← Chapters

ကျင်းဝူလျန့်ဝမ့်လင် ပညာရပ်

Vol. 17 Ch. 250

ကျင်းဝူလျန့်ဝမ့်လင် ပညာရပ်

Vol. 17 Ch. 250

၎င်း၏ အတောင်ပံများကို ဖြန့်ကားလိုက်တိုင်း အသိပညာများ လွင့်ပျံလာတတ်သည်။

ရွှီချင်း၏ စိတ်ထဲ တဝုန်းဝုန်းမြည်ဟည်းနေစဉ်မှာပင် သူ့အမြင်အာရုံထဲရှိ ရွှေကျီးကန်းကြီးက ဒုတိယအကြိမ်မြောက် အတောင်ပံများကို ဖြန့်ကားလိုက်သည်။

ယခုတစ်ခေါက်တွင် ၎င်းသည် ပို၍ပင်မြန်ဆန်နေပြီး ၎င်း၏ အငွေ့အသက်များမှာ ပို၍ပင် ကြောက်မက်ဖွယ်ကောင်းလာကာ လောကကြီး အရောင်အဆင်းမှေးမှိန်သွားသည်။ လေပြင်းများ တဟူးဟူးတိုက်ခတ်နေပြီး မိုးသားတိမ်စိုက်များ တရွှီရွှီအော်မြည်နေကာ ရွှီချင်း၏ စိတ်ထဲတွင်လည်း တဝုန်းဝုန်းမြည်ဟည်းသံများ အဆုံးအစမဲ့စွာ ထွက်ပေါ်နေသည်။

ထိုအချိန်၌ အဝေးရှိ အသံဖမ်းပုလင်းမှ အသံက တိုးညှင်းလာသည်ကို သူ သတိမထားမိတော့သလို သူ့နှာခေါင်းထဲမှ သွေးများစီးကျလာသည်ကိုပင် သတိမထားမိတော့ပေ။ အသံကို အာရုံစိုက်နေသော လူ့ဘီလူးကြီးမှာ ငေးမောနေရာမှ နိုးထလာသည့်အလား အနည်းငယ် လူးလွန့်လာသည်။

ထိုတခဏလေးတွင် ရွှေရောင်ကောင်းကင်ကြီးထဲ မြင့်မားသည်ထက် မြင့်မားစွာ ပျံတက်နေသော ရွှေကျီးကန်းကြီးက တတိယအကြိမ်မြောက် အတောင်ပံဖြန့်လိုက်သည်ကို ရွှီချင်း အာရုံခံမိလိုက်သည်။

ယခုတစ်ကြိမ်တွင် ရွှေကျီးကန်းကြီး၏ အတောင်ပံနက်များပေါ်ရှိ ငှက်မွေးတိုင်း ရွှေရောင်ပြိုးပြိုးပြက်ပြက် ဝင်းလက်သွားသည်။

ရွှေကျီးကန်းကြီးက အတောင်ပံကို ခတ်လိုက်သည့်အတွက်ကြောင့် ကောင်းကင်ကြီး ထပ်ခြမ်းကွဲသွားတော့မည့်ဟန်တူသည်။ နှိုင်းယှဉ်၍မရအောင် ကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက်များ အရပ်မျက်နှာအနှံ့ လွင့်ပျံသွားပြီး ကောင်းကင်ကြီး အမှတ်တကယ် အက်ကွဲသွားသည်။

တိမ်စိုင်များနှင့် မြူခိုးများ ပိုင်းခြားခံလိုက်ရသည့်အလား ကောင်းကင်တွင် ကြီးမားသော အက်ကွဲကြောင်းကြီး ပေါ်လာကာ နောက်ထပ်လောကသစ်တစ်ခု ပေါ်လာသည်။ ထိုလောကကြီးထဲတွင် ရုပ်သွင်အမျိုးမျိုးနှင့် မျိုးနွယ်မျိုးစုံကို ရွှီချင်းမြင်လိုက်ရသည်။ ထိုမျိုးနွယ်များအားလုံး ကောင်းကင်ကြီးကို အော်ဟစ်နေကြသည်။

ထိုသို့ အော်ဟစ်နေကြစဉ် ရွှေကျီးကန်းကြီးက ပါးစပ်ကို ဟ၍ အချိန်နှင့်အာကာသကို ကျော်လွန်သွားသော စူးစူးရှရှအော်ဟစ်သံ ပြုလိုက်လေသည်။

