← Chapters

မင်္ဂလာလက်ထပ်ပွဲအချိန်စောလိုက်ခြင်း

Vol. 29 Ch. 402

မင်္ဂလာလက်ထပ်ပွဲအချိန်စောလိုက်ခြင်း

Vol. 29 Ch. 402

အခန်း (၄၀၂) မင်္ဂလာလက်ထပ်ပွဲအချိန်စောလိုက်ခြင်း

"ဆရာ အများကြီး သိသွားတာပဲ ၊ ဒါပေမဲ့ ငါ့ရဲ့ ကျင့်ကြံခြင်းအဆင့်က မိုးကောင်းကင်အင်မော်တယ်အဆင့်လို့ပဲ သူ သိလောက်မှာ ၊ အသေးစိတ်တော့ သိချင်မှသိမှာ"

ကျန်းလန် စာအုပ်များကို သိမ်းဆည်းရင်း တွေးနေသည်။

ဆရာဖြစ်သူ ထားရှိသည့် စာအုပ်များကို ကြည့်ခြင်းအားဖြင့် ဆရာဖြစ်သူက သူ၏ကျင့်ကြံခြင်းအဆင့်နှင့်ပတ်သက်ပြီး အကြမ်းဖျင်း မှန်ကန်အောင် ခန့်မှန်းထားနိုင်သည်။

"ဆရာက အသေးစိတ်ကို မသိလောက်သေးဘူး ၊ ဒီတော့ ငါက မိုကောင်းကင်အင်မော်တယ်အဆင့် အောင်မြင်ထားပြီဆိုတာကို သူ သိမှာ မဟုတ်သေးဘူး ၊ ဒါဆို ငါက ဆရာထင်တာထက် ကျင့်ကြံခြင်းအဆင့်တက်တာ ပိုပြီးမြန်နေလောက်တယ်"

သူက လုံလောက်သည့် လျှင်မြန်မှုဖြင့် အဆင့်တက်နေသရွေ့ ဆရာဖြစ်သူက သူ၏ ကျင့်ကြံခြင်းအစစ်အမှန်ကို အတိအကျ ခန့်မှန်းနိုင်မည် မဟုတ်ပေ။

"ပြီးတော့ ငါက လက်သီးနတ်ဘုရားဖြစ်တယ်ဆိုတာကိုလည်း ဆရာ အကြမ်းဖျင်း ခန့်မှန်းမိသွားတယ်ထင်တယ်"

ဆရာဖြစ်သူက သူ့အကြောင်းများအားလုံးကို ခန့်မှန်းတွက်ချက်နိုင်ခဲ့ပြီဖြစ်သော်လည်း သူကတော့ ဆရာဖြစ်သူ၏ ကျင့်ကြံခြင်းအဆင့်ကို ခန့်မှန်းနိုင်ခြင်း မရှိသေးပေ။

ထို့ကြောင့် မြန်နိုင်သမျှမြန်မြန် မိုးကောင်းကင်အင်မော်တယ်အဆင့်ကို ကျော်လွန်ပြီး ဆရာဖြစ်သူ၏အဆင့်ကို ဖြတ်ကျော်တက်ရန် လိုအပ်သည်။

"ခွန်လွန်တောင်စာကြည့်တိုက်က ယူလာတဲ့ စာအုပ်အများစုကတော့ လူသားအင်မော်တယ်အဆင့်နဲ့ အစစ်အမှန်အင်မော်တယ်အဆင့်အတွက် ရည်ရွယ်ထားတဲ့ စာအုပ်တွေပဲ ၊ ကြည့်ရတာ ဆရာက ငါ့အကြောင်း အခြားသူတွေ သိမသွားစေချင်လို့ ဖုံးကွယ်ပေးထားတာနေမှာ"

ကျန်းလန်က ခွန်လွန်တောင် စာကြည့်တိုက်မှ စာအုပ်စာရင်းကို အနီးကပ်ကြည့်ရင်း သက်ပြင်းချလိုက်သည်။

ဆရာဖြစ်သူက အမှန်တရားကို ဖုံးကွယ်နိုင်ရန် သူ့ကို ကူညီပေးနေသဖြင့် သူ့အတွက် အချိန်ပိုမိုရရှိမည် ဖြစ်သည်။ သို့ပေသိ ဆရာဖြစ်သူ၏အဆင့်ကို ဘယ်အချိန်မှ ကျော်တက်နိုင်မည်မှန်း မသိရှိနိုင်ပေ။

