← Chapters

ကျောင်းသားအသစ်စာရင်း.....

Vol. 8 Ch. 111

ကျောင်းသားအသစ်စာရင်း.....

Vol. 8 Ch. 111

ယုလန်အကြောင်း ကောင်းကောင်းသိနေသောကြောင့် လီလော့ ကြာကြာစိတ်မဆိုးနိုင်တော့ဘဲ စာအုပ်ကိုသာ ဖွင့်ဖတ်လိုက်လေသည်။

ပထမစာမျက်နှာတွင် အနက်ရောင်ဆံပင်ရှည်နှင့် လူငယ်တစ်ဉီးပုံရေးဆွဲထားပြီး ထိုလူငယ်၏ မျက်လုံးများသည် သားရဲတစ်ကောင်သဖွယ် စူးရှတောက်ပနေသည်။

မျက်နှာပေါ်တွင်ကျားတစ်ကောင်ကဲ့သို့သော အစင်းကြောင်းများရှိနေသောကြောင့် ထိုလူငယ်သည် လူယောင်ဆောင်ထားသော ကျားတစ်ကောင်ဟုပင် ထင်ရလေသည်။

ထိုအရာသည် ပန်းချီကားတစ်ချပ်ဆိုသော်လည်း ကြည့်မိသူတိုင်းကို ချိန်းခြောက်နိူင်ရန် လုံလောက်နေပါသည်။

ရုပ်ပုံအောက်တွင်ရေးထားသော ကိုယ်ရေးအချက်အလက်များကို ဖတ်ကြည့်သည့်အခါ.....

" ရှီယုစီရင်စုက ရှီယုကျောင်းတော်သား ချင်ဇူလု....သူ့အဖေက ရှပြည်ထောင်စုရဲ့ အရေးပါတဲ့ စစ်သူကြီး ချင်ကျန်းကျင်း...."

"သူက အဆင့်ရှစ် အဆင့်မြင့် နတ်ဆိုးရွှေကျားပဲ့တင်ထပ်သံ ပိုင်ဆိုင်ထားပြီး ကျင့်ကြံမှုက ပုံသဏ္ဍာန်ဖွဲ့စည်းခြင်းအဆင့်(ဆရာသခင်ဒုတိယအဆင့်) ရောက်နေပြီ....ရှီယုစီရင်စုက နယ်စပ်မှာရှိတဲ့အတွက် တစ်ချိန်လုံးတိုက်ပွဲဖြစ်နေရတာဆိုတော့ စစ်တပ်ထဲမှာ ကြီးပြင်းရပြီး တစ်ချိန်လုံးတိုက်ပွဲတွေနဲ့ တွေ့ကြုံနေရတဲ့ ချင်ဇူလုက ကျားတစ်ကောင်လို ရက်စက်ကြမ်းတမ်းတယ်....."

" ဒီလောက်ဆို လူသစ်တွေထဲမှာ ချင်ဇူလုက ထိပ်ဆုံးအဆင့်ဖြစ်လောက်တယ်...."

"ဒီကောင်တော်​တော် ကြမ်းတာပဲ...."

ချင်ဇူလုသည် လီလော့တွေ့ဖူးသမျှထဲတွင် ကျန်းချင်းအာပြီးလျှင် နောက်ထပ်အသန်မာဆုံးဖြစ်သည်။ကျင့်ကြံမှု အရှိန်မြန်လှပြီဆိုသော လီလော့ပင်လျှင် မျိုးစေ့ချခြင်းအဆင့်တွင်သာရှိသေးသည်။

လူပုံကို ကြည့်ရုံနှင့် သတ်ဖူးခဲ့မျှ ရန်သူအရေအတွက်ကို ခန့်မှန်းကြည့်နိုင်သည်။ ချင်ဇူလုနှင့် ယှဉ်လိုက်ပါက အခြားသောကျောင်းသားသစ်များသည် ယုန်သူငယ်လေးများသဖွယ်ပင်။

" ချင်ဇူလု...ငါ သူ့ကြောင်းကြားဖူးတယ်....သူ့မှာ မိတ်ဆွေသူငယ်ချင်းမရှိလို့ အထီးကျန် လူသတ်သမားလို့လဲခေါ်ကြတယ်....သူကလည်း တစ်ချိန်လုံးတိုက်ပွဲထဲမှာပဲ ပျော်မွေ့နေတာ....သူပြောနေကြစကားတစ်ခွန်းရှိတယ်...မိန်းမတွေကြောင့် လူသတ်ရတာ အရှိန်ပျက်တယ်တဲ့....."

