လကို သက်သေပြုပြီး မင်းတို့ကို အပြစ်ပေးမယ်
Vol. 19 Ch. 276
တက္ကစီတံခါးက ပွင့်သွားပြီးနောက် ကားသမားက ဖြည်းဖြည်းချင်း ဆင်းလာသည်။ သူသည် အဝါရောင် ရှပ်အင်္ကျီ လက်တိုကို ဝတ်ထားသည့် အနည်းငယ် ဝသော အမျိုးသားတစ်ယောက်ပင်။
ထို့နောက် ပန်းခြံ၏ အနီးဝန်းကျင်မှ ယောက်ျားသုံးယောက် ပေါ်လာသည်။
တစ်ယောက်သည် ထိပ်ပြောင်ပြီး တစ်ယောက်က မုတ်ဆိတ်မွေးနှင့် ပိန်ပါးပါး မျက်နှာရှိကာ ရက်စက်သော အငွေ့အသက် ပေါ်လွင်နေသည်။ သူတို့မျက်လုံးများသည် အန္တရာယ် အငွေ့အသက်တို့ဖြင့် စူးရှလျက် ရှိသည်။
နောက်ဆုံးလူကြောင့် ရဲ့လင်းချန် အံ့ဩသွားရသည်။ ထိုသူမှာ ကျန်းနန် သားရေစက်ရုံလုပ်ငန်း၏ သခင်လေး ဝူကျွင့်ကျယ် ဖြစ်သောကြောင့်ပင်တည်း။
“ဘယ်လိုလဲ၊ မင်း သူ့ကို ဒီခေါ်လာလား”
ပိန်းပါးပါးနှင့်လူက သူ့စရိုက်နှင့် တူညီသော ရက်စက်သည့် လေသံဖြင့် မေးလာသည်။
“သူက ကားထဲမှာ”
ကားသမားက ပြောသည်။
“ကားထဲက ထွက်လာဖို့ ကြောက်နေတာနဲ့ တူတယ်”
“ဟဲဟဲဟဲ ကောင်းတယ်”
ပိန်ပါးပါးလူက ရူးကြောင်ကြောင် ရယ်သံဖြင့် ရယ်လိုက်ပြီး သူ့ဘေးမှ ဝူကျွင့်ကျယ်ကို တစ်ချက်ကြည့်ကာ အေးစက်စက် လေသံဖြင့် ပြောလိုက်သည်။
“သူက ဝမ်ရုံ အော်တိုမိုဘိုင်း လုပ်ငန်းစု ဥက္ကဋ္ဌရဲ့ သမီးဆိုတာ သေချာလား”
“သေချာတယ်”
ဝူကျွင့်ကျယ်က ကားထဲကို ကြည့်လိုက်ပြီး သူ့မျက်လုံးတွင် အေးစက်၍ လက်စားချေလိုဟန်တို့ဖြင့် ပြည့်နေ၏။
“ဝမ်ရုံ အော်တိုမိုဘိုင်းလုပ်ငန်းစုက လျှို့ဝှက်ပင်မယ့် ကျန်းနန် သားရေစက်ရုံလုပ်ငန်းက သတင်း တစ်ချို့တော့ တူးဖော်နိုင်ပါသေးတယ်’
“သိပ်ကောင်းတယ်”
ပိန်ပါးပါးလူက ခေါင်းညိတ်သည်။
“သူ့ကို ကားပေါ်က ဆင်းခိုင်းလိုက်”
ဝူကျွင့်ကျယ်က ပြုံးစိစိ မျက်နှာထားနှင့် အမိန့်ကို နာခံလေသည်။ သူက ကားနားသို့ လျှောက်သွားပြီး တံခါးဖွင့်လိုက်သည်။
“မိန်းကလေးရှု ကားပေါ်က ဆင်းလာလိုက်ပါ”
“ဝူကျွင့်ကျယ် နင်ကိုး”
ရှုဝမ်ချင်၏ မျက်နှာ ဖြူရော်သွားသည်။ သူမ အတော်လေး ထိတ်လန့်သွားသည့် ပုံပင်။