ကျန်းလန် ထိုအကြောင်းများကို မစဉ်းစားတော့ဘဲ စာအုပ်များကို ဆက်ပြီး အမျိုးအစားခွဲကာ အစီအစဉ်တကျ နေရာချနေလိုက်သည်။ စာအုပ်များက များလွန်းသည်ဖြစ်ရာ အချိန်တော်တော်ယူရလေသည်။

"ရှေးဟောင်းဧကရာဇ်သုတ" စာအုပ်ကိုလည်း သူက အလျင်စလို ဖတ်ရှုခြင်း မပြုသေးပေ။ စာအုပ်များအားလုံး စနစ်တကျ သိမ်းဆည်းထားသိုပြီးမှ ဖတ်ရှုမည် ဖြစ်သည်။

သို့မဟုတ် တာ့လော်အင်မော်တယ်အဆင့်ရောက်မှ ထိုစာအုပ်ကို ဖတ်ရလျှင်လည်း ပြဿနာမရှိပေ။ အချိန်စောပြီးဖတ်ရှုမိပါက သူ၏ ကျင့်ကြံခြင်းကို ထိခိုက်ကောင်းထိခိုက်နိုင်သည်။

သူ၏ကျင့်စဉ်လမ်း အစဉ်အမြဲတည်ငြိမ်တိုးတက်နေစေရန် အချိန်ယူရဦးမည် ဖြစ်၏။

ဆရာဖြစ်သူက သူ့ကို ကာကွယ်ပေးသောကြောင့်သာ တော်သေးသည်။ မဟုတ်ပါက သူ့အတွက် အချိန်ရှိမည် မဟုတ်ဘဲ အခြားနည်းလမ်းတစ်ခုဖြင့် လျှောက်လှမ်းရပေလိမ့်မည်။

ကျန်းလန် သူ၏စိတ်အာရုံထဲမှ "ပညာရှိကျမ်းစာ" ကို ကြည့်လိုက်သည်။

ကျင့်ကြံခြင်းအဆင့်မြင့်မားလာလေ ထိုကျမ်းစာကို သူ ကြောက်ရွံ့လာလေပဲ ဖြစ်သည်။

အစပိုင်းမှာတော့ အင်မော်တယ်တစ်ယောက် ဖြစ်လာပြီးလျှင် ၎င်းစာအုပ်ထဲမှ အကြောင်းအရာများကို ဖတ်ရှုပြီး ကိုးကားနိုင်မည်ဟု ထင်မှတ်ခဲ့သည်။

သို့သော် ကျင့်ကြံခြင်းအဆင့် မြင့်မားလာသည်နှင့်အမျှ ထိုစာအုပ်ကို ဖွင့်လှစ်ဖတ်ရှုရန် လုံးဝမကြိုးစားသင့်ကြောင့် သိရှိနားလည်လာသည်။ ထိုစာအုပ်ကိုဖတ်ရှုလိုက်သည်နှင့် ပြန်လမ်းမရှိတော့သည့်အလား ခံစားရသည်။

အမှန်တော့ ပညာရှိကျမ်းစာက ကျင့်စဉ်လမ်းကို လျှင်မြန်စေသည့် ဖြတ်လမ်းတစ်ခုပင်။

ကျန်းလန်ကတော့ ထိုစာအုပ်ကို အကိုးအကားအဖြစ်အပင် အသုံးမပြုရဲခဲ့ပေ။ ပညာရှိကျမ်းစာသည် သူထင်ထားသည်ထက် ထူးကဲသည့် စာအုပ်တစ်အုပ် ဖြစ်၏။

