ပြောင်းပြန်ဖြစ်သွားသော သမိုင်းအမြင်များ
Vol. 19 Ch. 280
လူတိုင်း စိတ်အားထက်သန်စွာ နားထောင်နေကြသည်။ ထိုအခိုက်တွင် ယင်းက သမိုင်းမဟုတ်ဘဲ အလွန် စိတ်ဝင်စားစရာကောင်းသော ဇာတ်လမ်း တစ်ပုဒ်ဟု ခံစားမိနေ၏။
အတိတ်တုန်းကလိုဆိုလျင် တစ်ယောက်ယောက်က သူတို့ကို သမိုင်းနှင့် ပတ်သက်သည့် အကြောင်းအရာ ပြောလာသည်နှင့် များသောအားဖြင့် သူတို့ ပျင်းရိထိုင်းမှိုင်းလာတတ်သည်။ သို့သော် ရဲ့လင်းချန်က ပြောလာသောအခါ သမိုင်းက ဝတ္ထုများထက် ပို၍ စိတ်ဝင်စားစရာ ကောင်းနေပြီး သူတို့အား နားထောင်ချင်စိတ် ဖြစ်ပေါ်လာစေသည်။
ရဲ့လင်းချန်၏ အသံက ဆက်လက် ထွက်ပေါ်နေ၏။
[ကျိုးယွီက ချောမောတဲ့ကျိုး ဖြစ်လာတယ်ဆိုတော့ သူ့ရုပ်ရည်က သာမန်ထက် ကျော်လွန်တယ်ဆိုတာ သေချာတယ်၊ မိန်းမလှလေးတွေက သူရဲကောင်းတွေကို မြတ်နိုးတယ်ဆိုတဲ့ စကားလိုပေါ့၊ မိန်းမလှလေးတွေ အမျှော်လင့်ဆုံးလူက လူငယ် သူရဲကောင်းလေးတွေပဲ၊ ချောမောတဲ့ကျိုးသည် လူငယ် သူရဲကောင်းဆိုတဲ့ နေရာကို ကွတ်တိ ဝင်နေတာပေါ့၊ အဲ့ဒါကြောင့် သူ့ကို သဘောကျတဲ့ မိန်းကလေး ပရိသတ်တွေက မရေတွက်နိုင်အောင်ပဲ၊ ပြီးတော့ ကျန်းတုန်က အလှဆုံး မိန်းကလေးဖြစ်တဲ့ ချောင်းကုန်းရဲ့ သမီး ရှောင်ချောင်းနဲ့ လက်ထပ်နိုင်ခဲ့တယ် ဆိုတာကို ကျွန်တော်တို့ အားလုံး အသိပဲလေ]
ရှောင်ချောင်းအကြောင်း ပြောနေစဉ်မှာပင် ရဲ့လင်းချန်က သူမအသွင်အပြင်ကို ထပ်မံ၍ ချီးမွမ်းလိုက်သည်။
[အဲ့ဒါကြောင့် အဲ့လို အခြေအနေမှာ မင်းတို့ကိုယ်မင်းတို့ စိတ်ကူးယဉ်ကြည့်လိုက်ပါ]
ရဲ့လင်းချန်က ရွှတ်နောက်နောက် ပြုံးလေသည်။
[မင်းက ချောမောတဲ့ အသက်နှစ်ဆယ်ကျော်အရွယ် ကျိုးယွီဆိုပါတော့၊ မင်းက အစိုးရ အရှာရှိလည်း ဖြစ်တယ်၊ ပြီးတော့ ပြိုင်စံရှား မိန်းမလှလေးကိုလည်း ဇနီးအဖြစ် လက်ထပ်ယူထားတယ်၊ ရုပ်ရည်၊ အလုပ်အကိုင်နဲ့ အချစ်ရေး အားလုံးက အဆင်ပြေနေပြီဆိုရင် မင်းက အခြားသူတွေကို မနာလိုဖြစ်ဦးမှာလား]
ကြည့်ရှုသူများ အံ့ဩသွားပြီး ခေါင်းခါလိုက်ကြသည်။
လူတစ်ယောက်သာ ထိုအဆင့်သို့ ရောက်သွားလျင် ဘဝက ပြည့်စုံလုနီးပါး ဖြစ်နေလေပြီ။ ဘာကိုမှ တိုက်ခိုက်ရန် မလိုတော့သလို လူတစ်ယောက်က ဘဝတိုက်ပွဲ၌ အနိုင်ရသူ ဖြစ်လာပြီဟုပင် ဆိုနိုင်ပေသည်။
