← Chapters

ဒူဇီပိုင်ရွှမ်း.........

Vol. 8 Ch. 101

ဒူဇီပိုင်ရွှမ်း.........

Vol. 8 Ch. 101

ဒုတိယထပ်တွင်ရှိနေသော မိန်းကလးသည် လုချင်းအာဖြစ်ပြီး ထင်ရှားသောအိမ်တော်အသီးသီးမှ သခင်လေးများလည်း သူမနှင့်အတူရှိနေကြသည်။

ဤသည်မှာ တွေ့ဆုံပွဲတစ်ခုဖြစ်ဟန်တူသည်။

ရှမြို့တော်တွင် ထိုသို့သော ပွဲမျိုးကို စိတ်မဝင်စားသူဟူ၍ ကျန်းချင်းအာတစ်ယောက်တည်းသာ ရှိပေလိမ့်မည်။

လုချင်းအာသည်လည်း ရင်းနှီးနေသောမျက်နှာကို မြင်တွေ့လိုက်ရသောကြောင့် ခပ်ဖျော့ဖျော့ ပြုံးနေလေ၏။

" ထူးထူးဆန်းဆန်းပါလား.....ချင်းအာ ဘာတွေသဘောကျလို့ပြုံးနေတာလဲ...."

လုချင်းအာ၏ နောက်နားဆီကနေ ထိုစကားသံကိုကြားလိုက်ရပြီး ထိုစကားများကို ပြောနေသူသည် သူမကို ပြုံးပြုံးကြီးငေးကြည့်နေလေ၏။

လုချင်းအာကလည်း ထိုသူကို ပြုံး၍ လှည့်ကြည့်လိုက်ပြီး.....

"အစ်ကိုကြီး နင်းကျောက်......"

" ဒေါ်လေးယုက နင့်ကို စောင့်ရှောက်ပေးဖို့နဲ့ ရှမြို့တော်နဲ့ အကျွမ်းတဝင်ကူညီပေးဖို့ ပြောထားတာကြောင့် သူငယ်ချင်းတစ်ချို့ ဖိတ်ထားပေးတာတောင် ငူငူငိုင်ငိုင်ဖြစ်နေတယ်ဆိုတော့ ဒီအစ်ကို ဘာများပေါ့ဆသွားမိလို့ပါလိမ့်....."

" အစ်ကို နင့်ကို ပထမဆုံးစတွေ့တုန်းက ကလေးပေါက်စအရွယ်လေးပဲရှိသေးတာ....အခုများကျတော့ အပျိုကြီးဖားဖားအရွယ်တောင်ရောက်နေပြီ......"

လုချင်းအာကလည်စ နင်းကျောက်ကို နှစ်လိုဖွယ်ကောင်းစွာ ပြန်ပြုံးပြလိုက်သည်။ နင်းကျောက်၏ဖခင်သည် ရွှေနဂါးရုံးချုပ်၏ ဒုဉက္ကဌဖြစ်ပြီး ရွှေနဂါးဘဏ်တိုက်တွင် လုချင်းအာ၏ မိခင် ယုဟုန်ရှီ ပြီးလျှင် ဒုတိယရာထူးအကြီးဆုံးသူဖြစ်သည်။

နင်းကျောက် ကိုယ်တိုင်ကလည်း ကြယ်တာယာခရီးရှည်ကောလိပ် ကျောင်းသားတစ်ယောက်ဖြစ်ပြီး ကြယ်နှစ်ပွင့်ခန်းမတွင်တက်ရောက်နေသူဖြစ်သည်။

"သူငယ်ချင်းတစ်ယောက်ကို အောက်ထပ်မှာတွေ့လိုက်တယ်....ခဏဆင်းတွေ့လိုက်ဉီးမယ်နော်......"

လုချင်းအာ ထိုပြောပြီးသည်နှင့် လှစ်ကနဲပြေးထွက်သွားလေသည်။

လုချင်းအာ၏ ကြော့ရှင်းလှပသောသွင်ပြင်ကို ငေးကြည့်ရင်း နင်းကျောက် ခံစားချက်များကို ကွယ်ဝှက်မထားတော့ပေ။လုချင်းအာကို ပြန်မြင်ကာစက အတော်ပင်အံ့သြမိခဲ့ရသေးသည်။ လုချင်းအာ၏ လှပမှုကြောင့် ကောလိပ်တွင် ဝိုင်းဝိုင်းလည်နေတော့မည်ကို ကြိုတင်မြင်ယောင်နေမိပြီဖြစ်သည်။

" သူငယ်ချင်းတဲ့လား....."

