← Chapters

ပြသာနာများ.....

Vol. 8 Ch. 108

ပြသာနာများ.....

Vol. 8 Ch. 108

ခဲဆွဲထားသလို လေးလံနေသော မျက်လုံးများကို အားတင်းပြီးဖွင့်ကြည့်လိုက်သောအခါ ရင်းနှီးနေသော မျက်နှာကြက်ကိုတွေ့လိုက်ရသည်။

တဖက်လှည့် ကြည့်လိုက်တော့မှာသာ ကျန်းချင်းအာရှိနေမှန်း သတိပြုမိလိုက်လေသည်။

သူမငည် ကုတင်တိုင်ကိုမှီပြီး အိပ်ပျော်နေလျှက်ရှိကာ ပြတင်းပေါက်မှတဆင့် ဖြာကျနေသော နေရောင်ခြည်ကြောင့် သူမ၏အသွင်ဏ္ဍန်လေးသည် နတ်သမီးတမျှ လင်းလက်နေသည်ဟုထင်ရသည်။

လီလော့ စိုက်ကြည့်နေသောကြောင့် သတိကြီးလှသော သူမသည် မျက်လုံးဖွင့်ကြည့်လာခဲ့သည်။

နှစ်ဉီးသား အတော်ကြာသည်အထိ တစ်ဉီးကိုတစ်ဉီး ငေးကြည့်နေခဲ့မိသည်။

" သတိရလာပြီလား..."

လီလော့ ခေါင်းညိတ်​ပြလိုက်ပြီး ထထိုင်ဖို့ ပြင်နေသည့်အတွက် ကျန်းချင်းအာက လီလော့ ထိုင်ရအဆင်ပြေစေရန် ကျောနောက်တွင် ခေါင်းအုံးတစ်လုံးခုပေးလိုက်ပြီး......

"နင်မနေ့ညက ကောင်းကင်ရွှေအခန်းမှာ မေ့လဲနေတာကို သန့်ရှင်းလာလုပ်ပေးတဲ့သူတွေ မြင်သွားကြတယ်....ကျင့်ကြံရင်း တစ်ခုခုဖြစ်သွားလို့လား...."

လီလော့ သူမကို မချိပြုံး ပြုံးပြလိုက်ပြီး ခန္ဓာကိုယ်ကို သေချာစစ်ဆေးကြည့်လိုက်သည့်အခါ သက်တမ်းမလျော့သွားသော်လည်း ရှင်းမပြနိူင်သော လစ်ဟာမှုတစ်ချို့ရှိနေသည်ကို ရှင်းလင်းစွာ ခံစားလိုက်ရသည်။

သူတစ်ခုခု ဆုံးရှုံးသွားခဲ့ပါသည်။

နောက်တစ်ဖန် ဒုတိယမြောက်ပဲ့တင်ထပ်သံနန်းတော်ထဲကို စစ်ဆေးကြည့်လိုက်သည့်အခါ သူ့အသက်ကို ကယ်တင်ပေးခဲ့သည် မြေသစ်သားပဲ့တင်ထပ်သံရှိနေသည်ကို မြင်လိုက်ရသည်။

၎င်းသည် အစိမ်းရောင်နှင့် အဝါရင့်ရောင်ရောစပ်လျှက်ရှိပြီး သက်ဆိုင်ရာ စွမ်းအားနှစ်ခုသည် အချင်းချင်း လိုက်လျောညီထွေစွာ ထောက်ပံ့ပေးနေကြသည်။

ဤသည်မှာ ဒုတိယမြောက် ပဲ့တင်ထပ်သံကို အောင်မြင်စွာ ရရှိခဲ့ခြင်းဟူသော အဓိပ္ပါယ်ပင်။

လက်ရှိတွင် ထိုပဲ့တင်ထပ်သံသည် အဆင့်တစ်ထက်ပင် နိမ့်ပါးနေသော်လည်း မိဘများက မနားမနေကြိုးစားပေးခဲ့၍သာ ထိုသို့ရရှိနိုင်ခဲ့ခြင်းဖြစ်သည်။

မည်သို့ပင်ဆိုစေ မရေမတွက်နိုင်သော ဝိဉာဉ်ရည်များသုံး၍ မြေသစ်သားပဲ့တင်ထပ်သံကိုလည်း ရေအလင်းပဲ့တင်ထပ်သံကဲ့သို့ပင် အဆင့်မြှင့်တင်ပေးနိုင်ပါသေးသည်။

ထို့အပြင် ဒုတိယမြောက် ပဲ့တင်ထပ်သံနန်းတော်ထဲတွင်လည်း သစ်စိမ်းရောင် အမြူတေတစ်ခုရှိနေသည်ကို တွေ့လိုက်ရသဖြင့် အတော်အံ့သြနေမိပြန်သည်။

