← Chapters

ကောင်းကင်နဲ့မြေကြီး...နဂါးနဲ့ကျား.....

Vol. 8 Ch. 110

ကောင်းကင်နဲ့မြေကြီး...နဂါးနဲ့ကျား.....

Vol. 8 Ch. 110

ယခုချိန်တွင် ဆရာသခင်အဆင့်ရောက်နေပြီဖြစ်သောကြောင့် ကျောင်းမဖွင့်ခင်ရက်ပိုင်းအတွင်း ပဲ့တင်ထပ်သံပညာရပ်များကိုသာ အားစိုက်လေ့လာဖြစ်ခဲ့သည်။

ပုံမှန်ဆိုပါက ဆရာသခင်အဆင့်ရောက်နေသူများသည် စစ်သူကြီးအဆင့်ပညာရပ်များကို သုံးနိုင်ကြပြီဖြစ်သည်။

ထို့ကြောင့် စစ်သူကြီးအဆင့်များကို ကောင်းကင်နှင့်မြေကြီး၊ နဂါးနှင့်ကျားဟူ၍ခွဲခြားသတ်မှတ်ထားကြသည်။

ကောင်းကင်နှင့် မြေကြီးဟူသည်မှာ ကောင်းကင်နစ်မြှပ်ခြင်းစစ်သူကြီးအဆင့်နှင့်၊ ကမ္ဘာမြေနှင့်ရင်းနှီးခြင်းအဆင့်ကို ဆိုလိုခြင်းဖြစ်ပြီး နဂါးနှင့်ကျားဟူသည်မှာ စစ်သူကြီးအဆင့် ပညာရပ်များကို ဆိုလိုခြင်းဖြစ်သည်။

နဂါးအဆင့်ပညာရပ်သည် ကျားအဆင့်ပညာရပ်ထက် ပိုမိုသန်မာအားကောင်းသည်။

စစ်သူကြီးအဆင့် စတင်ပြီဆိုပါက ကျားအဆင့်ပညာရပ်များကိုသာ အသုံးပြုသင့်ပြီး နောက်ပိုင်းမှသာ နဂါးအဆင့်ပညာရပ်များကို သုံးသင့်ပါသည်။

လီလော့ စာမေးပွဲတွင်ထုတ်သုံးခဲ့သော မျှားပညာရပ်သည် ကျားအဆင့်ပညာရပ်နှင့် နှိုင်းယှဉ်နိုင်သည်။

ထို့အပြင် ကောင်းကင်းစီးကြောင်းမျှားပညာရပ်သည် ပညာရပ်နှစ်ခုကို ပေါင်းစပ်အသုံးပြုထားခြင်းဖြစ်သောကြောင့် သာမန် ကျားအဆင့်ပညာရပ်ထက်ပင် သာလွန်နေပါသေးသည်။

ပုံမှန်ပညာရပ်များကို ပေါင်းစပ်အသုံးပြုသည့်အခါ သာလွန်သော ရလဒ်များကို ရရှိနိုင်မှန်း လက်တွေ့သိမြင်ထားပြီးပြီဖြစ်သောကြောင့် ယခုချိန်တွင် ကျားအဆင့်ပညာရပ်များကို ပေါင်းစပ်အသုံးပြုရန် ကြိုးစားရပေတော့မည်။

ပင်မအိမ်တော်တွင် ပညာရပ်ပေါင်းများစွာ သိမ်းဆည်းထားသောကြောင့် လီလော့အတွက် လေ့လာစရာများစွာရှိနေပါသည်။

လီလော့တစ်ယောက် ပြတင်းပေါက်ဘေးနားမှာ ထိုင်ပြီး ပေါင်ပေါင်ပြင်ဆင်ပေးထားသည့် ဂျင်းဆင်းလက်ဖက်ရည်လေးသောက်လိုက် စာဖတ်လိုက်နှင့် အတော်ဇိမ်ကျလျှက်ရှိနေသည်။