လုချင်းအာ၏ ရှားပါးလှသောအပြုံးများကို အမှတ်ရလိုက်သည့်အခါ နင်းကျောက် မျက်မှောင်ကြုံ့လိုက်ပြီး အောက်ထပ်သို့ လှမ်းကြည့်လိုက်လေသည်။

.......... ................ ...............

အောက်ထပ်တွင်.......

ဝန်ထမ်းအမျိုးသမီးသည် လီ​လော့တောင်းဆိုထားသော ပစ္စည်းများထည့်ထားသည် ကျောက်စိမ်းသေတ္တာအချို့ကို ဖွင့်ပြနေသည်။

" ဒါတွေအကုန်လုံးက သစ်သားဓာတ်နဲ့မြေဓာတ်ပါတဲ့ အဆင့်တစ်ထောင် ပစ္စည်းတွေပါ....."

လီလော့နေရာမှန်ရောက်လာပြီဟု ခံစားမိလိုက်ရသည်။ ထျန်ရှုစီရင်စုတွင် ထိုသို့သောပစ္စည်းများကို ဝယ်ယူလိုပါက အချိန်စောင့်ဆိုင်းရမည်သာ.....

လီလော့သည် ထိုပစ္စည်းများကိုသေချာအာရုံခံကြည့်ပြီးနောက် ပြန်ချထားလိုက်ရသည်။

" အဆင်မပြေဘူးလား....."

အရောင်းဝန်ထမ်းက လီလော့ မျက််မှောင်ကြုံ့နေသည်ကိုမြင်လိုက်သောကြောင့် ထိုသ်ို့မေးလိုက်ခြင်းဖြစ်သည်။

" ကြည့်ရတာ ကျုပ်လိုချင်တဲ့ပစ္စည်းက အဆင့်တစ်သောင်းထဲမှာပဲရှိလိမ့်မယ်ထင်တယ်....."

ထိုစကားကြောင့် အရောင်းဝန်ထမ်း အတော်ပျော်သွားခဲ့ရပြန်သည်။ အဆင့်တစ်သောင်း

ပစ္စည်းများသည် တစ်ခုကို ရွှေစတစ်သောင်းကျော်တန်ကြေးရှိသည့်အတွက် သူမအတွက် ပွပေါက်တိုးလေပြီ။

သူမ တစ်ခုခုပြောဖို့ပြင်လိုက်ပေမယ့်.......

" ထားခဲ့လိုက်....ဒီဧည့်သည်ကို ငါပဲ ဝန်ဆောင်မှုပေးလိုက်မယ်....."

အရောင်းဝန်ထမ်းသည် သူမဖောက်သည်ကို လာလုသည့်သူကို ဒေါသတကြီးလှည့်ကြည့်လိုက်သောအခါ မြင်လိုက်ရသော လှပသောမျက်နှာလေးကြောင့် ဒေါသများကို ပြန်ရုတ်သိမ်းလိုက်ပြီး အပြုံးတစ်ခုဆင်မြန်းကာ.....

" သခင်...သခင်မလေး ရောက်နေတာလား....."

အရောင်းဝန်ထမ်းတစ်ဉီးဖြစ်သည့်အတွက် ဉက္ကဌယု၏ သမီးဖြစ်သူကို မသိနိုင်စရာအကြောင်းမရှိပေ။

"သူက ငါ့သူငယ်ချင်း....ငါပဲသူ့ကို ဆက်ရောင်းလိုက်မယ်....."

လုချင်းအာ ထိုသို့ပြောလိုက်သောအခါ အရောင်းဝန်ထမ်းသည် နှမြောတသကြီးစွာဖြင့် ထွက်ခွာသွားလေတော့သည်။

" ချင်းအာ...."

လီလော့ သူမ အကြောင်းသိနေသောကြောင့်

ယခုလို မြင်လိုက်ရသော်လည်း အံ့သြမနေခဲ့ပေ။

" လော့လန်အိမ်တော်သခင်လေးက ဘဏ်တိုက်ကို ပထမဆုံးအကြိမ်ရောက်ဖူးတာတောင် အမျိုးသမီးဝန်ထမ်းတွေကို ဒီလောက်ဆွဲဆောင်ထားနိုင်တယ်ဆိုတော့ ခဏခဏသာ လာမယ်ဆို ကျွန်မတို့တွေစီးပွားရေးဆက်လုပ်လို့ရမှာမဟုတ်လောက်ဘူး......"

