← Chapters

မင်းသမီးကြီး.....

Vol. 8 Ch. 104

မင်းသမီးကြီး.....

Vol. 8 Ch. 104

.

ကောင်လေးနောက်တွင်ရပ်နေသူ၏ အကြည့်များသည် အရိုးခိုက်အောင်အေးစက်နေပြီး ထိုလူ၏ အသွင်သဏ္ဍာန်သည် အချိန်မရွေး ထပေါက်တော့မည့် မြေဟောက်တစ်ကောင်ကဲ့သို့ပင်.....

ထို့အပြင် ရှိသမျှခွန်အားများကို ထုတ်သုံး၍ ဆုပ်ကိုင်ထားသောကြောင့် ပိုင်ရွှမ်း၏လက်ကောက်ဝတ်တစ်ခုလုံး ကျိုးကြေတော့မတတ်နာကျင်နေရသည်။

ထိုသူသည် အနည်း ကောင်းကင်နစ်မြှပ်ခြင်းစစ်သူကြီးအဆင့်လောက်ရှိပေမည်။

ထိုသို့သော ကျွမ်းကျင်သူမျိုးကို သက်တော်စောင့် ခန့်ထားသည့် ကောင်လေး၏ နောက်ခံအင်အား မည်မျှလောက်ထိကြီးမားမှန်း မှန်းဆမရနိုင်တော့ပေ။

ကောင်းကင်နစ်မြှပ်ခြင်းစစ်သူကြီးအဆင့်ရှိသူများသည် လေးစားခံထိုက်သူများဖြစ်ကြပြီး ဒူဇီအိမ်တော်တွင်ပိုင်ရွှမ်း၏ အဖေတစ်ယောက်သာ ထိုသို့သော ကိုယ်ရံတော်မျိုး ပိုင်ဆိုင်ထားနိုင်သည်။

ပိုင်ရွှမ်း နာကျင်မှုကြောင့် ဖြူဖျော့လာမှသာထိုသူက လွှတ်ပေးလိုက်ပြီး......

"ကျုပ်တို့သခင်လေး လေလံအောင်ထားမှ​တော့ သေချာပေါက် ကျုပ်တို့ဘက်က ငွေချေမှာပါ....."

လီလော့တစ်ယောက် မျက်လုံးအပြူးသားဖြစ်နေရလေပြီ.....

// ရှမြို့တော်မှာ ကျားတွေနဂါးတွေ ပေါလှချည်လား....ပေါ့ပေါ့ပါးပါး လမ်းလျှောက်ရင်တောင် ပထဝီမြေကြီး တုန်ဟီးသွားလောက်တယ်.....//

ပိန်ပါးလှသော ထိုသူသည် မည်သို့ပင် သာမာန်ဆန်နေပါစေ လီလော့ထိုသူကို လေလံခန်းမထဲ စဝင်လာစဉ်ကတည်းက တွေ့ဖူးပြီးသားဖြစ်သည်။ထိုသူသည် လေလံပွဲတစ်လျှောက်လုံး လီလော့တို့နှင့် မနီးမဝေးတွင် ထိိုင်နေခဲ့သူဖြစ်သည်။

စောနက ကောင်လေးကိုလိုက်ရှာနေသော သက်တော်စောင့်များသည် အယောင်ပြသက်သက်သာဖြစ်ကြပြီး ထိုလူကသာ ကောင်းလေး၏အနီးအနားတွင် အရိပ်သဖွယ်လိုက်ပါစောင့်ရှောက်ပေးနေသူဖြစ်သည်။ကောင်လေး ပျော်ဖို့အတွက်သာ ပုန်းအောင်းနေသည်ကို မသိကျိုးကျွံပြုပေးနေခြင်းလည်းဖြစ်သည်။

လီလော့ ကောင်လေးထံမှ ပိုက်ဆံယူပြီး ရေအရိပ်နှင့် ဖုံးကွယ်ပေးခဲ့သည်ကိုလည်း ထိုသူမြင်ပြီးလောက်ပြီ......