ကြည့်ရှုသူများသည် အားပါးတရ ရယ်မောကြလေသည်။ ထိုသို့ ဇာတ်ပြောင်း ပြောပြသည့်ပုံစံက သူတို့နှင့် အလွန် အဆင်ပြေလှသည်။ အလွန် အကျိုးအကြောင်း ဆီလျော်ပြီး အထင်ကြီးစိတ် ဖြစ်စေသည်။
သူတို့ အဖြေကို စောင့်မနေဘဲ ရဲ့လင်းချန်က ဆက်ပြောသည်။
[အနည်းဆုံးတော့ ငါ အဲ့လို ဖြစ်မှာ မဟုတ်ဘူး၊ ဒါ ဘဝရဲ့ သမိုင်းဝင် အထွတ်အထိပ်အချိန်ပဲလေ၊ “ကျိုးက သူ့ဘဝရဲ့ အမြင့်ချိန်ကို ရောက်နေပြီး ရှောင်ချောင်းကို လက်တွဲထားရတယ်လို့ တွေးကြည့်လိုက်” အဲ့ခံစားချက်ကို ဘယ်လို ဖော်ပြမလဲ၊ သူကသာ အခြားသူတွေ မနာလိုဖြစ်တာ ခံရမယ့်လူ၊ ဘယ်လိုလုပ် သူက တခြားသူတွေကို မနာလို ဖြစ်မှာလဲ]
ကြည့်ရှုသူများ ထပ်မံ၍ ရယ်မောလိုက်ကြသည်။ ထုတ်လွှင့်မှု အစကတည်းက သူတို့ အရယ် မရပ်သေးချေ။
ဇာတ်ကြောင်းပြောရာ၌ “ဘဝရဲ့ အမြင့်ချိန်” ဟူသော စကားလုံးကိုပင် သုံးထားခဲ့သည်။ ယင်းက သူတို့အတွက် အလွန် စိတ်ဝင်စားစရာ ကောင်းလှသည်။
တစ်ချိန်တည်းမှာပင် သူတို့ ရဲ့လင်းချန်၏ စကားကို ထောက်ခံမိသည်။ ဖန်သားပြင်၌ “666” ဟူသော မှတ်ချက်များ ပြည့်နှက် နေလေသည်။
“ဘိုးဘိုး ဝိုင်နတ်ဘုရားက ဒီလို ဇာတ်ကြောင်းပြောတဲ့နေရာမှာလဲ မိုက်တာပဲဗျ”
ရှောင်ဖုန်းက ခေါင်းညိတ်၍ ပြောလေသည်။
“သိပ်စိတ်ဝင်စားစရာ ကောင်းတာပဲ၊ ကျိုးယွီ ထောင်ချောက်ဆင်ခံရတာ ဖြစ်မယ်လို့ ကျွန်တော် ထင်တယ်၊ ဘယ်လိုလုပ် အဲ့လို အံ့ဩဖို့ကောင်းတဲ့သူက အရမ်း စိတ်သဘောထား သေးသိမ်မှာလဲ”
“မင်း နားလည်တယ်လား”
အဘိုးအိုက သူ့မြေးကို ကြည့်နေသည်။
“ဒါပေါ့ဗျ၊ အဲ့ဒါက ဘယ်လောက် ခက်လို့လဲ”
ရှောင်ဖုန့်က မကျေနပ်ဟန်ဖြင့် ပြောလေသည်။
“ဝိုင်နတ်ဘုရား ခုနက ပြောခဲ့တာတွေကို ကျွန်တော် ပြန်ပြောနိုင်တယ်ဗျ”
အဘိုးအိုက ခေါင်းညိတ်လိုက်ပြီး သူ့စိတ်ထဲ၌ ကျေနပ်စိတ်နှင့် အရှုံးပေးလိုက်ရသည့် ခံစားချက်တို့ ရောထွေးနေသည်။ သူတို့ နှစ်ယောက်လုံးက သင်ခန်းစာတစ်ခုကို သင်ပေးနေခြင်း ဖြစ်သော်လည်း ဘယ်လိုလုပ် အလွန် ကွာခြားနေရသနည်း။