ထိုအော်ဟစ်သံကြောင့် ထိုကမ္ဘာကြီးတစ်ခုလုံး မီးတောက်နက်များဖြင့် ဖုံးလွှမ်းသွားသည်ကို ရွှီချင်း တုန်လှုပ်ချောက်ချားစွာ မြင်လိုက်ရသည်။ တခဏလေးအတွင် ထိုကမ္ဘာကြီးတစ်ခုလုံး သန့်စင်ခံလိုက်ရသည့်အလား သွေးစက်များ မရေမတွက်နိုင်လောက်အောင် လေထဲသို့ ပျံတက်လာကာ ရွှေရောင်အဖြစ် စုစည်းသွားပြီး ရွှေကျီးကန်းကြီး၏ ပါးစပ်ထဲသို့ ပြေးဝင်သွားသည်။

အဝေးမှကြည့်ပါက ရွှေကျီးကန်းကြီးက ရေသောက်လိုက်သည့်အတိုင်းပင်။

ထို့နောက် ရွှီချင်း တုန်လှုပ်နေစဉ်မှာပင် ရွှေကျီးကန်းကြီးက ခေါင်းကို ဆတ်ခနဲ လှည့်လိုက်သည်။

၎င်း၏ စူးရှတောက်ပသော အကြည့်ကြောင့် အချိန်မြစ်ကြီး ပြောင်းပြန်ဆီးဆင်းသွားသည်။

ယင်းသည် အာကာသမဟာတာအိုကို ဖျက်ဆီးကာ အာကာသကို ကျော်ဖြတ်လိုက်သည်။

နောက်ဆုံးတွင် အဆုံးမဲ့အာကာသကြီး အလွန်မှ လာသော ၎င်း၏အကြည့်က ရွှီချင်းအပေါ် ကျရောက်သွားသည်။

ရွှီချင်း၏ စိတ်ထဲတုန်ခါသွားရပြီး ကြင်နာသောအသံတစ်သံကို ကြားလိုက်ရသည်။

“ ဒါက ငါ့ရဲ့ သက်စောင့်အတတ်ဖြစ်တဲ့ ကျင်းဝူလျန့်ဝမ့်လင်ပဲ ”

ထို့နောက် ကြောက်ခမန်းလိလိ များပြားသော အသိများ ရွှီချင်း၏ စိတ်ထဲ အရူးအမူးစီးဆင်းသွားပြီး မုန်တိုင်းထန်သော ပင်လယ်ပြင်ထဲ ရောက်နေသည့် လှေကလေးတစ်စီးပမာ သူ့ကိုယ်သူ ခံစားလိုက်ရသည်။

သူ့ပါးစပ်၊ မျက်လုံးများ၊ နှာခေါင်းနှင့် နားများမှ သွေးများ စီးကျလာသည်။ သူ၏ဒွါရခုနစ်ပါးမှ သွေးများ စီးကျနေစဉ် သူ့ရှေ့မှ မြင်ကွင်းများအားလုံး တစစစီ ပြိုကွဲသွားသည်။

ယင်းကြောင့် သူ အသိဝင်လာသည်။ တချိန်တည်းမှာပင် ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုး၏ အထိတ်တလန့် စကားသံကိုလည်း သူ ကြားလိုက်ရသည်။

“ သခင်လေး၊ မြန်မြန် ထတော့။ လူ့ဘီလူးကြီး နိုးတော့မယ် ”

“ သွားပြီ။ သခင်းလေ၊ မြန်မြန် ထတော့ ”

အသံဖမ်းပုလင်းမှ အသံများ ထုတ်လွှတ်နေခြင်း ရပ်သွားသည်။ လူ့ဘီလူးကြီး၏ အကြည့်ကို ထိုအသံပုလင်းမှာ တောင့်မခံနိုင်ဘဲ အစိတ်စိတ်အမြွှာမြွာ ပျက်စီးသွားသည်။

လူ့ဘီလူးကြီးမှာ ခံစားချက်များ ယောက်ယက်ခတ်နေသည်။ အသက်ရှူထုတ်နေသည့်အလား သူ့ရင်ဘတ်ကြီး ချိုင့်ဝင်သွားသည်။ သူ့ခန္ဓာကိုယ်အပြင်ဘက်ရှိ မရေမတွက်နိုင်သော လက်များမှာ ရစ်ပတ်နေသည်။

