← Chapters

မြေသစ်သားပဲ့တင်ထပ်သံတုပခြင်း.....

Vol. 8 Ch. 106

မြေသစ်သားပဲ့တင်ထပ်သံတုပခြင်း.....

Vol. 8 Ch. 106

ကျန်းချင်းအာနှင့် ညဉ့်နက်သည်အထိ စကားပြောခဲ့ကြပြီးနောက် နှစ်ယောက်သား ကိုယ့်အခန်းကိုယ် ပြန်လာခဲ့ကြသည်။

သို့သော်လည်း လုပ်စရာများရှိသေးသည့်အတွက် လီလော့ အနားမယူနိုင်သေးပေ။

လီလော့ ကျောက်စိမ်းပြားတစ်ခုကို ထုတ်လိုက်ပြီး ​ခြောက်ရောင်ခြယ်လှည်းဘီးကို ဆင့်ခေါ်လိုက်သည်။

လက်ရှိတွင် ခြောက်ရောင်ခြယ်လှည်းဘီးပေါ်ရှိ အပေါက်ပေါင်းများစွာသည် ညကောင်းကင်မှကြယ်လေးများသဖွယ် တလက်လက်တောက်ပလျှက်ရှိနေသည်။

ထိုသို့ဖြစ်လာစေရန်လည်း လီလော့ သွေး၊ချွေးရင်း၍ ပင်ပန်းဆင်းရဲခံကာ ဖြည့်စည်းထားပေးခဲ့ရသည်။ယခုချိန်တွင် ရာချီနေသော အပေါက်များအနက် နှစ်ခုကိုသာ ဖြည့်ရန် ကျန်ရှိနေတော့သည်။

လီလော့သည် ပထမဆုံးအနေဖြင့် အဆင့်တစ်သောင်း သစ်သားဓာတ် ရှားပါးပစ္စည်းနှစ်ခုကို​ထုတ်ယူလိုက်ပြီး အပိုင်းပိုင်းဖြတ်တောက်ကာ ပဲ့တင်ထပ်သံမီးတောက်ဖြင့် သန့်စင်လိုက်သည့်အခါ ပထမအပိုင်းနှစ်ခုသည် အပူရှိန်လွန်ကဲပြီး မီးလောင်ကျွမ်းသွားခဲ့ပြီး ကျန်သောအပိုင်းများကိုသာ အောင်မြင်စွာသန့်စင်နိူင်ခဲ့သည်။

သန့်စင်ပြီးထားသော အစိမ်းရောင်အရည်များကို လှည်းဘီးပေါ်ရှိအပေါက်ထဲသို့ ဂရုတစိုက်ဖြည့်သွင်းလိုက်သည်။

ထိုအခါ လှည်းဘီးတစ်ခုလုံးအနည်းငယ်တုန်ခါလာပြီး အလင်းတန်းတစ်ချို့ထွက်ပေါ်လာပြီး ကျန်သောအပေါက်များနှင့် ချိတ်ဆက်သွားခဲ့လေသည်။

တစ်ခုတော့ အောင်မြင်သွားခဲ့လေပြီ။

နောက်ဆုံးကျန်နေသော အပေါက်ကိုဖြည့်ရန် မြေဓာတ်ပစ္စည်းများကို စတင်သန့်စင်ရပြန်ဉီးမည်။

ယခုတစ်ခေါက်သည် အရင်တစ်ခေါက်ထက်ပို၍ ခက်ခဲခဲ့သည်။ မြေဓာတ်ပစ္စည်တစ်ခုညမီးကျွမ်းသွားသောကြောင့် ဒုတိယတစ်ခုကိုသာ သန့်စင်နိုင်ခဲ့ပြီး နောက်ဆုံးကျန်နေသေယ အပေါက်ထဲသို့ အဝါရောင်အရည်များကို တစ်စက်ချင်းစီဖြည့်သွင်းလိုက်သည်။

ထို့အခါ ခြောက်ရောင်ခြည်လှည်းဘီးတစ်ခုလုံး တဝီဝီမြည်သံထွက်လာသည်အထိ လည်ပတ်လာပြီး အလင်းရောင်များလည်း တောက်ပစွာ ဖြာထွက်လာခဲ့သည်။

နောက်ဆုံးတစ်ဆင့်သာကျန်တော့သဖြင့် လီလော့ ပြုံးလိုက်မိသည်။

လီလော့ လက်ချောင်းထိပ်ကိုကိုက်ဖောက်လိုက်ပြီး လှည်းဘီးအလယ်တည့်တည့်ဆီ လက်ညှိုးကိုထည့်လိုက်သည့်အခါ ခန္ဓာကိုယ်တစ်ခုလုံးကနေ သွေးများစုပ်ယူခံလိုက်ရသလို ခံစားနေရပြီး ဉီးခေါင်းခွံတစ်ခုလုံးလည်း နာကျင်ထုံထိုင်းလာခဲ့သည်။ ဤသည်မှာ စိတ်ဝိဉာဉ်တစ်ခုလုံးကို အပိုင်းပိုင်းဆုတ်ဖြဲနေသလိုပင်.....

