← Chapters

ပဲ့တင်ထပ်သံဆရာသခင်အဆင့်........

Vol. 8 Ch. 107

ပဲ့တင်ထပ်သံဆရာသခင်အဆင့်........

Vol. 8 Ch. 107

ကျောင်းပြန်ဖွင့်ရန် သုံးရက်သာလိုတော့သည့်အချိန်တွင် လီလော့သည်လည်း အဆင့်တက်ရန် အဆင်သင့်ဖြစ်နေခဲ့ပြီဖြစ်သည်။

သို့သော်လည်း ပဲ့တင်ထပ်သံမျိုးစေ့ချခြင်းကို ရှုံးနိမ့်ခဲ့သည်။

ဤသည်မှာ ခက်ခဲသောလုပ်ငန်းစဉ်ဖြစ်သည့်အတွက် လီလော့ စိတ်ဓာတ်ကျမနေဘဲ အကြိမ်ကြိမ်ကြိုးစားနေခဲ့ပါသည်။

လီလော့သည် ဌာနမှုးဝေရှပေးခဲ့သော ခါးသက်သောကြာပန်းဆေးလုံးကိုပင် ထုတ်မသုံးရသေးပေ။

သို့သော်လည်း အကြိမ်ကြိမ် သုံးသပ်ကြည့်ပြီးနောက် ထုတ်သုံးရန်ဆုံးဖြတ်လိုက်ပြီး ကောင်းကင်ရွှေ ကျင့်ကြံရေးခန်းထဲသို့ ဝင်သွားခဲ့လေသည်။

အခန်းထဲရောက်သည်နှင့် စိတ်ငြိမ်စေရန် စန္ဒကူးအမွှေးနံသာအချို့ကို ထွန်းညှိလိုက်ပြီး မှ ကြာပန်းဆေးလုံးကို သောက်သုံးခဲ့သည်။

ယခုတစ်ခေါက် မျိုးစေ့ဖွဲ့စည်းရာတွင် အရင်အခေါက်တွေတုန်းကလို ခက်ခဲမနေ​တောဘဲ နာရီဝက်လောက်ကြာသောအခါ မျိုးစေ့ဖွဲ့စည်းခြင်း အောင်မြင်သွားခဲ့လေပြီ။

" ဒီလိုဆိုတော့လည်း လွယ်သားပဲ...."

ဖွဲ့စည်းထားသောမျိုးစေ့ကိုစစ်ဆေးရန် ပဲ့တင်ထပ်သံနန်းတော်ထဲသို့ ကြည့်လိုက်သောအခါ လက်မသာသာခန့်ရှိသော အမြုတေတစ်ခုကို မြင်လိုက်ရသည်။

အမြူတေထံမှာ ရေစီးသံသဲ့သဲ့ထွက်ပေါ်နေသော အပြာရောင်အလင်းတန်းတစ်ချို့ ဖြာထွက်နေပြီး ထိုရေစီးသံများသည် ရေအလင်းပဲ့တင်ထပ်သံစွမ်းအားများ၏အသံပင်ဖြစ်သည်။

လီလော့၏ ရေပဲ့တင်ထပ်သံစွမ်းအားများသည် အလင်းပဲ့တင်ထပ်သံစွမ်းအားများနှင့်ရောနှောနေသောကြောင့် ဖွဲ့စည်းလိုက်သော အမြူတေကိုလည်း ရေအလင်းမျိုးစေ့ဟုခေါ်ဆိုရပေမည်။

ဤသည်မှာ ပဲ့တင်ထပ်သံဆရာသခင်အဆင့်၏ ပထမအဆင့်ဖြစ်သော မျိုးစေ့ချခြင်းအဆင့်ပင်ဖြစ်သည်။

မျိုးစေ့ချခြင်းအဆင့်ကို မျိုးစေ့ရှင်းလင်းခြင်းအဆင့်နှင့် ပွင့်လန်းခြင်းအဆင့်ဟူ၍

အဆင့်ငယ်နှစ်ခုထပ်မံခွဲခြားထားသေးသည်။ထိုအဆင့်ငယ်တစ်ခုချင်းစီကိုလည်း အစပိုင်းနှင့် နှောင်းပိုင်းဟူ၍ ခွဲခြားထားပြန်သည်။

