မျောက်လောင်းလေး......
Vol. 8 Ch. 102
လီလော့တို့ အနည်းငယ် လမ်းလျှောက်ခဲ့ကြပြီးနောက် ပုလဲများဖြင့်သီကုံးထားသော လိုက်ကာနောက်ဘက်ရှိ ခန်းမကျယ်ကြီးတစ်ခုဆီရောက်လာခဲ့ကြသည်။
" နင့်ရဲ့ ပဲ့တင်ထပ်သံစွမ်းအားတွေ အားပိုကောင်းလာတယ်နော်...ဘာလဲ ဆရာသခင်အဆင့်ရောက်နေပြီးလား....."
လီလော့ထိုသို့မေးလိုက်သောအခါ လုချင်းအာက ခေါင်းညိတ်လိုက်ပြီး......
" အင်း....လွန်ခဲ့တဲ့ရက်ပိုင်းလောက်က အဆင့်တက်သွားခဲ့တာ.....နင်ရော...."
" နည်းနည်းလောက်တော့ အချိန်ယူရဉီးမယ်ထင်တယ်...."
လုချင်းအာ ဆရာသခင်အဆင့်ရောက်နေကြောင်းသိလိုက်ရသောအခါ လီလော့ အတော်ပင် အံ့သြသွားခဲ့မိသည်။ သူကိုယ်တိုင်လည်း စည်းတံဆိပ်ဆယ်ခုအဆင့်ရောက်နေပြီဖြစ်သောကြောင့် ဆရာသခင်အဆင့်သို့ရောက်ရန် ပြင်ဆင်ရပေတော့မည်။
" ကြိုးစားထား....နောက်ထပ်လဝက်နေရင်ကောလိပ်တွေ ပြန်ဖွင့်တော့မယ်...ဝင်ခွင့်စာမေးပွဲတွေက ထင်ထားတာထက်တောင် ပိုပြင်းထန်နေသေးတယ်....."
လီလော့ ပြုံးပြလိုက်ပြီး စကားပြောရန်ပြင်လိုက်သောလည်း တခဏအတွင်းအမူအရာပြောင်းသွားပြီး နောက်လှည့်ကြည့်လိုက်သောအခါ သူ့အရိပ်ထဲတွင် ဝင်ပုန်းနေသော ရှစ်နှစ်အရွယ်ကောင်လေးတစ်ယောက်ကို မြင်လိုက်ရသည်။
ထိုကောင်လေးသည် မျက်လုံးဝိုင်းဝိုင်း ၊မျက်ဆံနက်နက်လေးနှင့် အလွန်ချစ်စဖွယ်ကောင်းသော်လည်း ပတ်ဝန်းကျင်ကို သတိကြီးကြီးထားပြီး အဆက်မပြတ်စူးစမ်းနေသည်။
" ဟေ့ကောင်လေး...ဆော့ချင်လည်း တခြားမှာသွားဆော့လေကွာ....."
ထို့အပြင် အနီးအနားရှိ လူအုပ်ထဲတွင် တစ်ခုခုကိုလိုက်ရှာနေကြသူ အချို့ကိုလည်း လီလော့ လှမ်းမြင်လိုက်ရသည်။
"ကူပြီး ဖွက်ထားပေးပါ....."
ကောင်လေး၏အသံသည် တိုးလျနေသောလည်း အကျင့်ဖြစ်နေပုံရသော အမိန့်ပေးသံမျိုးပေါက်နေသည်။.ကောင်လေးကိုကြည့်ရသည်မှာ အိမ်တော်တစ်ခု၏ သခင်လေးတစ်ပါးဖြစ်ပုံရသည်။
လီလော့ ဂရုစိုက်မနေတော့ဘဲ ပုခုံးတွန့်ပြလိုက်ပြီး ထွက်သွားဖို့ပြင်လိုက်သည်အခါ ထိုကောင်လေးဘက်က အလျင်စလို ပြောလိုက်သည်က.....