ကျင့်ကြံသူတစ်ယောက်ကို သူတော်စင်တစ်ယောက်ဖြစ်လာစေရန်အထိ လမ်းပြပေးနိုင်သည်။

သူက နတ်လူသားမျိုးနွယ်များထံမှ ကိစ္စရပ် တစ်ခု နှစ်ခုခန့် သိရှိခဲ့ရသည်။

နတ်လူသားမျိုးနွယ်များက ခံစားချက်ကကင်းမဲ့စေသည့် ကောင်းကင်ဧကရာဇ်ကျမ်းစာကို ကျင့်ကြံသူများ ဖြစ်ကြသည်။ ထို့ကြောင့် နတ်လူသားမျိုးနွယ်များကိုကြည့်ပြီး ခံစားချက်များအားလုံးကို ဖယ်ရှားပစ်ခြင်းမှာ ဘာကိုဆိုလိုကြောင်း နားလည်ခဲ့ရသည်။

နောက်တစ်ကြိမ် နတ်လူသားမျိုးနွယ်တစ်ယောက်ကို သေရွာမပို့မီ ထိုအကြောင်းကို ထပ်မံမေးမြန်းကြည့်ရပေဦးမည်။

ကျန်းလန် အတွေးများကို ရပ်တန့်လိုက်ပြီး စာအုပ်များကို စနစ်တကျ စီစဉ်ထားလိုက်သည်။ ထို့နောက် အစီအရင်များကို စစ်ဆေးကြည့်ရှုပြီး နဝမတောင်ထွတ်ကို စတင်သန့်ရှင်းရေးပြုလုပ်သည်။

အလုပ်များအားလုံး ပြီးဆုံးသွားသည့်အခါ စာအုပ်ဖတ်ရင်း လက်ထပ်ပွဲနှင့်ပတ်သက်သည့်သတင်းကို စောင့်မျှောနေတော့၏။

လက်ထပ်ပွဲကို အချိန်စောပြီးကျင်းပမည်လား ၊ သို့မဟုတ် ပုံမှန်အတိုင်ပင် ပြုလုပ်မည်လား အဖြေကို သိချင်နေသည်။

မင်္ဂလာပွဲ စောပြီးကျင်းပရန် သူ မျှော်လင့်နေမိပါသလား။

မျှော်လင့်နေခြင်းမရှိဟုဆိုလျှင်တော့ သူ လိမ်ညာပြောခြင်း ဖြစ်ပေလိမ့်မည်။

***

ခွန်လွန်တောင် ၊ အဓိကခန်းမဆောင်။

စတုတ္ထတောင်ထွတ် ၊ အဋ္ဌမတောင်ထွတ်နှင့် သတ္တမတောင်ထွတ်မှ တောင်သခင်များမှလွဲပြီး အခြားတောင်သခင်များအားလုံး ရောက်ရှိနေကြသည်။

သူတို့အားလုံး မော့ကျန်းသုန့်ကို လှမ်းကြည့်လိုက်ကြ၏။ အကြောင်းမှာ ယခုတစ်ကြိမ်အစည်းအဝေးခေါ်သူမှာ နဝမတောင်ထွတ်၏တောင်သခင် မော့ကျန်းသုန့်ဖြစ်သည် မဟုတ်ပါလား။

မော့ကျန်းသုန့်က အခြားသူများ၏ အကြည့်များကို အရေးမစိုက်ဘဲ ရိုးရိုးရှင်းရှင်းပင် စကားဆိုလိုက်သည်။

"ကျန်းလန် ပြန်ရောက်လာပြီ ၊ ပြီးတော့ သူ အင်မော်တယ်အဖြစ် အဆင့်တက်ရောက်နိုင်ခဲ့ပြီ"

ထိုစကားကြောင့် လူတိုင်း အံ့အားသင့်သွားကြ၏။

လျိုကျင်းက...

"ကျုပ်တို့မျှော်လင့်ထားတာထက် အများကြီးစောပြီး အင်မော်တယ် ဖြစ်သွားတာပဲ"

နောက်ထပ်အနှစ် (၅၀)လောက် စောင့်ရဦးမည်ဟု ထင်မှတ်ထားကြလေရာ ဒီလောက်စောသွားမည်ဟု မမျှော်လင့်ခဲ့ကြပေ။

ကျူးချင်က...

"ဒါဆို မင်္ဂလာပွဲကျင်းပဖို့ လိုအပ်ချက်တွေ ပြည့်စုံပြီ မဟုတ်လား ၊ အခု လက်ထပ်လို့ ရပြီပေါ့"

ကျိုးကျုန်းထျန်းက...

