← Chapters

ထိပ်တန်းအဆင့်တစ်.....

Vol. 8 Ch. 112

ထိပ်တန်းအဆင့်တစ်.....

Vol. 8 Ch. 112

ယုလန်ခင်မျာ လီလော့မှာထားသောဟင်းပွဲများ၏တန်ဖိုးကြောင့်  နှာရည်အရွှဲသားနှင့်စာအုပ်​ကြောင့်ရထားသမျှအကုန် ထုတ်သုံးလိုက်ရရှာသည့်အပြင် စာအုပ်ထဲက ယောက်ကျားလေး နာမည်များကို ဖျက်ပေးလိုက်ရသည်။

ထိုဆုံးဖြတ်ချက်ကို ကျော်ခွော်တို့ကလည်း သဘောတူလိုက်ကြသည်။

ဘယ်သူကများ ချောတဲ့ ယောက်ကျားလေးစာရင်းကို ဂရုစိုက်နေမှာလဲ....ငြီးငွေ့စရာကောင်းလိုက်တာ.....

" ငါကတော့ ကောင်းတယ်ထင်တာပဲ....မိန်းကလေးတွေလဲ ဘယ်ကောင်လေး

ချောလဲ သိချင်ကြမှာပဲလေ....လီလော့က အချောဆုံးဆိုတာ ငါလဲ လက်ခံတယ်....."

ထူးထူးဆန်းဆန်း လုချင်းအာက ကန့်ကွက်စကားဆိုလိုက်သည်။

" ငါကတော့ ရုပ်ရည်ထက်စာရင် သွေး၊ချွေးရင်းပြီး ကြိုးစားကျင့်ကြံရတာကိုပဲ ပိုသဘောကျတယ်.....ဒါကြောင့်မို့ စာရင်းထဲနေ ငါ့နာမည်ကိုဖျက်ပေးသင့်တယ်...."

လုချင်းအာက လီလော့ကို မျက်စောင်းထိုးလိုက်ပြီး ယုလန်ကို အားပေးစကားပြောလိုက်သည်။

"ဘယ်သူတွေဘာပြောပြော ငါကတော့ နင့်ကို ထောက်ခံတယ်....."

" ငါရောပဲ...."

ချီစု ကပါ ဝင်ပြောလာလေပြီ။

" ကျွန်တော့်အပေါ်နားလည်ပေးနိုင်တာဆိုလို့ အစ်မချင်းအာတို့ပဲရှိတယ်...."

ယုလန်ကိုကြည့်ရတာ ငိုတော့မည်ဟုပင်ထင်ရသည်။

လီလော့ စာအုပ်ကို နောက်တစ်ကြိမ်ဖတ်ကြည့်လိုက်သည့်အခါ အချောဆုံးမိန်းကလေးစာရင်း၏ နံပါတ်တစ်သည်လုချင်းအာဟုတ်မနေဘဲ ပိုင်တုတု၏ ညီမငယ် ပိုင်မျန်မျန်ဖြစ်နေသည်ကိုတွေ့လိုက်ရသည်။

ထိုစာအုပ်ထဲတွင်လည်း ပန်းချီများပါဝင်နေသောကြောင့် ပိုင်မျန်မျန်၏ ရုပ်သွင်ကို ရှင်းလင်းစွာတွေ့မြင်လိုက်ရသည်။

ပိုင်မျန်မျန်သည် သိမ်မွေ့နူးညံ့ညှင်သာသော အသွင်သဏ္ဍန်ရှိကာ မြင်ရသူအပေါင်းကို ပွေ့ဖက်နှစ်သိမ့်ပေးလိုသောခံစားချက်မျိုးပေးစွမ်းနိုင်သူဖြစ်သည်။

သူမသည် ရုပ်ချောရုံသာမက အဆင့်ခုနှစ် ရေနဂါးလိပ်ပြာပဲ့တင်ထပ်သံရှိသည့် ထူးချွန်သူတစ်ဉီးဖြစ်သည်။

"နင် ဒီကောင့်ကို ဆက်ပြီး ထောက်ခံပေးမနေနဲ့တော့....."

လီလော့က ပြောပြောဆိုဆိုနဲ့ စာအုပ်ကို လုချင်းအာဆီလွှဲပေးလိုက်သော်လည်း သူမက မယူချင်သလိုလို အမူပိုနေပြီး.....