မျိုးစေ့ရှင်းလင်းခြင်းအဆင့်သည် အမြူတေ၏ ကြည်လင်တောက်ပမှုကိုရည်ညွှန်းခြင်းဖြစ်သည်။ စွမ်းအားနည်းပါးသောကြောင့် အမြူတေပေါ်တွင် အမှတ်အသားများမချန်ထားနိုင်သေးပေ။

အမြူတေပေါ်တွင် အမှတ်အသားချန်နိုင်လေလေ ပိုမိုအားကောင်းလာလေဖြစ်သည်။

အမြူတေပေါ်တွင် ပွင့်ချပ်ပုံသဏ္ဍာန်ပေါ်လာသည်အထိ အမှတ်အသားများ ချန်ထားနိုင်ပါက ပွင့်လန်းခြင်းအဆင့်သို့ရောက်ရှိသွားပြီဖြစ်သည်။

အချိန်ကြာလာသည်နှင့်အမျှ ပွင့်ချပ်ပုံသဏ္ဍာန်အမှတ်အသားများသည် လျှို့ဝှက်ဆန်းကြယ်သော ပုံသဏ္ဍာန်အဖြစ်ပြောင်းလဲဖွဲ့စည်းသွားမည်ဖြစ်ပြီး ထိုအဆင့်ကို မူပုံသဏ္ဍာန်အဆင့်ဟုခေါ်ဆိုကြသည်။

သို့သော်လည်း လီလော့သည် ယခုမှ မျိုးစေ့ရှင်းလင်းခြင်း အစပိုင်းအဆင့်တွင်သာရှိသေးသည့်အတွက် ထိုမျှလောက်ထိ တွေးနေရန်မလိုသေးပေ။

" ငါရဲ့ပဲ့တင်ထပ်သံစွမ်းအားတွေ အရင်ကထက်စာရင် ပိုအားကောင်းလာတယ်....."

လီလော့ မတ်တပ်ထရပ်လိုက်ပြီး စွမ်းအားတစ်ချို့ ထုတ်သုံးလိုက်သည့်အခါ စည်းတံဆိပ်ဆယ်ခုအဆင့်ကထက်ပိုမိုအားကောင်းလာသည်ကို ခံစားလိုက်ရသည်။

လီလော့ လက်ချောင်းများကို ဆတ်ကနဲတောက်ထုတ်လိုက်ပြီး ရေအလင်းကျည်ဆန်ပညာရပ်ကိုထုတ်သုံးလိုက်သည်အခါ အရင်ကထက်အားကောင်းလာသောကြောင့် တခန်းလုံး လင်းထိန်နေလေ၏။

"မဆိုးပါဘူး...ဒီလောက်ဆို ရှီးယန်ရုံးချုပ်အတွက် ရေအရင်းမြစ်တွေ ထောက်ပံ့ပေးနိုင်လောက်ပြီ......"

ဆရာသခင်အဆင့်ရောက်နေပြီဖြစ်သော

ကြောင့် ဖန်တီးထားသော မြေသစ်သားပဲ့တင်ထပ်သံကိုသုံးရန် အချိန်တန်ပြီဖြစ်သည်။

ပထမပဲ့တင်ထပ်သံကိုရယူပြီးချိန်ကတည်းက များစွာအလှမ်းကွာဝေးနေခဲ့သော ပါရမီရှင်များကို တခဏအတွင်းအမှီလိုက်နိူင်ခဲ့သည့်အတွက် ဒုတိယမြောက်ပဲ့တင်ထပ်သံရယူလိုက်ပါက မည်သို့သော အံ့သြစရာများ ဖြစ်ပေါ်လာမည်နည်း။

လက်ထဲတွင်ရှိနေသော ပဲ့တင်ထပ်သံသည် စိမ်းစိုနေသော အလင်းတန်းများ ထုတ်လွှတ်နေလေ၏။

သို့သော်လည်း ဒုတိယမြောက်ပဲ့တင်သံရယူချိန်တွင် ပေးဆပ်ရမည့်တန်ကြေးအတွက်လည်း စိတ်ပူနေရသေးသည်။