"မင်္ဂလပွဲနဲ့ပတ်သက်လို့ရော ကျန်းလန်ရဲ့ သဘောထားက ဘယ်လိုရှိလဲ"

ပါရမီရှင်တစ်ယောက်ထက်ပင် အရည်အချင်းရှိနေသည့် လူတစ်ယောက်အတွက် လက်ထပ်ခြင်းက ပထမဦးစားပေး မဖြစ်နိင်ပေ။

ခွန်လွန်တောင်တွင် နှစ်ပေါင်း (၆၀၀)အတွင်း အင်မော်တယ်ဖြစ်လာသူ များများစားစား မရှိပေ။ ကျန်းလန်က ထိုသူများထက်ပင် အချိန် (၁၀)နှစ်စောပြီး အင်မော်တယ် ဖြစ်လာခဲ့သည်။

ဤသည်က ရင်းမြစ်ပစ္စည်းများနှင့်မဆိုင်ပေ။ ကျန်းလန်ကိုတိုင်၏ ထူးခြားချက်ပင် ဖြစ်သည်။

မော့ကျန်းသုန့်က...

"သူပြောတာတော့ ကျုပ်တို့စီစဉ်တဲ့အတိုင်း လက်ခံမယ်တဲ့"

ဖုန်းယီရှောက်က...

"ဒါဖြင့် အခက်အခဲမရှိ ရှေ့ဆက်လို့ရတာပေါ့"

အခြားသူများက ခေါင်းညိတ်လိုက်ကြသည်။

ကျိုးကျုန်းထျန်းက သေရည်တစ်ငုံသောက်လိုက်ရင်း...

"ဆိုတော့… ကျုပ်ဘက်ကတော့ အဆင်သင့်ဖြစ်လုနီးနေပြီ ၊ အဆင်သင့်မဖြစ်သေးတာက နဝမတောင်ထွတ်ပဲ"

သူက ဆက်ပြောသည်။

"ဒါပေမဲ့ ကျုပ်တို့က နဝမတောင်ထွတ်က ပြင်ဆင်ပြီးတာကို စောင့်နေကြတာလား ၊ ကျန်းလန် အင်မော်တယ် ဖြစ်တာကို စောင့်နေကြတာလား"

အားလုံးက လျိုကျင်းကို လှမ်းကြည့်လိုက်ကြသည်။

ခွန်လွန်တောင်၏ ကိစ္စအ၀၀ကို ဒုတိယတောင်ထွတ်က ကိုင်တွယ်ဖြေရှင်းလေ့ ရှိသည်။

ပထမတောင်ထွတ်နှင့် နဝမတောင်ထွတ်မှ တောင်သခင်များက ကိုယ့်တာဝန်နှင့်ကိုယ်ဖြစ်လေရာ ဘာမှ မယ်မယ်ရရ တာဝန်မယူနိုင်ကြပေ။

လျိုကျင်းက...

"နှစ်ပေါင်း (၃၀) ဆိုတာက ကြာလည်းမကြာသလို မြန်လည်းမမြန်ပါဘူး ၊ ကာယကံရှင်တွေက လက်ထပ်ဖို့ အဆင်သင့် ဖြစ်ကြပြီဆိုရင်တော့ အချိန်ဆွဲနေစရာ အကြောင်း မရှိဘူးလေ"

"နဂါးမျိုးနွယ်တွေဘက်ကလည်း မင်္ဂလာပွဲအတွက် အလျင်လိုနေတယ်ဆိုပေမယ့် သူတို့ဘက်က အချိန်မရွေး စကားပြန်ရုတ်သိမ်းသွားနိုင်တယ် ၊ ဆိုတော့... ကျုပ်တို့ဘက်က အချိန်ဆွဲဖို့တော့ မသင့်တော်ဘူး"

လျိုကျင်းက မော့ကျန်းသုန့်ကို လှမ်းကြည့်လိုက်ပြီး...

"နဝမတောင်ထွတ်ကလည်း မင်္ဂလာလက်ဆောင်ကို ပြင်ဆင်ထားလိုက်ပါ ၊ ပြဿနာမရှိဘူး မဟုတ်လား"

မော့ကျန်းသုန့်က...