ထို့အပြင် ရဲ့လင်းချန်၏ ဇာတ်ကြောင်းပြောပုံကို နားထောင်ပြီးနောက် ကျိုးယွင်အပေါ် မြင်သော သူ့အမြင်က ယိမ်းယိုင်လာသည်။
[တကယ်တော့ ကျိုးယွီက သမိုင်းမှာ အလွန် ရက်ရောတဲ့လူလို့ လူသိများတယ်၊ သုံးပြည်ထောင် မှတ်တမ်းမှာ သူ့ကို သဘောထား ကြီးတဲ့လူလို့ ဖော်ပြပြီးတော့ သူ့ရဲ့ ရက်ရောမှုနဲ့ စိတ်စေတနာကောင်းကို ပြောပြထားတယ်၊ သူ့ခေတ်အခါတုန်းက သူက လူတွေရဲ့ နှစ်သက်ခြင်းကို အတော်လေး ခံရတယ်၊ လျိုပေက သူ့ကို “သိပ်သဘောထားကြီးတဲ့လူ” လို့ ချီးကျူးခဲ့ပြီးတော့ ကျန်းကန်က သူ့ကို “ပရဟိတသမား” လို့ ချီးမွမ်းခဲ့တယ်]
[တစ်ဖက်မှာလည်း ကျန်းကန်ကလည်း အထင်လွဲပြီး စွပ်စွဲခံရတယ်၊ ကျန်းကန်က ကျိုးယွီရဲ့ စစ်စခန်းကို တကယ် ရောက်ခဲ့ဖူးတယ်၊ ဒါပေမဲ့ အဲ့ဒါက ကျန်းကန်နဲ့ ကျိုးယွီက အတန်းဖော်တွေ ဖြစ်နေလို့ပဲ၊ သူ ဘာစာအုပ်မှ မခိုးခဲ့ဘူး၊ သမိုင်းက တစ်ခါတလေ ငါတို့နဲ့ အဝေးကြီးကို ရောက်နေသလိုပဲ၊ အဲ့တုန်းက တကယ့် သမိုင်းအစစ်က ဘာလဲဆိုတာ အတည်ပြုဖို့ အရမ်း ခက်တယ်]
ရဲ့လင်းချန်၏ စကားက သူတို့ကို အံ့အားသင့်သွားစေသည်။ သူတို့စိတ်ထဲမှ ကျိုးယွီ၏ ပုံရိပ်ကို သူ ပြောင်းပြန်လှန်ခဲ့ရုံသာမက ကျိုးယွီကိုလည်း ချီးကျူးခဲ့သည်။
ကြည့်ရှုသူများ လက်မခံကြောင်း အသံမထွက်နိုင်ခင်မှာပင် သူက ဆက်၍ ပြောပြသည်။
သို့သော် ယခုတစ်ခေါက်တွင် အကြောင်းအရာက သုံးပြည်ထောင်အကြောင်း မဟုတ်ဘဲ ကျိုးယွီအကြောင်းမှနေ၍ သမိုင်းကို ပြောပြသွားခြင်း ဖြစ်သည်။
[ဘယ်သမိုင်း အဖြစ်အပျက်နဲ့ လူတွေမှာမဆို ပုံရိပ် သုံးခု ရှိတယ်၊ တစ်ခုက ငါတို့ ခေါ်ဝေါ်ကြတဲ့ “သမိုင်းပုံရိပ်” ဆိုတဲ့ သူတို့ရဲ့ မူလသမိုင်းကြောင်း၊ ဒါက သမိုင်းပညာရှင်တစ်ယောက် လိုလိုလားလား လေ့လာမယ့်အရာပဲ၊ ဥပမာပြောရရင် သုံးပြည်ထောင် သမိုင်းမှတ်တမ်းလိုပေါ့၊ ဒုတိယပုံရိပ်က ငါတို့ “စာပေ ပုံရိပ်” လို့ခေါ်တဲ့ စာပေလက်ရာအဖြစ် ပြောင်းလဲလိုက်တဲ့ အကြောင်းအရာပေါ့၊ ဒါက စာရေးဆရာတွေနဲ့ ပန်းချီပညာရှင်တွေ သူတို့ကို ပုံဖော်တဲ့အတိုင်း ဖြစ်လာတာ၊ နောက်ဆုံးတစ်ခုကတော့ ငါတို့ စိတ်ထဲမှာ ရှိတဲ့ ရိုးရာ ပုံပြင်ပေါ့၊ အဲ့ဒါက သမိုင်းပုံရိပ်တွေကို ပုံပြင်ပြောသူတွေ ပုံဖော်ထားတဲ့ ပုံရိပ်ဖြစ်ပြီးတော့ ငါတို့ စိတ်ထဲ စွဲနေတဲ့ အရာပေါ့]