" ကျွန်တော် ခင်ဗျားကို ရွှေစသုံးထောင်ပေးမယ်....."
" ငါ့ပုံစံက မွဲနေတဲ့ပုံပေါက်နေလို့လား...."
ကလေးတစ်ယောက်ဆီက ငွေစကားအပြောခံလိုက်ရသဖြင့် လီလော့ နှာကစ်သွားခဲ့လေပြီ....မင်း ငါ့ကိုယုလန်လို့များထင်နေတာလားဟုပင် အော်ပြောလိုက်ချင်နေပြီ။
မျောက်လောင်းလေးတွေက သိပ်ကိုစိတ်အနှောက်အယှက်ပေးလွန်းကြတယ်.....
လီလော့ မျက်နှာတင်းတင်းနဲ့ လက်ဖြန့်လိုက်ပြီး......
" ရွှေစငါးထောင်....."
ကောင်လေးဘက်ကလည် နည်းနည်းလေးမှတွေဝေမနေဘဲ ရွှေနဂါးချက်လက်မှတ်အချို့ကို ထုတ်ပေးလိုက်သောကြောင့် လီလော့ ဘာဆက်ပြောရမှန်းပင်မသိတော့ပေ။
ထို့ကြောင့် ချက်လက်မှတ်များကို အိပ်ကပ်ထဲထိုးထည့်လိုက်ပြီး.....
" ကောင်းပြီ...ယောက်ကျားစစ်စစ်တွေက အားနည်းတဲ့သူတွေ အနိုင်ကျင့်ခံနေရတာကို လက်ပိုက်ကြည့်မနေနိုင်ဘူး...."
လီလော့ ကောင်လေး ပုခုံးပေါ်လက်တင်ပြီး ရေအရိပ်ပညာရပ်ထုတ်သုံးလိုက်သောအခါ ကောင်လေး၏ ပုံရိပ်သည် တဖြည်းဖြည်းချင်းပျောက်ကွယ်သွားလေသည်။
ကောင်လေးသည်လည်း ကိုယ့်ကိုကိုယ်ပြန်ကြည့်ပြီး အတော်အံ့အားသင့်နေရှာသည်။
လိုက်ရှာနေသူများ အနားသို့ရောက်လာကြသော်လည်း ကောင်လေးကိုရှာမတွေ့ကြပေ။
လီလော့ ကောင်လေးအကြောင်းကို ခေါင်းထဲကထုတ်လိုက်ပြီး လုချင်းအာနောက်ကိုသာ ဆက်လိုက်သွားခဲ့သည်။ထိုကောင်လေးကို ကူညီနေသည်ကို လုချင်းအာဘက်က ဘာမှဝင်မပြောသည့်အတွက် ကောင်လေးသည် အိမ်တော်သခင်လေးတစ်ပါးဖြစ်ပေလိမ့်မည်။ လိုက်ရှာနေကြသူများကလည်း ကောင်လေး၏ သက်တော်စောင့်များလည်းဖြစ်နိုင်ပေသည်။ မည်သို့ပင်ဆိုစေ ကောင်လေး ဘဏ်တိုက်ထဲတွင်ရှိနေသ၍ ဘေးကင်းလုံခြုံပေလိမ့်မည်။
နှစ်ယောက်သား ဆက်လျှောက်လာကြပြီးနောက် ဘဲဉပုံသဏ္ဍာန်လေလံခန်းမထဲသို့ရောက်လာခဲ့ကြသည်။
ခန်းမထဲတွင် အရင်ရောက်နှင့်နေသူများရှိနေသောကြောင့် လီလော့တို့ လွတ်နေသည့်ထိုင်ခုံတွင်ဝင်ထိုင်လိုက်သောအခါ ခုနကကောင်လေးသည်လည်း လီလော့ဘေးတွင် ဝင်ထိုင်လာခဲ့သည်။
" ဘာလဲ ပိုက်ဆံပြန်တောင်းမလို့လိုက်လာတာလား...မင်းလို ကလေးမျိူးတွေကို တွေ့ပါများလို့ အံတိုနေပြီ......"
