အချောလေးတို့ညီအစ်မ.....
Vol. 9 Ch. 114
တောင်ခြေသို့ရောက်သည်နှင့် ကျန်းချင်းအာကအရင်ဆင်းသွားပြီး တောင်ပေါ်သို့တစ်ယောက်တည်း တက်သွားလေ၏။
ယန်လင်းချီနှင့် လီလော့တို့က အနည်းငယ်နောက်ကောက်ချန်၍သာ လိုက်ပါသွားခဲ့ကြသောကြောင့် လမ်းတစ်လျှောက်တွင် ကျန်းချင်းအာကို တရိုတသေနှုတ်ဆက်နေသော ကျောင်းသား၊ကျောင်းသူပေါင်းများစွာကို တွေ့မြင်နေရသည်။
သူမကို တစ်ခါမှမမြင်ဖူးသည့် ကျောင်းသားသစ်များပင်လျှင် တလေးတစားနှင့် အံ့သြမှင်သက်စွာ နှုတ်ဆက်နေကြသည်။
ဤသည်မှာ အဆင့်ကိုးဒဏ္ဍာရီလာပဲ့တင်ထပ်သံပိုင်ရှင်ကျန်းချင်းအာပင်ဖြစ်လေ၏။
သူမသည် ကြယ်တာတယာခရီးရှည်ကောလိပ်တွင်သာမက ရှပြည်ထောင်စုတစ်ခုလုံးတွင်ပါ ကျော်ကြားသူဖြစ်သည်။
ထိုသို့သော ဒဏ္ဍာရီလာနတ်ဘုရားမနှင့် တစ်ကျောင်းတည်းအတူတက်ရမည်ကို မည်သူမပျော်ဘဲနေမည်နည်း။
" ဝိုးးး အစ်မကြီးချင်းအာကတော့ တကယ့်ကို နာမည်ကြီးနေတာပဲ...."
"ဒါက ဘာမှမဟုတ်သေးဘူး....နောက်ဆိုရင် နင့်ဇနီးလောင်းလေးရဲ့ ပရိတ်သတ်တွေအကြောင်း နင် ကောင်းကောင်းသိလာလိမ့်မယ်....."
လီလော့ သက်ပြင်းချရုံသာတတ်နိုင်ရှာတော့သည်။
// သိပ်မကြာခင်မဟုတ်ပါဘူး....အခုကတည်းက သိနေပါပြီ....ခရမ်းအဆင့်နည်းပြကတောင် သူ့ကိုသဘောကျနေတာဆိုတော့ ဒီ့ထက်ပိုဆိုးလာစရာမရှိလောက်တော့ဘူး....//
ရှုပ်ထွေးလှသော ခံစားချက်များကိုယ်စီနှင့် တောင်တက်လှေကားကို တဖြည်းဖြည်းချင်း တက်လှမ်းလာကြပြီးနောက် ကျောက်စိမ်းမုဂ်ဝကိုကျော်ဖြတ်လာပြီးချိန်တွင် မြင်ကွင်းများသည် ပြဇာတ်ဆန်ဆန်ပြောင်းလဲသွားလေ၏။
အရင်ဉီးဆုံးအနေဖြင့် မြင့်မားလှသော အဆောက်အဉီးပေါင်းများစွာကို တွေ့မြင်လိုက်ရသည်။
ထိုအဆောက်အဉီးများသည် နှစ်ပေါင်းထောင်ချီ သက်တမ်းရှိကြသော ရှေးဟောင်းအမွေအနှစ်များဖြစ်ကြပြီး ထူးချွန်သော ပါရမီရှင်ပေါင်းများစွာကို မွေးထုတ်ပေးခဲ့သော နေရာဆိုလည်း မမှားပေ။
ကောင်းကင်တစ်ခုလုံးဖုံးလွှမ်းထားမတတ် ကြီးမားလှသော သစ်ပင်ကြီးများနှင့် ယှဉ်ပါက ထိုအဆောက်အဉီးများသည် အရုပ်သာသာမျှသာရှိပေတော့သည်။
ကြီးမားလွန်းလှသော ရှန်းလိသစ်ပင်များသည် ထာဝရရှင်သန်နေသော သစ်ပင်ကြီးများသဖွယ်ဖြစ်နေပြီး ၎င်းတို့နှင့်ယှဉ်လိုက်ပါက အရာအားလုံးသည် သေးငယ်ပျောက်ကွယ်သွားမတတ်ပင်။
