မင်း ငါ့ကိုစိန်ခေါ်နေတာလား....
Vol. 9 Ch. 116
ကျန်းချင်းအာက စီထျန်းမင်ကို လုံးဝလျစ်လျူရှုထားခဲ့ပြီး.....
" လီလော့မှာ အခွင့်ရေးကို အမိအရဖမ်းဆုပ်တတ်တဲ့ အားသာချက်ရှိတယ်...."
ကျန်းချင်းအာတို့၏ရှေ့တွင် စီထျန်းမင် လုံးဝဉသုံ အကူညီမဲ့နေခဲ့သောကြောင့် လီလော့ကို သတိပေးသည့်အနေဖြင့် တစ်ချက်ကြညိ့လိုက်ပြီး လှည့်ပြန်သွားခဲ့လေသည်။
စီထျန်းမင် မရှိတော့သည့် အခါမွသာ ကျန်းချင်းအာက.....
" စာရင်းသွင်းပြီးပြီလား...."
လီလော့ကလည်း ကျောက်စိမ်းပြားလေးကို ထောင်ပြလိုက်သည်။
" ဒါဆို နည်းပြရွေးဖို့ ကျောင်းသားသစ်ခန်းမထဲသွားကြမယ်...."
" အတူတူသွားမလို့လား...."
" ဒီအခြေနေရောက်နေမှတော့ ဘာမှဖုံးကွယ်နေစရာမလိုတော့ဘူး.....ပြီးတော့ ငါသာ ဖာသိဖာသာနေမယ်ဆို နင်လည်း ခပ်ပေါ့ပေါ့နေ နေဉီးမှာမဟုတ်လား....အခုလို အတူသြားလိုက္တာ အကောင်းဆုံးပဲ....."
" အကောင်းဆုံး? ??"
လီလော့ ငြင်းမရတော့တာကြောင့် ကျန်းချင်းအာနောက်ကိုသာ လိုက်ခဲ့ရလေသည်။
" ဒူဇီဟုန်လျန် ဘာပြသာနာရှိလို့လဲ..... "
" ငါ့ကို သုံးနှစ်ဆက်တိုက်ရှုံးထားတာဆိုတော့ငါ့ကိုမနိုင်လို့ နင့်ဘက်လှည့် မဲတာ...."
" ဒါတော့ မတရားဘူး...ငါက ကလေးပဲရှိသေးတာကို....."
" ကေလးတဲ့လား..ငါနဲ့ ဒူဇီဟုန်လျန်တို့ ယောက်ကျားပြိုင်လုတဲ့အကြောင်းတွေ အဆုံးမရွိ ကောလဟာလပြန့်နေလောက်ပြီ....."
" ဒါကေတာ့ ငါ့မွာ ပြန်ခုခံနိုင်တဲ့ ခွန်အားမှမရှိတာ...အဲ့တော့ စကားနဲ့ပဲ အနိုင်ယူရတာပေါ့..အဲ့တာက အသားနာတာထက် အဆပေါင်းများစွာ ပိုဆိုးတယ်...."
ဘေးလူတွေရဲ့ အကြည့်တွေကို လျစ်လျုရှုထားလိုက်ပြီး သုံးယောက်သား စကားတပြောပြောနဲ့လျှောက်လာခဲ့ကြသည်။
ခုနက ပွဲကြည့်နေကြသူများထဲတွင် ပိုင်တုတုတို့ ညီအစ်မနှစ်ယောက်လည်း ရှိနေခဲ့သည်။
" ကျန်းချင်းအာဆိုတာ သူလား.......လွလိုက္တာ....."
ပိုင်မျန်မျန်က ပင့်သက်ရှိုက်သံနဲ့ ချီးကျူးစကားဆိုနေလေ၏။
"အဆင့်ကိုး အလင်းပဲ့တင်ထပ်သံပိုင်ရှင်....."
