← Chapters

သွေးရူးသွေးတန်းဖြစ်နေသော ဂိုဏ်းစောင့်ဘိုးဘိုး ( ၂ )

Vol. 16 Ch. 242

သွေးရူးသွေးတန်းဖြစ်နေသော ဂိုဏ်းစောင့်ဘိုးဘိုး ( ၂ )

Vol. 16 Ch. 242

“ ဒါ အရေးမကြီးတော့ဘူး ”

ရွှီချင်းက ခေါင်းယမ်းလိုက်ပြီး ညာလက်ကို မြှောက်၍ ဖမ်းဆုပ်လိုက်သည်။ ရုတ်တရက် သူ့လက်ထဲသို့ ကြေးညိုရောင်ပုလင်းလေး ပျံသန်းလာသည်။

ပုလင်းထဲမှ အသံက အားပျော့သွားပြီဖြစ်သည်။ တစ်ကြိမ် အသံမြည်ပြီးနောက် လုံးလုံးလျားလျား ပျောက်ကွယ်သွားသည်။

တင်းရွှယ်က ကျောက်ကျုံးဟန်ကို လှမ်းကြည့်လိုက်သည်။ တခြားတစ်ယောက်သာ ဆိုပါက ထိုအကြည့်၏ အဓိပ္ပာယ်ကို သိမည် မဟုတ်ပါသော်လည်း ကျောက်ကျုံးဟန်မှာမူ ကောင်းစွာ ရိပ်စားမိလိုက်ပြီး ချက်ချင်း ရှေ့တိုးသွားကာ တွေဝေတွန့်ဆုတ်မနေဘဲ အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ဝင်၏ခန္ဓာကိုယ်ကို ရှာဖွေလိုက်သည်။

မကြာခင် သိုလှောင်အိတ်တစ်လုံးကို တွေ့လိုက်ပြီးနောက် သူတို့သုံးယောက်သား လျှို့ဝှက်လမ်းကြောင်းထဲမှ ထွက်လာခဲ့ကြသည်။

ရွှီချင်းက အသံဖမ်းပုလဲကို ဖုံးကာ သိမ်းထားလိုက်သည်။

တင်းရွှယ်က ဤနေရာမှ ရှာဖွေတွေ့ရှိခဲ့သည်ကို ဂိုဏ်းအား ပြောပြလိုက်ပြီး သူမ၏ တာဝန် ပြီးစီးသွားပြီဟု ယူဆနိုင်သည်။ သိုလှောင်အိတ်ထဲ၌ ပစ္စည်းများစွာ မရှိဘဲ တိုလီမိုလီပစ္စည်းများသာ ရှိသည်။ ဓမ္မအသုံးအဆောင်များ မရှိသလို ကျောက်စိမ်းအဆောင်များလည်း မရှိပေ။ ထိုပစ္စည်းများကို သုံးပစ်လိုက်ဟန်တူသည်။

ဝိညာဉ်ကျောက်တုံးရာဂဏန်းခန့်နှင့် ဝိညာဉ်လက်မှတ် လေးငါးစောင်သာ ရှိသည်။ ထိုမျိုးနွယ်ဝင်က အစကတည်းက ဆင်းရဲလေသလား၊ သို့တည်းမဟုတ် သူ့ပစ္စည်းများကို တခြားနေရာတွင် ဝှက်ထားခဲ့လေသလား သူတို့ မသိပေ။

ရွှီချင်းက လှမ်းကြည့်လိုက်သည်။ သူက အသံဖမ်းပုလဲကို ယူထားပြီးပြီဖြစ်၍ တခြားမည်သည်ကိုမှ မတောင်းတော့ပေ။

နောင်တချိန်တွင် ထိုပုလင်းအား မည်သို့ အသုံးပြုရမည်ကို သူမသိပါသော်လည်း ထူးဆန်းနေ၍ တစ်နေရာရာတွင် အသုံးဝင်မည်ဟု သူ ခံစားမိသည်။