ရှန်းလိသစ်ပင်ကြီးများ၏ အကိုင်းအခက်များသည် ကောလိပ်ဧရိယာတစ်ဝက်လောက်ကို ဖုံးအုပ်ထားပြီး သဘာဝစွမ်းအင်များကို ပြင်းထန်သော အရှိန်ဖြင့် စုပ်ယူစုဆောင်း
နေသည်ကို ခပ်ဝေးဝေးကပင် ခံစားနေရသည်။
ထိုသို့သော အပင်များဆီမှ တော်ဝင်သစ်စေးရရှိသည်မှာ ထူးဆန်းမနေတော့ပေ။
မှန်ပေသည်။ နန်ဖန်းကျောင်းတော်မှ ရှန်းလိသစ်ပင်များသည် ကောလိပ်မှ အပင်များနှင့်ယှဉ်လိုက်ပါက အပင်ပေါက်သာသာမျှပင်ရှိတော့သည်။
လီလော့ မှင်သက်နေဆဲမှာပင် ယန်လင်းချီက ကျောင်းသားသစ်နာမည်စာရင်းပေးသွင်းရမည့်နေရာဆီ ဆွဲခေါ်သွားလေ၏။
စာရင်းပေးသွင်းပြီးသွားသည့်အခါ နည်းပြရွေးချယ်ရာတွင် လိုအပ်သော ကျောက်စိမ်းပြားတစ်ခုကို လက်ခံရရှိလိုက်သည်။
စာရင်းလက်ခံပေးနေသူသည် ကြယ်နှစ်လုံးခန်းမမှ ကျောင်းသားတစ်ဉီးဖြစ်ပြီး လီလော့၏ ကိုယ်ရေးအချက်အလက်များကို သေချာဖတ်ရှုနေပြီး တစ်ခုခုကို သေချာစဉ်းစားနေပုံရသောကြောင့် ယန်လင်းချီသည် လီလော့ကို အမြန်ဆွဲခေါ်လာခဲ့ရသည်။
လီလော့တို့ ထွက်လာချိန်တွင် ဆူဆူညံညံအသံအချို့ကြားလိုက်ရသောကြောင့် လှည့်ကြည့်လိုက်သောအခါ လူအုပ်ကြားထဲမှ ထွက်လာသော မိန်းမလှနှစ်ဉီးကို လှမ်းမြင်လိုက်ရသည်။
မိန်းမလှနှစ်ဉီးထဲမှ တစ်ဉီးသည် ခန္ဓာကိုယ်ပိန်သွယ်ပြီး ဆံပင်များကို နားရွက်နောက်တွင် သပ်ရပ်စွာညှပ်ထားသည်။သူမ၏ မျက်နှာပေါ်တွင် တင်းတိပ်အချို့ရှိနေပြီး သူမအနားကို မည်သူမျှမကပ်ရဲလောက်သည့်အထိ အေးစက်တင်းမာသောအမူအရာရှိနေသည်။
သူမသည် ယုလန်၏ ထိပ်တန်းကျောင်းသားစာရင်းတွင် တတိယနေရာတွင်ရှိနေသည့် ပိုင်တုတုဖြစ်သည်။
ပိုင်တုတု၏ အနောက်တွင်ရှိနေသော မိန်းကလေးသည် ပိုင်တုတုနှင့်မတူဘဲ နွေးထွေးသက်ဝင်လှသော အမူအရာရှိနေသည်။
ပိုင်တုတုနှင့် ယှဉ်လိုက်ပါက ထိုမိန်းကလေးသည် အရပ်အနည်းငယ်ပုသည်ဆိုသော်လည်း ထိုပုံစံလေးကပင် သူမကို ထွေးပွေ့ထားချင်စိတ်ဖြစ်ပေါ်လာစေသည်။
ထိုမိန်းကလေးသည် လုချင်းအာကို ကျော်လွန်၍ အချောအလှစာရင်းတွင် နံပါတ်တစ်ရထားသူ ပိုင်မျန်မျန်ပင်ဖြစ်သည်။
ကျောင်းသားသစ်များကြားထဲ ထိုညီမနှစ်ယောက်ကို လီလော့လည်း သတိပြုမိနေခဲ့သည်။
ပိုင်မျန်မျန်သည် လုချင်းအာနှင့်ယှဉ်နိုင်လောက်သည်အထိ လှပသူတစ်ဉီးဖြစ်သည်။ ထို့ကြောင့်လည်း ယုလန်တစ်ယောက် ဒုက္ခရောက်ခံပြီး သူမကို နံပါတ်တစ်ပေးထားခဲ့ခြင်းဖြစ်သည်။
" တန်ဖိုးမရှိတဲ့ ယင်ကောင်တွေ.. ရှူး ရှူး....."