" ငါ ဒါမျိုးတွေ စိတ်မဝင်စားဘူး....."

သို့သော်လည်း တစ်ချက်ဝှေ့ကြည့်လိုက်သောအခါ နံပါတ်စာရင်းတွင် ပိုင်မျန်မျန်ရှိနေသည်ကို မြင်လိုက်ရသောကြောင့် သူမ ခန္ဓာကိုယ်ထဲမှ အေးစက်သော အငွေ့အသက်များ ဖြာထွက်လာလေ၏။

တစ်ခုခုဖြစ်နေပြီမှန်း သိလိုက်သောကြောင့် ယုလန် ပြာပြာသလဲတောင်းပန်လိုက်ပြီး.....

" အစ်မချင်းအာ...ကျွန်တော်ပြောတာ အရင်နားထောင်ပါဉီး......"

" ယုလန်....ပိုင်မျန်မျန်က ငါ့ထက်ပိုလှတယ်လို့ ဘာလို့ထင်ရတာလဲ....."

ကျောက်ခွော်....." ပိုင်မျန်မျန်က လှတယ်ဆိုပေမယ့် အစ်မချင်းအာထက်တော့နိမ့်သေးတယ်..."

လျန်ကျုံး....."အစ်မချင်းအာက သူ့ထက် စိတ်ထားပိုကောင်းတယ်....."

ကျုံးဖူ....." အစ်မချင်းအာသာ ပထမဖြစ်သင့်တာ...."

လုချင်းအာ၏ အကြည့်များကြောင့် ယုလန် တစ်ကိုယ်လုံးတုန်ရီနေပြီး......

" ရုပ်ရည်တစ်ခုတည်းကြည့်မယ်ဆို အစ်မချင်းအာက သူ့ထက်ပိုသာတာမှန်ပါတယ်....ဒါပေမယ့် သူ့ပုံစံက တစ်ချက်ကြည့်လိုက်ရုံနဲ့ နူးညံ့ပျော့ပြောင်းပြီး ထွေးပွေ့ချင်စရာလေး....အစ်မချင်းအာက နည်းနည်း အေးတိအေးစက်နိုင်တယ်...."

" ဟုတ်တယ်.....နူးညံသိမ်မွေ့တဲ့နေရာမှာ ငါသူ့ကို မယှဉ်နိုင်ဘူး....."

လုချင်းအာက ယုလန်ကို ကျောခိုင်းလိုက်ပြီး ဆိုင်ရှင်ကို လှမ်းအော်ပြောလိုက်သည်က.....

" ဆိုင်ရှင်....ကျွန်မ သူငယ်ချင်းက ဒီနေ့ ဆိုင်မှာ လာစားသမျှ လူတိုင်းကို အခမဲ့ကျွေးမွေးမယ်တဲ့....."

ထိုစကားကြောင့် ယုလန်ရဲ့ မျက်နှာတစ်ခုလုံး စိမ်းတစ်လှည့် ပြာတစ်လှည့်ဖြစ်နေပြီး.....

" ခဏနေပါဉီး.....ကျွန်တော် သေချာပြန်စဉ်းစားကြည့်လိုက်တော့ ဟိုကောင်တွေပြောတာမှန်တယ်....အစ်မချင်းအာက အခုခေါတ်လူငယ်တွေ လိုချင်နေတဲ့ အေးချမ်းတဲ့သူမျိုးဆိုတော့ အစ်မချင်းအာပဲ ပထမရသင့်ပါတယ်...."

" ငါ ဒါမျိုးတွေကို စိတ်မဝင်စားဘူးလို့ ပြောပြီးသားပဲ....နင့်ဘာသာနင် ပြောင်း ပြောင်း၊ မပြောင်းပြောင်း ဂရုမစိုက်ဘူး....."

" ဒါဆိုလည်း မပြောင်းတော့....."

" ဆိုင်ရှင်....."

"ကျွန်တော် သဘောပေါက်ပြီ အစ်မချင်းအာ......"

မိန်းမတွေများခက်လိုက်တာ ပြောတော့တစ်မျိုး လုပ်တော့တစ်မျိုး......