ကျောက်ကျုံးဟန်နှင့် တင်းရွှယ်တို့နှစ်ယောက်လုံးက ချမ်းသာကြွယ်ဝသူများဖြစ်ပြီး သိုလှောင်အိတ်ထဲမှ ပစ္စည်းများကို မတပ်မက်ပါသော်လည်း ခွဲယူလိုက်ကြသည်။ နည်းသည်ဖြစ်စေ၊ များသည်ဖြစ်စေ ယင်းပစ္စည်းများသည် သူတို့၏ ကြိုးစားအားထုတ်မှု မဟုတ်ပါလား။

ထိုသို့ဖြင့် တင်းရွှယ်က လျှို့ဝှက်လမ်းကြောင်းကိစ္စကို တင်ပြလိုက်ပြီး ထိုကိစ္စ အဆုံးသတ်သွားသည်။ တခြားဂိုဏ်းသားများက နောက်ဆက်တွဲကိစ္စများကို ကိုင်တွယ်မည် ဖြစ်သည်။

အချိန်များ လျင်မြန်စွာ ကုန်လွန်သွားသည်။ ကျောက်ကျုံးဟန် ပေါ်လာခြင်းကြောင့် တင်းရွှယ်မှာ တစတစ စိတ်ဓာတ်ကျနေစဉ် သတ်မှတ်ထားသော တစ်လက ပြည့်သွားပြီဖြစ်သည်။ ရွှီချင်းက နှုတ်ဆက်ကာ ထွက်ခွာသွားမည်ပြုစဉ် တင်းရွှယ်မှာ အလွန် ဝမ်းနည်းပူဆွေးစွာဖြင့် သူ့နောက်သို့ ပြေးလိုက်ကာ စိုးရိမ်ပူပန်စိတ်ကို ထုတ်ပြခဲ့လေသည်။

“ အစ်ကိုရွှီ၊ ရှေ့တန်းက သိပ်အန္တရာယ်များတာ။ အစ်ကို ဂရုစိုက်နော်။ အစ်ကို ဘေးကင်းဖို့က အရေးကြီးဆုံးပဲ ”

“ ညီမကျင့်ကြံခြင်းက နိမ့်ကျလို့ ဘာမှလုပ်မပေးနိုင်ဘူး။ ဒါပေမဲ့ အစ်ကို့ကို ဂရုစိုက်ပေးဖို့ ဒေါ်လေးကို ညီမ ပြောလိုက်မယ်။ အစ်ကို မဖြေရှင်းနိုင်တာ ကြုံရရင် ဒေါ်လေးကို အကူအညီ တောင်းလိုက်နော် ”

“ ပြီးတော့ အစ်ကိုရွှီ၊ ဒီအတောအတွင်း ညီမကို ကူညီပေးခဲ့လို့ ကျေးဇူးတင်ပါတယ်။ အပင်နဲ့အသီးအရွက်ကို နားလည်အောင် လုပ်ပြီး ခုနစ်ဂိုဏ်းမဟာမိတ်ကို ဝင်ခွင့်ရအောင် ညီမ တတ်နိုင်သလောက် ကြိုးစားမှာပါ။ အဲဒီအချိန်ရောက်ရင် အပင်နဲ့ အသီးအရွက်နဲ့ ပတ်သက်လာရင် အစ်ကိုရွှီကို ညီမ အကူအညီပေးနိုင်လောက်မှာ ”

တင်းရွှယ်က လေးနက်သောအမူအရာဖြင့် ပြောလိုက်သည်။

“ ဒုတိယမြောက်တောင်ထိပ်က အပင်နဲ့အသီးအရွက်တာအိုက နည်းနည်း နိမ့်ကျတယ်။ နောက်ကျ ညီမ သူတို့ထက် သေချာပေါက် ပိုသာမှာ ”

“ ကျေးဇူးပဲ။ ကိုယ့်ကိုယ်ကိုယ်လည်း ဂရုစိုက်ဦး ”

ရွှီချင်းက ခံစားချက်များဖြင့် သက်ပြင်းချလိုက်သည်။ တင်းရွှယ်၏ စကားများထဲမှ ကြင်နာစိတ်ကို သူ ခံစားမိသည်။ ပြီးခဲ့သည့်လက တင်းရွှယ်မှာ အစီအစဉ်တချို့ ရှိနေပါသော်လည်း လူကောင်းတစ်ယောက်ဟု သူ ခံစားမိသည်။ ထို့ပြင် တင်းရွှယ်က သင်ယူရန် စိတ်အားထက်သန်ပြီး ထိုသည်ကို သူ အသိအမှတ်ပြုသည်။

