← Chapters

ဝန်းရံတိုက်ခိုက်ခံရခြင်း....

Vol. 9 Ch. 120

ဝန်းရံတိုက်ခိုက်ခံရခြင်း....

Vol. 9 Ch. 120

ရှန်ကျင်းရှောင်၏ ကြေငြာချက်ကြောင့် လီလော့ အနီးအနားတွင်ရှိနေသော ကျောင်းသားအားလုံးသည် လီလော့ထံသို့ တဟုန်ထိုး ပြေးသွားနေကြသည်ကို ခန်းမအတွင်းရှိ အလင်းပုံရိပ်မှတဆင့် အားလုံးမြင်တွေ့ကြားသိနေရသည်။

"ဘယ်လိုတွေဖြစ်ကုန်တာလဲ...."

"ခရမ်းအဆင့်နည်းပြက သူ့ကျောင်းသားအသစ်ကို စမ်းသပ်နေတာများလား....."

"လီလော့ဆိုတာ လော့လန်အိမ်တော်သခင်လေး မဟုတ်လား...."

"ကျစ်...သနားစရာကောင်းလိုက်တာကွာ.... ဒီကပ်ဘေးကနေ ဘယ်လိုမှလွတ်ဖို့ လမ်းမမြင်ဘူး....."

"စမ်းသပ်ချက်ကြီးကလည်း ရက်စက်လိုက်တာကွာ....."

ထိုပုံရိပ်ကို မြင်နေရသော ဧကရာဇ်လေးသည် လီလော့ကို မှတ်မိနေသောကြောင့်....

" မတရားလိုက်တာ...ဒါ သက်သက်အနိူင်ကျင့်နေတာမဟုတ်ဘူးလား...."

ဧကရာဇ်လေးသည် ကလေးပီပီ အပြစ်ကင်းစွာ အော်ဟစ်အပြစ်တင်နေသောကြောင့် မင်းသမီးကြီးက ပုခုံးကို ခပ်ဖွဖွ ပုတ်ပေးလိုက်ပြီး.....

" လောကကြီးမှာ လုံးဝဉသုံတရားမျှတတယ်ဆိုတာ သိပ်ရှားတယ်....သူက ခရမ်းအဆင့်နည်းပြဆိုတော့ ကျောင်းသားအသစ်တွေကို စစ်ဆေးခွင့်ရှိတယ်...ဒါ သူ့တာဝန်ပဲလေ...."

" ဒါပေမယ့်လည်း နည်းပြရှန်ရဲ့ စမ်းသပ်မှုက တစ်ဖက်စောင်းနင်းဆန်နေသလားလို့...."

မင်းသမီးကြီးနောက်ဆုံး ပြောလိုက်သောစကားသည် ဒုကျောင်းအုပ်စုရှင်းကို မေးခွန်းထုတ်လိုက်ခြင်းဖြစ်သည်။

" ဟုတ်တယ်....သူ့လုပ်ရပ်က နည်းနည်း ဘောင်ကျော်နေတယ်ဆိုပေမယ့် နည်းပြရွေးချယ်ပွဲထဲမှာ ကျောင်းသားတွေရဲ့ အသက်အန္တာရာယ်ကိုသာမထိခိုက်ဘူးဆို ဘာမဆိုလုပ်ပိုင်ခွင့်ရှိတယ်.....တစ်ဖက်က လှည့်တွေးကြည့်မယ်ဆို ဒီစမ်းသပ်ချက်က လီလော့ရဲ့ အရည်အချင်းတွေကို အကောင်းဆုံးထုတ်ပြနိုင်တဲ့ အခွင့်ရေးကောင်းတစ်ခုဖြစ်လာနိုင်တယ်... ဒီစမ်းသပ်ချက်ကို ကျော်ဖြတ်နိုင်ပြီဆို လီလော့တစ်ယောက် အောင်မြင်မှုသရဖူဆောင်းနိုင်ပြီပဲ....."

မင်းသမီးကြီး ဘာတစ်ခွန်းမှမပြောတော့ဘဲ ငြိမ်သက်နေလေ၏......

လီလော့သာ စမ်းသပ်ချက်ကို မကျော်ဖြတ်နိုင်ပါက အနင်းခံကျောက်တုံးတစ်ခုဘဝသို့ရောက်ရပေလိမ့်မည်။

လီလော့အတွက် ကံဆိုးမိုးမှောင်ကျနေပြီဟုပင်ဆိုရတော့မည်။

" ရှန်ကျင်းရှောင်ကတော့ တော်တော်လွန်သွားပြီ! !!!"