ကောင်လေးဘက်က တစ်ခုခုပြောချင်နေသော်လည်း ရုတ်တရက်ချောင်းဆိုးလိုက်သောကြောင့် မျက်နှာတစ်ခုလုံးဖြူဖျော့သွားလေသည်။
ကောင်လေးကြည့်ရတာ နာမကျန်းဖြစ်နေပုံရသည်။
သို့ပေမယ့်လည်း.လီလော့ နည်းနည်းတော့ စိတ်ပူသွားခဲ့မိသည်။
// ဘာတုန်းဟ...ဒီကောင်လေး လှည့်စားနေတာများလား.....//
လုချင်းအာက ပြုံးလိုက်ပြီး.....
" သူနေချင် နေပါစေ....."
လီလော့ ဖွင်ထားပေးသောကြောင့် ကောင်လေးသာတစ်ခုခုဖြစ်သွားမည်ဆိုပါက လီလော့တွင် တာဝန်ရှိလာလိမ့်မည်။ထို့ကြောင့် လောလောဆယ် မျက်စိရှေ့မှာထားပြီး နောက်မှသာ တာဝန်ရှိသူတစ်ယောက်ယောက်ကို လာခေါ်ခိုင်းရမည်။ ထိုမှသာ ကောင်လေးနှင့်အတူပါလာသော လူကြီးသူမများကို ရှာဖွေနိုင်လိမ့်မည်။
လီလော့ လုချင်းအာကို ခေါင်းညိတ်ပြလိုက်သည်။
ကောင်လေး အဆက်မပြတ်ချောင်းဆိုးနေသောကြောင့် လီလော့ သန်စင်ထားသော
ရေအရင်းမြစ်ထည့်ထားသည့် ပုလင်းတစ်လုံးကို ကောင်လေးဆီပစ်ပေးလိုက်သည်။
" သက်သာချင်ရင် သောက်လိုက်....."
ထိုမျောက်လောင်းလေး ဖြူဖျော့နေရခြင်းအကြောင်းအရင်းကို မသိပေမယ့် လီလော့ သန့်စင်ထားသော ရေအရင်းမြစ်များထဲတွင် ကုသရေးစွမ်းအင်များပါဝင်နေသောကြောင့် အနည်းငယ်သက်သာစေနိုင်သည်။
ကောင်လေးကလည်း မျက်လုံးအပြူးသားလေးနဲ့ ပုလင်းကို လှမ်းဖမ်းလိုက်ပါသည်။
// ဒီလူရူးနေတာလား...ဘာမှန်းမသိတဲ့အရည်တွေကို မစူးစမ်းဘဲသောက်လိုက်ရမှာလား....//
လွှတ်ပစ်လိုက်ပြန်ရင်လည်း မယဉ်ကျေးရာကျမှာစိုးသောကြောင့် ထိုပုလင်းကို အိတ်ထဲထည့်လိုက်ပြီး လေလံခန်းမကိုသာ စူးစမ်းနေလိုက်တော့သည်။
သူ့ဘက်က စေတနာနှင့်ပေးသော်လည်း ကောင်လေးဘက်က အရေးမထားသည့်အတွက် လီလော့ နှာကစ်သွားပြန်သည်။ထို့ကြောင့် သူလည်း ကောင်လေးကိုလျစ်လျူရှုလိုက်လေသည်။
ထိုအချိန်တွင် နင်းကျောက်နှင့်အတူ ဒူဇီပိုင်ရွှမ်းကပါ လေလံခန်းမထဲဝင်လာကြပြီး အသီးသီးနေရာယူလိုက်ကြသည်။
နေရာယူပြီးနောက် ဒူဇီပိုင်ရွှမ်းက နင်းကျောက်ကို လီလော့တို့ရှိရာဘက်ဆီ လက်ညှိုးထိုးပြလိုက်ပြီး.....