ပိုင်တုတုကလည်း မှင်သက်နေဟန်နှင့်.......
" တကယ့် ဒဏျဏ်ဏ္႑ာရီတဈခုလိုပဲ...အဆင့်ကိုးပဲ့တင်ထပ်သံရဲ့စွမ်းအားက ဒူဇီဟုန္လ်န္လို သန်မာသူကိုတောင် လွယ်လွယ်လေး အနိုင်ယူလိုက်နိုင်တယ်..."
"လီလော့ဆိုတဲ့တစ်ယောက်က လော့လန်အိမ်တော်သခင်လေးလား....သူက တကယ်ပဲ ကျန်းချင်းအာနဲ့စေ့စပ်ထားတာလား...."
ပိုင်မျန်မျန်က ပြောနေရင်းကနေ တခစ်ခစ်ရယ်မောလိုက်ပြီး.....
" လီလော့က တကယ်ချောတယ်နော်...."
ပိုင်တုတုက ညီမျဖစ္သူကို ခပ်တင်းတင်းကြည့်ကာ......
" အဲ့ကောင်နဲ့ဝေးဝေးနေ...ဘယ်ကိစ္စနဲ့မှ သွားမပတ်သတ်နဲ့....ကြားလား...."
" မမ ဘာတွေပြောနေတာလဲ....ညီမေလး သူ့ကိုစိတ်မဝင်စားပါဘူး...ညီမေလးက ဝိဉာဉ်ရည်နဲ့ သန့်စင်တဲ့အလင်းတွေကိုပဲ စိတ်ဝင်စားတာပါ....."
ညီမျဖစ္သူ အပြောကြောင့် ပိုင်တုတု ကျေနပ်စွာခေါင်းညိတ်လိုက်တယ်....သူ့ညီမလေးက သိတ်နူးညံ့တာ...လီလော့လို ကောင်မျိုးလက်ထဲသာရောက်သွားရင် ဟိုကောင်က ကောင်းကောင်းကြီး လှည့်စားသွားလိမ့်မယ်...အဲ့တော့ သူ့ညီမကို လီလော့နဲ့ဝေးရာမှာ ထားမှဖြစ်မယ်.....
" တဆိတ်လောက်....ညီမက ပိုင်မျန်မျန်လား"
အေနာက္ကေန ကြားလိုက်ရတဲ့ နွေးထွေးပြီး ဆွဲဆောင်မှုရှိတဲ့ အသံကြောင့် ညီအစ်မနှစ်ယောက် လှည့်ကြည့်လိုက်တော့ သူတို့ကို မဆိုသလောက် မျက်မှောင်ကြုတ်ပြီးကြည့်နေတဲ့ လူငယ်တစ်ယောက်ကို တွေ့လိုက်ရလေ၏။
" မဂ္လာပါ....ကျုပ်နာမည် ယုလန်ပါ....မင်းတို့နဲ့ မိတ်ဆွေဖွဲ့ချင်လို့ပါ...."
ယုလန္က အတောက်ပဆုံးသော အပြုံးမျိုးတွေ ပြုံးပြနေသော်လည်း ပိုင်မျန်မျန်က ယုလန်ကိုမြင်လိုက်တာနဲ့ ဘာတစ်ခွန်းမှ မပြောဘဲ အစ်မဖြစ်သူနောက်တွင် ဝင်ပုန်းနေခဲ့သည်။
" ဝေးဝေးသွားစမ်း...."
ပိုင်တုတုက အေးစက်သော လေသံနှင့် မောင်းထုတ်လိုက်သော်လည်း ယုလန္က ရိုးသားမှုအပြည့်နှင့်.....
" ခင်ဗျားတို့နဲ့ မိတ်ဆွေဖွဲ့ချင်ရုံကလွဲရင် ကျွန်တော့်မှာ တျခား ရည်ရွယ်ချက် ဘာမွမရွိပါဘူးဗ်ာ....."