"ပြဿနာမရှိပါဘူး"

တပည့်ဖြစ်သူ၏ မင်္ဂလာပွဲကတော့ နှောင့်နှေးစရာအကြာင်းမရှိတော့ပေ။

အချိန်ကြာလာသည်နှင့်အမျှ ကျန်းလန်၏ဘဝက အထီးကျန်ဆန်လာမည် ဖြစ်လေရာ သူ့နံဘေးတွင် ကျောက်စိမ်းရေကန်နတ်ဘုရားမ ရှိနေခြင်းက အရာအားလုံးအတွက် အကောင်းဆုံး ဖြစ်သည်။

မြောင်ယွဲ့က လျိုကျင်းကို လှမ်းကြည့်ရင်း…

"ဒါဖြင့် ဂိုဏ်းတူအစ်ကိုက ဘယ်တော့လောက် မင်္ဂလာပွဲကျင်းပဖို့ စီစဉ်ချင်လဲ"

လျိုကျင်းက…

"ဒီနှစ်ပိုင်းတွေအတွင်း ဘယ်ရက်က နေ့ကောင်းရက်သာဖြစ်သလဲဆိုတာ ဆဋ္ဌမတောင်ထွတ်က ဂိုဏ်းတူညီမလေးကို မေးမြန်းပြီးရင် စီစဉ်ကြတာပေါ့"

ကျူးချင်က…

"ကျွန်မ မေးကြည့်ပြီးသွားပြီ ၊ နောက်ထပ် (၁၁)နှစ်ပြည့်ရင် နေ့ကောင်းရက်သာကျရောက်တယ်တဲ့"

လက်ထပ်မည့်သူက သူမအချစ်ဆုံးတပည့်မလေး ဖြစ်လေရာ သူမက အခြားသူများထက်ပိုပြီး အာရုံစိုက်လေသည်။ သို့သော် ချန်ရှီ နေ့ကောင်းရက်သာ ရွေးပေးစဉ်က အချိန်စောလွန်းသည်ဟု သူမ တွေးထင်ခဲ့သည်။

ကျန်းလန်ကလည်း အင်မော်တယ်မဖြစ်သေးလေရာ သူမက ဤကိစ္စကို ဖွင့်ဟမပြောခဲ့ပေ။ ယခု ကျန်းလန်လည်း အင်မော်တယ်ဖြစ်လာပြီဆိုသောကြောင့် စိတ်ပူစရာအကြောင်း မရှိတော့ပေ။

၎င်းနေ့ရက်အချိန်က လက်ထပ်ရန် အသင့်တော်ဆုံးအချိန်ပင် ဖြစ်ပေလိမ့်မည်။

မြောင်ယွဲ့က…

"ဒါဖြင့် ပြင်ဆင်မှုတွေ စပြီးပြုလုပ်ကြတာပေါ့ ၊ ကဲ ကဲ သတင်းဖြန့်လိုက်တော့မယ်နော် ၊ ဒါမှ နဂါးမျိုးနွယ်တွေဘက်ကလည်း မင်္ဂလာလက်ဖွဲ့အတွက်ရော ၊ အဋ္ဌမမင်းသားအတွက် ကျေးဇူးတင်တဲ့အနေနဲ့ ပေးအပ်ရမယ့် လက်ဆောင်တွေပါ ပြင်ဆင်ထားနိုင်မယ် မဟုတ်လား"

ယခုတစ်ကြိမ်တော့ နဂါးမျိုးနွယ်များဘက်မှ အတော်လေး တန်ကြေးပေးရမည် ဖြစ်သည်။

သို့သော် ခွန်လွန်တောင်ဘက်မှ အကျိုးအမြတ်များစွာ ရရှိသည်ဆိုသော်ငြား နဂါးမျိုးနွယ်များဘက်မှလည်း အရှုံးမရှိပေ။ ပို၍ပင် အကျိုးအမြတ်ရှိနေပေသေးသည်။

"သေရည်ဆိုင်မှာ အကောင်းစားသေရည်တွေ ကြိုမှာထားရမယ် ၊ တော်ကြာ အစုတ်အပြတ်တွေ ရနေဦးမယ်"

ကျိုးကျုန်းထျန်းက ရုတ်တရက် ပြောလိုက်သည်။

လျိုကျင်းက…

"သေရည်ဆိုင်ရှင် ပြန်မရောက်သေးဘူး မဟုတ်လား"