“ဟဲဟဲ ရှုဝမ်ချင်၊ ငါ့ကျန်းနန် သားရေလုပ်ငန်းက ပြိုလဲသွားရင်တောင်မှ ငါ မင်းဘဝကို ငရဲကျအောင် လုပ်ဦးမှာပဲ”
ဝူကျွင့်ကျယ်က ရှုဝမ်ချင်ကို စိုက်ကြည့်နေ၏။
“မင်းက ဝမ်ရုံ အော်တိုမိုဘိုင်း လုပ်ငန်းစုက မင်းသမီးလေး ဟုတ်တယ်မလား”
“နင်”
ရှုဝမ်ချင်၏ မျက်နှာအမူအရာ ပျက်ယွင်းသွားသည်။
“ဟားဟား ကြည့်ရတာ ဟုတ်နေတဲ့ပုံပဲ”
ပိန်ပါးပါးလူက သူတို့အနားသို့ ကပ်လာသည်။
“ဒါဆိုရင် ငါ့အလုပ်က ပိုပြီး လွယ်သွားပြီ”
“နင်က ဘယ်သူလဲ”
ရှုဝမ်ချင်က နှုတ်ခမ်းကိုကိုက်၍ မေးလိုက်သည်။
“ငါတို့က ဂျပန်နိုင်ငံက ကမ္ဘာမြေရဲ့ ဂိတ်တံခါးကပဲ”
ပိန်ပါးပါးလူ၏ မျက်လုံးတွင် ရက်စက်သော အရိပ်တစ်ချက် ဖြတ်ပြေးသွားသည်။
“မင်းတို့ ဝမ်ရုံ အော်တိုမိုဘိုင်း လုပ်ငန်းစုက အလိုအလျောက် မောင်းနှင်ခြင်း ကားတွေကို တီထွင် နေတယ်လို့ ငါ ကြားထားတယ် ဟုတ်လား”
ရှုဝမ်ချင်၏ အမူအရာက မည်းမှောင်သွားပြီး စိတ်ထဲ၌ မကောင်းသော ခံစားချက်တစ်ခု ဖြစ်ပေါ်လာသည်။
“ဝူကျွင့်ကျယ် နင်က ဂျပန်နိုင်ငံက လူတွေကို ကူညီပေးနေတာလား”
“အဲ့တော့ ဘာဖြစ်လဲ၊ အားလုံးက မင်းကြောင့်ပဲ”
ဝူကျွင့်ကျယ်၏ မျက်လုံးများက ရူးသွပ်နေဟန်ပေါ်သည်။
“ငါ အားလုံး ဆုံးရှုံးလိုက်ရပြီ၊ ဒီသတင်းက ငါ့ကို ငွေကြေးနဲ့ မိန်းမတွေ ယူလာပေးနိုင်တယ်၊ ငါ ဒါကို အကောင်းဆုံး အသုံးချဖို့ လိုတာပေါ့”
“ဝမ်ရုံ အော်တိုမိုဘိုင်း လုပ်ငန်းစုရဲ့ မင်းသမီးက သိပ်လှမယ်လို့ ငါ ထင်မထားမိဘူး”
ပိန်ပါးပါးလူက ရိသဲ့သဲ့ ပြုံးနေပြီး သူ့မျက်လုံးတွင် ရာဂစိတ်တို့ တောက်လောင်လာကာ လက်ကိုဆန့်၍ ရှုဝမ်ချင်၏ ပါးကို လှမ်းကိုင်လေသည်။
ရှုဝမ်ချင်၏ တစ်ကိုယ်လုံး တုန်ယင်သွားပြီး နောက်ကို ဆုတ်လိုက်သဖြင့် ကပ်သီးလေး လွတ်သွားသည်။
သူမမျက်လုံးတွင် ကြောက်ရွံ့ဟန် ပေါ်နေပြီး တုန်ယင်နေသော အသံဖြင့် ပြောလိုက်သည်။
“ငါတို့က တရုတ်နိုင်ငံထဲမှာ၊ နင် မဆင်မခြင် လုပ်ရင် သေမှာပဲ”