လီလော့ အရှက်ပြေချောင်းဟန့်လိုက်မိလေသည်။

ပိုင်ရွှမ်း မအီမသာနဲ့ နောက်ဆုတ်လိုက်ရပြီး နင်းကျောက်ကလည်း ထိုသူ့ဆီမှ ရနေသော အန္တာရာယ်အငွေ့အသက်များကြောင့် သတိထားစောင့်ကြည့်နေရသည်။

ထိုအချိန်တွင် ဝန်ထမ်းတစ်ယောက် အမောတကောရောက်လာပြီး....

"အနှောက်ယှက်ဖြစ်သွားရင် တောင်းပန်ပါတယ်ဗျာ....ဉက္ကဌယုက ဒီဧည့်သည်လေး လေလံအောင်သွားတဲ့ပစ္စည်းအတွက် ငွေပေးချေစရာမလိုဘူးလို့ ပြောခိုင်းလိုက်လို့ပါ....အချိန်ကောင်းလေးတွေ ပိုင်ဆိုင်နိုင်ပါစေလို့လဲ စကားပါးလိုက်ပါသေးတယ်....."

ထိုဝန်ထမ်းက ကောင်လေး လက်ထဲကို လေလံအောင်ထားသည့်ပစ္စည်းများကို တရိုတသေ ပေးအပ်လိုက်သည့်အခါ ကောင်လေးခင်မျာ မျက်လုံးလေး ကလယ်ကလယ်နှင့်.......

" ဒါပေမယ့် မမကပြောထားတယ်...သူများပစ္စည်းကို ပိုက်ဆံမပေးဘဲ အလကားမယူရဘူးတဲ့.... ကျွန်တော် ဒါတွေကို မလိုချင်တော့ဘူး....ခင်ဗျားပဲယူလိုက်တော့.... "

ကောင်လေးက လီလော့ လက်ထဲကို အကုန်ထိုးထည့်လိုက်သည်။

တခဏအကြာမှာ ကောင်လေး အဆက်မပြတ်ချောင်းဆိုးလာပြီး မျက်နှာတစ်ခုလုံး ဖြူဖျော့လာပြန်သည်။

" သခင်လေး ကျွန်တော်တို့ ပြန်ကြရအောင်....."

ကောင်လေး ဘာမှဆက်မပြောတော့ဘဲ ကိုယ်ရံ​တော်နောက်ကို လိုက်သွားခဲ့လေသည်။

ကိစ္စအားလုံးပြီးဆုံးသွားချိန်တွင် တင်းမာနေသောအခြေနေအချို့လည်း ပြေလျော့သွားခဲ့ပြီဖြစ်သည်။

" နေပါဉီး....ငါ ဒါတွေကို ဘယ်လိုလုပ်သင့်လဲ...."

" ငါ့အမေက အလကားပေးတာလို့ပြောထားတယ်လေ....."

လီလော့ မည်သည့်အရာကိုမှ အလကားမလိုချင်သည်ကိုသိနေသောကြောင့် လုချင်အာကပင်......

" ဒါဆိုလည်း ကြမ်းခင်းစျေးလောက်ပဲပေးခဲ့....."

" အင်း...ဒါဆိုလည်း ငါပြန်တော့မယ်....."

အရေးကြီးကိစ္စများရှိသေးသည့်အတွက် လီလော့ ကြာကြာအချိန်မဖြန်းချင်တော့ပေ။

မျက်နှာထားသုန်မှုန်နေသော ပိုင်ရွှမ်းက.....

" လီလော့...နောက်ဆို မင်းနဲ့ငါ ကောလိပ်မှာ ခဏခဏတွေ့ရဉီးမှာ....အဲ့အခါကျရင် အခုလို​ကံကောင်းနိုင်ဉီးမလား ကြည့်ကြသေးတာပေါ့....."

ပြောပြီးသည်နှင့် လှည့်ထွက်သွားသော ပိုင်ရွှမ်းကြောင့် လီလော့ ပြက်ပြင်းချလိုက်မိပြန်သည်။

ပြသာနာကောင်တွေ ရောက်လာပြန်ပြီ.....

................. ......................