ဒုတိယတောင်ထိပ်မှ အပင်နှင့်အသီးအရွက်တာအိုက နိမ့်ကျသည်ဟူသော တင်းရွှယ်၏ စကားနှင့် ပတ်သက်၍မူ ဒုတိယတောင်ထိပ်နှင့် သူ အဆက်အဆံများစွာ မရှိ၍ မှတ်ချက်မပေးနိုင်ပေ။ တင်းရွှယ်ကို သူ လက်နှစ်ဖက်ဆုပ်၍ လှည့်ထွက်လာသည်။

တင်းရွှယ်သည် မြင်ကွင်းထဲမှ ရွှီချင်း ပျောက်သွားသည်အထိ စိတ်ပျက်လက်ပျက်ဖြင့် ကြည့်နေသည်။ ထို့နောက် ကျောက်ကျုံးဟန်ကို မကျေမနပ်ဖြင့် လှည့်ကြည့်လိုက်ပြီး ဟွန့်ခနဲ နှာမှုတ်၍ ရေသူမကျွန်းများပေါ်မှ ထွက်သွားလိုက်သည်။

ရှေ့တန်းစစ်မြေပြင်က အန္တရာယ်များပြီး သူမ၏ ကျင့်ကြံခြင်းအဆင့်ဖြင့် ဤနေရာတွင် ဆက်နေရန် မသင့်တော်ပေ။

ကျောက်ကျုံးဟန်မှာမူ တင်းရွှယ်၏ လှပကြော့ရှင်းသော နောက်ကျောပြင်ကို မြဲမြံခိုင်ကျည်သောအကြည့်ဖြင့် ကြည့်၍ သူ၏ယူဆချက် မှန်ကန်သည်ဟု ခံစားလိုက်ရသည်။

‘ အချစ်ရေးမှာ ကျင့်ကြံခြင်းက အရေးမပါဘူး။ ငါ့မေတ္တာတွေက အားလုံးကို ကျော်လွှားနိုင်တယ်။ ဒီရွှီချင်းလဲ ငါ့ထက် အစွမ်းထက်ပေမဲ့ ဒီလိုမျိုး ထွက်သွားရတာပဲ။ ဒါပေမဲ့ ငါကတော့ ဂိုဏ်းတူအစ်မလေးဘေးမှာ အမြဲတမ်း အဖော်ပြုပေးနိုင်တယ် ’

ထိုအတွေးကြောင့် ကျောက်ကျုံးဟန်သည် သက်ပြင်းရှည်ကြီးချ၍ ခပ်သွက်သွက် လိုက်သွားသည်။ တင်းရွှယ်၏ ငြုစူသောအကြည့်အောက်တွင် သူတို့နှစ်ယောက်သား အတူတကွ ထွက်သွားကြသည်။

ရွှီချင်းမှာမူ ရေသူမကျွန်းများပေါ်မှ ထွက်မသွားသေးပေ။

တင်းရွှယ်ကို ကာကွယ်ရမည့်တာဝန် ပြီးဆုံးသွားပြီးနောက် ကျပန်းတည်နေရာရွှေ့ပြောင်း အဆောင်သုံးဆောင်ကို သူ ရလိုက်သည်သာမက လက်ထောက်တောင်သခင် ပေးသည့် အမိန့်ကိုလည်း သူ ရလိုက်သည်။

ထိုအမိန့်ဖြင့်ဆိုပါက တောင်းဆိုရန် မလိုဘဲ စစ်ပွဲထဲမှ သူ ထွက်သွားနိုင်ပြီး တာဝန်ထမ်းဆောင်နေစဉ်မှာပင် ထိုအမိန့်ကို သူ အသက်သွင်းနိုင်သည်။

ယင်းသည် ဂိုဏ်းသို့ အချိန်မရွေး ပြန်သွားခွင့်ရသွားသည်နှင့် ဆင်တူသည်။ စစ်ပွဲထဲမှာ ပါဝင်ရန် တာဝန်ရှိသေးသော်လည်း ရှေ့တန်းမှ နောက်တန်းသို့ ပြောင်းသွားပြီ ဖြစ်သည်။