လီလော့ရှေ့တွင် ရေနှင့်သစ်သားပဲ့တင်သံတို့အတွက် သုံးသော ကျားအဆင့်ပညာရပ်ပေါင်းများစွာ ရှိနေသည်။ ရေနှင့်သစ်သားပဲ့တင်ထပ်သံတို့သည် အဓိကပဲ့တင်ထပ်သံများဖြစ်ကြပြီး အလင်းနှင့်မြေကြီးပဲ့တင်ထပ့သံတို့သည် ထိုနှစ်ခုကို ပံ့ပိုးအားဖြည့်ပေးသော ပဲ့တင်ထပ်သံများဖြစ်ကြသည်။

ယခုချိန်တွင် ပဲ့တင်ထပ်သံလေးခု ပိုင်ဆိုင်ထားသော်လည်း ၎င်းတို့ကို ကျွမ်းကျင်ပိုင်နိုင်စွာမသုံးနိုင်သေးပေ။

အရင်က ရေအလင်းပဲ့တင်ထပ်သံ သုံးနိုင်ခြင်းသည် အပေါ်ယံမျှသာရှိသေးပြီး ထိုပဲ့တင်ထပ်သံနှစ်ခု၏ စွမ်းရည်အပြည့်အဝကို မြို့စာအဆင့်ရောက်မှသာ သုံးနိုင်မည်ဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် ပုံမှန်ကျင့်ကြံသူတိုင်းသည် မြို့စားအဆင့်ရောက်မှသာ ပဲ့တင်ထပ်သံနှစ်ခုပိုင်ဆိုင်နိုင်ကြသောကြောင့်ဖြစ်သည်။

ဘုရင်အဆင့်ရောက်ပြီဆိုပါက ပဲ့တင်ထပ့သံသုံးခု ပိုင်ဆိုင်နိုင်ပြီဖြစ်ပြီး ထိုသုံးခုကို ပေါင်းစပ်အသုံးပြုနိုင်ပြီ။

မှန်ပေသည် လီလော့သည်လည်း ဘုရင်အဆင့်ရောက်ပါက တတိယမြောက်ပဲ့တင်ထပ်သံကို တုပဖန်တီးရပေဉီးမည်။

ယခုချိန်တွင် ကျားအဆင့်ပညာရပ်များကိုသာ အာရုံစိုက်လေ့လာနေဖြစ်ခဲ့သည်။

ကျားအဆင့်ပညာရပ်များသည် ယခင်လေ့လာဖူးခဲ့သော ပညာရပ်များထက် ဆယ်ဆမက ပိုရှုပ်ထွေးပြီး အောင်မြင်အောင် အချိန်ယူလေ့ကျင့်ရမည်မှန်း ဖတ်ကြည့်ရုံနှင့်ပင် သဘောပေါက်နေပြီဖြစ်သည်။

လီလော့သည် ပညာရပ်နှစ်ခုကို  ပေါင်းစပ်အသုံးပြုချင်နေသည်ဖြစ်သောကြောင့် ပို၍ပင်ရှုပ်ထွေးခက်ခဲနေပါတော့သည်။

သို့သော်လည်း လီလော့သည် ပဲ့တင်ထပ်သံပညာရပ်ပိုင်းတွင် တခြားသူများထက် ပါရမီထူးသူဖြစ်သောကြောင့် စမ်းတဝါးဝါးလမ်းပျောက်နေခြင်းတော့မရှိခဲ့ပေ။

" ကျားအဆင့်ပညာရပ်နှစ်ခုကို ပေါင်းစပ်ချင်တယ်ဆို တဖြည်းဖြည်းချင်းအချိန်ယူမှဖြစ်မယ်....ဒါမှမဟုတ် ကျားအဆင့်ကို အဓိကထားပြီး ပုံမှန်အဆင့်ကို အကူနေနဲ့သုံးမယ်ဆို ပိုလွယ်လောက်မယ်ထင်တယ်...."

............. .........................................