“ဟားဟားဟား မင်းတို့ တရုတ်တွေမှာ ဒီလို စကား ရှိတယ်လေ၊ ဘာတဲ့ “အဆိုးဆုံးက သေရုံလောက်ပါပဲ” ဆိုတာ၊ ငါ ဒီလို အရည်အသွေးရှိတဲ့ မိန်းမတစ်ယောက်ကို မမြင်ရတာ တော်တော် ကြာပြီ”
ပိန်ပါးပါးလူက နှုတ်ခမ်းသပ်၍ သူမပေါ်၌ အုပ်မိုးလိုစိတ် ပြင်းပြနေ၏။
“သူက ငါတို့ဓားစာခံ ဖြစ်နေပြီဆိုတော့ ငါတို့ သူ့ကို ခဏလောက် ခံစားလိုက်ကြတာပေါ့၊ သူ မသေသရွေ့ အဆင်ပြေတယ်”
အေးစက်လှသော ထိုစကားများက ရှုဝမ်ချင်၏ စိတ်နှလုံးကို တုန်လှုပ်စေပြီး မျက်နှာတွင် ကြံရာမရဟန်တို့ ပေါ်လာသည်။
“ခင်ဗျား လက်ဆောင်အတွက် ကျေးဇူးတင်ပါတယ် ဆာ”
ဝူကျွင့်ကျယ် ဝမ်းသာအားရ ဖြစ်နေသည်။ သူ့အတွက် ဤသို့ အံ့ဩစရာကောင်းသော အဖြစ်မျိုး ရှိလာလိမ့်မည်ဟု သူ ထင်မထားမိပါ။ သူ ရှုဝမ်ချင်အား မျက်စိကျနေသည်မှာ ကြာပြီ ဖြစ်သည်။ လက်ရှိတွင် သူသည် စိတ်မရှည်တော့ဘဲ သူမကို ခုန်အုပ်ချင်နေလေသည်။
လေးယောက်လုံးက ရှုဝမ်ချင်အား ပျော်ပါးချင်စိတ်တို့ ပြည့်နေသော မျက်လုံးများဖြင့် စိုက်ကြည့်နေကြသည်။ မသိလျင် သားကောင်ကို ဆော့ကစားနေသော ကြောင်တစ်ကောင်လိုပင်။ ရှုဝမ်ချင်သည် တစ်ကိုယ်လုံး တုန်ယင်ကာ ကူကယ်ရာမဲ့စွာ နောက်ဆုတ်ရုံသာ တတ်နိုင်လေ၏။
ထိုသို့သောအချိန်၌ တရားမျှတမှုကို ကိုယ်စားပြုပုံရသည့် ထည်ဝါသော အသံတစ်သံကို ကြားလိုက်ရသည်။
“ရပ်လိုက်စမ်း၊ ကောင်မလေးကို လွှတ်လိုက်”
ထိုအသံက သူတို့ကို သတိလက်လွတ် ဖြစ်သွားစေသည်။ သူတို့ ဘေးဘီကို ဝေ့ကြည့်လိုက်သောအခါ ပန်းခြံထဲမှ ချား၏ အမိုးပေါ်၌ လူတစ်ယောက် ရပ်နေသည်ကို သတိထားမိသွားသည်။ ထိုလူသည် မျက်နှာဖုံးတစ်ခုကို စွပ်ထားပြီး ထိုမျက်နှာဖုံး အနက်၏ အလယ်၌ သွေးကဲ့သော နီရဲသော အရောင်ဖြင့် ဝိုင်ဟု ရေးထားသည်။
“စူပါမန်းဝိုင်လား”
ရှုဝမ်ချင်နှင့် ဝူကျွင့်ကျယ်တို့ တအံ့တဩဖြင့် ပြိုင်တူ ရေရွတ်လိုက်ကြသည်။ သို့သော် တစ်ယောက်က အံ့ဩစိတ်ဖြင့် ပြောခြင်း ဖြစ်ပြီး နောက်တစ်ယောက်က ကြောက်စိတ်ဖြင့် ပြောခြင်း ဖြစ်လေသည်။
“စူပါမန်းဝိုင် ဟုတ်လား၊ အဲ့ဒါ ဘာလဲ”