ထိုအမြူတေသည် ရေအလင်းအမြူတေလောက် မကြီးမားသော်လည်း လီလော့ သန်မာလာသည်နှင့်အမျှ အရွယ်အစားကြီးထွားလာမည်သာ။

ယခုချိန်တွင် " ဒုတိယမြောက်ပဲ့တင်သံကို ပိုင်ဆိုင်ပြီးတာနဲ့ အရင်ကထက်ကပိုအဆင်ပြေလာလိမ့်မယ်" ဟူသော မိဘနှစ်ပါး၏စကားကို နားလည်လာခဲ့ပြီဖြစ်သည်။

မျိုးစေ့ချခြင်းအဆင့်ရောက်သည်နှင့် ပတ်ဝန်းကျင်မှ စွမ်းအားများကို စုပ်ယူနိုင်တော့မည်ဖြစ်သဖြင့် စည်းတံဆိပ်ဆယ်ခုအဆင့်ထက် များစွာသာလွန်နေပြီဖြစ်သည်။

လီလော့လို မျိုးစေ့နှစ်ခုရှိသူအတွက်ကတော့ အချိုပေါ် သကာလောင်းလိုက်သလိုပင်။

ပဲ့တင်ထပ်သံနန်းတော်ဆိုသည်မှာ ပဲ့တင်ထပ်သံစွမ်းအားများကို သိုလှောင်သိမ်းဆည်းပေးထားသော အခန်းနှင့်ဆင်တူပါသည်။ပဲ့တင်ထပ်နန်းတော်၏ စွမ်းအားသိုလှောင်နိုင်မှုပမာဏသည် နှောင်းပိုင်းအဆင့်များသို့ ရောက်နိုင် မရောက်နိုင်ကိုဆုံးဖြတ်ပေးနိုင်သည်။ အကယ်၍ ပဲ့တင်ထပ်သံနန်းတော်တစ်ခုလုံးပြည့်သည်အထိ စွမ်အားများကို စုဆောင်းဖြည့်စည်းနိုင်ပြီဆိုပါက နောက်ထပ်ပဲ့တင်ထပ်သံနန်းတော်များကို ဖွင့်လှစ်နိုင်ပြီဖြစ်သည်။

ယခု လီလော့သည် ဒုတိယမြောက်ပဲ့တင်ထပ်သံနန်းတော်ကိုပါ ဖွင့်လှစ်နိုင်ခဲ့ပြီဖြစ်သော​ကြောင့် အဆင့်တူသူများထက် များစွာသာလွန်နေပြီဖြစ်သည်။

ထို့အပြင် ပဲ့တင်ထပ်သံ၏ အဆင့်ကလည်း ပဲ့တင်ထပ်သံမျိုးစေ့၏ အရည်အသွေးကို သတ်မှတ်ပေးနိုင်သည်။အဆင့်မြင့်လေ အရည်အသွေးပိုကောင်းလေ ဖြစ်သည်။ ပဲဲ့ဆင်ထပ်သံမျိုးစေ့၏ အရည်သွေးကောင်းမွန်ခြင်းသည် စွမ်းအားစုပ်ယူခြင်းနှင့် ပဲ့တင်ထပ်သံ၏ အမြင့်ဆုံးစွမ်းရည်များကို ထုတ်သုံးရာတွင် လွန်စွာအရေးကြီးလှပေသည်။

ဉပမာပေးရမည်ဆိုပါက လီလော့၏ ပဲ့တင်ထပ်သံနှစ်ခုစလုံးသာ အဆင့်ခုနှစ်တွင်ရှိနေပါက အဆင့်ကိုးပဲ့တင်ထပ်သံပိုင်ရှင် ကျန်းချင်းအာကိုပင် အသာစီးရအောင်တိုက်ခိုက်နိုင်လိမ့်မည်။

များစွာသော အားသာချက်များရှိသည့်အချိန် အချိန်လုံလောက်စွာပေးပြီး လေ့ကျင့်ပျိုးထောင်မည်ဆိုပါက အံ့မခမ်းသော ရလဒ်များ ရရှိလာပေလိမ့်မည်။

" နင်ဘာတွေ တွေးနေတာလဲ...."

ကျန်းချင်းအာ၏ ခပ်ဆတ်ဆတ်မေးပုံလေးကြောင့် လီလော့ မရည်ရွယ်ဘဲ ပြုံးလိုက်မိသည်။

လီလော့ သူမလက်ကို လှမ်းကိုင်လိုက်ပြီး မြေသစ်သားပဲ့တင်ထပ်သံစွမ်းအားများကို ထုတ်ဖော်ပြလိုက်သည့်အခါ ကျန်းချင်းအာ အတော်ပင် အံ့သြသွားခဲ့ရှာသည်။

"ဒါ...ဒါ သစ်သားပဲ့တင်ထပ်သံမဟုတ်လား....ဘယ်လိုဖြစ်တာလဲ... နင့်မှာ ရေပဲ့တင်ထပ်သံပဲရှိတာမဟုတ်ဘူးလား....."