[တကယ်တော့ အဲ့ဒါက အရမ်း မှတ်မိဖို့ လွယ်တယ်၊ ဥပမာပြောရရင် ငါတို့ရဲ့ နေ့စဉ်ဘဝလိုပေါ့၊ လူတိုင်းမှာ မတူညီတဲ့ အမြင်တွေ ရှိမယ်၊ တစ်ချို့က တစ်စုံတစ်ယောက်က အမြဲ မစဉ်းစားဘဲ တွေးတတ်တယ်လို့ ခံစားတတ်ကြမယ်၊ တခြားလူတွေရဲ့ စိတ်ထဲမှာလည်း အဲ့လူက ချက်ကျလက်ကျနဲ့ တည့်တိုးပြောတတ်တယ်လို့ မြင်ကြမှာပဲလေ]
ထုတ်လွှင့်မှုတွင်း၌ မှတ်ချက်များ ပြည့်နှက်လာပြီး တော်တော်များများက သူ့စကားကို သဘောတူကြသည်။
[စာရေးဆရာတွေကလည်း လူသားတွေပဲလေ၊ သူတို့မှာလည်း သူတို့ရဲ့ ကိုယ်ပိုင် ဘက်လိုက်တတ်တဲ့ လူပုဂ္ဂိုလ်ဆိုတာ ရှိမှာပဲ၊ အဲ့ဒါကြောင့် သမိုင်းကို မှတ်တမ်းတင်တဲ့နေရာမှာ တစ်ယောက်ယောက်ကို ပိုထင်ပေါ်အောင်လုပ်ပြီး အခြားလူတစ်ယောက်ကို ကြဉ်ချင်တတ်တာ ရှောင်လွှဲလို့မရတဲ့ အရာပဲ]
ရဲ့လင်းချန်၏ လေ့လာစမ်းစစ်မှုက ကျိုးကြောင်းဆီလျော်ပြီး သူတို့ ပြန်ငြင်းရ ခက်နေကြသည်။ လက်ရှိတွင် သူတို့သည် သူ၏ တွေးခေါ်မှုကို လက်ခံလာပြီး ဇာတ်လမ်းကိုလည်း သဘောကျလျက် ရှိသည်။
ရှောင်ဖုန်းနှင့် သူ့အဘိုးတို့သည် မြေးအဘိုးနှစ်ယောက်သား ကွန်ပျူတာရှေ့၌ ငြိမ်ငြိမ်လေး ထိုင်နေပြီး ထုတ်လွှင့်မှုအား စိတ်ဝင်တစား နားထောင်နေကြသည်။
သို့သော် တစ်ခဏကြာသော် ရဲ့လင်းချန်က သူတို့ပေါ်သို့ ဗုံးတစ်လုံးကျဲချသကဲ့သို့သော စကားတစ်ခွန်းကို ပြောလာသဖြင့် ထုတ်လွှင့်မှုထဲမှ လူများအားလုံး တုန်လှုပ်သွားလေသည်။
[အဲ့ပုံရိပ်သုံးခုက မတူညီကြဘူး၊ ဘာပဲဖြစ်ဖြစ်ပါလေ သုံးပြည်ထောင်နဲ့ ပတ်သက်လာရင် အဆီအငေါ် မတည့်ဆုံးလူက ကျူးလျန့်ပဲ]
ရဲ့လင်းချန်က တည်ငြိမ်စွာ ပြောလာသည်။
[ကျင်းမင်းဆက် ခေတ်အခါတုန်းက ကျူးလျန့်မှာ ကောချုံးလို့ခေါ်တဲ့ အမာခံ ပရိသတ်တစ်ယောက် ရှိတယ်၊ သူက ကျူးလျန့်ကို ဘယ်လောက်ထိ လေးစားသဘောကျလဲဆို ဦးနှောက်မဲ့လောက်တဲ့အထိပဲ၊ အဲ့ဒါကြောင့် သူက ကျူးလျန့်နဲ့ ပတ်သက်နဲ့ လျှို့ဝှက်အဖြစ်အပျက် ငါးခုကို ရေးခဲ့တယ်၊ ဒါပေမဲ့ သူက အတွေးအခေါ် မဲ့လောက်တဲ့အထိ သဘောကျနေတဲ့ ပရိသတ်ဆိုတော့ သူ့စကားတွေက ဆီလျော်မှု မရှိဘူး၊ အဲ့အဖြစ်အပျက်တွေထဲက သုံးခုမြောက်ကို အားလုံး ကြားဖူးမယ်လို့ ကျွန်တော် ထင်တယ်၊ အဲ့ဒါက ဗလာခံတယ် နည်းဗျူတာပဲ၊ ဒါပေမဲ့ … ဗလာခံတပ် နည်းဗျူဟာက လှိမ့်လုံးတစ်ခုပဲ]
