← Chapters

နည်းပြ ရှန်ကျင်းရှောင်.....

Vol. 9 Ch. 118

နည်းပြ ရှန်ကျင်းရှောင်.....

Vol. 9 Ch. 118

အမြင်အာရုံပြန်ရချိန်တွင် လီလော့သည် သစ်ပင်ကြီးများ အုံ့ဆိုင်းနေသော တောင်တန်းတစ်ခုဆီရောက်နေပြီဖြစ်သည်။

လက်ရှိရောင်နေသောနေရာသည် ကြမ်းတမ်းခက်ထန်သောနေရာတစ်ခုဖြစ်သည်။

တောနက်ထဲမှ ပျံ့လွှင့်လာသော သားရဲဟိန်းဟောက်သံများကြောင့် ငှက်အုပ်များသည် ဆူညံအော် အော်မြည်သံများဖြင့် ကောင်းကင်ထက်ဆီပျံတက်သွားကြလေသည်။

လီလော့သည် အိတ်ထဲတွင်ပါလာသော ဓားတိုနှစ်လက်ကိုထုတ်ကာ ခါးတွင်ချိတ်ဆွဲလိုက်ပြီး အရပ်မျက်နှာတစ်ခုဆီ ဉီးတည်ရွေ့လျားသွားခဲ့လေသည်။

လမ်းတစ်လျှောက်တွင် ကျောင်းသားအချို့နှင့် ဆုံတွေ့ခဲ့သော်လည်း ဒီအတိုင်းသာဖြတ်ကျော်လာခဲ့လိုက်သည်။

မိနစ်အနည်းငယ်ကြာသော်......

လီလော့သည် ကျားနှင့်ကျားသစ်ပေါင်းစပ်ထားဟန်တူသော အနက်ရောင်သားရဲဆီ တဟုန်ထိုးပြေးသွားနေသည်။

ထိုသားရဲသည် အဆင့်နိမ့်သားရဲ အနက်ရောင်ကျားသစ်ဖြစ်သည်။

ဝိဉာဉ်သားရဲများကိုလည်း အဆင့်အမျိုးမျိုး ခွဲခြားထားသည်။ အဆင့်နိမ့် ဝိဉာဉ်သားရဲများသည် စည်းတံဆိပ််ခုအဆင့်တွင်ရှိနေပြီး အလယ်အလတ်အဆင့်များသည် ဆရာသခင် ပထမအဆင့်လောက် သန်မာကြသည်။ အဆင့်မြင့်ဝိဉာဉ်သားရဲများကတော့ ဆရာသခင် ဒုတိယ၊တတိယအဆင့်လောက် သန်မာကြပေသည်။

ထိုအဆင့်ထက်ကျော်လွန်သော် သားရဲများသည် အသွင်ပြောင်းနိုင်ကြပြီး အသိဉာဏ်ပိုရှိလာသည့်အပြင် ပို၍လည်း ခံနိုင်ရည်အားမြင့်မားကြသည်။

ထိုသို့သောသားရဲများကို မြို့စားအဆင့်သားရဲများအဖြစ် တင်စားခေါ်ဝေါ်ကြသည်။

ဒဏ္ဍာရီလာမြို့စားအဆင့်သားရဲများသည် တစ်ကောင်တည်းဖြင့် တစ်မြို့လုံးကို ဖျက်ဆီးနိုင်သည်အထိ သန်မာကြပေသည်။

အနက်ရောင်ကျားသစ်၏ ဉီးခေါင်းပေါ်တွင် ငွေရောင်သဲ့သဲ့ လင်းလက်နေသောကြောင့် သေချာအနီးကပ်ကြည့်လိုက်သည့်အခါ ငွေရောင်တံဆိပ်ဖြစ်နေသည်ကို တွေ့လိုက်ရသည်။

" ဒီသားရဲကို တိုက်နိုင်ပြီဆို ငွေအဆင့်နည်းပြကိုရွေးနိုင်ပြီပေါ့...."

ထိုအတိုင်းဆို ရွှေရောင်တံဆိပ်ပြားများသည် အလယ်အလတ်အဆင့် သားရဲများပေါ်တွင်ရှိလောက်ပေမည်။ ထိုသို့သော သားရဲများကို လီလော့ ကိုင်တွင်နိုင်မည်မဟုတ်ပေ။

ထိုသို့ဆိုပါက ခရမ်းအဆင့်နည်းပြအတွက် အဆင့်မြင့်သားရဲများကို တိုက်ခိုက်ရမည်လော....

