ဒုကျောင်းအုပ် စုရှင်း......
Vol. 9 Ch. 117
ရောက်လာသူ များပြားလာသည်နှင့်အမျှ ဆူညံသံများလည်း ဆထက်တပိုး တိုးပွားလာခဲ့သည်။
ပရိတ်သတ်များအတွက် စီစဉ်ပေးထားသော ထိုင်ခုံနေရာတွင်လည်း ရှပြည်ထောင်စု၏အင်အားကြီးများသော အရာရှိများ ပြည့်နှက်နေပြီဖြစ်သည်။
တခဏအကြာတွင် စည်တီးသံအချို့ထွက်ပေါ်လာပြီး ပရိတ်သတ်များ၏အာရုံကို ဖမ်းစားနိုင်သော ပုဂ္ဂိုလ်အချို့ထွက်ပေါ်လာလေ၏။
ထိုပုဂ္ဂိုလ်များအနက်တွင် အနီရောင်ဝတ်ရုံဝတ်ဆင်ထားသော မိန်းမချောတစ်ဉီးပါဝင်နေပြီး ထိုအမျိုးသမီး၏ဝတ်စုံပေါ်တွင် လတစ်စင်းကိုဝန်းရံထားသော ကြယ်စင်တန်းတစ်ခုကို ပုံဖော်ရေးထိုးထားသည်။
သူမ၏ အပြုံးများသည် မြင်ရသူအပေါင်းကို နွေးထွေးစေသည်။
" သူက ကြယ်တာယာခရီးရှည်ကောလိပ်ရဲ့ ဒုကျောင်းအုပ်ပဲ...ကြည့်ရတာ ဒီတစ်ခေါက်
နည်းပြရွေးပွဲကို ကြီးကြပ်ပေးမယ်ထင်တယ်...."
တစ်စုံတစ်ယောက်က ထိုသို့မှတ်ချက်ပေးလိုက်သောအခါ လီလော့ သူမကိုသေချာစွာအကဲခတ်ကြည့်လိုက်မိသည်။
သူမ၏ အသွင်သဏ္ဍန်သည် နူးညံ့ညှင်သာသောရေပြင်အောက်တွင် နက်ရှိုင်းလှသော အရာများကိုသိုဝှက်ထားသော သမုဒ္ဒရာတစ်စင်းသဖွယ်ပင်.....
ဒုကျောင်းအုပ်သည် ခရမ်းအဆင့်နည်းပြတစ်ဉီးဖြစ်နေသည့်အတွက် မြို့စားအဆင့်ကျွမ်းကျင်သူဆိုလည်း မမှားနိုင်ပေ။ ထို့အပြင် သူမသည် အသန်မာဆုံးသော မြို့စားအဆင့်တစ်ဉီးဖြစ်ပေလိမ့်မည်။
ဒုကျောင်းအုပ်၏ဘေးတွင် ရွှေရောင်ဝတ်စုံဝတ်ဆင်ထားသော ခုနှစ်နှစ်၊ရှစ်နှစ်အရွယ် ကလေးတစ်ယောက်ရှိနေလေ၏။ ထိုကလေးသည် အသားအရေဖြူဖျော့နေသော်လည်း ဆံပင်နက်နက်၊ မျက်လုံးဝိုင်းဝိုင်းလေးများနှင့် ဉာဏ်ရည်ထက်မြက်ပုံရသည်။
ရွှေရောင်ဝတ်စုံပေါ်က နဂါးရုပ်သည် တောာ်ဝင်မိသားစုကို ကိုယ်စားပြုနေသောကြောင့် ထွေထွေထူးထူးစဉ်းစားနေရန်မလိုတော့ပေ။
" ဒီကလေးက ငါနဲ့ ရွှေနဂါးဘဏ်တိုက်မှာတွေ့ခဲ့တဲ့ ဧကရာဇ်လေးမဟုတ်လား....."
