← Chapters

ကျောင်းဝင်ခွင့်......

Vol. 9 Ch. 113

ကျောင်းဝင်ခွင့်......

Vol. 9 Ch. 113

လီလော့သည် ယုလန်တို့နှင့် တွေ့ဆုံပြီးနောက်ပိုင်းတွင်လည်း ကျောင်းမဖွင့်ခင်အထိ ပဲ့တင်ထပ်သံပညာရပ်များကိုသာ လေ့လာဖြစ်ခဲ့သည်။

ထို့အပြင် မြေသစ်သားပဲ့တင်ထပ်သံကိုလည်း ဝိဉာဉ်ရည်များသုံး၍ အဆင့်လေးထိရောက်အောက် မြှင့်တင်နိုင်ခဲ့သည်။

ပဲ့တင်ထပ်သံမျိုးစေ့နှစ်ခုသည် သဘာဝစွမ်းအင်များကို တစ်​ပြိုက်နက်စုပ်ယူပေးနိုင်သောကြောင့် ကျင့်ကြံမှု ပိုမိုမြန်ဆန်လာပြီး အဆင့်တူများထက်ပင် ပိုသန်မာလာပြီဖြစ်သည်။

နောက်ဆုံးတွင် ဖန်တီးတုပထားသော ပဲ့တင်ထပ်သံများ၏ အကျိုးကျေးဇူးများကို ခံစားရန် အချိန်တန်လာပြီဖြစ်သည်။

ထိုအားသာချက်များကြောင့် ခရမ်းအဆင့်နည်းပြ တစ်ယောက်လောက်တော့ ရနိုင်ကောင်းပါရဲ့......

......................... ............... .........................

ကောလိပ်ပြန်ဖွင့်သည့်နေ့တွင် ရှမြို့တော်တစ်ခုလုံး ဆူညံပွက်လောက်ရိုက်နေလေ၏။

ကောလိပ်သည် ရှ​မြို့တော် ပိုက်နက်ထဲတွင် တည်ရှိနေခြင်းမဟုတ်သော်လည်း မြို့တော်နှင့်နေ့တစ်ဝက်ခန့်သာ ခရီးနှင်ကသော နေရာတွင်ရှိနေသောကြောင့် ရှမြို့တော်၏တရားစီရင်မှုအောက်တွင်ရှိသည်ဟုသာ ယူဆထားကြသည်။

ထို့ကြောင့် ကောလိပ်ကို သွားရောက်ချင်သူတိုင်းသည် ရှမြို့တော်ကို မဖြစ်မနေဖြတ်သန်းရပေမည်။

ကြယ်တာယာခရီးရှည်ကောလိပ်သည် ရှပြည်ထောင်စု၏ ထိပ်တန်းပြယုဂ်တစ်ခုဖြစ်သောကြောင့် လှုပ်ရှားမှုတိုင်းကို စောင့်ကြည့်ခံနေရသည်။ ယခုနှစ်အတွက် တက်ရောက်လာမည့်ကျောင်းသားသစ်များသည် တစ်နေ့တွင် ရှပြည်ထောင်စု၏အထက်တန်းအရာရှိဖြစ်လာမည့်သူများဖြစ်ကြပြီး ကံကောင်းမည်ဆိုပါက မြို့စားအဆင့်ထိရောက်နိုင်သူများလည်း ပါရှိနေနိုင်သည်။

အရည်ချင်းရှိသူများအပေါ် အခုကတည်းက ရင်းနှီးမြှုပ်နှံထားမည်ဆိုပါက နောင်တစ်ချိန်တွင် အကျိုးမြတ်များစွာဖြစ်ထွန်းလာပေလိမ့်မည်။

ယခုချိန်တွင် ရှမြို့တော်တစ်လုံး သက်ဝင်ဆူညံနေသော်လည်း လော့လန်အိမ်တော်ပိုင်ရထားလုံးသည် အစောပိုင်းကတည်းက ထွက်ခွာသွားနှင့်နေပြီ။

