အလုပ်ထွက်ချင်တယ်....
Vol. 8 Ch. 99
လီလော့ ကြေငြာစရာရှိသည်များကို ကြေငြာပြီးချိန်တွင် ပညာရှင်အားလုံး လီလော့ကို လေးစားသောအကြည့်များနှင့်သာ ကြည့်နေကြလေ၏။
အကြီးအကဲကျန်းသည်လည်း ထိုအခါမှသာ သက်ပြင်းချနိုင်ရှာတော့သည်။ အစပိုင်းတွင် လီလော့တစ်ယာက် လူငယ်ပီပီ တဇွတ်ထိုးလုပ်လိုက်မည်ကို စိုးရိမ်ထိတ််လန့်နေခဲ့မိသည်။ ဖန်ချန်းချီ ဘက်တော်သား ပညာရှင်များကို အလုပ်ထုတ်လိုက်မည်ဆိုပါက ရှီးယန်အခြေနေပိုဆိုးသွားပေလိမ့်မည်။
ထို့အပြင် ရှီးယန် နာမည်ပျက်ဖြင့်ကျော်ကြားသွားမည်ကလည်း အထူးအရေးကြီးသောအချက်တစ်ခုဖြစ်နေသည်။ပညာရှင်များကို တပြိုက်နင် အလုပ်ထုတ်လိုက်သည်ဟူသော သတင်းသာ ပညာရှင်များကြားတွင် ပျံ့နှံသွားပါက ရှီးယန်စံအိမ် ဂုဏ်သတင်းကျဆင်းသွားမည့်အပြင် အနာဂတ်တွင် ပညာရှင်များကို ခေါ်ယူရန် ခက်ခဲပေလိမ့်မည်။ ထိုနာမည်ပျက်ကို ဖျောက်ဖျက်ရန် များစွာအားစိုက်ရလိမ့်မည်။
ကံကောင်းစွာနှင့် လီလော့သည် တဲ့တိုးဆန်သော နည်းလမ်းကိုမသုံးဘဲ ပညာရှင်များကို တောက်ပသော အနာဂတ်အတွက်သာ ကတိပေးခဲ့လေသည်။
ယခုချိန်တွင် ဖန်းချန်းချီကို အလုပ်မထုတ်နိုင်သေးသော်လည်း လီလော့ပေးခဲ့သောကတိနှင့် ထုတ်ပြခဲ့သော အဆင့်ခုနှစ်ရေအရင်းမြစ်တို့ကြောင့် ရှီးယန်သည် အနာဂတ်တွင် ပိုမိုတောက်ပလာတော့မည်မှာ ဧကန်မလွဲပင်။
ဖန်းချန်းချီသည် လီလော့ကို တည်ကြည်လေးနက်သောအကြည့်များနှင့် စိုက်ကြည့်နေခဲ့ပြီးနောက် ဘာတစ်ခွန်းမှ မပြောတော့ဘဲ လှည့်ပြန်သွားခဲ့လေသည်။
လီလော့သည် ရှီးယန်ရုံးချုပ်တစ်ခုလုံးကို အချိန်တိုအတွင်း စည်းရုံးနိုင်ခဲ့သဖြင့် ဖန်ချန်းချီ ကိုယ့်ဒုက္ခကိုယ်ရှာမနေတော့ဘဲ နောက်တစ်ကြိမ်အခွင့်ရေးကိုသာ အချိန်ယူစောင့်ဆိုင်းရတော့မည်သာ....
ဖန်ချန်းချီ ထွက်သွားပြီးသည်နှင့် ကျန်ရှိနေသာ ပညာရှင်များက ဉက္ကဌအသစ်ဖြစ်သော လီလော့ကို တညီတညွတ်တည်း အသိအမှတ်ပြု အရိုအသေပေးခဲ့ကြသည်။
" ဉက္ကဌအသစ်ကို ကြိုဆိုပါတယ်....."
လီလော့ကလည်း ပြုံးပြလိုက်ပြီး......
"လုပ်စရာရှိတာ သွားလုပ်ကြပါ....စိတ်မပူပါနဲ့ သိပ်မကြာခင်မှာ ရှီးယန်က လမ်းကြောင်းမှန်ပေါ် ပြန်ရောက်လာပြီး အရင်ထက် အားကောင်းလာတော့မှာပါ....."