ညီမဖြစ်သူကို မျက်လုံးကျွတ်ကျမတတ်ကြည့်နေကြသူများကို ပိုင်တုတုကလည်း အေးစက်သော အကြည့်များ ပြန်ပစ်လွှတ်နေသည်။
သူမကိုကြောက်၍ လူစုခွဲသွားကြသူများကို ပိုင်တုတု နှာခေါင်းရှုံ့လိုက်ပြီး ညီမဖြစ်သူကို စာရင်းသွင်းရန် ဉီးဆောင်ခေါ်ယူသွားခဲ့လေသည်။
လိီလော့တို့ နောက်ပြန်လှည့်လိုက်ချိန်တွင် ဒူဇီပိုင်ရွှမ်းစိုက်ကြည့်နေသည်ကို မြင်လိုက်ရသည်။
ဒူဇီပိုင်ရွှမ်း၏ဘေးတွင် မိန်းကလေးတစ်ဉီးအတူရှိနေပြီး ထိုမိန်းကလေး၏ ဆံပင်များသည် ပိုင်ရွှမ်းကဲ့သို့ပင် ရဲရဲနီနေသည်။
ထိုမိန်းကလေးသည် လှပသော်လည်း မျက်ဝန်းများထဲတွင် ယုတ်မာကောက်ကျစ်သော အရိပ်အယောင်တစ်ချို့ရှိနေသည်။
" နင်က လီလော့လား....."
ထိုမိန်းကလေးသည် ပိုင်ရွှမ်းနှင့်အတူရှိနေသောကြောင့် ဘယ်နည်းနှင့်မျှ လီလော့အတွက် မိတ်ဆွေဖြစ်နိူင်မည်မဟုတ်ပေ။
" ဟုတ်တယ်....."
ယန်လင်းချီကလည်း ထိုမိန်းကလေးကို ကြည့်လိုက်ပြီး.....
" နင်ဘာလုပ်မလို့လဲ ဒူဇီဟုန်လျန်....."
ယန်လင်းချီ ပြောလိုက်မှသာ ထိုမိန်းကလေးသည် ဒူဇီအိမ်တော်သားတစ်ယောက်မှန်း လီလော့သိလိုက်ရသည်။
" ယန်လင်းချီ.....ငါက ကျန်းချင်းအာရဲ့ သတို့သားလောင်းလေးကို တွေ့ချင်ရုံပါ...နင်ကဘာလို့များ ဒီလောက်တောင် သတိကြီးနေတာလဲ....."
သူမ၏ အသံသည် အနီးအနားတွင်ရှိသောသူများကို ဆွဲဆောင်သွားနိုင်ခဲ့သောကြောင့် လီလော့ကို အားလုံးက အာရုံစိုက်လာကြသည်။
" အဲ့တာ ကျန်းချင်းအာရဲ့သတို့သားလောင်းလား....."
" ဟုတ်တယ်....သူက ....ကျန်းချင်းအာနဲ့ စေ့စပ်ထားတဲ့ လော့လန်အိမ်တော်သခင်လေး လီလော့...."
"စိတ်ပျက်စရာကောင်းလိုက်တာ....ဒီကောင်လေးမှာ ဘာအရည်အချင်းရှိလို့ စီနီယာချင်းအာနဲ့ စေ့စပ်နိုင်ရတာလဲ....ရုပ်ချောတာကလွဲရင် ဘာများသုံးစားလို့ရလို့လဲ..... "
" ဒါပေမယ့် အမှန်တိုင်းဝန်ခံရရင် ဒီကောင်တော်တော်ရုပ်ချောတာပဲ....."
" ကျစ်...အမြင်ကျဉ်းလိုက်ကြတာ....ရုပ်ချောတော့ရောဘာဖြစ်လဲ...ကောလိပ်မှာလဲ ရုပ်ချောတဲ့သူတွေ ပေါလွန်းလို့.....နေစမ်းပါဉီး ငါတို့ပြောနေတာက သန်မာမှုအကြောင်းပါ...ဘယ်လိုဖြစ်ပြီး ရုပ်ချောတဲ့အကြောင်းကိုရောက်သွားတာလဲ...."