" ကြယ်တာယာခရီးရှည်ကောလိပ်ကို ရှပြည်ထောင်စုရဲ့ ရှေ့တောင်ဘက်အရပ်မှာရှိတဲ့ ကုခွန်တောင်တန်းကို အမှီပြုပြီးတည်ဆောက်ထားတယ်.....ကုခွန်တောင်တန်းက ရှပြည်ထောင်စုရဲ့ အရှည်လျားဆုံးနဲ့ အမြင့်မားဆုံး​တောင်တန်းဖြစ်ပြီး ရှပြည်ထောင်စုကို အပိုင်းနှစ်ခုဖြစ်အောင် ပိုင်းခြားထားပေးတယ်.....ကုခွန်တောင်တန်းပေါ်မှာ ရှပြည်ထောင်စုမှ ရှိသမျှသားရဲတွေရဲ့ တစ်ဝက်လောက်ကို တွေ့နိုင်တယ်.....အဲ့သားရဲတွေကလည်း ဘုရင်အဆင့်သားရဲတွေတောင်ရှိတာမို့ တော်ရုံ မြို့စားအဆင့်တွေတောင် လွယ်လွယ်သွားမထိရဲကြဘူး...."

လော့လန်အိမ်တော်ပိုင်ရထားလုံးထဲတွင် ကျန်းချင်းအာက ကောလိပ်နှင့်ပတ်သတ်သမျှ ဗဟုသုတများကို လီလော့အားရှင်းပြနေသည်။

" ဒါပေမယ့်လည်း ကုခွန်တောင်တန်းကို သေချာနယ်နိမိတ်သတ်မှတ်ပြီး ကျောင်းသားတွေ လေ့ကျင့်ရေးဆင်းဖို့ လွှတ်ပေးလေ့ရှိတယ်....."

ယန်လင်းချီကလည်း စီနီယာပီပီ သိထားသမျှကို ဝေမျှပေးနေပါသည်။

ယန်လင်းချီနှင့် ကျန်းချင်းအာတို့သည် ကြယ်သုံးလုံးခန်းမမှ ကျောင်းသူများဖြစ်ကြပြီး ယန်လင်းချီသည် ရှီးယန်တွင် အတွေ့အကြုံရှာရန်ရောက်ရှိနေခြင်းဖြစ်သည်။ အခု ကျောင်းဖွင့်ပြီဆိုတော့ ကျန်းချင်းအာတို့နှင့်အတူ ကျောင်းပြန်တက်ရတော့မည်။

" အချိန်ကြာလာရင် ဒီ့ထက်ပိုသိလာမှာပါ...အခုလောလောဆယ်မှာ နည်းပြရွေးဖို့ကအရေးကြီးဆုံးပဲ....ကြယ်သုံးလုံးခန်းမကို မရောက်ခင်အထိ နင််ရွေးထားတဲ့နည်းပြကသာ နင့်ကို ကူညီပံ့ပိုးပေးနိုင်မှာ....."

ကျန်းချင်းအာက လီလော့ကို ရွှေရောင်မျက်ဝန်းများနှင့် သေချာစိုက်ကြည့်နေပြီး.....

"လီလော့ ကောလိပ်ကျောင်းသားဘဝကို ပေါ့ပေါ့လေးထင်မနေနဲ့.....ခရမ်းအဆင့်နည်းပြရဲ့တပည့်ဖြစ်ရတာ နင့်နောက်မှာ မြို့စားအဆင့်တစ်ယောက်ရှိနေတယ်ဆိုတဲ့သဘောပဲ....ဒါက နင့်ရဲ့ လော့လန်အိမ်တော်သခင်ဂုဏ်ပုဒ်ထက်တောင် သာနေသေးတယ်....."