ရွှေနဂါးဘဏ်တိုက်၏ အထပ်မြင့်တစ်နေရာတွင် လီလော့တို့ ဖြစ်ပျက်နေသမျှကို ကြည့်ရှုနေသူ နှစ်ဉီးရှိမှန်း မည်သူမျှသတိမထားမိခဲ့ကြပေ။

ထိုနှစ်ဉီးစလုံးသည် ​ပြိုင်ဘက်ကင်းအောင်လှပသည့်အမျိုးသမီးများဖြစ်ကြသည်။

ပထမတစ်ဉီးသည် အနီရောင်စကပ်ရှည်ကို ဝတ်ဆင်ထားပြီး ဆံနွယ်များကို လှပ​သေငပ်စွာထုံးဖွဲ့ထားပြီး ငါးပုံသဏ္ဍာန်ဆံထိုးတစ်ခုဆင်မြန်းထားသည်။သူမသည် လုချင်းအာနှင့် ရုပ်ချင်းဆင်ပြီး ရင်ကျက်သောအလှဆရားတို့ဖြင့် အစွမ်းကုန်လှပနေသူဖြစ်သည်။

ထိုအမျိုးသမီးသည် လုချင်းအာ၏ မိခင် ဉ ရွှေနဂါးဘဏ်တိုက်၏ ဉက္ကဌ ယုဟုန်ရှီဖြစ်သည်။

" မင်းသမီးကို အခုလို ရှုတ်ယှက်ခတ်နေတာတွေ မြင်စေမိတဲ့အတွက် အရှက်ရမိပါတယ်......."

ယုဟုန်ရှီက ဘေးနားတွင်ရပ်နေသော အမျိုးသမီးကို အားနာနေဟန်နှင့် တောင်းပန်နေသည်။

ယုဟုန်ရှီနှင့် အတူရှိနေသည့်အမျိုးသမီးသည် အဖြူရောင်ဝတ်ရုံရှည်ကို ဆင်မြန်းထားပြီး နက်မှောင်ရှည်လျားသော ဆံနွယ်များကို ဖီးနစ်ဌက်သဏ္ဍန်ထုံးဖွဲ့ထားသည်။လှပသော မျက်ခုံး၊ မြင့်မားသောနှာတံ၊ ဆွဲဆောင်မှုရှိသော နှုတ်ခမ်း...ထိုအမျိုးသမီး၏ မျက်နှာအစိတ်အပိုင်းတစ်ခုချင်းသည် အံမခန်းလှပလွန်းနေသည်။

ထိုအမျိုးသမီးကိုသာ လီလော့ မြင်မည်ဆိုပါက ချိုင်ဝေထက် ရင်သားကြီးသူကို ရှာတွေ့ပြီဟု ဆိုပေလိမ့်မည်။

သို့သော်လည်း ထိုအမျိုးသမီးသည် ချ်ိုင်ဝေလို ရင်းနှီးဖော်ရွေတတ်သူမဟုတ်ဘဲ အထက်စီးဆန်သည့်အေးစက်သော အရှိန်အဝါမျိုးပိုင်ဆိုင်ထားသူဖြစ်သည်။

ထိုအမျိုးသမီးသည် တော်ဝင်မိသားစု၏ မင်းသမီးကြီး ကုန်းလွမ်ယုဖြစ်ပြီး လက်ရှိ ရှပြည်ထောင်စု၏ ဧကရာဇ်၏ အစ်မဆိုလည်းမမှားနိူင်ပေ။

လက်ရှိ ဧကရာဇ်သည် ထီးနန်းစိုးစံရန် ငယ်ရွယ်သေးသောကြောင့် မင်းသမီးကြီးကသာ ကိစ္စအဝဝကို တာဝန်ယူထားရသောကြောင့် ကုန်းလွမ်ယုသည် လက်ရှိရှပြည်ထောင်စုတွင် အာဏာအရှိဆုံး အမျိုးသမီးဖြစ်သည်။

ထို့အပြင် သူမသည် ကြယ်တာယာခရီးရှည်ကောလိပ်က ကြယ်လေးလုံးခန်းမတွင် တက်ရောက်နေသူဖြစ်သဖြင့် ကျန်းချင်းအာထက်ပင် တစ်ဆင့်မြင့်နေသေးသည်။

" ဒါ ကျွန်မမောင်လေးကြောင့် ဖြစ်သွားရတာဆိုတော့ ကျွန်မတို့က ဉက္ကဌယုကို အားနာနေတာပါ......"

