ရှန်ကျင်းရှောင်၏နည်းလမ်းများ......
Vol. 9 Ch. 119
နေရောင်ခြည်သည် ရေကန်မျက်နှာပြင်ပေါ် နွေးထွေးစွာဖြာကျလျက်ရှိသည်။
ခရမ်းအဆင့်နည်းပြ ရှန်ကျင်းရှောင်ကလည်း ရေကန်မျက်နှာပြင်တွင်ထပ်နေသော ပုံရိပ်ကို အေးချမ်းစွာငေးကြည့်နေသည်။ ထိုလူသည် လီလော့အပေါ် နွေးထွေးပျူငှာစွာဆက်ဆံနေသော်လည်း လီလော့ ထိုလူကို မြင်မြင်ချင်းကတည်းက ကျောရိုးစိမ့်တက်သွားသည့်အထိ အေးစက်နေမှုအချို့ကို ခံစားလိုက်ရသည်။
ထိုသူသည်.....ကျန်းချင်အာ ပြောပြခဲ့ဖူးသော ရှန်ကျင်းရှောင် ဆိုသူပင်ဖြစ်သည်။
အနီးကပ် ကြည့်လိုက်သောအခါ ထိုလူသည် ရုပ်ရည်ခန့်ညားချောမောပြီး ခရမ်းရောင်ဝတ်စုံကြောင့် ပို၍ပင် ဂုဏ်ကျက်သရေရှိနေသည်။ သူ၏ မျက်ခုံးနှစ်ခုကြားတွင် ရွှေရောင်ဖျော့ဖျော့ လင်းလက်နေသော စည်းတံဆိပ်အချို့ရှိနေသည်။
မည်သည့်စွမ်းအားမျှ ထုတ်လွှတ်ထားခြင်းမရှိသော်လည်း အန္တရာယ် အငွေ့သက်အချို့ကို ထိုလူ့ထံမှ ခံစားမိနေရသည်။
လီလော့ သူ့ကို အကဲခန်နေမှန်း သိသောကြောင့် ထိုလူက ပြုံးပြလိုက်ပြီး.....
" ငါက ကျန်းချင်းအာရဲ့ နည်းပြဖြစ်ခဲ့ဖူးတယ်....သူမင်းကို ပြောပြထားပြီးလောက်ပြီမဟုတ်လား...."
လီလော့က မေးခွန်းကို ပြန်မဖြေဘဲ.....
" နည်းပြရှန် ဒီမှာ ဘာလုပ်နေတာလဲ...."
လီလော့ ထိုသူ့ကို ကြောက်မနေခဲ့ပေ။ မည်သို့ပင်ဆိုစေ ဤသည်မှာ လူအများစောင့်ကြည့်နေသော နည်းပြရွေးချယ်ပွဲဖြစ်သည့်အတွက် ရှန်ကျင်းရှောင်ဘက်က ထင်သာမြင်သာစွာ အကောက်ကြံရဲလိမ့်မည်မဟုတ်ပေ။
ရှန်ကျင်းရှောင်သည် လီလော့ရှေ့သို့ လျှောက်လာပြီး .....
"လီလော့...ငါမင်းကို သဘောကျတယ်...မင်းကို ငါ့လက်အောက်မှာ ထားချင်တယ်...."ဟုဆိုကာ တစ်စုံတစ်ခုကို ထုတ်ပေးလိုက်သည်။
ထိုအရာသည် ခရမ်းရောင်တောက်ပနေသော တံဆိပ်တစ်ခုဖြစ်နေသည်။
ထိုတံဆိပ်မျိုးကို လီလော့ လိုချင်သော်လည်း ထိုသူ့ထံမှတော့ မဟုတ်ခဲ့ပေ။
" ယူလိုက်...ဒါနဲ့ဆို မင်းရဲ့ ရည်မှန်းချက်တွေ ပြည့်ဝလာနိုင်လိမ့်မယ်...."
ရှန်ကျင်းရှောင် ဘက်က တိုက်တွန်းနေသော်လည်း လီလော့ ခြေတစ်လှမ်းနောက်ဆုတ်လိုက်ပြီး....
"ဒါက စည်းမျဉ်းနဲ့ မညီဘူးမလား......ကျားကုတ်ကျားခဲကြိုးစားသူတွေသာ ခရမ်းတံဆိပ်ပြားရသင့်တာမဟုတ်လား...အခုလို လွယ်လွယ်ပေးပြီး ကျွန်တော့်ကို ခက်ခဲအောင် မလုပ်ပါနဲ့....."
" မင်းမှာ အရည်အချင်းတွေရှိတဲ့အတွက် အသုံးမဝင်တဲ့ လုပ်ရိုးလုပ်စဉ်တွေကို ကျော်ချလိုက်လို့ရတယ်...."