" ရှပြည်ထောင်စုမှာ လော့လန်အိမ်တော်ဆိုတာ အချိန်မရွေး ပျောက်ကွယ်သွားနိုင်တဲ့အ​ခြေနေဖြစ်နေပြီ....တ​ခြားမကြည့်နဲ့ ငါ့ကိုပဲကြည့်....ငါ့မှာ အဆင့်ကိုးပဲ့တင်ထပ်သံရှိတဲ့အတွက် အိမ်တော်ကို အုပ်ချုပ်နိုင်တယ်ဆိုတာ လူတိုင်းလက်ခံပေးနိုင်တယ်...ငါ့ကို ကြောက်လို့သာ အကောက်ကြံသူတွေ ရှေ့မတိုးဝံ့ကြတာ...ငါက ကောလိပ်ရဲ့ မျက်နှာသာပေးခံရတဲ့ပါရမီရှင်ဆိုတော့ သူတို့တွေ လွယ်လွယ်မထိရဲကြဘူး....သူတို့တွေ ငါ့ကို တိုက်ခိုက်ချင်တယ်ဆိုရင်တောင် ပွင့်လင်းပြီး တရားမျှတမှုရှိတဲ့နည်းလမ်းပဲသုံးရဲကြတယ်....ဒါတွေကိုသာ ကောင်းကောင်းကိုင်တွယ်ဖြေရှင်းနိူင်ရင် သူတို့တွေကို တန်ပြန်တိုက်ခိုက်ဖို့ မခဲယဉ်းတော့ဘူး....."

" ဒါ့ကြောင့်မို့ ကောလိပ်မှာ နင့်ရဲ့အရည်အချင်းတွေ အကုန်ထုတ်ပြပြီး အသိမှတ်ပြုခံရအောင် လုပ်ရမယ်....ဒါမှသာ လုံခြုံဘေးကင်းနိုင်မှာ....."

ခါတိုင်းထက်ပိုပြီး လေးနက်နေသော ကျန်းချင်းအာကြောင့် လီလော့ သေချာနားထောင်ပြီးခေါင်းညိတ်ပြလိုက်သည်။

ယခုချိန်တွင် လော့လန်အိမ်တော်သည် အဆီရွှဲနေသော အသားပိုင်းကြီးဖြစ်နေသဖြင့် အမဲဖြတ်ရန်ချောင်းမြောင်းနေသူပေါင်းများစွာရှိနေသည်။ ခရမ်းအဆင့်နည်းပြတစ်ယောက်သာ လီလော့နောက်တွင်ရှိနေမည်ဆိုပါက ထိုအန္တာရာယ်များကို အလွယ်တကူရှင်းလင်းနိုင်ပေလိမ့်မည်။

" စိတ်မပူပါနဲ့... ငါ အကောင်းဆုံးကြိုးစားမှာပါ....."

ယန်လင်းချီက ကျန်းချင်းအာကို ကြည့်လိုက်ပြီး........

" ချင်းအာ...နင် ထူးထူးဆန်းဆန်း စကားတွေအများကြီးပြောနေပါလား....."

ပြီးတာနဲ့ လီလော့ဘက်လှည့်လိုက်ပြီး.....

" နင့်မှာ ရေပဲ့တင်ထပ်သံရှိတယ်ဆို​တော့ ပဲ့တင်ထပ်သံပြုပြင်သူခန်းမကို ဝင်သည့်တယ်....နင်သာဆန္ဒရှိတယ်ဆို ငါ့ဘက်က ထောက်ခံပေးမယ်....."

" ကျေးဇူးပါ အစ်မလင်းချီ..... "

" နင် ကောလိပ်ကိုရောက်တာနဲ့ စာရင်းပေးဖို့နဲ့ နည်းပြရွေးဖို့ကို လင်းချီ ကူညီပေးလိမ့်မယ်....နည်းပြရွေးတဲ့ပွဲက ကြီးကျယ်ခမ်းနားတဲ့ပွဲဆိုတော့ ရှပြည်ထောင်စုရဲ့ အင်အားစုတွေက ကိုယ်စားလှယ်တွေ လွှတ်လိုက်ကြလိမ့်မယ်....."