ထိုကလေးငယ်သည် လီလော့နှင့်တွေ့ခဲ့တုန်းကနှင့် မတူတော့ပေ။
ဧကရာဇ်၏ဘေးတွင် ရှိနေသော အမျ်ုးသမီးတစ်ဉီးသာ် အဖြူရောင်ဝတ်စုံဆင်မြန်းထားပြီး ခြေလှမ်းတိုင်းကို ကျက်သရေရှိစွာ လှမ်းလျှောက်နေသည်ကို ကြည့်ချင်းအားဖြင့် တော်ဝင်မိသားစုဝင်တစ်ဉီးမှန်း သိသာလွန်းလှသည်။
သူမ၏ ရုပ်ရည်သည် တမူထူးခြားသည်ဟုဆိုရလောက်အောင် ချောမောလွန်းလှသည့်အပြင် သူမ၏ ရင်ဘတ်ပေါ်မှတောင်တန်းနှစ်ခုသည် အထူးခြားဆုံး ဖြစ်သည်။ နောက်ဆုံးတွင် ချိုင်ဝေ့ကို ယှဉ်နိုင်မည့်သူကို ရှာတွေ့ခဲ့လေပြီ။
သို့သော်လည်း သူမတို့နှစ်ဉီးသည် ချွင်းချက်မရှိ ခြားနားကြသည်။ ချိုင်ဝေသည် နွေးထွေးပျူငှာသူတစ်ဉီးဆိုလျှင် ထိုအမျိုးသမီးသည် လေးစားကြည်ညိုစရာကောင်းသူတစ်ဉီးဖြစ်ပေလိမ့်မည်။
" အဲ့တာ ဧကရာဇ်နဲ့ မင်းသမီးကြီး... "
" ဟုတ်တယ်...မင်းသမီးကြီးက ကြယ်လေးလုံးခန်းမက ကျောင်းသူတစ်ယောက် ဖြစ်တဲ့အပြင် စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ဝင်ဆိုလည်း ဟုတ်တယ်....ကောလိပ်မှာ ပြသာနာရှာဖို့ ယောင်လို့တောင် မစဉ်းစားမိစေနဲ့...."
မင်းသမီးကြီးတို့တွင် ပါလာသူသည် ဗလတောင့်တင်းပြီး တင်းမာသော မျက်နှာထားရှိသည့် သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဉီးဖြစ်သည်။ ထိုလူသည် ခန့်မှန်းရခက်လောက်အောင် တည်ကြည်လေးနက်သည့်အပြင် ၎င်းထံမှ ထွက်ပေါ်နေသော အရှိန်အဝါများသည် ဒုကျောင်းအုပ်စုရှင်းကိုပင် ဖိနှိပ်ထားနိုင်သည်။
လီလော့ ထိုသူကို သိနေသည်။
ထိုသူသည် လက်ရှိ ရှပြည်ထောင်စုကို
ဧကရာဇ်ကိုယ်စားအုပ်ချုပ်ပေးနေသည့် မင်းသားကုန်းယွမ်ဖြစ်သည်။
ထိုလေးဉီးစလုံးသည် ရိုသေလေးစားထိုက်သူများဖြစ်ကြသောကြောင့် ဉီးညွှတ်အရိုအသေပြုလိုက်ကြသည်။
ဤသည်မှာ ကောလိပ်၏ပိုင်နက်ဖြစ်သောကြောင့် မည်သူမျှ ဒူးထောက်ရန်မလိုပေ။ ကျောင်းတော်ပိုင်နက်ထဲရောက်ပါက တော်ဝင်ဧကရာဇ်ပင်လျှင် ပွဲကြည့်ပရိတ်သတ်တစ်ဉီး သက်သက်သာပင်.....
အရိုသေပြု နှုတ်ခွန်းဆက်ပြီးချိန်တွင် ဒုကျောင်းအုပ်စုရှင်းတစ်ယောက်သာ ကျန်ခဲ့ပြီး ကျန် သုံးဉီးသည် သတ်မှတ်ပေးထားသောနေရာတွင် အသီးသီးနေရာယူလိုက်ကြသည်။
"ကြွရောက်လာကြတဲ့ ကျောင်းသားသစ်တွေကို ကျောင်းတော်ကိုယ်စား ကျွန်မကပဲကြိုဆိုနှုတ်ခွန်းဆက်စကားပြောလိုက်ပါရစေ....."