" ငါနင့်ကို ဒီနေရာကနေ ထွက်သွားဖို့ သုံးစက္ပကန့်အချိန်ပေးမယ်....နင် မသွားသေးဘူးဆိုရင် နည်းပြရွေးတဲ့ အဆင့်ကိုတောင် မြင်လိုက်ရမှာမဟုတ်ဘူးနော်....."
ပိုင်တုတု၏ လေသံသည် ပြောသာ့်အတိုင်း လုပ်မည့်ပုံပေါ်သည်။ထို့ကြောင့် ယုလန် တပ်ခေါက်ပြန်ပြေးခဲ့ရလေသည်။
" ဟွန့် သူရဲဘောကြောင်တဲ့ကောင်ကများ ငါရှိနေရက်နဲ့တောင် ငါ့ညီမကို လာကြောင်ရဲသေးတယ်....."
" မမ...မိန်းကလေးဖြစ်ပြီး အဲ့လိုစကားမျိုးတွေ မပြောဖို့ အမေနဲ့အဖေ မှာထားတယ်လေ....."
" ပြောစရာရှိတာပြောရမှာပဲ...."
ပိုင်တုတုတစ်ယောက် ပြောပြောဆိုဆိုနဲ့ ညီမျဖစ္သူလက္ကိုဆြဲကာ လှည့်ထွက်လာခဲ့ပါတော့သည်။
............................................
လီလော့တို့ သုံးဉီး နည်းပြရွေးချယ်ပွဲကျင်းပမည့်နေရာသို့ ရောက်လာချိန်တွင် အကြည့်ပေါင်းများစွာ၏ ပစ်မှတ်ဖြစ်လာခဲ့သည်။
လီလော့တို့ရောက်ရှိနေသော ခန်းမကြီးသည် မိုးကောင်းကင်ထိခုမတတ်မြင်မားသော အမိုးခုံးသဏျဏ်ဏ္႑နြ အဆောက်အဆုံကြီးတစ်ခုဖြစ်ပြီး ပရိတ်သတ်များအတွက် ထိုင်ခုံနေရာများကို ပြဇာတ်ရုံသဖွယ် စီစဉ်ပေးထားသည်။
ခန်းမထဲတွင် ခန့်မှန်းချေ လူတစ်ထောင်ခန့်လောက်ရှိပေမည်။
" နင်သွားရမယ့်နေရာကို ကျောက်စိမ်းပြားပေါ်မှာရေးပေးထားတယ်မဟုတ်လား....အဲ့ကိုသွားပြီး နည်းပြရွေးဖို့စောင့်နေလိုက်တော့....."
" နည်းပြရွေးပွဲ စနေပြီလား...."
" မစေသးဘူး....နင် အဲ့နေရာမှာ သွားစောင့်နေရုံပဲ...ရွေးချယ်ပွဲစပြီဆိုတာနဲ့ နင်တို့ကို တခြားနေရာတစ်ခုဆီ နေရာကူးပြောင်းပေးလိမ့်မယ်....."
" ကောင်းပြီ...."
အတွေ့အကြုံရှိသော ကျန်းချင်းအာက လီလော့ကို သိသင့်သမျှအားလုံးကို ရှင်းပြနေသည်။
" သွားတော့...ကံကောင်းပါစေ လီလော့ရေ......"
ယန်လင်းချီက လီလော့ကို အားပေးစကားပြောလိုက်ပြီး ကျန်းချင်းအာကို ဆွဲခေါ်သွားလေတော့သည်။
မိန်းမလှနှစ်ဉီး ထွက်ခွာသွားသည့်အခါ လီလော့တစ်ဖက်ကိုလှည့်ပြီး ကျောက်စိမ်းပြားပေါ်ရေးထိုးထားသော တည်နေရာကို ဖတ်ကြည့်လိုက်သည်။
"မြောက်ဘက်က သုံးခုမြောက်စက်ဝိုင်း....ဒေါင်လိုက်က ၃၉...အလ်ားလိုက္က ၅၆......"