လုချင်းအာ အတည်ပေါက်နှင့် လီလော့ကို စနောက်နေသည်။

လီလော့ကလည်း......

" ဒါဆိုလည်း ရုပ်ချောချောလေးဖြစ်အောင်မွေးပေးခဲ့တဲ့ ငါ့မိဘတွေကိုပဲ အပြစ်တင်ရမှာပဲ......"

လီလော့၏ ကိုယ့်ဘက်ကိုယ်ယက်သော စကားကြောင့် လုချင်းအာ မျက်စောင်းထိုးလိုက်လေသည်။

" အမေက မြန်မြန်လာဖို့ခေါ်နေတာကြောင့် မြို့တော်ကို နင့်ထက်ပိုစောပြီးရောက်နေတာ.....စကားမစပ် နင်တို့ ရှီးယန်ရုံးချုပ်သတင်းကြားထားပြီးပြီ....အဆင်ရောပြေရဲ့လား....... "

လုချင်းအာက အမှန်တကယ်စိုးရိမ်နေဟန်နင့် မေးနေလေ၏။

" အေးဆေးပါ...ဒါမျိုးတွေက ကြုံရပါများလို့ရိုးနေပါပြီ......"

"အေးပါ...နင်လည်း အစွမ်းကုန်သာကြိုးစား....နင့်ရဲ့အရည်အချင်းနဲဆို လော့လန်အိမ်တော်ကို အရင်ကလို သန်မာအားကောင်းအောင် ပြန်တည်ဆောက်နိုင်မှာသေချာတယ်....."

" ကျေးဇူးပါ... ငါလည်း အဲ့လိုဖြစ်လာဖို့ပဲမျှော်လင့်ပါတယ်....."

လီလော့က ကျန်တာတွေဆက်မပြောချင်တော့တာကြောင့် စကားလမ်းကြောင်းလွှဲသည့်အနေဖြင့် လုချင်းအာကို စနောက်လိုက်သည်။

" နေစမ်းပါဉီး နင်ခုနကပြောတော့ ငါ့ကို ဝန်တောင်မှုပေးမယ်ဆို.....ဘယ်လိုဝန်ဆောင်မှုမျိုးတွေပေးနိူင်သလဲဆိုတာ ပြောပြစမ်းပါဉီး...... "

လုချင်းအာက ခပ်ဖျော့ဖျော့ ပြုံးလိုက်ပြီး လက်ကိုဆန့်ထုတ်လိုက်လေသည်။လက်အိတ်ဝတ်ဆင်ထားသော်လည်း ကျင့်ကြံမှု့အဆင့်မြင့်လာသည့်အတွက် အအေးဓာတ်အချို့စိမ့်ထွက်နေသည်ကို ခံစားနေရသည်။

" နင်ကရော ဘယ်လိုဝန်ဆောင်မှုမျိုးလိုချင်တာလဲ....."

" နင့် လုပ်ရည်ကိုင်ရည်ကို အရင်ကြည့်ရမှာပေါ့......"

လီလော့ ချက်ချင်း ရုပ်တည်လိုက်ပြီး.....

" ဒီမယ်ဝန်ထမ်းလေး....အဆင့်တစ်သောင်း

ရှားပါးပစ္စည်းတွေ မြန်မြန်ပြမပေးဘဲ လာရပ်လုပ်နေတာလဲ....."

" ရုံးချုပ်မှာ အဆင့်တစ်သောင်းပစ္စည်းတွေကိုနေ့တိုင်း မရောင်းနိုင်ဘူး.....မြေဓာတ်နဲ့ သစ်သားဓာတ်ပါတဲ့ပစ္စည်းတွေဆိုပိုတောင်ရှားပါးသေးတယ်....အဲ့တာတွေကို လေလံခန်းမထဲမှာပဲသိမ်းထားတာ...နင်ကြည့်ချင်တယ်ဆို လိုက်ပြပေးမယ်....."

"ဒါဆိုလည်း မြန်မြန်လမ်းမပြသေးဘဲ ဘာလုပ်နေတာလဲ......"

သူမကို ဝန်ထမ်းတစ်ဉီးသဖွယ် ပြောဆိုနေသောီလော့ကိုမျက်စောင်းထိုးလိုက်ပြီး လမ်းပြပေးရန် ရှေ့ကနေ ဉီးဆောင်သွားခဲ့သည်။

သို့သော်လည်း သူမ တစ်ဖက်လှည့်လိုက်ချိန်တွင် နှစ်လိုဖွယ်ကောင်းသောအပြုံးတစ်ခုဖူးဖွင့်လာခဲ့လေသည်။

................ ...................