သူ့အသက်ရှူသံများက ဖော်ပြ၍မရသော အားတစ်ခုဖြစ်ဟန်တူပြီး ပင်လယ်ရေများ ဘေးဖယ်သွားသည်။ တွန့်လိမ်ကွေးကောက်နေသော သူ့လက်များကြောင့်လည်း ဟင်းလင်းပြင်ထဲတွင် အက်ကွဲကြောင်းများ ပေါ်လာသည်။

အသံဖမ်းပုလင်း၏ အသံက သူ့မှတ်ဉာဏ်တစွန်းတစကို ဖော်ထုတ်ပေးလိုက်ဟန်တူသည်။ သူ့ခံစားချက်များ ပေါက်ကွဲထွက်လာသည့်အလား စူးစူးဝါးဝါး အော်ဟစ်မြည်တမ်းလိုက်သည်။ သူက လက်နှစ်ဖက်ကို ဝှေ့ယမ်းလိုက်ရာ ကောင်းကင်ယံသို့တိုင်အောင် ပင်လယ်လှိုင်းကြီးတစ်လုံး မြင့်တက်သွားသည်။

ပင်လယ်ပြင်မှ ပေထောင်ချီ သို့မဟုတ် ပေတစ်သောင်းထက်ပင် မြင့်မားသော လှိုင်းကြီးများ တဝုန်းဝုန်း ရိုက်ခတ်လာသည်။ အဝေးမှကြည့်ပါက မြေပြင်မှ မြင့်တက်လာသော ကွေးညွှတ်နေသည့် ပင်လယ်နံရံကြီးများအလား ခံ့ညားထည်ဝါကာ တုန်လှုပ်ချောက်ချားဖွယ် ကောင်းသည်။

တချိန်တည်းမှာပင် လူ့ဘီလူးကြီးက နဂါးလှည်းကြီးကို တဖြည်းဖြည်း လှည့်ကြည့်လိုက်သည်။

သူ့လှည့်ကြည့်လိုက်သည်နှင့် သူ့ထွက်လေက သူ မျက်နှာလှည့်ရာအရပ်သို့ ကျရောက်သွားပြီး ပင်လယ်ရေများ တပွက်ပွက်ဆူကာ လွင့်ပျယ်သွားသည်။ တခဏကြာသည်အထိ သူ့အနားတွင် ဘာမှရှိမနေဘဲ ဘေးပတ်ဝန်းကျင်တစ်ခုလုံး တဝုန်းဝုန်း လှိုင်းထန်နေသည်။

ရွှီချင်းမှာ မျက်လုံးများကို ဖွင့်လိုက်သည်နှင့် ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုး၏ စူးစူးဝါးဝါး အော်ဟစ်သံများကိုသာမက နဂါးလှည်းကြီး အပြင်ဘက်ရှိ မည်းမှောင်သော မျက်လုံးများနှင့် ယှဉ်မရအောင် မြင့်မားသော လူ့ဘီလူးကြီးကိုလည်း မြင်လိုက်ရသည်။

သူတို့အကြည့်ချင်း ဆုံသွားသည့်အခိုက် လူ့ဘီလူးကြီး၏ ထွက်လေက သူ့ကို လွှမ်းခြုံသွားသည်။

နဂါးလှည်းကြီးက ထူးခြားသော ပစ္စည်းတစ်မျိုးဖြင့် ပြုလုပ်ထားသည့်အတွက်ကြောင့် လူ့ဘီလူးကြီး၏ ထွက်လေက နဂါးလှည်းကြိးကို မဖျက်ဆီးနိုင်ပေ။ သို့သော်လည်း ရွှီချင်း၏ အသွေးအသားများက ယင်းကို တောင့်မခံနိုင်ပေ။ တခဏလေးအတွင်း သူ့တစ်ကိုယ်လုံး ဖော်ပြ၍ မရနိုင်လောက်အောင် နာကျင်လာသည်။