"လီလော့က သစ်သားဓါတ်နဲ့ မြေဓါတ်ပါတဲ့ပစ္စည်းတွေ ဘာလုပ်ဖို့ဝယ်ချင်နေတာလဲ....."
နင်းကျောက် ခေါင်းခါပြလိုက်သည်။
လုချင်းအာကို လီလော့နှင့်အတူတွဲမြင်နေရသည့်အတွက်လည်း အတော်စိတ်ဆင်းရဲနေရရှာသည်။
ပိုင်ရွှမ်းတစ်ယောက် နင်းကျောက်ဖြစ်ပျငက်နေသမျှကို ဂရုမစိုက်နိူင်သေးပေ။ လီလော့ ဂှမြို့တော်စရောက်သည့်နေကတည်းက ပြသာနာရှာရန်စီစဉ်ထားသော်လည်း စီချိုးယင်းက ဝင်ဖျက်သွားခဲ့သည်။ ထို့ကြောင့် ယခုချိန်သည် အနှောက်အယှက်ပေးရန် အကောင်းဆုံးအချိန်ဖြစ်သည်။
ဒူဇီအိမ်တော်သည် လော့လန်အိမ်တော်နှင့် ကာလရှည်ကြာ ရန်ဖက်များဖြစ်ခဲ့ကြသည့်အတွက် လီလော့ ဒုက္ခရောက်လေ ပိုင်ရွှမ်းပိုပျော်လေပင်.....
ဤနေရာတွင် လီလော့ကို ကြီးကြီးမားမား ဒုက္ခမပေးနိုင်သေးသော်လည်း အနှောက်အယှက်ပေးနိုင်ငေးသည်မဟုတ်လော....
ထို့ကြောင့် လေလံပွဲစတင်မည့်အချိန်ကိုသာ စိတ်ရှည်လက်ရှည်ထားပြီး စောင့်ဆိုင်းနေခဲ့သည်။
နာရီဝက်ခန့်ကြာသောအခါ လေလံပွဲစတင်သည့် အချက်ပေးသံကို ကြားလိုက်ကြရသည်။
ခန်းမအလယ်ရှိစင်မြင့်ပေါ်တွင် လေလံပွဲအတွက် တာဝန်ယူပေးမည့် သက်လတ်ပိုင်းအရွယ် ဝန်ထမ်းတစ်ဉီးရောက်ရှိနေပြီး လေလံတင်မည့်ပစ္စည်းများကို တစ်ခုချင်းစီကြေငြာပေးနေသည်။
ဤလေလံပွဲသည် တစ်ကြိမ်ကိုတစ်ခုချင်းစီသာ လေလံဆွဲရသည်မဟုတ်ဘဲ နှစ်မျိုး သုံးမျိုးကို တစ်ပြိုင်နက်တည်း လေလံဆွဲရသည် ပုံစံမျိုးဖြစ်သည်။
" ပထမဆုံးလေလံတင်မယ့် ပစ္စည်းက အဆင့်တစ်ထောင်ပစ္စည်းဖြစ်တဲ့ နှစ်ရှစ်ရာမီးကျီးခဲမြွေသစ်သီးပါ....ကြမ်းခင်းစျေးကတော့ ရွှေစ ၁၁၀၀၀ပါ.....ဟုတ်ကဲ့ ဟိုဘက်ကတစ်ယောက် ၁၂၀၀၀ ပေးနေပါတယ်....."
" နောက်တစ်ခုကတော့ အဆင့်တစ်သောင်းပစ္စည်းတစ်ဖြစ်တဲ့ လေပြည်ကျောက်တုံးကို ကြမ်းခင်းစျေး ၁၆၀၀၀နဲ့ စျေးဖွင့်ထားပါတယ်....."