" ရပါတယ်...မင်းကြီးက အခုမှ ဆော့ကစားလို့ကောင်းတဲ့အရွယ်ပဲရှိသေးတာ......"

နှစ်ယောက်သား စကားစမြည်ပြောဆိုပြီး​နောက် မင်းသမီးကြီး ပြန်သွားခဲ့လေသည်။

မင်းသမီးကြီးပြန်သွားသည့်အခါမှသာ အောက်ထပ်တွင် သမီးဖြစ်သူနှင့် အတူစကားပြောနေသော လီလော့ကို သေချာကြည့်လိုက်ပြီး ယုဟုန်ရှီ မျက်မှောင်ကြုံ့လိုက်မိသည်။

" ဒီကလေးက ဟိုကောင်စုတ် လီတိုင်ရွှမ်နဲ့တစ်ရုပ်တည်းပဲ......"

ရွှေနဂါးဘဏ်တိုက်၏ အနောက်ဘက်တံခါးဝတွင် သက်တောင်စောင့်တစ်စုက ရွှေရထားလုံးတစ်စီးကို ဝိုင်းရံစောင့်ကြပ်ပေးနေကြသည်။

မင်းသမီးကြီးသည် ဘဏ်တိုက်ထဲကထွက်လာပြီး ရထားလုံးပေါ်တက်လိုက်သည့်အခါ ထဲတွင် ကြိုရောက်နှင့်နေသော ဖြူဖျော့နေသည့်ကောင်လေးနားတွင် ဝင်ထိုင်လိုက်သည်။

ထိုကောင်လေး၏ မျက်နှာပေါ်က မျက်နှာဖုံးအလွှာပါးတစ်ခုကိုဆွဲခွာပေးလိုက်သောအခါ ကောင်လေး၏ မျက်နှာသည် ယခင်ကထက် ပို၍ဖြူဖျော့နေသည်။

" မမ..."

" နင်က ရှပြည်ထောင်စုရဲ့ဘုရင်နော်....ဒါနဲ့​တောင် မျောက်ကလေးလို အဆော့မက်နေသေးတယ်....သက်တော်စောင့်တွေသာအနားမှာမရှိရင်ဘယ်လိုလုပ်ကြမလဲ....."

လီလော့နှင့်တွေ့ခဲ့သော ကောင်လေးသည် ရှပြည်ထောင်စု၏ ဧကရာဇ်ဖြစ်သူ ကုန်းကျင်းယောင်ပင်ဖြစ်လေ၏။

ကောင်လေးက သနားစဖွယ်အမုအရာလေးနှင့် ကိုယ့်နားရွက်ကိုယ်ဆွဲလိုက်ပြီး.....

" တောင်းပန်ပါတယ် မမ...."

" ကဲ...ပြောပါဉီး... ဘာတွေဖြစ်ခဲ့ကြတာလဲ...."

" ဟားးဟားး လီလော့က ရယ်စရာကောင်းတယ်.....ဒူဇီပိုင်ရွှမ်းနဲ့ ပြိုင်ဖို့ ကျွန်တော့်ကို တစ်ဖက်လှည့်နဲ့ ရိုက်စားလုပ်သွားတယ်လေ....ကျွန်တော်ကလည်း မသိချင်ယောင်ဆောင်ပြီး သူနဲ့ကစားပေးလိုက်တယ်....."

ကောင်လေး၏ ခပ်မြူးမြူးအပြောကြောင့် ကုန်လွမ်ယုလည်း အတူရယ်မောလိုက်ပြီး.....

" ဒူဇီပိုင်ရွှမ်းက တကယ့်ကိုအဖေတူသား....သေးသေးမွှားမွှားကိစ္စတွေကိုခေါင်းထဲထည့်ပြီး လက်စားချေဖို့ပဲစိတ်ကူးနေတာ.....သူ့ထက်စာရင် လီလော့ကမှ စိတ်ဝင်စားစရာကောင်းသေးတယ်....မမက သူ့ကို ကျန်းချင်းအာလို ထက်မြက်မယ်ထင်ထားတာ...ဒါပေမယ့် ဒီကောင်က ပြောင်ချော်ချော်နဲ့ ရေလိုက်ငါးလိုက်နေတတ်သားပဲ......"