ပိန်ပါးပါးလူက ဝူကျွင့်ကျယ်ကို မယုံသင်္ကာဖြင့် ကြည့်လေသည်။
“သူက အခုတလော နာမည်ကြီးနေတဲ့ လူတစ်ယောက်ပဲ၊ သူက သန်မာပြီး ဆန်းကြယ်တဲ့ပုံပဲ”
ဝူကျွင့်ကျယ်က လေးနက်သော လေသံဖြင့် ရှင်းပြသည်။ သူ့စိတ်ထဲတွင် ထောင်ချီသော ကုလားအုတ်များ တက်နင်းနေ သကဲ့သို့ ရူးမတတ် ဖြစ်နေ၏။
*သောက်ကျိုးနည်း စူပါမန်းဝိုင်က အဲ့လောက် အံ့ဩဖို့ကောင်းတာလား*
*ဘယ်လိုလုပ် သူက အခုလို အရေးကြီးတဲ့အချိန်မှ ပေါ်လာတာလဲ*
“စူပါမန်းဝိုင် ကျွန်မကို ကယ်ပါဦးဂ
ရှုဝမ်ချင်က ကယ်တင်ရှင်ကို မြင်လိုက်ရသဖြင့် ချက်ချင်း အော်ဟစ်လေသည်။
ရဲ့လင်းချန်က အမြင့်၌ ရပ်ကာ သူတို့ကို စိုက်ကြည့်နေကာ သူ့မျက်လုံးတွင် မောက်မာဟန်တို့ ထင်ပေါ်နေပြီး အေးဆေးတည်ငြိမ်စွာ အမိန့်ပေးလိုက်သည်။
“သူ့ကို အခုလွှတ်လိုက်၊ မင်းတို့ လက်တွေကို မြှောက်ပြီး အညံ့ခံပါ၊ မဟုတ်လို့ကတော့ ငါ လကို သက်သေပြုပြီး မင်းတို့ကို အပြစ်ပေးမယ်”
[လကို သက်သေပြုပြီး မင်းတို့ကို အပြစ်ပေးမယ်ဆိုတာက sailormoon ထဲက ဆောင်ပုဒ်ကို ယူသုံးထားတာပါ]
ရဲ့လင်းချန်သည် အမြဲ စူပါမန်းဝိုင် မျက်နှာဖုံးကို သူနှင့်အတူ ဆောင်ထားလေ့ ရှိသည်။ ယင်းက သူ့ပုံစံ၏ သင်္ကေတတစ်ခု ဖြစ်သည် မဟုတ်ပါတကား။ မထင်မှတ်ဘဲ ၎င်းက ဤအခြေအနေ၌ အသုံးဝင်နေလေသည်။
“စူပါမန်းလား”
ပိန်ပါးပါးလူသည် အစက အံ့ဩနေပြီးမှ ထရယ်လေသည်။
“ဒါက ဘာလဲ၊ မျက်နှာဖုံး ဝတ်လိုက်ပြီးတာနဲ့ မင်းကိုယ်မင်း စူပါမန်းလို့ ပြောနေတာလား”
“ထွက်လာခဲ့ကြ”
သူ့အမိန့်သံအဆုံး၌ ပန်းခြံ၏ ထောင့်မျိုးစုံမှ လူများ ထွက်လာကြသည်။
သူတို့သည် ပန်းခြံအနှံ့ ပုန်းအောင်းနေခဲ့ကြသည်။ အားလုံးက လက်နက်များ ကိုင်ထားပြီး ရဲ့လင်းချန်အား ရက်စက်သော မျက်နှာဖြင့် ကြည့်နေကြသည်။
ဤသို့သော မြင်ကွင်းကို မမြင်ဖူးသည့် ရှုဝမ်ချင်သည် ကြောက်လန့်လွန်း၍ စကားပင် မပြောနိုင်ချေ။
“ဟီးဟီး တရုတ်လူမျိုး စူပါဟီးရိုးတဲ့လား၊ ရယ်ချင်စရာ ကောင်းလိုက်တာ”
ပိန်ပါးပါးလူက ရဲ့လင်းချန်အား စိတ်လှုပ်ရှားစွာ ကြည့်နေသည်။