ပညာရှင်များသည် လီလော့ပြောသမျှကို မှတ်သားထားကြပြီး လုပ်ငန်းခွင်ဝင်ရန် လူစုခွဲသွားခဲ့ကြသည်။
ထိုအခါမှသာ တစ်လျှောက်လုံး တိတ်ဆိတ်နေကြသည့် မိန်းမလှသုံးဉီးဘက်လှည့်လိုက်ပြီး......
" ဘယ်လိုလဲ..."
ကျန်းချင်းအာတို့သုံးယောက်စလုံး လီလော့ကို အံ့သြနေသည့်အကြည့်များနှင့်ငေးကြည့်နေရာကနေ သတိပြန်ဝင်လာပြီး......
" မဆိုးပါဘူး...ငါ မှန်းထားတာထက်တောင် ပိုကောင်းနေပါသေးတယ်...."
ကျန်းချင်းအာသည် လီလော့ကို ထိုသို့ ချီးကျူးလိုက်သည်။
သူမသည် ရှီးယန်၏ပြသာနာများကို အကောင်းဆုံးကိုင်တွယ်ဖြေရှင်းပေးခဲ့ဖူးသော်လည်း ထိုမျှလောက်ထိ မစွက်ဖက်နိုင်ခဲ့ပေ။ အများဆုံးရှိလှမှ အခြေနေကို ရှေ့မတိုးသာ နောက်မဆုတ်သာအခြေနေသို့ရောက်အောင်သာထိန်းထားနိုင်ခဲ့ပါသည်။
သူမသည် ပဲ့တင်ထပ်သံပြုပြင်သူ မဟုတ်သည့်အတွက် ကိစ္စအဝဝကို ထဲထဲဝင်ဝင်နားမလည်နိုင်ခဲ့ပေ။ထို့အပြင် လော့လန်အိမ်တော်တွင် ပြသာနာပေါင်းများစွာရှိနေသည့်အတွက် အကုန်လိုက်ရှင်းပေးနိုင်ဖို့လည်း မလွယ်ကူခဲ့ပေ။
လီလော့ ဖြေရှင်းခဲ့သည့်နည်းလမ်းသည် ပြစ်ချက်မရှိအောင် ကောင်းမွန်လှသော နည်းလမ်းတစ်ခုဖြစ်သည်ဟု သူမ ယူဆထားပါသည်။.အထူးသဖြင့် နာမည်စာရင်း မီးရှို့လိုက်ခြင်းပင်....ထိုအချိန်တွင် စာရင်း အတုအစစ်ဆိုသည်မှာ အရေးမကြီးတော့ဘဲ မီးရှို့ဖျက်စီးလိုက်ခြင်းကြောင့် ဖန်းချန်းချီနှင့် သူ့ဘက်တော်များကို ခွဲထုတ်ရန်သာ အရေးကြီးနေခဲ့သည်။
ပြသာနာအရပ်ရပ်ကို အတိအကျမဖြေရှင်းနိူင်ခဲ့သော်လည်း အရင်ကထက် အခြေနေပိုကောင်းလာပြီဖြစ်သည်။
ဤကိစ္စရပ်များတွင် လီလော့၏ လျှို့ဝှက်ရေအရင်းမြစ်သည် အရေးကြီးသော အခန်းကဏ္ဍကနေပါဝင်နေခဲ့သည်။ ၎င်းကြောင့်သာ ပညာရှင်များကို ကောင်းစွာဆွဲဆောင်နိုင်ခဲ့ခြင်းဖြစ်သည်။
ယန်လင်းချီသည် ငွေကိုင်းမျက်မှန်အောက်ကနေ လီလော့ကို ခပ်ပြုံးပြုံးကြည့်ပြီးမေးလိုက်သည်က......
"လျှို့ဝှက်ရေအရင်းမြစ်က တကယ်ကို အသုံးဝင်တဲ့အရာပါ....သခင်လေးမှာ လုံလုံလောက်လောက်ရှိရဲ့လား....."