သေရည်ဆိုင်ပိုင်ရှင် ပြန်လာလျှင် ဇာမဏီကောင်မလေးကိုပါ ပြန်ခေါ်လာမည် ဖြစ်သည်။ ထိုအရာက သူတို့အတွက် အရင်းအမြစ် ဖြစ်လာနိုင်သည်။

ဇာမဏီမျိုးနွယ်များက ဟုန်ယာကို ပြန်လိုချင်သည်ဆိုလျှင် ခွန်လွန်တောင်သို့ လက်ဆောင်ပစ္စည်းများ ပေးအပ်ရမည် ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ကောင်မလေး၏ အသက်ကို ကယ်တင်ခဲ့သည်မှာ ခွန်လွန်တောင်ဖြစ်နေသည် မဟုတ်ပါလား။

ကျိုးကျုန်းထျန်းက…

"နောက်နှစ်ရက်နေရင် ပြန်လာတော့မယ်တဲ့ ၊ ကျုပ် သူ့ကို သွားမှာထားရမယ်"

အခြားသူများက သူ့စကားကို အရေးမစိုက်ပေ။

ကျိုးကျုန်းထျန်း အကောင်းစားသေရည်မှာယူနေခြင်းက မင်္ဂလာပွဲအတွက်မဟုတ်ဘဲ သူသောက်ဖို့ မှာယူနေခြင်း ဖြစ်၏။

လျိုကျင်းက ကျူးချင်နှင့် မော့ကျန်းသုန့်ကို ကြည့်လိုက်ပြီး…

"ဒါဖြင့် ကျောက်စိမ်းရေကန်နတ်ဘုရားမနဲ့ ကျန်းလန်ကို ဒီသတင်းပြောပြဖို့ကတော့ မင်းတို့နှစ်ယောက်တာဝန် ထားလိုက်ပြီနော်"

သူတို့ (၂)ယောက် ခေါင်းညိတ်လိုက်ကြသည်။

ဖုန်းယီရှောက်က…

"ဒါဆို သူတို့ကို တာအိုရှာဖွေခြင်းဆီ ဘယ်တော့လောက် ပို့မှာလဲ"

ဤသည်ကလည်း အလွန်အရေးကြီးသည့် အချက်ပင်။

မြောင်ယွဲ့က ခပ်တိုးတိုးလေသံဖြင့်…

"အရမ်းစောလို့ မသင့်တော်ဘူးလေ ၊ ဆယ်စုနှစ်နည်းနည်းလောက်တော့ စောင့်ရင်ကောင်းမယ်"

သူမက ဆက်ပြောသည်။

"ကျောက်စိမ်းရေကန်နတ်ဘုရားမနဲ့ ကျန်းလန်ကို သာမန်တာအိုလက်တွဲဖော်တွေလိုပဲ အရင်ဆုံး နေကြပါစေဦး ၊ ဒါမှ ကျောက်စိမ်းရေကန်နတ်ဘုရားမ နဂါးနန်းတော်ကို ပြန်တဲ့အခါ သူ့အိမ်မှာ ကြာကြာမနေချင်ဘဲ ခွန်လွန်တောင်ကို အေးအေးဆေးဆေး ပြန်လာချင်စိတ်ဖြစ်မှာပေါ့"

ဤသည်က သူတို့အတွက် အကျိုးအမြတ်ပင် ဖြစ်သည်။

ကျောက်စိမ်းရေကန်နတ်ဘုရားကို ခွန်လွန်တောင်က ထာဝရပိုင်ဆိုင်နိုင်ရန် အလုပ်များစွာ လုပ်ဆောင်ခဲ့ရသည် မဟုတ်လား။

ကျူးချင်က စိတ်ဝင်တစားဖြင့်…

"အဲဒါကို နဂါးမျိုးနွယ်တွေကရော သဘောတူမှာလား"

မြောင်ယွဲ့က…

"သဘောတူရမှာပေါ့ ၊ ဘာလို့ဆို သူတို့မှာ ရွေးချယ်စရာမှ မရှိတာ ၊ အခုဆိုရင် အဋ္ဌမမင်းသား ဘယ်လောက်အရေးပါတယ်ဆိုတာ သူတို့ တဖြည်းဖြည်း နားလည်လာကြပြီ"

All Chapters