အဆင့်မြင့်သားရဲများသည် အနည်းဆုံး ဆရာသခင်ဒုတိယအဆင့်လောက်ရှိမည်ဖြစ်သောကြောင့် ထူးချွန်ကျောင်းသားများကို ဖိအားပေးရွေးချယ်ခိုင်းခြင်းသာဖြစ်ပေလိမ့်မည်။

လီလော့ ကျားသစ်နက်ကို မတိုက်ခိုက်ပေ။ သူသည် ငွေအဆင့်နည်းပြလောက်ကို စိတ်မဝင်စားသောကြောင့် ထိုနေရာမှ လှည့်ထွက်လာခဲ့လိုက်သည်။

ကျောင်းသားသစ်ခန်းမထဲတွင် လီလော့အပါအဝင်ကျောင်းသားသစ်တိုင်း၏ လှုပ်ရှားမှုများကို တပြေးညီ ပြသပေးနေသည့် အလင်းပုံရိပ်ကြီးတစ်ခုရှိနေသည်။

ယန်လင်းချီက ထိုပုံရိပ်များကို ရှုပ်ထွေးသော ခံစားချက်များနှင့်ကြည့်နေပြီး...

"ခရမ်းအဆင့်နည်းပြတွေ မျက်စိကျလောက်အောင် လီလော့ လုပ်ပြနိုင်လောက်မယ်ထင်တယ်....."

" သူ့မှာ လုပ်နိုင်စွမ်းတွေရှိနေတာပဲ.. သူအဆင်ပြေမှာပါ....."

ကျန်းချင်းအာ၏စကားများကြောင့် ယန်လင်းချီ စိတ်အေးသွားခဲ့လေသည်။

လီလော့၏ စွမ်းရည်နှစ်ခု ပဲ့တင်ထပ်သံများသည် သူမ၏ အဆင့်ကိုးပဲ့တင်ထပ်သံနှင့် ယှဉ်နိုင်မှန်း သူမသိနေသည်။ အရာအားလုံးကို ခွန်အားအပေါ်မူတည် ဆုံးဖြတ်နိုင်မည်ဆိုပါက လီလော့အတွက် ခရမ်းအဆင့်နည်းပြ ရရှိရန် ခက်ခဲမည်မဟုတ်ပေ။

သို့သော်လည်း.....

သူမ၏ ရွှေရောင်မျက်ဝန်းထဲတွင် စိုးရိမ်မှုအချို့ရှိနေခဲ့သည်။သူမသည် ခရမ်းအဆင့်နည်းပြ ရှန်ကျင်းရှောင်ကိုသာ စိုးရိမ်နေခြင်းဖြစ်သည်။

ထိုသူသည် တစ်ချိန်တစ်ခါက သူမ၏ နည်းပြဖြစ်ခဲ့ပြီး ကောက်ကျစ်ယုတ်မာမှုများကို လိမ်မာပါးနပ်သော မျက်နှာဖုံးအောက်တွင်ကောင်းစွာသိုဝှက်ထားနိုင်ခဲ့သူဖြစ်သည်။

အဆင့်ကိုးအလင်းပဲ့ထပ်သံအကူအညီကြောင့်သာ ထိုသူ၏ ရုပ်သွင်အစစ်အမှန်ကို တွေ့ရှိနိုင်ခဲ့ခြင်းဖြစ်သည်။

ထိုသူသည် သူမကို ရည်ရွယ်ချက်ရှိရှိ ပျိုးထောင်ခဲ့သည်။

ထိုအကြောင်းကို သိသိချင်း သူမ နည်းပြပြောင်းရန် ဆုံးဖြတ်ခဲ့သည်။ ကျောင်းတော်ဘက်ကလည်း အဆင့်ကိုးပဲ့တင်ထပ်သံရှိနေသူတစ်ယောက်အပေါ် မျက်နှာသာပေးခဲ့သည်။

ထို့ကြောင့် ရှန်ကျင်းရှောင်သည် ကိုင်တွယ်ရလွယ်ကူသော လီလော့ထံ ဉီးတည်ချက်ပြောင်းသွားနိုင်သည်မဟုတ်လော....

ရှန်ကျင်းရှောင်သည် လိမ်မာပါးနပ်သူဖြစ်သောကြောင့် လီလော့၏ အားနည်းချက်ကို သိနေသည်။

.................

ထန်......

တောအုပ်ထဲတွင် တိုက်ခိုက်နေသံများ ပဲ့တင်ထပ်နေလေ၏။

လီလော့သည် လက်ဆွဲတော် ဓားနှစ်လက်ထံသို့ အပြာရောင်ပဲ့တင်ထပ်သံစွမ်းအားများ ပို့လွှတ်ထားပြီး ရေအစွန်အဖျားပညာရပ်သုံးကာ အားပါပါခုတ်ပိုင်းလိုက်ပြီး အလယ်အလတ်အဆင့်သားရဲ၏တိုက်ခိုက်မှုကို ခုခံနေသည်။

သားရဲ၏ အကြေးခွံများနှင့် ဓားသွားတို့ ထိခတ်ချိန်တွင် မီးပွားအချို့ပင် လွှင့်စင်လာခဲ့သည်။ အလင်းပဲ့တင်ထပ်သံ အားဖြည့်ထားသည့်အတွက် ရေအစွန်အဖျားပညာရပ်သည် ယခင်ကထက်ပို၍ပင် ပိုမိုပြတ်သားနေသောကြောင့် ထူထဲလှသော သားရဲအကြေးခွံများကို ထွင်းဖောက်သွားပြီး သွေးများစီးကျလာစေသည်။

"ဝေါင်း...."