သူ့မျက်နှာ၊ ဝမ်းဗိုက်၊ အစာအိမ်နှင့် ခန္ဓာကိုယ်ရှေ့ပိုင်းတစ်ခုလုံး ချက်ချင်းပင် ရုပ်ပျက်ဆင်းပျက်ဖြစ်သွားသည်။ သူ့ခြေထောက်များနှင့် လက်များသည်လည်း ဆိုးဆိုးဝါးဝါး ပျက်စီးသွားသည်။ ထိုထွက်လေကြောင့် သူ့အသားများနှင့် သွေးများ အဝေးသို့ ချက်ချင်း လွင့်ပျယ်သွားသည်။

ထိုကဲ့သို့ သေရေးရှင်ရေးအခြေအနေ၌ ထီးနက်ကြီးတစ်လက် ရုတ်တရက် ပေါ်လာပြီး သူ့ရှေ့တွင် ပိတ်ရပ်ကာ ထွက်လေကို တားဆီးလိုက်သည်။

ထီးနက်ကြီး တုန်ခါသွားပြီး အစွမ်းကုန် ဟန့်တားလိုက်သည်။ တချိန်တည်းမှာပင် ရွှီချင်းသည် တုန်ရီနေလျက် အသားအမျှင်တန်းများသာ ရှိနေသော ညာလက်ကို မြှောက်လိုက်သည်။ ကျပန်းတည်နေရာရွှေ့ပြောင်းအဆောင်ကို သူ ထုတ်လိုက်ပြီး ဖျက်ဆီးလိုက်၏။

ထိုအဆောင် ပျက်စီးရာမှ စူးရှတောက်ပသော တည်နေရာရွှေ့ပြောင်းခြင်းအလင်းတန်းများ ဝင်းလက်လာပြီး သူ့ကို လွှမ်းခြုံသွားသည်။ မျက်တောင်တစ်ချက်ခတ်အတွင်း ထီးနက်နှင့်အတူ သူ ပျောက်ကွယ်သွားသည်။

သူနှင့် ထီးနက်တို့ ပျောက်ကွယ်သွားစဉ်မှာပင် လူ့ဘီလူးကြီး၏ ထွက်လေမှာ မည်သည့်အခက်အခဲကိုမျှ မကြုံရတော့ဘဲ နဂါးလှည်းကြီးထဲ တိုးဝင်သွားသည်။ ထိုထွက်လေ ပျံ့နှံ့သွားပြီးနောက် လူ့ဘီလူးကြီးက ဟာလာဟင်းလင်းဖြစ်နေသော နဂါးလှည်းကြီးကို အဓိပ္ပာယ်မဲ့စွာ ငေးကြည့်၍ ဆွဲဆွဲငင်ငင် အော်ဟစ်မြည်တမ်းလိုက်သည်။

ရွှီချင်း ရောက်ရှိလာခြင်း၊ ထွက်ခွာသွားခြင်းတို့ကို သူ ဂရုမစိုက်ပေ။ ကြေးနဂါးလှည်းကြီးကိုသာ သူ ကြည့်နေ၏။ အသံဖမ်းပုလင်းမှ အသံကြောင့် သူ့စိတ်များ မှုန်မှိုင်းနေပြီး တစ်ခါက အတူရှိခဲ့ဖူးသည့် သူ့သခင်အကြောင်းကို သူ တွေးမိသွားသည်မှာ သိသာသည်။

အော်ဟစ်မြည်တမ်းသံ့ လောကတစ်ခွင် ပဲ့တင်ထပ်သွား၏။

နောက်ဆုံး၌ လူ့ဘီလူးကြီးက ကြေးနဂါးလှည်းကြီးရှေ့တွင် ဆောင့်ကြောင့်ထိုင်ကာ ဒူးထောက်ချလိုက်သည်။

တအီအီနှင့် အော်ဟစ်မြည်တမ်းသံသည် ကျယက်လောင်သည်ထက် ကျယ်လောင်လာပြီး အလျော့ပေးချင်ဟန်မတူဘဲ တစ်ခုခုကို ဆင့်ခေါ်နေချင်သည့်အလားပင်။ သို့သော်လည်း မည်သည့်တုန့်ပြန်မှုမျှ ထွက်ပေါ်မလာပေ။