သူ့တိုက်ပွဲရလဒ်များနှင့် စစ်ဆုကြေးများ လျော့ချခံရမည် မဟုတ်ပေ။

ယင်းအမိန်ကြောင့် အလွန် ခိုင်မာသော လုပ်ပိုင်ခွင့် သူ ရသွားမည်ဖြစ်သည်။

ရွှေအမြုတေအဆင့်အကြီးအကဲများသည်ပင် ထိုကဲ့သို့အမိန့် ထုတ်ပြရန် အလွန် ခက်ခဲသည်။ တောင်သခင်အဆင့်ရှိ ထိပ်သီးပုဂ္ဂိုလ်များသည်သာ ထိုအမိန့် ထုတ်ပြန်နိုင်ပြီး ထိုအမိန့်၏ တန်ဖိုးမှာ အလွန် မြင့်မားသည်။

လက်ထောက်တောင်သခင်က တင်းရွှယ်ကြောင့်သာ ထိုအမိန့်ကို ပေးခဲ့ခြင်းဖြစ်ကြောင်း ရွှီချင်း သတိထားမိသည်။

“ ဒါ မျက်နှာသာပေးတာပဲ။ နောက်ကျ တင်းရွှယ်ကို ငါ ပြန်ဆပ်ရမယ် ”

ထိုကိစ္စကို ရွှီချင်း မှတ်ထားလိုက်ပြီး ဂိုဏ်းတံဆိပ်ပြားကို ထုတ်၍ အထဲမှ တာဝန်များကို စစ်ဆေးကြည့်လိုက်သည်။

သူ ချက်ချင်း ထွက်သွားရန် စီစဉ်မထားပေ။ တင်းရွှယ်၏ တာအိုအစောင့်အရှောက်အဖြစ် တစ်လ နေပေးလိုက်ရခြင်းကြောင့် စစ်ပွဲထဲရှိ သူ့အဆင့်က ခုနစ်ဆယ်အောက်သို့ ပြန်ကျသွားပါသော်လည်း အဆင့်တက်အောင် လုပ်ရန် ခက်ခဲသည်ဟု သူ မထင်ပေ။

ထိပ်ဆုံးအဆင့်ငါးဆယ်သို့ သူ ရောက်ချင်ပြီး ဓမ္မရတနာစက္ခုအာရုံကို တစ်ကြိမ် အသုံးပြုခွင့် သူ ရချင်သည်။

နောက်ရက်များ၌ တာဝန်များထဲ သူ တဖန် နစ်မြုပ်လိုက်သည်။ နေ့တိုင်း တာဝန်တစ်ခုပြီးတစ်ခု သူ ဆက်ယူပြီး အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ဝင်များကို သတ်ဖြတ်ကာ ဝိညာဉ်များကို စုပ်ယူလေသည်။ ရံဖန်ရံခါ အရိပ်ကိုသုံး၍ တိုက်ပွဲရလဒ်များကို အတုလုပ်လေသည်။

တဖြည်းဖြည်းနှင့် သူ့အဆင့်က ငါးဆယ်အနား ကပ်လာပြီး ဓမ္မရတနာ၏ စက္ခုအာရုံကို သုံးခွင့်ရရန် မလိုတော့ပေ။ ထိုနေ့က ယခုလေးတင် တာဝန်တစ်ခုပြီး၍ နောက်ထပ်တာဝန် လက်ခံရန် ပြင်နေသည့် ရွှီချင်းသည် ရုတ်တရက် မျက်နှာပျောက်သွားပြီး ခြေထောက်ကို ငုံ့ကြည့်လိုက်သည်။

သူ့မျက်လုံးများ တဖိတ်ဖိတ်လက်သွားပြီး မူလနေရာမှ ပျောက်သွားကာ ချောင်ကျသောနေရာတွင်ပြန်ပေါ်လာသည်။ ထို့နောက် သူက တည်ငြိမ်စွာ ပြောလိုက်သည်။

“ မင်း ဘာပြောချင်တာတုံး ”