လုချင်းအာကလည်း ကြားဖူးသမျှကို ပြန်လည်မျှဝေပေးနေသည်။

" ဒါတော့ နည်းနည်းများသွားပြီ...ဒီကောင်မျိုးကို ဘယ်မိန်းကလေးမှ ​ကြိုက်မှာမဟုတ်ဘူး...."

" မဟုတ်ဘူး.....ရှီယုမှာဆို သူ့ကို ကြိုက်တဲ့မိန်းကလေးတွေ များလွန်းလို့.....သူကသာ မိိန်းမတွေဆို ဝေးဝေးကရှောင်တာ..."

" ဘာ....ဝေးဝေးကရှောင်တယ်...."

သူလို စစ်နတ်ဘုရားက မိန်းမတွေကို ကြောက်တယ်တဲ့လား.....

"ကြည့်ရတာ တစ်သက်လုံး လူပျိုကြီးဘဝနဲ့ စစ်သူကြီးလုပ်တော့မယ်ထင်တယ်...."

ယုလန်ကလည်း ပြောင်ချော်ချော်နဲ့ လီလော့ကို ဝင်နှောက်နေလေ၏။

" ဒီကောင်က မိန်းမတွေကိုသဘောမကျဘူးဆိုတော့..လီလော့ မင်းသူ့ကို ဝေးဝေးကရှောင်သင့်တယ်နော်...မင်းက ရုပ်ချောတယ်ဆို​တော့ မင်းဘက်ကိုလှည့်လာဉီးမယ်...."

လိီလော့ ယုလန်ကို စိုက်ကြည့်လိုက်ပြီးဓားတွင်ချိတ်ထားသည့် ဓားကို လိုလျှင်ထုတ်သုံးရအောင် အသင့်ကိုင်ထားမိလိုက်သည်။

လုချင်းအာက ယုလန်ကို မဲ့ရွဲ့ပြလိုက်ပြီး.....

"ချင်ဇူလုက မြင့်မြတ်တဲ့သားရဲတွေထက်တောင် ကြမ်းတမ်းတယ်လို့ ပြောကြတယ်....."

" ဟုတ်လောက်မယ်...."

လီလော့ မြင့်မြတ်သောသားရဲများကို မမြင်ဖူးသော်လည်း ရုပ်ပုံထဲက ချင်ဇူလု၏ မျက်လုံးများကို ကြည့်ရုံဖြင့် တွေးဆကြည့်နိုင်ပါသည်။

" မင်းရဲ့ စာအုပ်တွေက အရင်ကထက်စာရင် အဆင့်ပိုမြင့်လာတယ်နော်...ပုံတွေဘာတွေနဲ့ဆို​တော့......"

လီလော့ ထိုသို့ပြောလိုက်သောအခါ ယုလန်က.....

" ဒါ ငါ့မိတ်ဆွေ အပင်ပန်းခံပေးထားလို့ပါကွာ...."

ထိုစကားကို ကျောင်းသားရေးရာဌာနက ဝန်ထမ်းသာကြားပါက ယုလန်ကို ဓားနှင့် လာထိုးပေလိမ့်မည်။

" နောက်တစ်ယောက်က ဝမ်ဟေးကျူ....သူက ရှပြည်ထောင်စုရဲ့ ရှေးဟောင်းဝမ်မိသားစုကလာတာ....အဆင့်ရှစ်အဆိပ်ပဲ့တင်ထပ်သံရှိပြီး ကျင့်ကြံမှုက ပွင့်လန်းခြင်းအစပိုင်းအဆင့်......"

ရုပ်ပုံထဲကလူငယ်သည် မျက်လုံးများမှိတ်ကျနေသည်အထိ ပြုံးရယ်နေပြီး လက်ထဲတွင်လည်း ကျောက်စိမ်းယပ်တောင်တစ်ချောင်းကိုင်ထားသေးသည်။ပျော်ပျော်နေတတ်ပုံရသော ထိုလူငယ်ထံတွင် အဆိပ်ပဲ့တင်ထပ်သံရှိသည်မှာ ယုံရခက်ခက်ပင်.....

" ကြယ်တာယာခရီးရှည်ကောလိပ်က တကယ့်ကိုထူးခြားတာပဲ...ကျောင်းသားသစ်တွေအကုန်လုံး တမူထူးခြားနေတဲ့သူတွေချည်းပဲ......"