အရာအားလုံးကို သူ တဖြည်းဖြည်း မေ့သွားသည့်အလား သူ့ခံစားချက်များ တဖြည်းဖြည်း တည်ငြိမ်လာသည်။ သူ၏အလိုလိုအသိစိတ်များသာ ကျန်ရှိော့ပြီး ကြေးနဂါးလှည်းကြီးကို ပင်လယ်ကြမ်းပြင်သို့ ဆွဲသွားသည်။

အမွေဆက်ခံခြင်း ပြီးဆုံးသွားလေပြီ။ နောက်ထပ်နှစ်တစ်ရာ မပြည့်အချင်း သူ နိုးထလာတော့မည် မဟုတ်ဘဲ နှစ်ခြိုက်စွာ အိပ်မောကျနေတော့မည် ဖြစ်သည်။

သို့သော်လည်း ပင်လယ်ပြင်မှာ မငြိမ်မသက်ဖြစ်နေ၏။ အစောပိုင်းက ထိုနေရာကို ဗဟိုပြု၍ တဝုန်းဝုန်းရိုက်ခတ်နေခဲ့သော ရေလှိုင်းများ၏ အကျယ်က ကြီးမားသည်ထက် ကြီးမားလာသည်။

ထိုနေရာနှင့် ကီလိုမီတာထောင်ပေါင်းများစွာ အကွာအဝေးတွင် ရှိနေပြီး ယခုတိုင်အောင် တဝုန်းဝုန်း လှိုင်းမထန်သေးသော ပင်လယ်ပြင်၌ ပြိုးပြိုးပြက်ပြက် အလင်းတန်းများနှင့်အတူ ရွှီချင်းပေါ်လာသည်။

ဓာတ်နှောများနှင့် ပြည့်နှက်နေသော ပင်လယ်ရေက ရွှီချင်း၏ ခန္ဓာကိုယ်မှ ဒဏ်ရာများအားလုံးကို ထိတွေ့လိုက်ရာ ပြင်းထန်သော နာကျင်မှုနှင့်အတူ ရွှီချင်း၏အမြင်အာရုံ ဝေဝါးသွားသည်။ သူ့မျက်လုံးများ ပြူးကျယ်သွားပြီး လက်ကို အလိုလိုဝှေ့ယမ်းလိုက်ရာ မှော်သင်္ဘောထွက်လာသည်။ မှော်သင်္ဘောပေါ်သို့ သူ ခက်ခက်ခဲခဲတက်ပြီးနောက် မှော်သင်္ဘော၏ အကာအကွယ်များကို အသက်သွင်းလိုက်သည်။

ပြီးသည်နှင့် တစ်ကိုယ်လုံး တုန်ရီနေလျက် ကုန်းပတ်ပေါ်တွင် လှဲချလိုက်သည်။ သူ့ဒဏ်ရာများမှ သွေးများ အဆက်မပြတ် စီးကျနေပြီး သူ့ဗိုက်ကြီး ပိန်လိုက်ဖောင်းလိုက်ဖြစ်နေသည်။

သူ့ခန္ဓာကိုယ်ရှေ့ခြမ်းတွင် အသားများစွာ မကျန်တော့ပေ။ သူ့ခြေလက်များနှင့်၊ မျက်နှာသည်ပင် အတူတူဖြစ်သည်။ ငေါထွက်နေသော အရိုးအများစုမှာ ပျက်စီးနေပြီး တချို့အရိုးများပေါ်တွင် အပေါက်များပင် ရှိနေသည်။

ယင်းမှာ တုန်လှုပ်ချောက်ချားဖွယ်ရာမြင်ကွင်းတစ်ရပ် ဖြစ်ပေသည်။

သူ ရင်းနှီးသော လူတစ်ယောက်သာ ဤနေရာတွင် ရှိနေခဲ့ပါက သူ့ကို မှတ်မိရန် အလွန် ခက်ခဲပေမည်။

ရွှီချင်း၏ အမြင်တွင် အရာအားလုံး မှုန်ဝါးကာာ ပုံရိပ်နှစ်ထပ် ဖြစ်နေသည်။ မျက်လုံးများ မှိတ်ပစ်ချင်သည့်စိတ်ကို သူ ကြိတ်မှိတ်တောင့်ခံ၍ ဆေးလုံးအမြောက်အမြား မျိုချလိုက်သည်။ ခရမ်းရောင်သလင်းကျောက်ကိုလည်း သူ အသက်သွင်းလိုက်ရာ ၎င်း၏ ပြန်လည်ကုစားနိုင်စွမ်းများ အလျင်အမြန် ပျံ့နှံ့လာသည်။