" နည်းပြရှန်...လူတွေက
လွယ်လွယ်နဲ့ရတဲ့အရာတွေကို တန်ဖိုးထားရကောင်းမှန်းမသိကြဘူး....အဲ့တော့ ကျွန်တော် တတ်နိုင်သလောက်ကြိုးစားကြည့်ချင်သေးတယ်....နည်းပြရှန် အချိန်ရတယ်ဆို ဒီမှာ ခဏစောင့်နေလိုက်ပါ...ကျွန်တော် တစ်ပတ်လောက်ပတ်ကြည့်ပြီးရင် ပြန်လာခဲ့ပါ့မယ်...."
လီလော့ ပြောပြီးပြီးချင်း လှည့်ထွက်ရန်ပြင်လိုက်စဉ်တွင် အနီးအနားတွင်ရှိနေသော သဘာဝစွမ်းအင်များ ရုတ်တရက် တဟုန်ထိုး ပေါ်ထွက်လာသောကြောင့် လီလော့ နည်းနည်းမျှ လှုပ်မရတော့ပေ။
" နည်းပြရှန် ကျွန်တော့်ကို လွှတ်မပေးချင်ဘူးနဲ့တူတယ်...."
ရှန်ကျင်းရှောင်က ထူးဆန်းသောအပြုံးမျိုး ပြုံးလိုက်ပြီး.....
"ငါ့ဘက်က စေတနာနဲ့ ကမ်းလှမ်းတာကို ဘာလို့ ငြင်းနေရတာလဲ....မင်းနေရာမှာ တခြားကျောင်းသားတွေသာဆို ဒီလောက်ထိ ပြောရခက်မှာမဟုတ်ဘူး..."
လီလော့က ပြောရခက်နေဟန်နဲ့ တခဏမျှတွေဝေနေပြီး......
" ကျွန်တော်...ကျွန်တော်က အမျိုးသမီးနည်းပြတွေကိုပဲ သဘောကျလို့ပါ...."
" လီလော့.....မင်း မစဉ်းစားမိဘူးလား...ကောလိပ်မှာ ခရမ်းအဆင့်နည်းပြ ငါးယောက်ပဲရှိတယ်....မင်း ငါ့ကို ငြင်းလိုက်ရင် ကျန်တဲ့လေးယောက်က ငါ့ကိုလေးစားတဲ့အနေနဲ့ မင်းကို ဘယ်သူမှရွေးမှာမဟုတ်ဘူး....မင်းက ကျန်းချင်းအာ မဟုတ်တဲ့အတွက် အထက်စီးဆန်ပြနေလို့မရဘူး.....မင်းလို ကျောင်းသားတစ်ယောက်အတွက်နဲ့ ဘယ်သူမှ မျက်နှာပျက်ချင်ကြမှာမဟုတ်ဘူး...."
" နည်းပြရှန် ကျွန်တော့်ကို ချိန်းခြောက်နေနာလား....."
" ထင်ချင်သလို ထင်နိုင်တယ်...."
" ဟားး ဟားးး နည်းပြရှန်က ကျွန်တော့်ကို အရည်အချင်းရှိတယ်လို့ ထင်တယ်ပေါ့....အပြင်မှာ ကျွန်တော့်ထက် အရည်အချင်းရှိတဲ့သူတွေ အများကြီးပဲကို ဘာလို့ သွားမရှာတာလဲ...."
" လီလော့....မင်းရဲ့ နောက်ဆုံးအခွင့်ရေးကို ကောင်းကောင်းအသုံးချစမ်းပါ....."
"နည်းပြရှန်ကို ကြည့်ရတာ စိတ်လောနေပုံပဲနော်...ခင်ဗျား ဘာတွေ တွေးနေမှန်းမသိပေမယ့် လောကမှာ ဘယ်အရာမှအလကားမရဘူးဆိုတာတော့ ကျွန်တော်သိတယ်....."
ရှန်ကျင်းရှောင်က လီလော့ကို တခဏမျှစိုက်ကြည့်ပြီးနောက် ခရမ်းတံဆိပ်ပြားကို ပြန်သိမ်းဆည်းလိုက်သည်။
" မင်းရဲ့ နောက်ဆုံးအခွင့်ရေးကို ဆုံးရှုံးလိုက်ရပြီ. ..မင်းဘက်က ခရမ်းတံဆိပ်ပြားကို ခက်ခက်ခဲခဲကြိုးစားပြီးမှလိုချင်တယ်ဆိုလည်း ....."