*ဘာ … ဗလာခံတပ် နည်းဗျူဟာက လှိမ့်လုံးတစ်ခုလား*
*ဒါ တကယ်ကြီးလား*
[သောက်ရေးမပါတာ၊ ငါက ဗလာခံတပ် နည်းဗျူဟာရဲ့ ပုံပြင်တွေကို နားထောင်ပြီး ကြီးလာတာ၊ အခု မင်းက အဲ့ဒါက လှိမ့်လုံးလို့ ပြောတာလား]
[ချီးပဲ တင်ဆက်သူက ကလေးဘဝကို ဖျက်ဆီးနေတာပဲ၊ ဒါ ဘောင်ကျော်သွားပြီ]
[တင်ဆက်သူရေ ကျေးဇူးပြုပြီး လွန်မလာပါနဲ့၊ ပုံပြောတာက မင်းရဲ့ နာမည်ကို ပျက်စီးစေလိမ့်မယ်]
[အဲ့ဒါ အတု မဖြစ်နိုင်ဘူး၊ တစ်နိုင်ငံလုံး သိတာ၊ ဘယ်လိုလုပ် အတုအယောင် ဖြစ်မှာလဲ]
…
တစ်ချိန်တည်းမှာပင် ပန်ဒါ ထုတ်လွှင့်ရေး ဌာနချုပ်၌ ဝိုင်နတ်ဘုရား၏ ထုတ်လွှင့်မှုကို စောင့်ကြည့်နေသော စုန့်ချမ် ရင်တုန်သွားသည်။ သူ စိုးရိမ်တုန်လှုပ်သလို ခံစားလာရပြီး ခါးသက်စွာ ရယ်လိုက်မိသည်။
ရဲ့လင်းချန်က ဇာတ်ကြောင်းပြောရာ၌ တကယ် ကောင်းသည်ကိုတော့ သူ ဝန်ခံပါသည်။ သို့သော်၏ သမိုင်းပေါ် သိမြင်မှုအား ဆန့်ကျင်ခြင်းသည် သူတို့၏ သမိုင်းအပေါ် အမြင်ကို ဆက်တိုက် ပြောင်းပြန်လှန်နေခြင်း ဖြစ်သည်။ ယင်းက ကြိုးတန်းပေါ်၌ လမ်းလျှောက်နေသလိုပင်။
၎င်းက သူ့စိတ်နှလုံးကို စမ်းသပ်နေ၏။ သူ အာမခံကုမ္ပဏီသို့ သွားသင့်နေပြီဟု သူ ခံစားလာရသည်။ ဝိုင်နတ်ဘုရားနောက်ကို သူ လိုက်လာပြီးနောက် နှလုံးရောဂါ ရနိုင်ချေက အလွန် မြင့်တက်လာလေသည်။
ရဲ့လင်းချန်က ကြည့်ရှုသူများကို လျစ်လျူရှု၍ ဆက်ပြောသည်။
[မင်းတို့ပြောတဲ့ ကျူးလျန့်က ကျွန်တော် ခုနက ပြောခဲ့တဲ့ ရိုးရာပုံပြင် ကဏ္ဍထဲ ပါတယ်၊ နောက်ပိုင်းမှာ ဖေးစုန့်ကျစ်က သုံးပြည်ထောင် သမိုင်းမှတ်တမ်းရဲ့ ရှုပ်ထွေးမှုမှာ ဒီအကြောင်းအရာတွေကို ထုတ်ဖော်ပြောဆိုခဲ့ပြီးတော့ သူ့ငြင်းဆိုမှုကို ထည့်သွင်း ပြောခဲ့တယ်၊ အဲ့အချိန်တုန်းက ယန်ဖျင်မှာ အဲ့လိုကိစ္စမျိုး ဖြစ်ခဲ့ဖို့ မဖြစ်နိုင်ဘူးလို့ ပြောခဲ့တယ်]