" ........"
ယခုချိန်တွင် လီလော့သည် မနာလိုမုန်းတီးသော ဝေဖန်ကဲ့ရဲ့သံများ၏ သားကောင်ဖြစ်နေရှာသည်။
လီလော့ ရေငုံနှုတ်ပိတ်နေဖို့ စဉ်းစားထားသော်လည်း ပြသာနာသည် သူ့ထံသို့နောက်တစ်ကြိမ်ဉီးတည်လာပြန်သည်။
"ဒူဇီဟုန်လျန်....နင် ဘယ်သူ့ကို ပြသာနာလာရှာနေတာလဲ ကျန်းချင်အာကို မနိုင်တိုင်း လီလော့ကို လာမဲနေစရာမလိုဘူး...."
ယန်လင်းချီ၏ ဒေါသတကြီးပြောဆိုသံသည် လီလော့အတွက် နွားရိုင်းကို ပိတ်စအနီပြလိုက်သလိုပင်.....
" ငါက မသိနားမလည်သေးတဲ့ ဂျုနီယာတွေကို ဗဟုသုတရအောင်ပြောပြပေးရုံပါ...နင်ဘာလို့ ဆတ်ဆတ်ထိမခံဖြစ်နေတာလဲ...."
ဒူဇီဟုန်လျန်သည် အဆိပ်ပြင်းသောမြွေတစ်ကောင်နှင့်တူသည်။
" နင်...နင်...."
ယန်လင်းချီ ဘေးကျပ်နံကျပ်ဖြစ်နေလေပြီ။ ဟုတ်သည်ဟု ဝန်ခံလိုက်ပြန်လည်း လီလော့ လူမုန်းခံရတော့မည်။ မဟုတ်ဘူးလို့ ငြင်းလိုက်ပြန်လည်းသိက္ခာကျရပေမည်။
လီလော့ သူမကို သေချာစိုက်ကြည့်လိုက်ပြီး ရှေ့သို့ နှစ်လှမ်းတိုးလိုက်သော်လည်း ဒူဇီဟုန်လျန်သည် ခပ်တည်တည်ပြန်ကြည့်နေပြီး နောက်ဆုတ်မည့်ပုံမပေါ်ပေ။
" ဒူဇီဟုန်လျန်..... "
လီလော့ဘက်က ချိုသာစွာခေါ်လိုက်သောလည်း.....
" ဘာလဲ...နင်တို့ဘက်က ပြန်မဖြေနိူင်ဘူးမလား....."
" ဒူဇီဟုန်လျန်!!!!!..... "
လီလော့၏ အော်သံထဲတွင် စိတ်မရှည်မှုများ ၊အမျက်ဒေါသများ ပြည့်ဝစွာပါဝင်နေပြီး အသံတော်တော်ကျယ်သောကြောင့် အကုန်လုံးနီပါးကြားလိုက်ရသည်။
လီလော့က မယုံကြည်နိုင်ဟန်နှင့် နောက်ပြန်ဆုတ်လာပြီး ပါးစပ်ကနေလည်း......
"ခင်ဗျား ကျုပ်ကို ဖိအားတွေမပေးပါနဲ့တော့....သဘောကျနေတယ်လို့လဲ ဝန်မခံပါနဲ့တော့....ကျုပ်မှာ စေ့စပ်ထားတဲ့သူရှိပြီးသားမို့ ကျုပ်တို့တွေ ဘယ်လိုမှမဖြစ်နိုင်ဘူးလို့ ပြောပြီးသားပါ...ခင်ဗျားဘက်က အငယ်အနှောင်းဖြစ်ချင်နေရင်တောင် ကျန်းချင်းအာက သဘောတူမှာမဟုတ်ဘူး...ကျေးဇူးပြုပြီး ကျုပ်ကိုလွှတ်ပေးပါတော့....."
လီလော့၏ အော်သံကြောင့် ပတ်ဝန်းကျင်တစ်ခုလုံးတိတ်ဆိတ်သွားပြီး ဒူဇီဟုန်လျန်၏ မောက်မာနေမှုများပင် အေးခဲသွားလေ၏။