" နောက်တစ်ယောက်က ကူစူးစီရင်စုမှာရှိတဲ့ ဟန်ရှန်းကျောင်းတော်က ပိုင်တုတု....သူ့မိသားစုက ရှပြည်ထောင်စုရဲ့ စွမ်းအားကြီးတဲ့မိသားစုတွေထဲမှာပါတယ်....သူ့ပဲ့တင်ထပ်သံက အဆင့်ရှစ် အဆင့်မြင့် လေပဲ့တင်ထပ်သံ...ကျင့်ကြံမှုက ပွင့်လန်းခြင်းနှောင်းပိုင်းအဆင့်....."

ရုပ်ပုံထဲက ပိုင်တုတုသည် ယောက်ကျားဆန်သော မိန်းကလေးတစ်ဉီးဖြစ်ပုံရပြီး တော်ရုံသွားမရှုပ်ရဲလောက်အောင် ထက်မြက်ပုံရသည်။

" နောက်တစ်ယောက်က ရှပြည်ထောင်စုရဲ့ အကောင်းဆုံးကျောင်းတော်ငါးခုထဲက တစ်ခုဖြစ်တဲ့ ရှကျောင်းတော်သား ဒူဇီပိုင်ရွှမ်း.... သူက ဒူဇီအိမ်တော်ရဲ့ သခင်လေးဆိုလည်းဟုတ်တယ်....သူ့မှာ အဆင့်ရှစ် အဆင့်နိမ့် ရေနက်ပိုင်းခွန်ပန်ပဲ့တင်ထပ်သံရှိပြီး ကျင့်ကြံမှုက ပွင့်လန်းခြင်းနှောင်းပိုင်းအဆင့်....."

ထိုလူငယ်သည် လီလော့နှင့် ရွှေနဂါးဘဏ်တိုက်တွင်တွေ့ခဲ့ဖူးသောကြောင့် စိမ်းသက်မနေတော့ပေ။

"နောက်တစ်ယောက်က အန်းဟိုင်စီရင်စု၊ အမှောင်ကျောင်းတော်သား ရှင်းဖူ....အဆင့်ခုနှစ်အဆင့်မြင့်အရိပ်ပဲ့တင်ထပ်သံ.....ပွင့်လန်းခြင်းအစောပိုင်းအဆင့်......."

ထိပ်တန်းဆယ်ယောက်ခန့်ကိုသာ ဖတ်ကြည့်လိုက်ပြီး လီလော့ ကိုယ့်နာမည်ကိုယ်ရှာကြည့်လိုက်သည့် အခါ အဆင့် ၁၉ တွင်ရှိနေပြီး လုချင်းအာသည် အဆင့် ၂၀ တွင်ရှိနေသည်။

" ဒီစာအုပ်က တကယ့်ကို အသုံးဝင်တယ်ဆိုတော့ မင်း ထောပြီပေါ့...."

တကယ်လည်း အသုံးဝင်သော အချက်လက်များကို သိခွင့်ရလိုက်သောကြောင့် လီလော့ထိုသို့ပြောလိုက်ခြင်းဖြစ်သည်။

" အဲ့လိုကြီးချီးကျုးတော့ မနေတတ်တော့ဘူးကွာ....."

ပါးစပ်ကသာ ထိုသို့ပြောနေသော်လည်း ဂုဏ်ဆာနေသောမျက်နှာနှင့် ပြုံးဖြီးနေသူမှာ ယုလန်သာပင်။

"ဒါတွေလုပ်နေမယ့်အစား ကျင့်ကြံတဲ့နေရာမှာသာ အားစိုက်လိုက်ရင် အခုလောက်ဆို စည်းတံဆိပ်ဆယ်ခုအဆင့်ရောက်နေလောက်ပြီ...."

လုချင်းအာ ပြောသည်လည်း မှန်ပေ၏။ယုလန်သည် စည်းတံဆိပ်ကိုးခုအဆင့်သာရှိပြီး ကျောက်ခွော်သည် ယုလန်ထက် တစ်ဆင့်ပိုနိမ့်နေသည်။ဤသည်မှာလည်း အပြစ်မဆိုသာပေ။ ​ကျောက်ခွော်၏ပဲ့တင်ထပ်သံသည် အဆင့်ငါးသာရှိသဖြင့် တိုးတက်နှုန်း နှေးကွေးလှသည်။

ယုလန်က လုချင်းအာကို မချိပြုံး ပြုံးပြလိုက်ပြီး လီလော့ဘက်ကိုလှည့်ကာ.....