ရှန်ကျင်းရှောင်က ကြေငြာချက်တစ်ခုကို တောအုပ်တစ်ခုလုံးပဲ့တက်ထပ်သည်အထိ စွမ်းအားသုံး၍ ကြေငြာလိုက်လေသည်။
"ခရမ်းအဆင့် မစ်ရှင်! !!!!လီလော့ကို အနိုင်တိုက်နိုင်ရင် ခရမ်းတံဆိပ်ပြားတစ်ခုရမယ်! !!!!"
ဤသည်မှာ လီလော့၏ အစီအစဉ်များကို ဖျက်စီးလိုက်ခြင်းဖြစ်သည်။ ရှန်ကျင်းရှောင်တစ်ယောက် မစားရသည့်အမဲ သဲနှင့်ပက်တော့မည်သာ.....
" ငါ့လုပ်ရပ်တွေ စည်းကမ်းနဲ့မညီမှာ စိုးရိမ်မနေနဲ့....ကောလိပ်မှာ ခရမ်းအဆင့်နည်းပြတွေက မင်းထင်ထားတာထက်တောင် စွမ်းအားပိုရှိကြတယ်....မင်းရဲ့ အသက်အန္တရာယ် မထိခိုက်သ၍ ငါမလုပ်နိုင်တာဘာမှမရှိဘူး....."
ရှန်ကျင်းရှောင်က ထိုသို့ပြောပြီးသည်နှင့် လီလော့၏ ဉီးခေါင်းကို လက်ခေါင်းနှစ်ချောင်းဖြင့် အသာအယာထိတွေ့လိုက်သည့်အခါ လီလော့၏ခန္ဓာကိုယ် ပတ်ပတ်လည်တွင်
မိုင်ပေါင်းများစွာကပင် လှမ်းမြင်နိုင်သည်အထိ လင်းလက်နေသော အလင်းတန်းများထွက်ပေါ်လာလေ၏။
" ဒီအလင်းတန်းတွေက ခဏလောက်ပဲခံလိမ့်မယ် ဆိုပေမယ့် မင်းကိုလူတိုင်းမြင်တွေ့နိုင်ပြီ.....တခြားနည်းပြတွေဆီက မျက်နှာသာပေးမှု လိုချင်တယ်မလား....ဒီခြေနေကလွတ်အောင် ရှောင်တိမ်းနိုင်ရင် မင်းအတွက် အခွင့်ရေးရှိလာလိမ့်မယ်....."
" ကဲ...မင်းရဲ့ စွမ်းဆောင်ရည်တွေ ထုတ်ပြလိုက်ပါဉီး.....ငါ မင်းကို သေသေချာချာလေးစောင့်ကြည့်နေပါ့မယ်...ဟားး ဟားးး"
ထိုသို့ပြောပြီးသည့်နောက် ရှန်ကျင်းရှောင်သည် အလင်းတန်းတစ်ခုနှင့်အတူ ပျောက်ကွယ်သွားခဲ့လေသည်။
" ရှန်ကျင်းရှောင်ဆိုတဲ့ ခွေးကောင်...ငါ မင်းကို ဘယ်တော့မှမမေ့ဘူး! !!"
လီလော့ မည်းမှောင်နေသော မျက်နှာထားနှင့်
အော်ဟစ် ကျိန်ဆိုလိုက်ပြီး အလင်းတန်းများ ပျောက်ကွယ်သွားအောင် နည်းမျိုးကြိုးစားကြည့်လိုက်သည်။
မည်သို့ပင်ဆိုစေ မြို့စားအဆင့်တစ်ယောက် ဖန်တီးခဲ့သောအရာများကို ဆရာသခင်အဆင့်လောက်နှင့် အလွယ်တကူချေဖျက်နိုင်မည်မဟုတ်ပေ။
ထို့ကြောင့် လီလော့ ဓားနှစ်လက်ကို ကိုင်ဆွဲကာ တောအုပ်အနက်ပိုင်းထဲသို့ တဟုနအထိုးပြေးဝင်သွားခဲ့လေသည်။တောအုပ်အနက်ပိုင်းတွင် သစ်ပင်များအုံ့ဆိုင်းနေသောကြောင့် တောက်ပသောအလင်းတန်းများကို တော်တန်ရုံဖုံးကွယ်ထားနိုင်လိမ့်မည်။
သန်မာသောသူများ ရောက်မလာရန်သာ ဆုတောင်းရပေတော့မည်။
ရှန်ကျင်းရှောင်၏ ကြေငြာချက်ကြောင့် ခန်းမထဲတွင်ရှိနေသော ပွဲကြည့်ပရိတ်သတ်များလည်း ကျောင်းသားများနည်းတူ အံ့သြနေကြလေသည်။