."
ဖန်ချန်းချီ ထိုသို့မေးလိုက်သောအခါ လီလော့ကလည်း......
" ပြောစမ်းပါဉီး...ကျွန်တော်ပြောတဲ့အထဲမှာ စိတ်ဓာတ်ကျစရာဘာများ ပါသွားလို့လဲ......"
" ကျုပ်နှစ်ပေါင်းများစွာ ရှီးယန်အတွက်ကြိုးစားပေးခဲ့တာ အကုန်လုံးလည်း အသိပါ...ဟန်ဇီနဲ့ ယှဉ်လာပြန်တော့လည်း သခင်လေးမိဘတွေက ဟန်ဇီကိုပဲ ရွေးသွားခဲ့ကြတယ်.....ကျုပ် အရှုံးကို ကျေကျေနပ်နပ်ကြီး လက်ခံပေးခဲ့တယ်....အခု ဟန်ဇီ သစ္စာဖောက်သွားတာကို ကြည့်ရင် သခင်လေးမိဘတွေ လူရွေးမှားခဲ့မှန်း သိသာနေတာပဲ....သခင်လေးက မိဘတွေကိုယ်စား အမှားပြင်ဖို့ စိတ်ကူးမရှိဘူးလား......."
လီလော့ ဖန်ချန်းချီကို ပြုံးပြလိုက်ပြီး......
" ဒုဉက္ကဌဖန် နှစ်ပေါင်းများစွာ ကြိုးစားပေးခဲ့တာက ရှီးယန်အတွက်လား....ဖေဟောင့်အတွက်လား......."
" ဖေဟောင်ကလည်း အိမ်တော်သခင်နှစ်ပါးရဲ့ တပည့်ပဲလေ.....ကျုပ် လော့လန်အိမ်တော် သစ္စာစောင့်သိပြီး အိမ်တော် ကောင်းစားဖို့ပဲ လုပ်ပေးခဲ့တာ....."
" ဟန်ဇီ သစ္စာဖောက်သွားတဲ့အတွက် အခုဆို ရှီးယန်မှာ အဆင့်ငါးပညာရှင်တွေ မရှိတော့ဘူး....သခင်လေးသာ အခုလို စည်းလွတ်ဝါးလွတ် လုပ်နေဉီးမယ်ဆို နောက်ထပ် ပညာရှင်တွေကိုပါ လက်လွှတ်ပေးရလိမ့်မယ်......"
ဖန်ချန်းချီ၏ ချိန်းခြောက်မှုများသည် တစတစ ပိုမိုပြင်းထန်လာသည်။
ဖေဟောင်၏ ထောက်ပံ့ပေးမှုကြောင့် ဖန်ချန်းချီတစ်ယောက် လီလော့နှင့်ကျန်းချင်းအာတို့ကို လူမထင်တော့ပေ။
" ဖန်ချန်းချီ မင်း အတင့်ရဲလှချည်လား.....!!!!"
အကြီးအကဲကျန်း ဒေါသတကြီးအော်ဟစ်လိုက်သော်လည်း ဖန်ချန်းချီက နည်းနည်းမျှ မကြောက်သည့်အပြင် ခေါင်းမော့ထားလိုက်သေးသည်။
" ကျုပ်က သခင်လေးကို ပိုပြီး အကျိုးကြောင်းသင့်အောင် လုပ်ပေးစေချင်ရုံပါ....ကျုပ် လုပ်သမျှတိုင်းက ရှီးယန် ကောင်းစားဖို့အတွက်ချည်းပဲ....."
ပြီးတာနဲ့ ဖန်ချန်းချီက ပညာရှင်များဘက်ကို လှည့်လိုက်ပြီး.......
" ခင်ဗျားတို့ ကျုပ်ကိုထောက်ခံပေးမယ်မဟုတ်လား......"
တခဏလောက်တိတ်ဆိတ်သွားပြီးနောက် ပညာရှင်များ တစ်ယောက်ပြီးတစ်ယောက် ရှေ့ထွက်လာကြပြီး......
"ဒုဉက္ကဌဖန်ကသာ ဉက္ကဌရာထူးအတွက် အသင့်တော်ဆုံးပါ......."