ပထမအကြိမ် ရယူစဉ်က သက်တမ်းငါးနှစ်ခန့်သာ ကျန်တော့သဖြင့် ဒုတိယအကြိမ်အတွက် ထပ်မံပေးဆပ်ရမည်ဆိုပါက သေဖို့သာရှိတော့သည်။

စိုးရိမ်မှုများရှိနေသော်လည်း အကောင်းဆုံးပြင်ဆင်ထားရမည်သာ။

လက်ထဲက ပဲ့တင်ထပ်သံကို ငေးကြည့်နေရင်း လီလော့အတွေးများနေမိပြန်သည်။

ပထမအကြိမ်ပဲ့တင်ထပ်သံရယူခဲ့စဉ်ကတည်းက မပြန်လမ်းပေါ်ခြေချပြီးခဲ့လေပြီ...မည်သို့မျှ နောက်ပြန်လှည့်ရန်မဖြစ်နိုင်တော့ပေ။

ထို့အပြင် လော့လန်အိမ်တော်ကိုလည်း ကိုယ့်ခွန်ကိုယ်အားနဲ့သာ ကာကွယ်စောင့်ရှောက်ပေးချင်သေးသည်။ဖြစ်နိုင်မည်ဆိုလျှင် ကျနချင်းအာကို မိမိကသာ ကာကွယ်ပေးချင်ပါသည်။လွန်ခဲ့သောနှစ်ရက်ခန့်က ခရမ်းအဆင့်ဆရာတစ်ယောက်အကြောင်း ကြားသိလိုက်ရပြီးချိန်တွင် လုံလောက်စွာသန်မာခြင်းမရှိပါက တန်ဖိုးထားကသောအရာများကို ကာကွယ်ပေးနိုင်စွမ်းရှိမည်မဟုတ်ကြောင်း ကောင်းစွာသဘောပေါက်နားလည်ခဲ့ရသည်။

ထို့အပြင် ပျောက်ဆုံးနေသောမိဘများကိုလည်းလိုက်ရှာချင်ပါသေးသည်။

အနာမခံနိုင်လျှင် အသာစံနိုင်မည်မဟုတ်ပေ။

လီလော့ တွေဝေမနေတော့ဘဲ ပဲ့တင်ထပ်သံကို တိုက်ရိုက် မျိုချလိုက်လေတော့သည်။

ဝုန်း......

ခန္ဓာကိုယ်ထဲက စွမ်းအားများသည် အသစ်ဝင်ရောက်လာသော ပဲ့တင်ထပ်သံကို တွန်းလှန်ကြိုးစားနေကြသောကြောင့် မြေသစ်သားပဲ့တင်ထပ်သံကို ဒုတိယပဲ့တင်ထပ်သံနန်းတော်ဆီရောက်အောင် ဂရုတစိုက် လမ်းကြောင်းပေးနေရသည်။

ထိုလုပ်ငန်းစဉ်ပြီးဆုံးရန် တစ်နာရီခန့်အချိန်ယူခဲ့ရသည်။

မျက်နှာတစ်ခုလုံးတွင် ချွေးစေးများ စီးကျနေသော်လည်း အောင်မြင်သွားပြီဖြစ်သောကြောင့် သက်ပြင်းချလိုက်မိလေသည်။

သို့သော်လည်း ဒုတိယမြောက်ပဲ့တင်ထပ်သံနန်းတော်ထဲရောက်ရှိသွားသော မြေသစ်သားပဲ့တင်ထပ်သံသည် လီလော့၏ သွေးအဆီအနှစ်များကို အရူးအမူးစုပ်ယူနေပြန်သည်။

ပြင်းထန်လွန်းလှသော နာကျင်မှုကြောင့် ခန္ဓာကိုယ်တစ်ခုလုံး ပျောက်ကွယ်သွားတော့မတတ်ပင်......

တစ်ချက်ကလေး အသိလွတ်သွားချိန်တွင် လီလော့ ကြမ်းပြင်ပေါ် ဒူးထောက်လျှက်သား လဲကျသွားခဲ့သည်။

နောက်ဆုံးတွေးမိခဲ့သော အတွေးသည်....

// ငါသေရတော့မယ်......//

All Chapters