ဒုကျောင်းအုပ်စုရှင်း၏ ရေလိုကြည်လင်အေးမြသော အသံကြောင့် ခန်းမတစ်ခုလုံး ငြိမ်သက်သွားပြီး သူမ ပြောသမျှကို အာရုံစိုက်နားထောင်နေကြလေ၏။
ပြောင်းလဲသွားသောအခြေနေကြောင့် လီလော့ အံ့သြနေမိလေသည်။ လူတစ်ယောက်၏စိတ်အခြေနေကို စကားတစ်ခွန်းနှင့်ပြောင်းလဲပေးနိုင်ခြင်းသည် အလွန်ထူးဆန်းလှပေသည်။
ဤသည်မှာ ဖန်တရာတေနေသော နှုတ်ခွန်းဆက်စကားဆိုသော်လည်း ကြားရသူအပေါင်းကို အေးချမ်းငြိမ်းမြသွားစေပြီး ထပ်ခါတစ်လဲလဲ နားထောင်ချင်လာအောင် ဆွဲဆောင်နေသည်။
" အခု ကျောင်းသားသစ်တွေအတွက် အရေးကြီးဆုံးဖြစ်တဲ့ နည်းပြရွေးချယ်ပွဲ စတင်တော့မယ်.....နည်းပြရွေးပွဲမှာ မင်းတို့ဘဝတွေကို အများကြီး အကျိုးသက်ရောက်နိူင်တဲ့ နည်းပြတွေကို ကိုယ်စီရွေးချယ်ရတော့မယ်....."
" ရွေးချယ်ပွဲ စတင်ပြီဆိုတာနဲ့ မင်းတို့ခြေထောက်အောက်မှာ ရှိနေတဲ့ တည်နေကာရွေ့ပြောင်းခြင်း အစီအရင်တွေ အသက်ဝင်လာပြီး မင်းတို့ကို မှော်သားရဲတွေ ရှိတဲ့နေရာဆီပို့ပေးလိမ့်မယ်...မှော်သားရဲတိုင်းမှာ ရွှေရောင်ဒါမှမဟုတ် ငွေရောင်တံဆိပ်ပြားတွေရှိလိမ့်မယ်...."
" ငွေရောင်တံဆိပ်ပြားတွေက ငွေအဆင့်နည်းပြကို ကိုယ်စားပြုပြီး ရွှေရောင်တံဆိပ်ပြားတွေက ရွှေအဆင့်နည်းပြကို ကိုယ်စားပြုတယ်....."
" ဒီအချက်တွေကို သေချာနားလည်ပြီဆို နည်းပြရွေးချယ်ပွဲ စတင်လိုက်တော့မယ်....."
" ခရမ်းအဆင့်နည်းပြကရော....."
" အိုး...ဟုတ်သားပဲ.... ခရမ်းအဆင့်နည်းပြအတွက် တံဆိပ်ပြား မရှိဘူး....မင်းတို့ရဲ့ လုပ်ဆောင်ချက်တွေကိုကြည့်ပြီး အလားအလာရှိမယ်ထင်ရင် နည်းပြတွေကိုယ်တိုင် မင်းတို့ကိုရွေးချယ်လိမ့်မယ်...."