ပွဲကြည့်ပရိတ်သတ်များကြားတွင် ရှိနေသော ယန်လင်းချီသည်လည်း အတော်ဒေါသထွက်နေပုံရသည်။

ဤသည်မှာ တစ်ဖက်စောင်းနင်း ပြုမူခြင်းဖြစ်သည်။တစ်ဉီးတစ်ယောက်တည်းအပေါ် ပစ်မှတ်ထား၍ စမ်းသပ်ခြင်းမျိုး အဘယ်မှာရှိနိုင်မည်နည်း။

ကျန်းချင်းအာသည် မည်သည့်ဒေါသကိုမျှ ထုတ်မပြဘဲ ငြိမ်သက်နေသော်လည်း မျက်ဝန်းများထဲတွင် သတ်ဖြတ်လိုစိတ်များကြီးစိုးနေသည်။

ကျန်းချင်းအာသည် ရှေ့တွင်ရှိနေသော ကျောက်သားလက်ရန်းပေါ်တွင် နာမည်တစ်ခုကိုရေးထွင်းလိုက်သောကြောင့် ကျောက်မှုန်အချို့ လွှင့်စင်လာသည်။

ရှန်ကျင်းရှောင်.....

ယန်လင်းချီ ထိုအရာကိုမြင်သောအခါ အတော်အံ့သြသွားပြီး....

" ချင်းအာ...နင်ဘာလုပ်နေတာလဲ...."

ကျန်းချင်းအာက ရေးထွင်းပြီးသား စာလုံးများကို ဖျက်ပစ်လိုက်ပြီး ပေါ့ပါးစွာပြန်ဖြေလိုက်သည်က....

" ဘာမှမဟုတ်ပါဘူး....အုတ်ဂူမှတ်တိုင်ပေါ်မှာ နာမည်ထွင်းပေးဖို့ လေ့ကျင့်နေတာ...ဘာပဲဖြစ်ဖြစ် သူက ငါ့ နည်းပြဟောင်းဆိုတော့ အုတ်ဂူတစ်လုံးလောက်တော့ ဝယ်ပေးသင့်တယ်မလား...."

ယန်လင်းချီ ပါးစပ်အဟောင်းသားဖြစ်နေရှာသည်။

ချင်းအာ...နင်တော်တော် မွန်းစတားဆန်နေပါလား...ခရမ်းအဆင့်နည်းပြကိုတောင် မြေမြှုပ်ဖို့တွေးရလောက်တဲ့အထိ ဒေါသထွက်နေတယ်ပေါ့.....

.............. .....................................

ခရမ်းအဆင့်နည်းပြမစ်ရှင်နှင့် ယှဉ်လိုက်ပါက သားရဲများနှင့်တိုက်ခိုက်နေသော မြင်ကွင်းများကို မည်သူမျှ စိတ်မဝင်စားကြတော့ပေ။

မိုင်ပေါင်းများစွာ ဝေးကွာသောအရပ်တွင်ရောက်နေကြသော ကျောင်းသားများပင်လျှင် ထိုကြေငြာချက်ကြောင့် စိတ်အားထက်သန်စွာ တက်ကြွနေကြသည်။

လီလော့ကို အနိုင်တိုက်ရုံဖြင့် ခရမ်းတံဆိပ်ပြားရမည်ဆိုခြင်းသည် အင်မတန်လွယ်ကူသော မစ်ရှင်ဖြစ်သည်။

များစွာသော ကျောင်းသားတို့သည် ကြေးကြီးကြီးပေးဝယ်ထားကသော ကျောင်းသားသစ်စာရင်းစာအုပ်ကိုဖွင့်ကာ လီလော့အကြောင်း လှန်လှောရှာဖွေကြည့်သည့်အခါ.....

"ထျန်ရှုစီရင်စုရဲ့ နံပါတ်တစ်ချန်ပီယံဆိုတော့ သိပ်လည်း သန်မာမယ့်ပုံမပေါ်ဘူး...ဒါနဲ့..ဘာ်လိုဖြစ်လို့ ဒီကောင်က ခရမ်းအဆင့်နည်းပြမစ်ရှင်ရဲ့ ပစ်မှတ်ဖြစ်နေတာလဲ...."

" ဒါ အလကားနီးပါးရတဲ့ အခွင့်ရေးမဟုတ်လား...."

ကျောင်းသားပေါင်းများစွာသည် အလင်းတန်းများ တောက်ပနေသော လီလော့ထံသို့ အမြန်ဆုံးနည်းဖြင့် အရောက်သွားနေကြလေသည်။

ခရမ်းတံဆိပ်ပြား၏ ဆွဲဆောင်မှုကို မည်သူအံတုနိုင်မည်နည်း......

...................... ...................... ......................

"ဟားးးး ဟားးး  ယုံတောင်မနိုင်မယုံနိုင်ဘူး...လီလော့တော့ ဒုက္ခလှလှတွေ့နေပြီပဲ...."