" ဒီစာအုပ်ကို အကောင်းဆုံးလို့ထင်နေတာလား....."

" ဘာလဲ တခြားဟာတွေရှိသေးလို့လား....."

" မင်းပြောကြည့်စမ်း...ကောလိပ်မှာ လူတိုင်းကဘာကို အသိချင်ဆုံးဖြစ်မလဲ....."

"ရှပြည်ထောင်စုရဲ့အသန်မာဆုံးသူတွေကိုသိချင်မှာပေါ့....."

" မှားတယ်....."

" ကောလိပ်မှာ ဘယ်သူအချောဆုံး၊ဘယ်သူအလှဆုံးလဲ မင်းတို့သိလား....."

ယုလန်အပြောကြောင့် အကုန်လုံး စိတ်ဝင်စားသွားကြသည်။

အသန်မာဆုံးဘယ်သူဖြစ်ဖြစ် ဂရုစိုက်နေစရာမလိုဘူး....ဘယ်သူအချောဆုံးလဲဆိုတာကမှ နှလုံးသားရေးရာနဲ့နည်းနည်းနီးစပ်သေးတယ်....

ယုလန်က နောက်ထပ်စာအုပ်တစ်အုပ်ကိုထုတ်ပေးလိုက်ပြီး......

" ရော့....ကျောင်းသားသစ်တွေထဲက ချောပေ့ လှပေ့သူတွေကို စာရင်းပြုစုထားတာ... "

လီလော့ မျက်မှောင်ကြုံ့နေသော်လည်း စာအုပ်ကိုလှမ်းယူလိုက်ပြီး......

" ယုလန်...ငါတို့တွေ ကောလိပ်မှာကျင့်ကြံဖို့ ကျောင်းတက်ရမှာနော်...ဒါမျိုးတွေလုပ်ဖို့မဟုတ်ဘူး....ပြစမ်း...မင်းဘာတွေမဟုတ်တာလုပ်ထားလဲ ငါကြည့်ကြည့်မယ်..."

လီလော့ စာအုပ်လှန်လိုက်ချိန်တွင် သူ့အနားကို ကျောက်ခွော်၊လျန်ကျုံးနှင့် ကျုံးဖူတို့တွေခေါ်စရာမလိုဘဲ ရောက်လာကြလေ၏။

ပထမစာမျက်နှာတွင် ရေးထားသည့် နာမည်စာရင်းကို ဖတ်ကြည့်ပြီးသည်နှင့် လီလော့သည် ယုလန်ကို စိတ်ရှုပ်သောအကြည့်များနှင့် ကြည့်လိုက်လေသည်။

ကျောက်ခွော်တို့ကလည်း ယုလန်ကို လေးစားသောအကြည့်များနှင့်ကြည့်လိုက်ကြပြီး နေရာတွင်ပြန်ထိုင်လိုက်ကြသည်။

ပထမစာမျက်နှာ...ပထမဆုံးနေရာတွင် လော့လန်အိမ်တော်သခင်လေး လီလော့ဟုရေးထားသောကြောင့်ပင်။

အချောဆုံး၊အလှဆုံးစာရင်းထဲမှာ ယောက်ကျားလေးတွေကိုပါထည့်တွက်တာလား......

လီလော့ စာအုပ်ကို ပိတ်လိုက်ပြီး ယုလန်ကို လှိုက်လှိုက်လှဲလှဲပြုံးပြလိုက်လေသည်။

ယုလန် ဂုတ်ယားလာသလိုခံစားလိုက်ရတာကြောင့်......

"ဒါမျိုးတွေက ယောက်ကျား၊မိန်းမခွဲခြားနေစရာမှမလိုတာ...မင်းက အချောဆုံးဆို​တော့ ပထမရသင့်တာပေါ့....ဟုတ်ဘူးလား....."

" ရပြီ....မင်း ဒီနေ့ ငါတို့စားထားတာတွေရှင်းပေးမယ်မလား....."

" အင်း...."

" ဆိုင်ရှင်! !!! ဒီဝိုင်းကို ဒီဆိုင်မှာရှိသမျှ ဟင်းပွဲတွေအကုန်လာချပေးပါ!!!!"

All Chapters