လေလံပွဲတာဝန်ခံ၏ ကြေငြာသံနှင့်အတူ ပရိတ်သတ်များ၏ အပြိုင်အဆိုင်စျေးပေးနေသံများ ဆူညံနေလေ၏။
သို့သော်လည်း လိုချင်သောပစ္စည်းမတွေ့သေးသဖြင့် လီလော့ ငြိမ်ချက်သားကောင်းနေပါသသည်။
ပစ္စည်းအချို့ လေလံတင်နေပြီး ဆယ်မိနစ်ခန့်ကြာမှသာ လီလော့ လိုချင်နေသောပစ္စည်းများအကြောင်း ကြေငြာနေသံကြားလိုက်ရလေသည်။
ယခုတစ်ခေါက်အတွက် လေလံဆွဲမည့်ပစ္စည်းများမှာ သစ်သားဓာတ်ပစ္စည်းနှစ်ခုနှင့် မြေဓာတ်ပစ္စည်းနှစ်ခုပါဝင်သည့်လေးခုအတွဲလိုက်ဖြစ်သည်။
ထိုလေးခုစလုံးသည် အဆင့်တစ်သောင်းပစ္စည်းများဖြစ်ကြသောကြောင့် လီလော့ လိုချင်သည်အရာနှင့်တိုင်ဆိုင်နေသည်။
"အဆင့်တစ်သောင်း နှစ်တစ်ထောင် သစ်စိမ်းအမြူတေ...ကြမ်းခင်းစျေး ၁၅၀၀၀....."
"အဆင့်တစ်သောင်း နဂါးအဆီအနှစ်....ကြမ်းခင်းစျေး ၁၅၀၀၀....."
"........."
လီလော့ တွေဝေမနေဘဲ လက်ထဲက ဆိုင်းဘုတ်ကို မြှေက်လိုက်ကာ အပြိုင်အဆိုင် စျေးခေါ်လိုက်လေသည်။
အချို့သော အဆင့်တစ်သောင်းပစ္စည်းအများစုသည် ၂၀၀၀၀ ဝန်းကျင်ခန့်တွင် လေလံအောင်သွားခဲ့ကြသဖြင့် လီလော့ အချိန်ဖြန်းမနေဘဲ စတင်ကတည်းက ၂၀၀၀၀ပေး၍ စျေးခေါ်လိုက်သည်။
ထို့ကြောင့် အပြိုင်စျေးပေးမည့်သူများကိုလည်း ရပ်တန့်သွားစေခဲ့သည်။
၂၀၀၀၀ ဆိုသည်မှာ အဆင့်တစ်သောင်းပစဖသည်တစ်ခုအတွက် ထိုက်သင့်သော တန်ကြေးဖြစ်သော်လည်း ထိုထက်ကျော်လွန်သွားပါက အရေးတကြီးလိုအပ်နေခြင်းမဟုတ်ပါက ထိုက်တန်မည်မဟုတ်တော့ပေ။ထို့အပြင် နောက်ထပ်လေလံဆွဲရမည့်ပစ္စည်းများကျန်ရှိနေသေးသည့်အတွက် လီလော့နှင့်အပြိုင်စျေးပေးမည့်သူမရှိကြတော့ပေ။
" စျေးပိုပေးမယ့်သူရှိသေးလား.....တစ်ကြိမ်...."
" စျေးပိုပေးမယ့်သူရှိသေးလား....နှစ်ကြိမ်...."
လေလံပွဲတာဝန်က လေလံအောင်ကြောင်း ကြေငြာတော့မည့်အချိန်တွင် လှောင်ရိပ်စွန်းထင်းနေသည့် စျေးပိုပေးသံတစ်သံကိုကြားလိုက်ရလေသည်။
"၂၅၀၀၀....."
ရုတ်တရက်ကြားလိုက်ရသောအသံကြောင့် လီလော့အတော်ပင်အံ့သြသွားခဲ့လေသည်။