ဒုတိယထပ်ကနေ ကြည့်နေသော နင်းကျောက်သည် ထိုမြင်ကွင်းကြောင့် လက်ထဲကဝိုင်ခွက်ကို တင်းကြပ်စွာဆုပ်ကိုက်ထားလိုက်မိသည်။

လုချင်းအာသည် သူနှင့်ရှိစဉ်ခါကထက် သက်ဝင်လှသောအပြုံးမျိုး ပြုံးပြနေသည်မဟုတ်လော.....

လုချင်းအာကို ပြုံးရယ်အောင် လုပ်နိုင်တဲ့ကောင်လေးက ဘယ်သူများလဲ.......

" သူက လော့လန်အိမ်တော်သခင်လေး လီလော့......"

ထိုစကားသံကြောင့် နင်းကျောက်နောက်လှည့်ကြည့်လိုက်သောအခါ ဆံပင်အပြာရောင်နှင့် လူငယ်လေးတစ်ယောက်ကလည်း လီလော့တို့ကို ငုံ့ကြည့်နေသည်။

" သခင်လေး ပိုင်ရွှမ်းကိုကြည့်ရတာ ငါ့အကြောင်းကောင်းကောင်းသိနေပုံပဲနော်....."

" ဟားးဟားးးကျုပ်တို့ ဒူဇီအိမ်တော်က လော့လန်အိမ်တော်အကြောင်း သတိထားနားစွင့်နေကြ....ကိုယ့်ရန်သူအကြောင်းကောင်းကောင်းသိအောင် စုံစမ်းထားမှာတော့ သူ့အကြောင်းတွေလဲ သိနေတာပေါ့....."

" အင်း...မကြာသေးခင်က ရှီးယန်က ဉက္ကဌကို ဒူဇီအိမ်တော်က ခိုးယူလိုက်လို့ လော့လန်အိမ်တော် အရှက်ကွဲသွားရသေးတယ်ဆို....."

" အဲ့ထက်ရယ်စရာကောင်းတာပြောပြမယ်.....လီလော့က အဆင့်နှစ်ပဲ့တင်ထပ်သံပြုပြင်သူဖြစ်ပြီး ဉက္ကဌရာထူး ယူလိုက်တယ်တဲ့.....အင်းလေ...ဘာပဲဖြစ်ဖြစ် ဖေဟောင့်ဘက်တော်သားဖြစ်တဲ့ ဖန်ချန်းချီကိုလည်း ဉက္ကဌလုပ်ခိုင်းလို့မှမဖြစ်တာ....."

" ဒါနဲ့ အစ်ကိုနင်းကျောင်ရေ....စကားမစပ်အကူညီလေးတစ်ခုလောက်တော့တောင်းဉီးမယ်.....လီလော့ ရွှေနဂါးဘဏ်တိုက်မှာ ဘာလာဝယ်တယ်ဆိုတာလေး တစ်ချက်လောက်စုံစမ်းပေးလို့ရမလား....."

" စည်းကမ်းဖောက်သလို ဖြစ်နေမှာစိုးတယ်.....ကျုပ်တို့ ဘဏ်တိုက်က ဖောက်သည်တွေရဲ့ကိုယ်ရေးအချက်လက်ကိုလျှို့ဝှက်ထားပေးဖို့ တာဝန်ရှိတယ်....."

" ကျုပ်ကြားထားတာတော့ လုချင်းအာနဲ့ လီလော့က နန်ဖန်းမှာတုန်းကတည်းက အရမ်းရင်းနှီးခဲ့ကြတယ်ဆိုပဲ....နှစ်ကုန်စာမေးပွဲဖြေတုန်းကလည်း လုချင်းအာကို လီလော့ကပဲ ကယ်တင်ပေးခဲ့တာဆိုတော့......."

ပိုင်ရွှမ်း၏ စကားကြောင့် နင်းကျောက်ငြိမ်ကျသွားပြီး ဝိုင်တွေကိုသာ တစ်ခွက်ပြီးတစ်ခွက် ငှဲ့သောက်နေသည်။ပိုင်ရွှမ်းကလည်း ပြုံးပြုံးကြီး ထိုင်ကြည့်နေခဲ့သည်။

All Chapters