ဤသို့ဖြင့် ကျောင်းဖွင့်ရန် နီးကပ်လာချိန်တွင် ယုလန်နှင့်ကျောက်ခွော်တို့ရောက်နေပြီဖြစ်သောကြောင့် အတူတွေ့ဆုံရန် ချိန်းဆိုသော သတင်းစကားတစ်ခုကို လုချင်းအာထံမှ လက်ခံရရှိခဲ့သည်။

ပရုတ်သုတ်ခနှစ်ယောက်နှင့် တွေ့ရတော့မည်ဖြစ်သောကြောင့် လီလော့ အတော်ပင်ဝမ်းသာသွားခဲ့လေသည်။

နောက်တစ်နေ့တွင် ချိန်းဆိုထားသော ကိုင်ကျင်းလမ်းရှိ စားသောက်ဆိုင်သို့ရောက်သောအခါ ယုလန်တို့သာမကဘဲ ကျုံးဖူ၊ချီစုနှင့် လျန်ကျုံးတို့ပါရောက်နေခဲ့သည်။

" မဂ်လာပါ အစ်ကိုလော့....."

ကျုံးဖူတို့သုံးယောက်က တညီတညွတ်တည်း နှုတ်ဆက်နေကြသဖြင့် လီလော့ အံ့သြသွားပြီး လုချင်းအာကို မေးကြည့်လိုက်သည်။

" သူတို့က........"

"သူတို့တွေ ငါ့ကို တောင်းပန်ပြီးပြီ...နောက်ဆိုလည်း တစ်ကျောင်းတည်းသားတွေ ဖြစ်လာကြတော့မှာပဲလေ....ပြီးတာတွေ ပြီးပါစေတော့....."

" ပြီးတော့ ငါတို့အကုန်လုံးက ထျန်ရှုကနေလာကြတာဆိုတော့ တနယ်တည်းသားတွေမဟုတ်လား...."

" ဟုတ်တယ်...ဟုတ်တယ် အစ်မချင်းအာပြောတဲ့အတိုင်းပဲ...."

ကျုံးဖူက အလောတကြီးခေါင်းညိတ်လိုက်ပြီး......

" အဲ့တုန်းက ကျွန်တော်တို့လည်း ဖိအားပေးခံခဲ့ရလို့ပါဗျာ....အခု ကောလိပ်ရောက်ပြီဆိုတော့ အစ်က်ိုလော့ လက်အောက်မှာပဲနေပါတော့မယ်...."

ထိုအခါ လျန်ကျုံးကလည်း.....

" ဟုတ်တယ်....အစ်ကိုလော့နောက်ကို စိတ်ရင်းအမှန်နဲ့ လိုက်ချင်တာပါဗျာ....."

ထိုမျက်နှာရူးများနှင့် အဖက်လုပ်ပြီးအငြင်းချင်တော့တာကြောင့် လီလော့ ပြီး ပြီးရောခေါင်းညိတ်လိုက်လေသည်။ ထိုသို့ဖြစ်လာမည်သာ ကြိုသိပါလျှင် သုံးယောက်လုံးကို ထုတ်ပယ်ပစ်ခဲ့မည်သာ......

" အေးပါကွာ...ပြီးတာတွေလည်း ပြီးပါစေတော့...လာ...လာထိုင်ကြ...."

" အစ်ကိုလော့ လွန်ခဲ့တဲ့ရက်ပိုင်းလောက်က ထျန်ရှုဘုရင်ခံ နန်းမန်ကို ပြောင်းရွေ့သွားရပြီ....သူဘယ်လို လှည့်ကွက်သုံးလိုက်လဲတော့မသိဘူး ရှီယွမ် ဝင််ခွင့်တစ်နေရာရလာတယ်ကြားတယ်....."

ကျုံးဖူက ကြားထားသမျှကို စေတနာအပြည့်နှင့် ဖောက်သည်ချနေလေ၏။

" အင်း....ဘုရင်ခံရှီချင်က လုပ်နိုင်စွမ်းရှိသားပဲ....."

သို့သော်လည်း လီလော့ ထိုအကြောင်းကို သိပ်တွေးတောမနေဖြစ်ခဲ့ပေ။ ရှီချင်လို အဖေမျိုးရထားသည့်အတွက် ရှီယွမ် ကံကောင်းသည်ဟုသာ ဆိုရပေမည်။

ရှီယွမ်အကြောင်း ခေါင်းထဲကထုတ်လိုက်ပြီး​နောက် ယုလန်တို့နှင့်အတူ သောက်စားဖြစ်ခဲ့ကြသည်။

အရက်အနည်းငယ် သောက်ပြီးချိန်တွင် ယုလန်၏မျက်နှာတစ်ခုလုံစ နီရဲနေပြီး ထုံးစံအတိုင်း အာရွှင်လာပြီဖြစ်သည်။

" တကယ်တော့ ငါ ရောက်နေတာ ကြာလှပြီ....မြို့ထဲမှာ လှည့်ပတ်သွားလာနေလို့သာ ကျောက်ခွော်နဲ့ မနေ့ တနေ့ကမှတွေ့ဖြစ်ကြတာ....."