ကိုယ်ပိုင် ပဲ့တင်ထပ်သံတစ်ခု ဖန်တီးတုပမည်ဆိုပါက ပိုင်ရှင်၏ သွေးအဆီအနှစ်အပြင် စိတ်ဝိညာဉ်အစိတ်အပိုင်းအချို့ကိုပါ ပေါင်းထည့်ပေးရမည်ဖြစ်သည်။ ထိုမှလွဲ၍ အခြားနည်းလမ်းမရှိတော့ပေ။

သွေးစုပ်နေယူမှုရပ်တန့်သွားသောအခါ လီလော့တစ်ယောက် ဖင်ထိုင်ရက်လဲကျသွားပြီး မျက်နှာတစ်ခုလုံးလည်း ဖြူဖျော့နေလေပြီ။

အသိပြန်ကပ်နိုင်အောင် မိနစ်ပေါင်းများစွာကြာသည်အထိ အားယူနေခဲ့ရပြီး နဖူးကို လက်ဖြင့်အသာရိုက်ကြည့်လိုက်သောအခါ ဆယ်ပေါင်ထုနှင့်ထုလိုက်သလိုနာကျင်နေလေ၏။

" သေစမ်း...."

လီလော့ အားတင်းပြီး မတ်ရပ်ရပ်လိုက်ကာ လေထဲတွင် လည်ပတ်နေသည့် လှည်းဘီးကို ကြည့်လိုက်မိတော့ လှည်းဘီးအလယ်တွင် တစ်လက်လက်တောက်ပနေသော အလင်းလုံးလေးတစ်ခုဖြစ်တည်နေသည်ကို မြင်လိုက်ရသည်။

ထိုအလင်းလုံးလေးသည် အတွင်းပိုင်းတွင် စိမ်းပြာရောင်သမ်းနေပြီး အပြင်ပိုင်းတွင် အဝါရောင်အလင်းတန်းများထုတ်လွှတ်နေသည်။

အသက်၊သွေး၊ချွေးရင်းပြီသ ဖန်တီးထားသော ထိုအလင်းလုံးလေးထံမှ အကြည့်မလွှဲနိုင်တော့ပေ။

အချိန်အတော်ကြာတော့မှသာ တုန်ရီနေသော လက်များဖြင့် ထိုအလင်းလုံးလေးကို ဖမ်းဆုပ်လိုက်လေသည်။ အသားနှင့်ထိလိုက်သည့်နှင့် တစ်သားတည်းကျနေသော လိုက်ရောညီထွေဖြစ်သည့် ခံစားချက်တစ်ခု ခန္ဓာကိုယ်ထဲသို့ စိမ့်ဝင်လာသလိုခံစားလိုက်ရပါသည်။

ဤသည်မှာ လီလော့၏ ဒုတိယမြောက်ပဲ့တင်ထပ်သံဖြစ်သော မြေသစ်သားပဲ့တင်ထပ်ပင်ဖြစ်ချေတော့သည်။

ယခုချိန်တွင် ခန္ဓာကိုယ်တစ်ခုလုံးကို ပီတိအဟုန်လွှမ်းခြုံထားသလို ခံစားနေရပြီးအော်ဟစ်အောင်ပွဲခံလိုက်ချင်နေပြီ။

လီလော့ ပျော်လို့မှမဆုံးသေးခင် လှည်းဘီးသည် စတင်တုန်ခါအက်ကွဲလာပြီး နောက်ဆုံးတွင် အလင်းတန်းများအဖြစ် တစ်စစီပေါက်ကွဲသွားလေတော့သည်။

"သေလိုက်ပါတော့ကွာ....."