ထိုအခါမှသာ လုချင်းအာက ပြုံးလိုက်ပြီး.....

" ယုလန်...နင့်စာအုပ်က နာမည်ကြီးတော့မှာသေချာတယ်....."

ယုလန် ပြန်ထိုင်လိုက်ပြီး အရက်ခွက်ကိုသာ စူးစူးဝါးဝါး စိုက်ကြည့်နေခဲ့မိသည်။

// စီးပွားရေးလုပ်ရတာ ခက်လိုက်တာ....အင်အားကြီးတဲ့သူတွေကလည်း တစ်မျိုးပြီးတစ်မျိုး လိုက်နှောက်ယှက်နေကြတယ်.....//

တခဏအကြာမှာတော့ အကုန်လုံးကရယ်ကာမောကာဖြင့် စာအုပ်ထဲအကြောင်းအရာများကို တိုင်ပင်ဆွေးနွေးဖြစ်ခဲ့ကြသည်။ တစ်ချို့သောအချက်များသည် ဆရာရွေးရာတွင် လွန်စွာအသုံးဝင်သောအချက်များဖြစ်နေသည်။

ဤသို့ဖြင့် တွေ့ဆုံပွဲကို ပျော်ရွှင်စွာအဆုံးသတ်ခဲ့ကြလေသည်။

အကုန်လုံး စားသောက်ဆိုင်အပြင်ထွက်လာခဲ့ကြပြီး လူစုခွဲ ခါနီးတွင် လီလော့၏ ရထားလုံးကိုမှီပြီး လီလော့တို့ကို ကြည့်နေသူတစ်ယောက်ရှိမှန်း သတိပြုမိလိုက်ကြသည်။

သူမ၏ တမူထူးခြားသောအလှကြောင့် ကျောက်ခွော်၊ ယုလန်၊ ကျုံးဖူနှင့် လျန်ကျုံးတို့ခင်မျာ လမ်းပင်ဖြောင့်အောင်မလျှောက်နိူင်ကြတော့ပေ။

ထိုမိန်းကလေးသည် အခြားသူမဟုတ်ပေ။ ကျန်းချင်းအာသာဖြစ်လေသည်။

ရွှေရောင်မျက်ဝန်းများဖြင့် စိုက်ကြည့်ခံလိုက်ရသောအခါ ရှင်းမပြတတ်သော ကြောက်လန့်မှုများ ဖြစ်ပေါ်လာပြီး ယုလန်ဆိုလျှင် ခြေထောက်များပင် ပျော့ခွေနေပြီဖြစ်သည်။

ဤသည်မှာ မိဘများရှေ့တွင် မုန့်ခိုးစားမိသော ကလေးများကဲ့သို့ပင်......

ကျန်းချင်းအာသည် လီလော့၏ မိဘမဟုတ်သော်လည်း ဇနီးလောင်းဖြစ်နေသည်မဟုတ်လော...

သူမကို မြင်လိုက်သောကြောင့် လီလော့လည်း အတော်အံ့သြသွားပြီး.....

" အစ်မချင်းအာ....ဒီမှာဘာလုပ်နေတာလဲ....."

သူမ လမ်းလျှောက်လိုက်တိုင်း ယိမ်းနွဲ့သွားသော နက်ပြာရောင်ဆံပင်ရှည်များသည် တနည်းတဖုံဆွဲဆောင်မှုရှိလှပေသည်။

"ဒီကို အလုပ်ကိစ္စတစ်ခုရှိလို့လာတာ...ပြန်မယ်လုပ်တော့ နင့် ရထားလုံးကိုတွေ့တော့ နင်နဲ့အတူပြန်ရအောင် စောင့်နေတာ....."

သူမသည် လီလော့ကိုကျော်ပြီး လီလော့နောက်တွင်ရှိနေသော လုချင်းအာဆီ လှမ်းကြည့်လိုက်သည်။

မိန်းမလှနှစ်ဉီး အကြည့်ချင်းဆုံသည့်အခါ မီးပွားအချို့ လွှင့်စင်လာမည်ဟုပင်ထင်လိုက်ရသည်။

" ဂျူနီယာချင်းအာ....တွေ့ကြပြန်ပြီနော်....."