အရိပ်လေးက သူ့ကို ခံစားချက်များ ပို့လွှတ်လိုက်သည်။

“ အဆင့်တက် … ငြိမ်သက် ... ဘေးကင်း ... အဆင့်တက် …”

အရိပ်လေးက အတတ်နိုင်ဆုံး ကြိုးစားပြသလိုက်သည်။

ရွှီချင်း၏မျက်လုံးများ မှေးသွားသည်။

အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်နှင့် စစ်ပွဲ၌ အရိပ်လေးက အကူအညီများစွာ ပေးခဲ့သည်။ ယခု ၎င်းက အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ဝင် အများအပြားကို ဝါးမျိုခဲ့သည်ဖြစ်၍ အဆင့်တက်တော့မည်ဖြစ်သည်။ ယင်းကြောင့် ရွှီချင်း၏ ရင်ထဲ မျှော်လင့်ချက်များဖြင့် ပြည့်နှက်လာသည်။

သက်စောင့်မီးတောက်ကို သူ ထုတ်ဖော်နိုင်ပြီးနောက် အရိပ်နှင့် ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုးတို့က သူ့ကို အမီမလိုက်နိုင်တော့ပေ။ သို့သော်လည်း ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုးနှင့် အရိပ်ကို သူ သတိထားနေဆဲပင်။ အထူးသဖြင့် အရိပ်ကိုပင်။

အရိပ်က အဆင့်တက်တော့မည့်အကြောင်း သတင်းပေးလိုက်သည်နှင့် ဘေးနားရှိ သံတုတ်လေးမှာ အနည်းငယ် တုန်ခါသွားသည်။ အထဲမှ ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုးသည်လည်း အလျင်အမြန် နတ်အာရုံ ပို့လွှတ်လိုက်သည်။

“ သခင်လေး … ကျွန်တော်မျိုးလည်း အဆင့်တက်တော့မှာ။ ကျွန်တော်မျိုး ကျင့်ကြံတဲ့ လက်နက်စောင့်ပညာရပ်က တခြားပညာရပ်တွေနဲ့ ကွဲလို့ ကျွန်တော်မျိုးလည်း တည်ငြိမ်အေးချမ်းတဲ့နေရာ လိုပါတယ်။ ကျွန်တော်မျိုးရဲ့ ဝိညာဉ်ကို သန့်စင်ဖို့ မိုးကြိုးလျှပ်စီးတွေ ပေါ်ပေါက်လာမှာပါ ”

“ ကျွန်တော်မျိုး အဆင့်တက်သွားရင် ရွှမ်ယောက်အသွင်သဏ္ဍာန်နဲ့ အဆင့်တူတဲ့ တိုက်ရည်ခိုက်ရည်ကို ထုတ်ဖော်နိုင်မှာပါ ”

ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုး၏ စကားများက ခိုင်မာပြတ်သားနေပါသော်လည်း သူ့ရင်ထဲတွင် လေးလံနေသည်။

အမှန်စင်စစ် သူသည် အဆင့်တက်ရန် အနည်းငယ် လိုသေးသည်။ သို့သော်လည်း သူ နောက်ထပ် မစောင့်နိုင်တော့ပေ။ အရိပ်လေးသာ ပထမဆုံး အဆင့်တက်သွားပါက သူ၏အဆင့်က ဒုတိယနေရာ ဖြစ်သွားမည် ဖြစ်သည်။ အရေးကြီးဆုံးမှာ သူ့ကို အသုံးမဝင်တော့ဟု ယူဆခံရမှာကိုပင်။

သူ့ကို အသုံးမဝင်တော့ဟု ယူဆလိုက်သည်နှင့် တချိန်ချိန်ရောက်လျှင် အမြောက်စာတစ်ခုကဲ့သို့ လွှင့်ပစ်ခြင်း ခံရနိုင်ချေများသည်။

ထို့ကြောင့် ကြိုးစားကြည့်ရန် သူ ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။

ရွှီချင်းက သံတုတ်နက်ကို ကြည့်ပြီးနောက် အရိပ်လေးကို ကြည့်လိုက်သည်။

သူ ဆုံးဖြတ်ချက်ချပြီးပြီ ဖြစ်သည်။

All Chapters