ဝိုးးးးးး
ခံစားချက်မျိုးစုံရောထွေးနေသော အသံများဆူညံနေကြသည်။
ကိုယ့်အကြောင်းကိုယ်သိသူအချို့ကတော့ ခေါင်းငိုက်စိုက်ကျနေလေပြီ....ခရမ်းအဆင့်နည်းပြများသည် မြို့စားအဆင့်ကျွမ်းကျင်သူများဖြစ်ကြသည့်အတွက် ထိုသို့သော နည်းပြများ၏ လက်အောက်တွင် ကောင်းမွန်သော အရင်းမြစ်များစွာရရှိန်ိုင်မည်ဖြစ်သည်။သို့သော်လည်း ထိုသို့သောသူများ သတိပြုမိရန်ဆိုသည်မှာ အပြောလွယ်သလောက် အလုပ်ခက်သောအရာဖြစ်နေသည်။
" အလားအလာ..." ဟူသော မတင်မကျစကားစုကြောင့် လီလော့ မျက်မှောင်ကြုံ့လိုက်မိသည်။
" ကဲ....နောက် ဆယ်မိနစ်နေရင် နည်းပြရွေးချယ်ပွဲ စမယ်...ပြင်ဆင်စရာရှိတာ ပြင်ဆင်ထားကြတော့......"
စုရှင်း ထိုသို့ပြောပြီးသည်နှင့် ဧကရာဇ်တို့နှင့်အတူ သွားထိုင်နေလိုက်သည်။
" ဒုကျောင်းအုပ်စုရှင်း....ဒီတစ်ခေါက် နည်းပြရွေးပွဲမှာ ခရမ်းအဆင့်နည်းပြ ငါးယောက်ပါတယ်ဆို...."
မင်းသမီးကြီး၏ အမေးကို စုရှင်း ခေါင်းညိတ်ပြလိုက်ပြီး....
" ဟုတ်တယ်..ဒါပေမယ့် ဒီကလေးတွေ သူတို့မျက်စိကျလောက်တဲ့အထိ စွမ်းဆောင်နိုင်ပါ့မလား စိုးရိမ်နေတာ....."
" ဒီနှစ် ကျောင်းသားသစ်တွေထဲမှာ သန်မာသူတွေ များသားပဲ....စစ်တပ်အသိုင်းအဝိုင်းက ဟိုတစ်ယောက်ကို နည်းပြငါးယောက် ဝိုင်းလုကြမှာ မြင်ယောင်နေပြီ....."
မင်းသားကုန်းယွမ်ကလည်း မင်းသမီးကြီးနဲ့ ဒုကျောင်းအုပ်တို့ စကားဝိုင်းထဲဝင်ပါလာပြီး.....
"ကျောင်းသားတွေ ထူးချွန်တာမှန်ပေမယ့် ကျုပ်ကတော့ ကျောင်းတော်ရဲ့ နောက်ခံအင်အားကို ပိုလေးစားမိတယ်....မြို့စားအဆင့်ရောက်ပြီဆိုတာနဲ့ ကိုယ်ပိုင်အိမ်တော်ဖြစ်ဖြစ်... ကိုယ်ပိုင်ဂိုဏ်းတစ်ခုဖြစ်ဖြစ် တည်ထောင်လို့ကနေရက်သားနဲ့ ဒါတွေကိုစွန့်လွှတ်ပြီး ကျောင်းတော်မှာ နည်းပြဝင်လုပ်နေကြသူတွေကို တကယ်လေးစားမိတယ်ဗျာ....."
" စီရင်စုတစ်ရာကျော်ကို အုပ်ချုပ်နေရတဲ့ မင်းသားကလည်း မယုံနိူင်လောက်အောင် ထူးချွန်တာပါပဲ......"
" မဟုတ်တာဗျာ....."
အချက်ပေးသံကြောင့် ခန်းမအတွင်းရှိ ပတ်ဝန်းကျင်လေခုတစ်ခုလူံးတင်းကြပ်လာပြီး မြေပြင်ပေါ်ရှိ စက်ဝိုင်းများသည်လည်း တဖြည်းဖြည်း တောက်ပလာလေ၏။
သိပ်မကြာခင်မှာပင် လီလော့တကိုယ်လုံးကို အလင်းတန်းများ စတင်လွှမ်းခြုံလာခဲ့လေသည်။
နည်းပြရွေးချယ်ပွဲ တရားဝင်စတင်လေပြီ......