လုချင်းအာသည် ကျန်းချင်းအာ၏ ယုံကြည်မှုအပြည့်ရှိမှု​ကြောင့် အရာအာလုံး ပြည့်စုံထူးချွန်သူဖြစ်ကြောင်း ဝန်မခံချင်သော်လည်း ဝန်ခံလိုက်ရသည်။

" ဟုတ်.....အစ်မချင်းအာက ပိုပိုလှလာတယ်"

" လီလော့က နှစ်ကုန်စာမေးပွဲတုန်းကအကြောင်းတွေ ပြောပြတယ်....သူ့ကို ပထမရအောင်ကူညီပေးခဲ့ကြသူတွေကိုလည်း ကျေးဇူးတင်ပါတယ်...."

" ရပါတယ်....တကယ်ဆို လီလော့ရဲ့ခွန်အားအရဆို ပထမနေရာလွယ်လွယ်ရနိုင်ပေမယ့် သူကိုက မလိုချင်ခဲ့တာပါ...."

ကျန်းချင်းအာ၏ သန်မာမှုကို ခံနိုင်ရည်ရှိသူဟူ၍ ထိုအုပ်စုထဲတွင် လုချင်းအာတစ်ယောက်သာရှိသည်။ထို့ကြောင့် ထိုမိန်းမလှနှစ်ဉီးစကားပြောနေချိန်တွင် မည်သူမျှဝင်မရှုပ်ရဲကြပေ။

ကျန်းချင်းအာက လုချင်းအာကို ဘာမှ ဆက်မပြောတော့ဘဲ ကျောက်ခွော်တို့ဘက်လှည့်ကာ......

" နင်တို့တွေက လီလော့ရဲ့သူငယ်ချင်းတွေဆို​တော့ ကောလိပ်မှာ အကူညီလိုရင် အချိန်မရွေးငါ့ကို လာပြောပါ.....တတ်နိုင်သမျှ ကူညီပေးပါ့မယ်....."

" အချိန်လင့်နေပြီဆိုတော့ လီလော့ကို ပြန်ခေါ်သွားနှင့်တော့မယ်နော်......"

ကျန်းချင်းအာက အကုန်လုံးကို ပြုံးပြလိုက်ပြီး လီလော့ လက်ကိုဆွဲကာ ရထားလုံးပေါ်တက်သွားလေတော့သည်။

တိတ်ဆိတ်နေသော လမ်းမထက်တွင် ရထားလုံးရွေ့လျားနေသံသဲ့သဲ့ကိုသာ ကြားနေရသည်။

မြင်ကွင်းထဲကနေ ရထားလုံးပျောက်ကွယ်သွားမှာသာ ချီစုက လေးစားအားကျမှု အပြည့်နှင့်.......

" အဲ့တာ ထျန်ရှုရဲ့ ဒဏ္ဍာရီလာနတ်ဘုရားမ ကျန်းချင်းအာမဟုတ်လား.....အရမ်းမိုက်တာပဲ....."

ယုလန်က နဖူးက ချွေးစက်များကို သုတ်လိုက်ပြီး.....

" စောနတုန်းက ငါ့ကိုယ်ငါ အရိုက်ခံရတော့မယ် ထင်နေတာ...."

လုချင်းအာက ဘာမှ မပြောတော့ဘဲ ရထားလုံးပေါ်တက်လိုက်ပြီး.....

" ငါလည်း ပြန်နှင့်တော့မယ်.... ကောလိပ်ရောက်မှ တွေ့ကြတာပေါ့....."

ထွက်ခွာသွားသည့် ရထားလုံးကိုကြည့်လိုက်ပြီး အကုန် သက်ပြင်းချလိုက်မိသည်။

" လီလော့ကို​တောင် သနားလာမိပြီ..... ရုပ်ချောရတာလည်း ဒုက္ခများလိုက်တာ....."

ယုလန်၏ အပြောကို ကျောက်ခွော်တို့က ယောင်နနဖြင့် ခေါင်းညိတ်လိုက်ကြသော်လည်း ရုတ်တရက်ပြန်တွေးမိလိုက်သည့်အခါ......

//မင်းလိုကောင်ကများ လီလော့ကို သနားသလေး ဘာလေးနဲ့....မင်း စွခွက်လာပြောင်နေတာလား.....//

All Chapters