" ဘာတွေလုပ်နေလို့လဲ...."

" ငါ မင်းတို့ကိုပြစရာရှိတယ်...မင်းတို့အတွက် အသုံးဝင်မယ့်သတင်းတွေရှိတယ်...."

ယုလန် အိတ်ထဲကနေ စာအုပ်တစ်အုပ်ဆွဲထုတ်ပေးလိုက်သောကြောင့် လီလော့ ယူဖတ်ကြည့်လိုက်သောအခါ.....

" ဒါ...ဒါ ကောလိပ်ရဲ့ ကျောင်းသားသစ် စာရင်းပဲ......"

" မင်း...မင်း ကျောင်းသားသစ်တွေရဲ့ ကိုယ်ရေးအချက်အလက်တွေကို ဘယ်လိုရှာလာတာလဲ......"

လီလော့၏ အပြောကြောင့် အကုန်လုံးလည်း အံ့သြသွားခဲ့ကြသည်။ နိုင်ငံတစ်နှံ့တစ်လျားမှ လာရောက်ကြသူများကို ယုလန်မည်သို့ စုံစမ်းထားသနည်း။

ယုလန်က အရေးမကြီးဟန်နဲ့ လက်ခါပြလိုက်ပြီး......

" ရှမြို့တော်မှာ ကျောင်းသားရေးရာဌာနရှိတယ်မဟုတ်လား...အေး အဲ့ဌာနကလူကို အပိုင်ချုပ်ထားနိုင်ရင် ဘာမှခက်ခဲမနေဘူး....."

" ဒါပေမယ့် ကျောင်းသားတွေရဲ့ကိုယ်ရေးအချက်လက်တွေကို လျှို့ဝှက်ထားတယ်မဟုတ်လား....."

လုချင်းအာလည်း မနေနိုင်တော့ပေ ...

" အေး..ငါလည်း နည်းလမ်းရှာနေခဲ့တာ...ကံကောင်းချင်တော့ ကျောင်းသားရေးရာဌာနက ဝန်ထမ်းတစ်ယောက်နဲ့ စားသောက်ဆိုင်မှာတွေ့ဖြစ်လို့ မိတ်ဆွေဖွဲ့ပြီး သူ့ဆီက အကူညီ​တောင်းလာခဲ့တာ....."

လီလော့ အတော် ဒေါပွသွားပြီး.....

" ဒီလူရူးနေတာလား....ဒီလောက်အရေးကြီးတဲ့ဟာတွေကို လွယ်လွယ်ပေးလိုက်စရာလား....."

" မင်းကလည်းကွာ မိတ်ဆွေအချင်းချင်း ကူညီတာပဲဟာကို....."

ကျောက်ခွော်ကလည်း နားကြားပျင်းကပ်လာသောကြောင့်.......

" အေး မင်းလည်း မိတ်ဆွေအချင်းချင်း ရောင်းစားနေကြပဲလေ....."

" ဟေ့ကောင် အမှန်တိုင်းပြောစမ်း....."

ထိုအခါမှသာ ယုလန် မျက်နှာငယ်လေးနဲ့......

"အဲ့လူ ဆောင်ကြာမြိုင်သွားတဲ့ဟာကို မှတ်တမ်းတင်ထားပြီး သူ့မိန်းမဆီ သွားပြမယ်လို့ ချိန်းခြောက်လိုက်တော့ ..ငါ့ကို ကျောင်းသားသစ်စာရင်း မိတ္တူပွားပေးလိုက်တာ....."

ယုလန်ကို တညီတညွတ်တည်း အော်ပြောလိုက်ကြသည်က........

" ယုလန်! !!!! မင်း ညစ်ပတ်လှချည်လား!!!!"

All Chapters