ခရမ်းရောင်အလင်းတန်းများ သူ့ကိုယ်ထဲ စီးဝင်နေစဉ် နာကျင်မှုကို တောင့်ခံကာ အရိပ်ကို အေးတိအေးစက်ကြည့်လိုက်သည်။

နေရောင်ခြည်အောက်၌ ရွှီချင်း၏ အကြည့်ကြောင့် အရိပ်မှာ တုန်ရီသွားပြီး မျက်နှာလိုမျက်နှာရလုပ်သည့်အမူအရာများ ပြသလိုက်လေသည်။

ယင်းမှာ အမှန်တကယ်ပင် ကြောက်လန့်နေ၏။

ယခင်က ယင်းသည် ရွှီချင်းကို သက်စောင့်မီးအိမ် ရရှိအောင် ကူညီပေးခဲ့သည်။ ထို့ကြောင့် ထိုအချိန်က ရွှီချင်း၏ ဒဏ်ရာများ ပြင်းထန်နေခဲ့ပါသော်လည်း များများစားစား မတွေးခဲ့ပေ။ သို့သော်လည်း ယခုတစ်ခေါက်တွင် ရွှီချင်း၏ ဖိနှိပ်ခြင်းကို ကြောက်လန့်နေသည်သာမက ရွှီချင်း၏ ဖော်ပြ၍ မရနိုင်လောက်အောင် ရူးသွပ်ခြင်းတို့ကိုလည်း ကိုယ်တိုင်ကြုံတွေ့လိုက်ရသည်။

သို့ဖြစ်၍ အနှီလူငယ်က သူ့ကိုယ်သူ ထိုမျှ ရက်စက်ပေရာ တခြားလူများသာဆိုလျှင် မည်မျှ ရက်စက်မည်ကို သူ တွေးလိုက်မိသည်။

ထို့ကြောင့်ပင် အစောပိုင်းက ဒုက္ခပေးရန် အခွင့်အရေးကို ၎င်းမှာ အသုံးမချဝံ့ခဲ့ခြင်း ဖြစ်သည်။ ထိုစဉ် ၎င်းသည် ကပ်ဖားရပ်ဖားလုပ်သည့်အမူအရာများပြသကာ ရွှီချင်းအတွက် နေရောင်ခြည်ကိုပင် တားဆီးပေးလိုက်သည်။

ဘေးနားရှိ သံတုတ်နက်လေးသည်လည်း တုန်ရီနေသည်။ ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုးမှာ မျက်နှာဖြူဖပ်ဖြူရော်ဖြစ်နေပြီး သူ့မျက်လုံးများထဲတွင် ထိတ်လန့်တုန်လှုပ်ခြင်းများဖြင့် ပြည့်နေသည်။

‘ ဒီလောက်နှစ်တွေအများကြီး နေခဲ့တာတောင် ဒီလို မိုက်ရူးရဲဆန်တဲ့လူမျိုး ငါ တစ်ခါမှ မမြင်ဖူးဘူး ’

‘ အရင်တုန်းက ရေသူမမျိုးနွယ်ရဲ့ လောကထဲမှာ ထိတ်လန့်သွားခဲ့ပေမဲ့ အခုက ပိုဆိုးတယ် ’

‘ ဒီမိစ္ဆာရွှီက သိပ်ရူးတယ်။ ဒီလိုသာ ဆက်လုပ်နေရင် တစ်နေ့ကျ သူ့ကိုယ်သူ သတ်မိမှာပဲ။ သူ သေရင် ငါ သေမှာပဲ။ သူ မသေလို့ ရတနာတွေရနေခဲ့ရင်လဲ ငါက သူ့အတွက် အသုံးမဝင်တော့လို့ တစ်နေ့ကျ ငါ အသတ်ခံရမှာ ’

‘ ဘာအဖြေမှ မရှိဘူး ’

ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုးမှာ ထိုအကြောင်းကို တွေးလေလေ ထိတ်လန့်ကြောက်ရွံ့လာလေလေပင်။ ထိုခံစားချက်ကြီး လွှမ်းမိုးထားသောကြောင့် ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုးမှာ အရိပ်လေးက ရွှီချင်းအား ကပ်ဖားရပ်ဖားလုပ်နေသည်ကိုပင် သတိမမူနိုင်အောင် ဖြစ်နေသည်။

မိစ္ဆာရွှီ၏ မျက်နှာသာပေးမှုကို ရနိုင်ရန် ပြင်းပြင်းထန်ထန် ကြိုးစားမှသာ ဖြစ်မည်ဟူ၍ သူ တွေးနေမိသည်။

ထိုအတွေးကြောင့် ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုး၏ မျက်လုံးများ နီမြန်းလာသည်။ သက်စွန့်ဆံဖျား လုပ်ရသည်ကို သူ သဘောမကျပါသော်လည်း ယခု ရွေးချယ်စရာ မရှိပေ။ သူသာ သက်စွန့်ဆံဖျား မလုပ်ပါက သူ့အသက် ဆုံးရှုံးရမည်မှာ သေချာသည်။

အန္တရာယ်ဖြစ်စေသည့် နောက်ထပ်အရေးကြီးသော အချက်တစ်ချက်လည်း ရှိသေးသည်။

သူ ဖတ်ခဲ့ဖူးသည့် ရှေးဟောင်းစာအုပ်များအရ တခြားလူများ၏ လျှို့ဝှက်ချက်များစွာကို သိသော ဇာတ်ကောင်များသည်လည်း ဆိုးဆိုးဝါးဝါး သေရတတ်သည်။

ထိုအတွေးကြောင့် ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုးမှာ ပို၍ပင် တုန်ရီသွားရသည်။ နောက်ဆုံးတွင် အရိပ်လေး၏ အပြုအမူများကို သူ သတိထားမိလိုက်ပြီး သံတုတ်နက်လေးကို အလျင်အမြန် ထိန်းချုပ်ကာ သစ္စာရှိသည့်အမူအရာဖြင့် ရွှီချင်း၏ ပတ်လည်တွင် လှည့်ပတ်လိုက်သည်။ အန္တရာယ်အနည်းငယ် ပေါ်လာခဲ့ပါက ရွှီချင်းကို သူ အသက်နှင့်ရင်း၍ ကာကွယ်ပေးလိုက်မည်သာ ဖြစ်သည်။

“ သခင်လေး၊ အေးအေးဆေးဆေး အနားယူပါ။ ကျွန်တော်မျိုး အားလုံး စောင့်ကြည့်ထားပါမယ် ”

ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုးက နီမြန်းနေသော မျက်လုံးများဖြင့် ကျယ်ကျယ်လောင်လောင် ပြောလိုက်သည်။ ပြီးသည်နှင့် အရိပ်ကို စူးစူးစိုက်စိုက်ကြည့်လိုက်သည်။ သူ့အတွက် အကြီးဆုံး ဆူးညှောက်က အရိပ်ဖြစ်သည်ဟူ၍ သူ ရှင်းရှင်းရှင်း ခံစားလိုက်ရသည်။

ရွှီချင်းသည် အရိပ်၏ ကပ်ဖားရပ်ဖား လုပ်နေသောအမူအရာများနှင့် ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုး၏ အာမခံစကားများကို သတိထားမိပြီးနောက် ခဏကြာ ငြိမ်သက်သွားပြီး အရိပ်ကို တည်ငြိမ်စွာ လှမ်းကြည့်လိုက်သည်။ ထို့နောက် ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုးကို သဘောကျသည့်အမူအရာဖြင့် ခေါင်းညိတ်ပြလိုက်သည်။

ရွှီချင်း၏ သဘောကျသည့်အမူအရာကို ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုးမြင်သောအခါ စိတ်လှုပ်ရှားလွန်း၍ အော်ငိုမိမတတ်ပင် ဖြစ်သွားရသည်။ ထိုအချိန်၌ သေရမည်ကို ကြောက်လန့်စိတ်များ ပျောက်ကွယ်သွားပြီး သူ အကြီးအကျယ် စိတ်သက်သာရာ ရသွားသည်။ နောက်ဆက်တွဲအနေဖြင့် တစ်ခါမှ မပေါ်ဖူးသော ကျေးဇူးတင်စိတ်များ ပေါ်လာ၏။