အထိနာသွားသော သားရဲကြီးသည် ပိုမိုရုန့်ရင်းကြမ်းတမ်းလာပြီး အဆူးပြည့်ပါသော အမြှီီးကြီးကို အားပါပါဝှေ့ယမ်းလိုက်လေသည်။

" ရေအလင်းနတ်ဆိုးကြေးမုံ.... "

ဆရာသခင်အဆင့်ရောက်နေပြီဖြစ်သောကြောင့် ရေကြေးမုံသည် ယခင်ကထက်ပင် ပိုမိုတောက်ပနေပြီဖြစ်သည်။

ဘန်းးးးး

ရေကြေးမုံပေါ်သို့ အမြှီးရိုက်ချက်ကျရောက်သွားအခါ တန်ပြန်လိုက်သောစွမ်းအားများသည် သားရဲကြီးထံ ပြန်လည်ရိုက်ခတ်သွားခဲ့သည်။

" ဝေါင်း...."

တန်ပြန်မှုကြောင့် အမြှီးတစ်အခုလုံးနာကျင်သွားသော အခါ သားရဲကြီး နောက်ကြောင်းပြန်ပြေးရန် ပြင်ဆင်နေလေပြီ....

ဝှစ်....

လီလော့ကလည်း အလွတ်မပေးဘဲ ရေကျည်ဆန်များပစ်လွှတ်ကာ သားရဲကြီး၏ မျက်လုံးများကို တိုက်ခိုက်လိုက်သည်။ အမြင်အာရုံယာယီဆုံးရှုံးသွားသော်လည်း သစ်ပင်များကို တိုးတိုက်ပြီး ခြေဉီးတည့်ရာဆီပြေးနေဆဲပင်....

ပြေးသော်လည်း မလွတ်နိုင်ခဲ့ပေ။အမြင်အာရုံပြန်ရချိန်တွင် အပြာရောင်ဓားသွားတစ်လက်သည် သားရဲကြီး၏ပုခုံးထဲကနေတဆင့် ဉီးခေါင်းဆီသို့ ထိုးဖောက်သွားလေသည်။

အလယ်အလတ်အဆင့် သားရဲကြီး သေဆုံးသွားခဲ့လေပြီ....

လီလော့ ထိုသားရဲကြီး၏ အမြှီးနေရာတွင်ရှိနေသော ရွှေရောင်တံဆိပ်ပြားကို ဖြုတ်ယူလိုက်သောကြောင့် ရွှေအဆင့်နည်းပြရွေးချယ်ခွင့် ရရှိသွားပြီဖြစ်သည်။

နည်းပြရွေးခွင့် အာမခံချက်ရထားပြီဖြစ်သောကြောင့် ခရမ်းအဆင့်နည်းပြအတွက် ကြိုးစားနိုင်ပြီဖြစ်သည်။

လီလော့သည် သစ်ပင်အချို့အုံ့ဆိုင်းလျက်ရှိသော ရေအိုင်တစ်ခုဆီရောက်သည်အထိ ခရီးဆက်ခဲ့ပြန်သည်။

ထိုရေအိုင်အနီးတွင် လူတစ်ဉီးရောက်နှင့်နေပြီး ထိုသူသည် သစ်ရွက်များကို ရေကန်ထဲသို့

တစ်ရွက်ချင်းစီ ပစ်ချနေသည်။

ထိုသူသည် ခရမ်းရောင် ကောလိပ်ဝတ်စုံ ဝတ်ဆင်ထားသောကြောင့် ခရမ်းအဆင့်နည်းပြတစ်ဉီး ဖြစ်ပေလိမ့်မည်။

သစ်ရွက်များကို ရေထဲပစ်ချပြီးသည့်အခါ ထိုလူသည် လီလော့ဘက်ကိုလှည့်၍ ချိုသာစွာပြုံးပြနေပြန်သည်။

" ရောက်လာပြီလား...ငါမင်းကို စောင့်နေတာ အတော်ကြာနေပြီ.... "

" ငါ့ကိုယ်ငါ အရင်မိတ်ဆက်ပေးပါရစေ...ငါက ခရမ်းအဆင့်နည်းပြငါးဉီးတစ်ထဲက တစ်ဉီးဖြစ်တဲ့ ရှန်ကျင်းရှောင်ပါ....."

All Chapters