လီလော့ လူအုပ်ကြီးထဲကို တိုးဝင်ကာ ကျောက်စိမ်းပြားပေါ်ရေးထွင်းထားသော တည်နေရာကို လိုက်ရှာလိုက်တော့သည်။
တခဏအကြာတွင် မြေပြင်ပေါ်တွင် ရှုပ်ထွေးစွာရေးဆွဲထားသော အချင်းတစ်မီတာခန့်ရှိသော စက်ဝိုင်းကြီးများကို တွေ့မြင်လိုက်ရသည်။
ထိုစက်ဝိုင်းကြီးများသည် တည်နေရာကူးပြောင်းပေးမယ့် အစီအရင်များဖြစ်ကြသည်။
နောက်ဆုံးတွင် လီလော့ ကိုယ်ပိုင်တည်နေရာကို ရှာတွေ့ခဲ့ပြီဖြစ်သည်။ သို့သော်လည်း ထ်ုနေရာကို လူတော်တော်များများက ထိတ်လန့်သောအကြည့်များနှင့် ကြည့်နေကြသည်။
စက်ဝိုင်းအလယ်တည့််တည့်တွင် အရင်ရောက်နှင့်နေသူတစ်ဉီးရှိနေသည်။
ထိုသူသည်၏ ဆံပင်သည်ဂုတ်ထောက်ရုံလောက်သာ ရှည်လျားပြီး မျက်နှာပေါ်တွင် ကျားတစ်ကောင်သဖွယ် အစင်းကြောင်းများ ရှိနေသောကြောင့် အခြားသူများ ထိတ်လန့်နေရခြင်းကို လီလော့ နားလည်ခဲ့လေပြီ.....
ထိုသူသည် ကျောင်းသားသစ်စာရင်း၏ ထိပ်ဆုံးအဆင့်ကျောင်းသား ချင်ဇူလုဖြစ်သည်။
" တကယ်ကို ကြောက်စရာကောင်းတာပဲ....."
ချင်ဇူလုသည် ပန်းချီကားထဲမှာထက် အပြင်မှာ ပိုကြောက်စရာကောင်းနေလေ၏။
ထို့ကြောင့်လည်း ဘယ်သူမှ အနားမကပ်ရဲကြပေ။
လီလော့ နှစ်ကြိမ်ခန့် စစ်ဆေးကြည့်လိုက်သောအခါ ချင်ဇူလုရပ်နေသောနေရာသည် သူ့နေရာဖြစ်နေသည်ကို အံအားသင့်ဖွယ်တွေ့မြင်လိုက်ရသည်။
လီလော့ သူ့အနား သွားရပ်လိုက်သည့်အခါ ချင်ဇူလုကလည်း မျက်လုံးဖွင့်ကြည့်လာခဲ့သည်။ချင်ဇူလု၏ အကြည့်များသည် သားရဲကောင်များသဖွယ် စူးရှတောက်ပနေသည်။
" တဆိတ်လောက်.... ပြောရမှာ အားနာပါတယ်...အဲ့တာ ငါ့နေရာ...."
ချင်ဇူလုက တည်နေရာပြအမှတ်အသားကို တစ်ချက်ငုံ့ကြည့်လိုက်ပြီး လီလော့ကိုသာ မျက်နှာသေနှင့်ပြန်ကြည့်နေလေ၏။
" စိတ်မရှိပါနဲ့... ဒါ ငါ့နေရာ...."
လီလော့ နောက်တစ်ခါ ထပ်ပြောလိုက်သည့်အခါ ချင်ဇူလုက သူ့ကို စိုက်ကြည့်နေပြီး.....
" မင်း ငါ့ကို စိန်ခေါ်နေတာလား....."