လီလော့၏ ရေအရင်းမြစ်ကြောင့် အဆင့်ငါးဝိဉာဉ်ရည် သန့်စင်နိုင်ခဲ့ဖူးသဖြင့် ယန်လင်းချီသည် ကျန်းချင်းအာတို့ထက် ထိုအကြောင်းကို ပိုသိသည်ဟုဆိုရပေမည်။
ယန်လင်းချီသည် ချက်ကောင်းကို ရွေး၍ မေးနေသောကြောင့် လီလော့ သက်ပြင်းချလိုက်မိသည်။ လီလော့ ယခုချိန်တွင် စည်းတံဆိပ်ဆယ်ခုအဆင့်၌သာရှိသေးသောကြောင့် ရေအရင်းမြစ်ကို အကန့်သတ်နှင့်သာ ထုတ်လုပ်နိုင်သေးသည့်အပြင် ထျန်ရှုစီရင်စုရှိ ရှီးယန်စံအိမ်ကိုလည်း ပို့ပေးမည်ဟု ပြောထားသေးသည်။ထို့အပြင် ရုံးချုပ်အတွက်ပါ ထုတ်ပေးရမည်ဆိုပါက အရည်ခမ်းသည့်အထိ ညှစ်ထုတ်ခံရမည့်ကိန်းဆိုက်နေလေပြီ။
သိပ်မကြာခင် ဆရာသခင်အဆင့်တက်လှမ်းနိုင်တော့မည်ဖြစ်သောကြောင့်သာ ကံကောင်းသည်ဟုဆိုရပေမည်။ ဆရာသခင်အဆင့်တွင် မျိုးစေ့တစ်ခုတည်ဆောက်ပြီးပါက ပဲ့တင်ထပ်သံစွမ်းအားများ ခုန်ပျံတိုးပွားလာတော့မည်ဖြစ်သည်။
ချိုင်ဝေကလည်း လီလော့ကို ခပ်စူးစူးကြည့်နေပြီး.....
" သခင်လေးပြောတဲ့အတိုင်း နှစ်စဉ်အမြတ်ငွေထဲက 20% ကို ဖယ်ထားရမယ်ဆိုတော့ နောက်ဆို ဝိဉာဉ်ရည်ဝယ်ခိုင်းဖို့ ကျွန်မဆီအပူလာမကပ်ပါနဲ့တော့....."
ထိုစကားကြောင့် လီလော့ ထိပ်ထိပ်ပြာပြာဖြစ်သွားပြီး.......
"အစ်မချိုင်ဝေ...အခုချိန်မှာ ရုံးချုပ်ရဲ့အခြေနေကို ထိန်းထားနိုင်ဖို့ အရေးကြီးတယ်....ရှိနေတဲ့ ပညာရှင်တွေထွက်မသွားအောင်နဲ့ နောက်ထပ် ပညာရှင်တွေ ထပ်ရောက်လာအောင် အခုလို မက်လုံးပေးလိုက်ရတာပါ....ဒီနည်းလမ်းတစ်ခုတည်းကသာ ရှီးယန်ကို ဆက်လက်ရပ်တည်စေနိုင်မှာမို့လို့ပါ....."
"အော်...အော်...ဒါဆို ကျွန်မကပဲ သခင်လေးကို သက်သက်ကြီးအပြစ်တင်နေတယ်ဆိုတဲ့သဘောလား......"
ထိုအခါ ကျန်းချင်းအာက ရယ်မောလိုက်ပြီး.....
" လီလော့ရယ်...အစ်မချိုင်ဝေက
နင့်ကို စနောက်နေတာပါ.....နင့်လက်ထဲမှာဆို ရှီးယန်စံအိမ်က ရှပြည်ထောင်စုရဲ့ ထိပ်တန်းစံအိမ် ဆယ်ခုစာရင်းဝင် စံအိမ်တစ်ခုဖြစ်လာမယ်ဆိုတာ ငါတို့အားလုံး ယုံထားပြီးသား......"
" ဟူး...ငါလည်း အဲ့လိုဖြစ်လာဖို့ပဲ မျှော်လင့်ပါတယ်......"