ဧကရာဇ်က ကလေးပီပီး အစ်မဖြစ်သူကို မကျေနပ်ချက်များကို တိုင်တောနေပြန်သည်။

" လီလော့ကိုလည်း စိတ်ဆိုးတယ်....ကျွန်တော့်ဆီက ငါးထောင်တောင် ယူသွားတယ်....."

ကုန်းလွမ်းယု တစ်ခုခုပြောဖို့ ပြင်လိုက်သော်လည်း ဧကရာဇ်၏ မျက်နှာသည် တမဟုတ်ချင်းဖြူဖျော့လာပြီး အနက်ရောင်သွေးကြောများပါ ပေါ်လာသောကြောင့် ထိတ်လန့်သွားခဲ့လေသည်။

ဧကရာဇ်၏ ရောဂါဟောင်းပြန်ထလာပြီမှန်းသိလိုက်သောကြောင့် အဆင့်ဆောင်ထားနေကြဆေးပုလင်းကို ထုတ်လိုက်သသည့်အခါ ပုလင်းထဲတွင် ဘာမျှမရှိတော့ပေ။ယ

" ကုန်သွားပြီလား....."

သူမ၏ လှပသော ဖီးနစ်သဏ္ဍာန်မျက်ဝန်းများထဲတွင် မီးပွားအချို့ ဖြတ်ကနဲလင်းလက်လာခဲ့သည်။ အစေခံများကို အမြဲတစေ ဆေးအသင့်ပြင်ခိုင်းထားသည်ကိုမှတ်မိသော်လည်း ယခုချိန်တွင် သူမ၏ ပေါ့ဆမှုကိုသာ အပြစ်တင်ရပေမည်။

" အခုချက်ချင်း နန်းတော်ဆီပြန်မယ်....."

သူမ အမိန့်ပေးလိုက်သောအခါ ရထားလုံးသည် အရှိန်ပြင်းစွာ မောင်းနှင်သွားခဲ့သည်။

သူမ ကောင်လေးကို တင်းကြပ်စွာ ပွေ့ဖက်ပေးထားပြီး နာကျင်မှုသက်သာစေရန် ပဲ့တင်ထပ်သံစွမ်းအားများကို ကောင်လေးခန္ဓာကိုယ်ထဲသို့ ပို့လွှတ်ပေးနေခဲ့သည်။

ဧကရာဇ်သည် ထိုဝေဒနာကို ငယ်စဉ်ကတည်းကပင် စတင်ခံစားခဲ့ရပြီး ရောဂါထချိန်တိုင်းတွင် ပြင်းထန်စွာနာကျင်ခံစားခဲ့ရသည်။ပျောက်ကင်းအောင်ကုသနိုင်သောဆေးဝါးမရှိသည့်အတွက် အံကြိတ်၍သာ ကြိတ်မှိတ်ခံစားခဲ့ရရှာသည်။

မျက်နှာပေါ်က သွေးကြောများ ပိုမိုထင်ရှားလာသောအခါ ဧကရာဇ်သည် အိတ်ကပ်ထဲက ပုလင်းကိုထုတ်ပြီး မော့သောက်လိုက်လေသည်။

" ဘာတွေသောက်နေတာလဲ....ပေးစမ်း....ဘာမှန်းမသိတဲ့အရည်တွေကို သောက်နေစရာလား......"

သောက်ပြီးပြီးချင်း ပျောက်ကွယ်သွားသည့် သွေးကြောများကြောင့် မင်းသမီးကြီးဆက်ပြောရမည့်စကားများ အငွေ့ပျံပျောက်ရှသွားခဲ့ရသည်။

ဧကာရာဇ်သည် ထိုအရည်များကိုသောက်သုံးပြီး​နောက် နာကျင်မှုလျော့ပါးသွားသည့်အတွက်ပို၍ပင် သက်တောင့်သက်သာရှိနေခဲ့သည်။

အတွေ့အကြုံရင့်ကျက်လှသည့် မင်းသမီးကြီးပင် ထိုပြောင်းလဲမှုကြောင့် မှင်သက်နေခဲ့မိလေသည်။

All Chapters