လီလော့ ဆွံ့အနေမိခဲ့သည်။
// ဘာလ်ိုတွေ ပြောလိုက်တာလဲကွာ... မင်းနေရာမှားနေတယ်လို့ ပြောနေတာလေကွာ.....//
" ငါ မင်းကို စိန်ခေါ်နေတာမဟုတ်ပါဘူး....ဒါ ငါ့နေရာလို့ပြောနေတာပါ....မင်းရဲ့ ကျောက်စိမ်းပြား ခဏပြ....."
ချင်ဇူလုက ကျောက်စိမ်းပြားထုတ်ပေးလိုက်ပြီး လီလော့ကိုသာ မမှိတ်မသုန်ကြည့်နေခဲ့သည်။
"ဒီမှာကြည့် မင်းရဲ့တည်နေရာက တောင်ဘက်က ခြောက်ခုမြောက်စက်ဝိုင်း....ဒေါင်လိုက်က ၇၆...အလျားလိုက်က ၅၆....တွေ့လား...."
ချင်ဇူလုက ကျောက်စိမ်းပြားကို ပြန်သိမ်းလိုက်ပြီး.....
" မင်း ငါ့ကို စိန်ခေါ်နေတာလား..."ဟူ၍သာ ထပ်မေးနေပြန်သည်။
" ဘယ်သူက မင်းကို စိန်ခေါ်နေလို့လဲ...မင်းကသာ ငါ့ကိုစိန်ခေါ်နေတာလေ....."
လီလော့ ပေါက်ကွဲနေလေပြီ.....
// ဒီကောင် စစ်တပ်ကျောင်းသားမဟုတ်လောက်ဘူး...လူရိုင်းကျောင်းသားပဲဖြစ်ရမယ်...ဒီကောင် လူစကားရော နားလည်ရဲ့လားမသိဘူး....//
လီလော့ သူ့ကို တခဏကြာအောင်စိုက်ကြည့်လိုက်ပြီး......
" မင်း...တည်နေရာရှာမရလို့ မလား...."
ကွင်းပြင်ကျယ်ကြီး အတွင်းရှိ တည်နေရာအစီအရင်သည် အတော်လေးရှုပ်ထွေးလှသောကြောင့် လီလော့ပင်လျှင် အတော်အချိန်ယူခဲ့ရသည်။ ထိုငတုံးကောင်အတွက်မူ ပြောနေရန်ပင်မလိုတော့ပေ။
ချင်ဇူလုသည် လီလော့ကို ပို၍ပင် ပြင်းထန်စွာ စိုက်ကြည့်လိုက််သော်လည်း ထိုအကြည့်များထဲတွင် မလုံခြုံမှုအချို့ကို ဖုံးကွယ်ထားသည်ဟု ခံစားနေမိသည်။
" ကဲ...ဒါဆိုလည်း မင်းရဲ့ ကျောက်စိမ်းပြား ငါ့ကိုပေးလိုက်....ငါ့ဘာသာ သွားရှာလိုက်တော့မယ်....."
ချင်ဇူလုက လီလော့ကို သေချာစိုက်ကြည့်လိုက်ပြီး ကျောက်စိမ်းပြားချင်း လဲပေးလိုက်လေသည်။
// အော်...ဒါဆို ဒီကောင် နေရာရှာမရလို့ သူများနေရာကို ခပ်တည်တည် မောင်ပိုင်စီးနေတာပေါ့.....//
လီလော့၏ အကြည့်ကို နားလည်နေသောကြောင့် ချင်ဇူလု၏မျက်နှာသည် တစ တစ်မည်းမှောင်လာလေ၏။အခြေနေမဟန်တော့တာကြောင့် လီလော့ လှည့်ထွက်လာခဲ့လိုက်သည်။
လီလော့ ထွက်သွားတော့မှသာ ချင်ဇူလုကလည်း နဂိုအတိုင်း မျက်လုံးပိတ်ကာ တရားပြန်ထိုင်နေလိုက်တော့သည်။