ဘာ့ကြောင့်မှန်းမသိ လှည်းဘီးပေါက်ကွဲသွားသောကြောင့် လီလော့ အံ့အားသင့်နေခဲ့မိသည်။

အလင်းတန်းတစ်ချို့ကို ဖမ်းဆုပ်ရန်ကြိုးစားကြည့်ခဲ့သော်လည်း အချည်းနှီးသာပင်။

လီလော့ စိတ်ငြိမ်အောင်မနည်းကြိုးစားပြီးထိန်းနေရသည်။လှည်းဘီးသည်တစ်ခါသုံးပစ္စည်းတစ်ခုဖြစ်သောကြောင့် ပဲ့တင်ထပ်သံတုပနိုင်ခြင်းကိုသာ အမြတ်ဟုဆိုရပေတော့မည်။

" အမေတို့ချန်ထားခဲ့တဲ့ သတင်းစကားအရဆို တတိယမြောက်ပဲ့တင်ထပ်သံဖန်တီးနိုင်မယ့်နည်းလမ်းက ရှမြိုတော်ကရွှေနဂါးဘဏ်တိုက်ရုံးချုပ်မှာရှိနေတယ်....."

လီလော့တွင် သွားယူရန် အချိန်ရှိသော်လည်း တတိယမြောက်ပဲ့တင်ထပ်သံမဖန်တီးခင် ရှည်လျားသော ကျင့်ကြံရေးခရီးလမ်းကို လျှောက်လှမ်းရပေဉီးမည်။ ထို့အပြင် ထိုအရာသည် ရွှေနဂါးဘဏ်တိုက်တွင်ရှိနေခြင်းကသာ အလုံခြုံဆုံးဖြစ်ပေလိမ့်မည်။

ယခုဖန်တီးထားသော ပဲ့တင်ထပ်သံကို ဆရာသခင်အဆင့်ရောက်မှသုံးနိုင်မည်ဖြစ်သောကြောင့် ကျောက်စိမ်းသတ္တာတစ်ခုထဲတွင် ထည့်သိမ်းထားလိုက်ရသည်။

သို့သော်လည်း ရုတ်တရက်အတွေးတစ်ချို့ ပေါ်လာခဲ့သည်။ပထမပဲ့တင်ထပ်သံကိုဖန်တီးခဲ့စဉ်က သွေးအနှစ်သာရနှင့် သက်တမ်းအချို့ကုန်ဆုံခဲ့ရသည်။ယခု တစ်ကြိမ် ဖန်တီးသည့်အခါရော ထိုသို့ဖြစ်လာဉီးမည်လား.....

မိဘများကလည်း ဘာမှ မပြောခဲ့သည့်အတွက် လီလော့ အတော်် စိတ်ပူနေလေပြီ။

" ယုတ္တိရှိရှိတွေးကြည့်မယ်ဆို....ပဲ့တင်ထပ်သံတုပဖန်တီးတာက လူ့သက်တမ်းနဲ့ သွေးအနှစ်သာရတွေ အများကြီး ဆုံးရှုံးရနိုင်တယ်...ပထမတစ်ခေါက်တုန်းက အားနည်းနေလို့များ ပြင်းပြင်းထန်ထန် ဆုတ်ယုတ်သွားတာနေမယ်...အခုတစ်ခါကျတော့ ထိုက်သင့်သလောက်အားကောင်းနေပြီဆိုတော့ သိပ်ပြီး မဆုတ်ယုတ်လောက်တော့ဘူးပေါ့....."

လီလော့သေချာတွေးတောကြည့်ပြီးနောက် အတော်အတန် စိတ်အေးသွားနိုင်ခဲ့သည်။

အင်း...တစ်ခါတည်းတော့ သေလမ်းမပို့လောက်ဘူးထင်တာပါပဲ......

ယခုချိန်တွင် ဆရာသခင်အဆင်သို့တက်လှမ်းရန်သာ စိတ်အားထက်သန်နေမိတော့သည်။

.............. ............................... .................

နောက်ထပ်ရက်အနည်းငယ်ကြာသည်အထိ လီလော့ အပြင်လုံးဝမထွက်ဘဲ ပင်မစံအိမ်ထဲတွင်သာ တံခါးပိတ်ကျင့်ကြံနေခဲ့သည်။

ကျန်းချင်းအာဘက်က "တစ်ခါတည်း ပုလင်းတစ်ရာကျော်မဝယ်ပေးနိုင်ဘူး"ဟုပြောခဲ့သော်လည်း အဆင့်ခြောက်ဝိဉာဉ်ရည်အချို့ လာပို့ပေးခဲ့ရှာသည်။

ရေအလင်းပဲ့တင်ထပ်သံသည် အဆင့်ခုနှစ်သို့ရောက်သိပ်မလိုတော့ပေ။

ကြယ်တာယာခရီးရှည်ကောလိပ် ပြန်ဖွင့်တော့မည်ဖြစ်သောကြောင့် အခုရက်ပိုင်းတွင်

ရှမြို့တော်သည် ယခင်ကထက်ပင် စည်ကားနေလေ၏..........

All Chapters