" နင် ငါနဲ့ မလိုက်ပေးဘူးလား...."

" ငရဲဆန်တဲ့ အတွေ့ကြုံမျိုးတွေလိုချင်တယ်ဆို ငါ လိုက်ခဲ့ပေးမယ်လေ...ဘယ်လိုလဲ"

" နေပါစေတော့ ...နည်းနည်းလောက် သန်မာတဲ့အထိ စောင့်ပါရစေဉီး...."

ကျန်းချင်းအာသည် ကောလိပ်တွင် နာမည်ကြီးသူတစ်ယောက်ဖြစ်သောကြောင့် လီလော့နှင့်သာ အတူလိုက်သွားပါက ကိုယ့်သေတွင်းကိုယ်တူးနေသလိုဖြစ်နေပေလိမ့်မည်။

လီလော့၏ အမူအရာကိုကြည့်ပြီး ယန်လင်းချီက အော်ဟစ်ရယ်မောနေသော်လည်း ကျန်းချင်းအာကတော့ ပြုံးရုံသာပြုံးနေလေ၏။

နာရီဝက်ခန့် ခရီးနှင်ပြီးချိန်တွင် ကျယ်လောင်သော ဆူညံသံများကြောင့် လီလော့ လိုက်ကာ ဖွင့်ကြည့်လိုက်သည်။

မိုးကုပ်စက်ဝိုင်းအလွန်ကို မမြင်နိုင်လောက်အောင်မြင့်မားသော တောင်တန်းကြီးတစ်ခုသည် ရှေးကျသော အငွေ့အသက်တစ်ချို့ဖြင့် ရင်သပ်ရှုမောဖွယ်ကောင်းစွာတည်ရှိနေသည်ကို မြင်လိုက်ရသည်။

တိမ်တွေဆီ ဉီးတည်သွားသည်ဟုပင် ထင်ရလောက်သည့် တောင်တက်လှေကားအဆုံးတွင် အဖြူရောင်ကျောင်းစိမ်းဖြင့် ပြုလုပ်ထားသော မုဂ်ဉီးတစ်ခုရှိပြီး ၎င်းပေါ်တွင်ရေးသားထားသော စာလုံးများသည် ကမ္ဘာတစ်ခုလုံးကို ဖိနှိပ်နိုင်သည်အထိ လေးလံလှသော ဖိအားများကို ထုတ်လွှတ်လျှက်ရှိသည်။

မုဂ်ဉီးပေါ်တွင်ရေးသားထားသည်က....

ကြယ်တာယာခရီးရှည်ကောလိပ်ဟူ၍ပင်......

" အဲ့စာလုံးတွေကို ဘုရင်အဆင့် ကျင့်ကြံသူရေးပေးသွားတာ....."

ကျန်းချင်းအာ၏ အသံ​ကြောင့် လီလော့ မှင်သက်နေရာမှ သတိပြန်ဝင်လာခဲ့သည်။

ဘုရင်အဆင့်တဲ့.....

ထိုစာလုံးများတွင် ကိုယ်ပိုင်အသက်၊ စွမ်းရည်၊ အနှစ်သာရ၊ စိတ်ဝိညာဉ်တို့ကိန်းအောင်းနေပုံရသည်။

ထိုမုဂ်ဉီးကြီးကို ကြည့်နေရင်းဖြင့် လီလော့၏ မျက်ဝန်းများတွင် မျှော်လင့်ချက်များ တဖြတ်ဖြတ်လင်းလက်လာခဲ့သည်။

ဤကျောင်းတော်တွင် ဘဝစာမျက်နှာသစ်ကိုစတင်ရပေတော့မည်။

All Chapters