လီလော့ ရှမြို့တော်ကို ရောက်ရောက်ချင်းမှာပင် ထိုသို့သော ကြီးလေးလှသည့် တာဝန်များထမ်းပိုးနေရလေပြီ။ ထို့အပြင် လက်ရှိထုတ်လုပ်ပေးနိူင်သော ရေအရင်းမြစ်ပမာဏသည် လုံလောက်သောပမာဏဟုတ်မနေခဲ့ပေ။
အခြားထိပ်တန်းစံအိမ်ကြီးများတွင် အဆုံးမရှိသော လျှို့ဝှက်ရေအရင်းအမြစ်များနှင့် အလင်းအရင်းအမြစ်များကိုအပြည့်အဝ ထောက်ပံ့ပေးထားသည်။ ထို့ကြောင့်ရှီးယန်စံအိမ်သည် အမှန်တကယ်ကြီးကြီးမားမားလုပ်ဆောင်မည်ဆိုပါက အရင်းမြစ်များစွာထုတ်လုပ်နိုင်မည့်နည်းလမ်းကို စဉ်းစားရပေတော့မည်။တစ်ဉီးတစ်ယောက်တည်းပေါ် မှီခိုနေ၍မရတော့ပေ။
လီလော့ ထိုသုံးယောက်နှင့်တခဏမျှ စကားစမြည်ပြောဆိုခဲ့ပြီးနောက် အကြီးအကဲကျန်းနှင့်အတူ ဉက္ကဌရုံးခန်းသို့ လိုက်ပါသွားခဲ့လေသည်။အသစ်စက်စက် ဉက္ကဌရာထူးအတွက် လီလော့ မှတ်သားလေ့လာစရာများရှိသေးသည်မဟုတ်လော။
ဤသို့ဖြင့် တစ်နေ့တာကုန်ဆုံးသွားခဲ့လေသည်။
ရှမြို့တော်တစ်ခွင် ဖြန့်ကျက်ထား အမှောင်ထုဖြန့်ကျက်ထားချိန်အထိ လီလော့ အလုပ်စားပွဲတွင် အလုပ်များလျက်ရှိနေသေးသည်။
လီလော့ ပင်ပန်းနွယ်နယ်နေဟန်ဖြင့် တစ်ချိန်လုံးအတူရှိနေပေးသော ကျန်းချင်းအာကို ကြည့်လိုက်ပြီး.....
" ပြီးခဲ့တဲ့နှစ်တွေမှာ အစ်မကြီးချင်းအာ အတော်ပင်ပန်းခဲ့မှာပဲနော်......"
ရှီးယန်စံအိမ်အရေးကိစ္စတစ်ခုကိုသာ ကိုင်တွယ်ဖြေရှင်းနေရသည့်တိုင်း လီလော့အတော်ပင် ခေါင်းစားနေလေပြီ။ ကျန်းချင်းအာလို အိမ်တော်တစ်ခုလုံး၏အရေးကိစ္စကိုကိုင်တွယ်ဖြေရှင်းရမည်ဆိုပါက လီလော့ဆက် မတွေးဝံ့တော့ပေ။
ကျန်းချင်းအာ ပျင်းကြောဆန့်လိုက်သောအခါ လှပသောကောက်ကြောင်းလေးများ ထင်းကနဲပေါ်လာခဲ့လေသည်။ သူမသည် ချိုင်ဝေလောက် ပြည့်ပြည့်တင်းတင်းမရှိသောလည်း ပြီးပြည့်စုံစွာလှပနေဆဲပင်။
"နင် ငါ့ကို ကိုယ်ချင်းစာတယ်ဆို ရှီးယန်ကို အကောင်းဆုံးဖြစ်အောင် အုပ်ချုပ်ပေးပါ....ဒါမှ ငါလည်း ဝန်တစ်ခုပေါ့သွားမှာ....."
လီလော့ ခေါင်းကိုက်နေလေပြီ။ တစ်နေကုန်အောင် ရှီးယန်ရုံးချုပ်အကြောင်း ဖတ်ရှုလေ့လာခဲ့သောကြောင့် အခြေနေအရပ်ရပ်ကိုနားလည်နေပြီဖြစ်သည်။ထို့အပြင် အတော်လေးလည်း စိတ်ဓာတ်ကျနေလေပြီ ။
ရှီးယန်ရုံးချုပ်တွင် သောက်ကျိုးနည်း ပြသာနာပေါင်းသောင်းခြောက်ထောင်ရှိနေသည်ကို ကြိုသိခဲ့မည်ဆိုပါက လျှာရှည်ပြီး ထိပ်တန်းစံအိမ်ဆယ်ခုစာရင်းဝင်နိုင်ရမည်ဟု ကတိပေးခဲ့မည်မဟုတ်ပေ။
ကျန်းချင်းအာဆီကနေ လေ့ကျင့်ရေးကွင်းထဲ ဆွဲခေါ်ခံရပြီးရိုက်နှက်ခံရမည်ကိုသာ မကြောက်ပါက လီလော့တစ်ယောက် အစောကြီးကတည်းကပင် နှုတ်ထွက်စာရေးပြီးနေလောက်ပြီဖြစ်သည်။