“မင်း ရုပ်ရှင်ကြည့်တာ များသွားပြီလို့ ငါ ထင်တယ်၊ ဒီနေ့ မင်းတို့ရဲ့ စူပါဟီးရိုးကို ငါ ဖျက်ဆီးမယ်’
ရဲ့လင်းချန်က တစ်ချက်ခုန်၍ မြေကြီးပေါ် မိမိုက်စွာ ဆင်းလိုက်သည်။ သူ့အကြည့်က ပြောင်းလဲမသွားချေ။
“ငါ မင်းတို့ကို အခွင့်အရေး တစ်ခု ပေးမယ်၊ မင်းတို့တွေ … ငါ့ဆီ တစ်ခါတည်း တက်လာခဲ့”
“ညီအစ်ကိုတို့ သူ့ကို ချလိုက်ကြစမ်း”
လူမိုက်များက ကြွေးကြော်လာပြီး လက်နက်များကို မြှောက်၍ ရဲ့လင်းချန်ထံ အားကုန် ပြေးတက်လာ၏။
“ဝါထား”
[Bruce Lee အော်တတ်သည့် အသံမျိုး]
ရဲ့လင်းချန်က လက်ကိုမြှောက်၍ ရှေ့တည့်တည့်မှလူကို ထိုးလိုက်သည်။ ထိုလူမိုက်က တန်း၍ လဲကျသွားသည်။
ထို့နောက် ရဲ့လင်းချန်က နောက်လူမိုက်တစ်ယောက်၏ ခြေထောက်ကို ဘေးတိုက် ကန်ချလိုက်သဖြင့် ထိုလူ မျက်ရည်များ ဝဲတက်လာသည်။
“ဝါထား”
“ဝါထား”
ရဲ့လင်းချန်က ဗိုလ်ကျလွန်းလှသည်။ သူ၏ တိုက်ခိုက်မှုတိုင်းက သူတို့၏ ခံစစ်များကို ချိုးဖောက်သွားသည်။ သူနှင့် တစ်မီတာအတွင်း ရှိသော သူများအားလုံး မြေကြီးပေါ် လဲကျသွားကာ မလှုပ်နိုင်တော့ချေ။
ဤသို့သော် မြင်ကွင်းမျိုးက အက်ရှင်ရုပ်ရှင်ကားထက် ပို၍ မိုက်နေ၏။ ပိန်ပါးပါးလူ၊ ဝူကျွင့်ကျယ်နှင့် ရှုဝမ်ချင်တောင်မှ နားဝေတိမ်တောင် ဖြစ်နေကြသည်။
*ဒီလိုလူမျိုးက မယုံနိုင်စရာပဲ*
သုံးမိနစ်အတွင်း ပတ်ဝန်းကျင်တစ်ခုလုံး ငြိမ်သက်သွားပြန်သည်။ လူမိုက်များအားလုံး သတိလစ်နေကြသည်။
ရဲ့လင်းချန်ကမူ မည်မည်ရရ မဟုတ်သော တစ်စုံတစ်ရာကို လုပ်ခဲ့သကဲ့သို့ သူ့ပခုံးမှ ဖုန်များကို အသာခါလိုက်ပြီးနောက် ပိန်ပါးပါးလူထံ ဖြည်းဖြည်းချင်း လျှောက်သွားသည်။
“ဒါ … ဒါ စူပါမန်းပဲ”
ဝူကျွင့်ကျယ်၏ အမူအရာက အောင့်သက်သက် ဖြစ်လာပြီး ငိုချင်လုနီးပါး ဖြစ်နေ၏။ သူ တွေဝေမနေဘဲ မြေကြီးပေါ် ဒူးထောက်လိုက်သည်။
“စူပါမန်းဝိုင် ကျွန်တော်တို့ နှစ်ယောက်လုံးက တရုတ်လူမျိုးတွေလေ၊ ကျေးဇူးပြုပြီး ကျွန်တော့်ကို ခွင့်လွှတ်ပေးပါ …”