ယင်းခံစားချက်ကြောင့် ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုး၏ စိတ်နှင့်ခန္ဓာ တုန်ရီလာပြီး ဘာမှတွေးမနေဘဲ ပြောလိုက်သည်။

“ သခင်လေး၊ ကျွန်တော်မျိုး အသက်မသေမချင်း သခင်လေး မှဲ့တစ်ပေါက် မစွန်းစေရပါဘူး။ အရေးကြုံလာရင် ကျွန်တော်မျိုးခန္ဓာကိုယ်ကိုပါ ဖောက်ခွဲပစ်လိုက်မှာပါ ”

ရွှီချင်းက ခေါင်းညိတ်ပြကာ အကြည့်လွှဲလိုက်သည်။ သူသည် အစွမ်းကုန် ကုသနေပုံ ထင်ရသော်လည်း အမှန်စင်စစ် ထိုနှစ်ယောက်ကိုလည်း သတိထား၍ စောင့်ကြည့်နေခဲ့၏။ သူတို့နှစ်ယောက်သာ အလစ်တိုက်ခိုက်လာခဲ့ပါက ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုး၏ သက်စောင့်ဝိညာဉ်ကို ဖျက်ဆီးကာ အရိပ်လေးကို ချက်ချင်း ဖိနှိပ်ရန် သူ ပြင်ဆင်ထားခဲ့သည်။

တချိန်တည်းမှာပင် သူ့ဒဏ်ရာများအရ အကြမ်းအားဖြင့် အသက်တစ်ဝက်ဆုံးရှုံးသွားရသည်နှင့် ညီမျှပါသော်လည်း သူ့မှာ အသက်တစ်ဝက် ကျန်နေသေးသည်ဟု တွေးနေမိသည်။

ခေါင်းဆောင်၏ ရူးသွပ်မှုများကို မြင်တွေ့ခဲ့ရပြီး သက်စောင့်မီးအိမ်ကို ရယူရာတွင် အန္တရာယ်နှင့် ကြုံတွေ့ခဲ့ရပြီးနောက် ယခုဖြစ်ရပ်သည် ဘာမှမဟုတ်ကြောင်း ရွှီချင်း ခံစားမိသည်။ ထို့ကြောင့် သူ အပြင်းအထန် နာကျင်နေပြီး သူ့အရှိန်အဝါများ အလွန်အမင်း အားနည်းနေပါသော်ငြား သူ့မျက်လုံးများထဲတွင် ရူးသွပ်ခြင်းများ၊ စိတ်လှုပ်ရှားခြင်းများဖြင့် ပြည့်နှက်နေသည်။

“ ဒါ တန်တယ် ”

ရွှီချင်းသည် ခန္ဓာကိုယ်ပေါ်မှ ပြင်းထန်သော ဒဏ်ရာများကို ဂရုမစိုက်ဘဲ အားယူ၍ ထရပ်လိုက်ရာ ဘေးသို့ ယိုင်သွားသည်။ ထိုစဉ် သူ့စိတ်ထဲ ပေါ်နေသည်မှာ အရာအားလုံးရင်း၍ ရရှိခဲ့သော ကြီးမားသည့် အကျိုးအမြတ်များသာ ဖြစ်သည်။

ကြေးနဂါးလှည်းကြီးပေါ်တွင် သူ အသက်ဘယ်နှစ်ကြိမ်ရှူစာ နေခဲ့သည်ကို မမှတ်မိပေ။

သူသိသည်မှာ သူ့ခန္ဓာကိုယ်ထဲရှိ သက်စောင့်မီးအိမ်ဘေးတွင် ဖြစ်ပေါ်နေသော ရွှေကျီးကန်းမှာ အကြမ်းထည် မဟုတ်တော့ဘဲ အသက်ဝင်နေသကဲ့သို့ ဖြစ်နေသည်ဆိုသော အချက်ပင်။

ယင်းသည် ဝမ်ကူးဒေသကြီးတစ်ခုလုံး၌ နှိုင်းယှဉ်၍ မရအောင် အဖိုးထိုက်တန်သည့် ဧကရာဇ်အဆင့်ကျင့်ကြံခြင်းအတတ် အမွေမျိုးစေ့ပင်။

ကျင်းဝူလျန့်ဝမ့်လင် …

All Chapters