ဖန်ချန်းချီသည် အရည်အချင်းအရရော အတွေ့အကြုံအရပါ လီလော့ထက် သာလွန်နေသူဖြစ်သဖြင့် ပညာရှင်များကိုလည်း အပြစ်မဆိုသာခဲ့ပေ။
ထိုသူများကို လီလော့ နားလည်ပေးနိုင်ပါသည်။နှစ်ပေါင်းများစွာ အတူတကွ လုပ်ကိုင်ခဲ့သူကိုကျော်၍ ယခုမှရောက်လာသူကို မည်သူမျှ ယုံကြည်ဝံ့မည်မဟုတ်ပေ။
လီလော့ ဒေါသထွက်မနေတော့ဘဲ ထိုအစားရှေ့ထွက်လာခဲ့ပြီး.....
"ကျွန်တော် ထျန်ရှုမှာရှိတဲ့ ရှီးယန်စံအိမ်ကို ဘယ်လို မြှင့်တင်ပေးခဲ့လဲ သိကြရဲ့လား....အချိန်နှစ်လအတွင်း မြှင့်တင်ပေးခဲ့တာနော်......"
အကုန်လုံးသည် လီလော့ကို သံသယအကြည့်များနှင့်သာ ကြည့်နေကြလေ၏။ အဆင့်နှစ်ပဲ့တင်ထပ်သံပြုပြင်သူ တစ်ယောက်က ရုံးခွဲတစ်ခုလုံးကို နှစ်လအတွင်း မြှင့်တင်ပေးနိုင်ခြင်းသည် ဖြစ်နိုင်ပါ၏လော......
" ရှင်းရှင်းလေးပါ....ကျွန်တော် လျှို့ဝှက်ရေအရင်းမြစ်ပညာရပ်ကို ကျွမ်းကျွမ်းကျင်ကျင် တတ်မြောက်ထားလို့ပါပဲ......ကျွန်တော်ရဲ့
လျှို့ဝှက်ရေအရင်းမြစ်နဲ့သာဆို ရှီးယန်ရုံးချုပ်ကို ထိပ်တန်းစံအိမ်ဆယ်ခုစာရင်းဝင်အောင် လုပ်ပေးဖို့ သိပ်မခက်ခဲဘူး......"
အာမေဋိတ်သံများ ဆူညံကုန်လေ၏။
"လျှို့ဝှက်ရေအရင်းမြစ်တဲ့....သခင်လေးမှာ လျှို့ဝှက်ရေအရင်းမြစ်ရှိတယ်တဲ့........"
လျှို့ဝှက်ရေအရင်းမြစ်ဟူသည် ပဲ့တင်ထပ်သံပြုပြင်သူတိုင်းအတွက် အဖိုးမဖြတ်နိုင်သော ရတနာတစ်ပါးပင်ဖြစ်သည်။ လျှို့ဝှက်နေရအရင်းမြစ် ပညာရပ်တစ်ခု၏ တန်ကြေးသည် ကောင်းကင်ရွှေ သန်းပေါင်းများစွာ ထိုက်တန်သဖြင့် ကျော်ကြားသော စံအိမ်အချို့သာ ပိုင်ဆိုင်နိူင်ကြသည်။
နှစ်ပေါင်းများစွာ ဝိဉာဉ်ရည်ထုတ်လုပ်ရေး လုပ်ကိုင်နေသော ရှီးယန်စံအိမ်တွင်ပင် ကိုယ်ပိုင် လျှို့ဝှက်ရေအရင်းမြစ် ပညာရပ်သီးသန့် မရှိသည်ကို ကြည့်ခြင်းအားဖြင့် ထိုပညာရပ် မည်မျှ ရှားပါးအဖိုးထိုက်သည်ကို ခန့်မှန်းကြည့်နိုင်သည်။
ရှပြည်ထောင်စုအတွင်းရှိ ထိပ်တန်းစံအိမ်တော်တိုင်းတွင် လျှို့ဝှက်ရေအရင်းမြစ် သို့မဟုတ် လျှို့ဝှက်အလင်းအရင်းမြစ်ပညာရပ်များကို တစ်ခုထက်မက ပိုင်ဆိုင်ထားကြသောကြောင့် ရှီးယန်စံအိမ်သာ ထိပ်တန်းစံအိမ် ဆယ်ခုစာရင်းဝင်ရန် ရည်မှန်းထားပါက ထိုပညာရပ်များကို တစ်ခုထက်မက ပိုင်ဆိုင်ထားရပေလိမ့်မည်။
ထိုသို့သော အဖိုးတန်ပညယရပ်တစ်ခုကို လီလော့ ကျွမ်းကျင်စွာ တတ်မြောက်ထားကြောင်း ကြားသိလိုက်ရချိန်တွင် အကုန်လုံး အံ့သြတုန်လှုပ်နေခဲ့ရလေသည်။
ဖန်ချန်းချီသည် မျက်နှာမပျက်အောင် ထိန်းထားသော်လည်း......