" ခန့်မှန်းကြည့်လေ....."

" နင် အဆင့်တက်ပြီး ဒုတိယပဲ့တင်ထပ်သံနန်းတော် ဖွင့်လိုက်နိုင်ပြီလား....."

" တော်လိုက်တာ...."

သူ့တွင် နောက်ထပ် ပဲ့တင်ထပ်သံနန်းတော်တစ်ခုရှိနေသေးမှန်း သူမကို ထုတ်မပြောသေးပေ။

"ငါ့ဘဝမှာ မြို့စားအဆင့်မရောက်သေးဘဲ ပဲ့တင်ထပ်သံနှစ်ခု ပိုင်ဆိုင်ထားတဲ့သူကို ပထမဆုံးအကြိမ် မြင်ဖူးခြင်းပဲ......လီလော့...နင်က တခြားသူတွေထက် ထူးခြားတယ်ဆိုတာ ငါသိပြီသားပါ....ဗလာနန်းတော်ရှိနေရာကနေ အခုလို ကျင့်ကြံလာနိုင်တယ်ဆိုကတည်းက နင့်မိဘတွေ နင့်ကို လက်လျှော့လိုက်ပြီလို့ ဘယ်သူမှ မပြောရဲမှာ မဟုတ်တော့ဘူး......"

ကျန်းချင်းအာ၏ နှစ်လိုဖွယ်ကောင်းသော အပြုံးကြောင့် လီလော့ အသက်ရှူရန်ပင် မေ့လျော့နေခဲ့မိသည်။

" အစ်မချင်းအာရဲ့စကားက ရင်ထဲထိတယ်ဗျာ......"

" နင်ဘာသာနင် ထိချင်တဲ့နေရာထိ...ဒါပေမယ့် ငါ့လက်ကို နောက်တစ်ခါလာထိရင် သေအောင်ရ်ိုက်ပစ်မယ်....."

လီလော့တစ်ယောက် ကပြာကယာ လက်ပြန်ရုတ်လိုက်ပြီး......

" နေမကောင်းတဲ့သူကို နည်းနည်းပါးပါး ညှာတာမယ်မရှိဘူး....."

တစ်ညလုံးပြုစုပေးထားရတာကိုမှအားမနာသော လီလော့ကို ကျန်းချင်းအာ မျက်စောင်းထိုးလိုက်လေသည်။

ထိုအချိန်တွင် အခန်းတံခါးပွင့်လာပြီး နွားသိုးကြီးပေါင်ပေါင်က စွပ်ပြုတ်ပူပူတစ်ပန်းကန်နှင့်အတူ ရောက်လာခဲ့သည်။

" သတိရနေပြီလား သခင်လေး....."

"စိတ်ပူအောင်လုပ်မိတဲ့အတွက် တောင်းပန်ပါတယ် ဉီးလေးပေါင်...."

"သခင်လေး ကြည့်ရတာ အားမရလိုက်တာ....ကျင့်ကြံနေရင်း မူးလဲရတယ်ဆိုတော့ အစားများများ စားပေးသင့်တယ်...."

ပေါင်ပေါင် ယူလာပေးသော စွပ်ပြုတ်ကို ဆတစ်ဇွန်းစားလိုက်ရုံနှင့် ခန္ဓာကိုယ်တစ်ခုလုံးဆီအပူလှိုင်းများ ဖြန့်ကျက်လာခဲ့သည်။

ဤသည်မှာ လီလော့အတွက် သီးသန့်ပြုလုပ်ပေးထားသော စွပ်ပြုတ်ဖြစ်သည်။

" ကျေးဇူးပါ ဉီးလေးပေါင်...."

ပေါင်ပေါင်က လီလော့ရဲ့ လက်ကောက်ဝတ်ကို ကိုင်လိုက်ပြီး.....

" လာစမ်းပါဉီး...သခင်လေးကို နည်းနည်းပါးပါး ကြည့်ပေးပါရစေဉီး....."

တခဏမျှ စမ်းသပ်ပြီးနောက် ပေါင်ပေါင့်မျက်နှာပေါ်က အပြုံးများ ပေါက်ကွယ်သွားသောကြောင့် လီလော့နှင့်ကျန်းချင်းအာပါ စိတ်ပူလာခဲ့ကြသည်။

" သခင်လေး...သခင်လေးရဲ့ ပြသာနာ ပေါ့သေးသေးမဟုတ်ဘူး....."

All Chapters