"ဘယ်လိုပဲ လျှို့ဝှက်ရေအရင်းမြစ်လို့ ပြောနေပါစေ သန့်စင်မှုကို အရင်ကြည့်ရဉီးမှာပေါ့....တော်ရုံ သန့်စင်မှုလောက်နဲ့တော့ သခင်လေးတောင်းဆိုတာကို မလိုက်လျောပေးမနိုင်ဘူး....."
ခေါင်းမာလွန်းလှသော ဖန်ချန်းချီကို လီလော့ စိတ်ပျက်နေသော အကြည့်နှင့် တစ်ချက်ကြည့်လိုက်ပြီး အနီးအနားတွင်ရှိနေသာ ပညာရှင်များဆီ ဖန်ပုလင်းအချို့ ပစ်ပေးလိုက်သည်။
// မာလွန်းတဲ့ခေါင်းကို ဘယ်လိုခွဲပြမလဲ စောင့်ကြည့်နေလိုက်.....//
အကြီးအကဲကျန်းကလည်း ပုလင်းတစ်လုံးကို ဖမ်းယူလိုက်ပြီး သန့်စင်မှုစမ်းသပ်သည့်အပ်ဖြင့် စမ်းသပ်ကြည့်လိုက်သောအခါ အိုမင်းသော မျက်နှာထက်တွင် အံ့အားသင့်မှုများ ထင်ဟပ်လာခဲ့သည်။
" ဒီ...ဒီလျှို့ဝှက်ရေအရင်းမြစ်ရဲ့ သန့်စင်မှုက အဆင့်ခုနှစ်လောက်တောင်ရှိတယ်....မဟုတ်သေးဘူး.... အဆင့်ခုနှစ်ထက်တောင် မြင့်ရင်မြင့်နေဉီးမှာ....."
ဝိုးးးးးးးးး
ပညာရှင်များသည်လည်း သန့်စင်မှုကို မျက်ဝါးထင်ထင် တွေ့မြင်လိုက်ရသောအခါ ခြေဖျားလက်ဖျားများပင် အေးစက်တုန်ရီလာခဲ့ကြသည်။
လက်ရှိတွင် သန့်စင်မှု အဆင့်ခုနှစ်အထက်တွင် ရှိနေသာ လျှို့ဝှက်ရေအရင်းမြစ်မျိုးကို ရှပြည်ထောင်စုအတွင်းရှိ အကောင်းဆုံး ဝိဉာဉ်ရည်ထုတ်လုပ်ရေး စံအိမ်တစ်ခုတည်းကသာ ပိုင်ဆိုင်ထားသည်။
ယခုချိန်တွင် လီလော့ကို အမြင်သစ်တစ်မျိုးဖြင့် ပြောင်းကြည့်နေကြလေပြီ......
ထိုကဲ့သို့သော ရေအရင်းမြစ်ကို သုံးစွဲမည်ဆိုပါက ထုတ်ကုန်များ အရည်အသွေးကောင်းလာရုံသာမကဘဲ ပညာရှင်များအတွက်လည်း ပညာရပ်ပိုင်းဆိုင်ရာ ကျွမ်းကျင်မှုများ တိုးပွားလာပေလိမ့်မည်။ ကံကောင်းမည်ဆိုပါက ဉာဏ်အလင်းပွင့်ပြီး နောက်တစ်ဆင့်သို့ပင် တက်လှမ်းနိုင်လိမ့်မည်။
ဤသည်မှာ ပွဲတော်တွင် ယန်လင်းချီ အဆင့်ငါးဝိဉာဉ်ရည် သန့်စင်နိုင်ရန် လီလော့ကူညီပေးခဲ့သလိုမျိုးပင်.....
ထို့ကြောင့်ပဲ့တင်ထပ်သံပြုပြင်သူတိုင်း အဆင့်မြင့် လျှို့ဝှက်ရေအရင်းမြစ်ပိုင်ဆိုင်ထားသော စံအိမ်များနှင့်သာ လက်တွဲချင်ကြခြင်းဖြစ်သည်။
အဆင့်ခုနှစ် လျှို့ဝှက်ရေအရင်းမြစ်တစ်ခုနှင်အပင် လီလော့ အားလုံး၏စိတ်နှလုံးသားကို သိမ်းယူနိုင်ခဲ့ပြီဖြစ်သည်။
လီလော့ ဖန်ချန်းချီကို မပွင့်တပွင့် ပြုံးပြလိုက်ပြီး......
" ဘာပြောချင်သေးလဲ ဒုဉက္ကဌဖန်....."