ဒူဇီပိုင်ရွှမ်းသည် မစ်ရှင်ကြေငြာချက်ကို ကြားလိုက်သည့်အခါ ဟက်ဟက်ပက်ပက်ရယ်မောနေလေ၏။

" ခရမ်းအဆင့်နည်းပြမစ်ရှင်က ဝင်ပြိုင်ဖို့ လုံးဝထိုက်တန်တဲ့ အမိုက်စားမစ်ရှင်ပဲ....."

" ဘယ်လိုပဲဖြစ်ဖြစ် ငါကလည်း မင်းကို ဖြုတ်ချချင်နေတာဆိုတော့ ရေငတ်တုန် ရေတွင်းထဲကျဆိုလိုပေါ့ကွာ....ဟားး ဟားးးး"

ဒူဇီပိုင်ရွှမ်းတစ်ယောက် ကျေနပ်ပီတီပြည့်ဝစွာနှင့် လီလော့ရှိရာဆီစတင် ခရီးနှင်ခဲ့လေတော့သည်။

............................................ .............................

" ခရမ်းအဆင့်နည်းပြမစ်ရှင်တွေအကုန်လုံး အခုလိုထူးဆန်းကြတာတွေချည်းပဲလား..."

ပိုင်တုတုသည်လည်း မစ်ရှင်ကြေငြာချက်ကြောင့် အံအားသင့်နေမိသည်။

ဒါ ကျောင်းသားသစ်စာရင်းသွင်းတုန်းက တွေ့ခဲ့တဲ့ကျောင်းသား မဟုတ်လား....ဒီကောင်ရုပ်ကလေးသနားကမားနဲ့ အမြှောက်စာဖြစ်နေရှာပြီ....

ထားလိုက်စမ်းပါ...သူ့ဟာသူဘာဖြစ်ဖြစ်...ငါကတော့ ခရမ်းတံဆိပ်ပြားလိုချင်တယ်....သွားမယ်...."

ပိုင်တုတုသည် လှံရှည်ကို မြေပြင်တွင် တရွတ်ဆွဲကာ လေပဲ့တင်ထပ်သံစွမ်းအားများကိုသုံး၍ အမြန်ဆုံးအရှိန်ဖြင့် ခရီးနှင်ခဲ့လေသည်။

သူမ၏ အမြန်နှုန်းသည် လေအလျှင်တမျှ မြန်ဆန်လွန်းလှသည်။

............................................ .............................

တောအုပ်တစ်နေရာတွင်မူ...

ကြောက်ရွံ့ထိတ်လန့်ခြင်းကင်းသော လူငယ်တစ်ယောက်သည် အလယ်အလတ်အဆင့်သားရဲအလောင်းတစ်ခုပေါ်တွင် ထိုင်နေပြီး သူ့လက်ထဲတွင် ရွှေရောင်တံဆိပ်ပြားပေါင်းများစွာကို ကိုင်ထားလျက်ရှိသည်။

ထိုလူငယ်သည် ချင်ဇူလုဖြစ်ပြီစ သူသည်လည်း မစ်ရှင်အကြောင်း ကြားသိထားပြီးဖြစ်သည်။

" လီလော့ကို အနိုင်တိုက်ရမယ်...."

ချင်ဇူလု အိတ်ကပ်ထဲမှ ကျောက်စိမ်းပြားကို ဆွဲထုတ်ပြီး နာမည်ကို တစ်ချက်စစ်ကြည့်လိုက်သည်။

" သူလား....."

သူ့အား နာမည်ပြားလဲပေးခဲ့သည့် ဆံပင်ငွေရောင်နှင့် လူငယ်လေးကို ပြန်သတိရမိလိုက်သည်။

//ဒါဆို ခရမ်းအဆင့်နည်းပြမစ်ရှင်က သူ့ကို အနိုင်တိုက်ရမှာပေါ့.....//

ချင်ဇူလုထံတွင် ရွှေရောင်တံဆိပ်ပြားပေါင်းများစွာ ရှိနေသော်လည်း ထိုအရာများသည် သူလိုနေချင်နေသောအရာများမဟုတ်ခဲ့ပေ။

ကြယ်တာယာခရီးရှည်ကောလိပ်တွင် တက်ရောက်သည်မှာ ခရမ်းအဆင့်နည်းပြတစ်ယောက်၏ တပည့်ဖြစ်လိုသောကြောင့် မြို့စားအဆင့်အောက်နည်းပြများကို ခေါင်းထဲပင်ထည့်မထားခဲ့ဖူးပေ။

"သန်မာတဲ့သားရဲတွေကို ဆက်တိုက် တိုက်ခိုက်မယ်ဆိုလဲ ခရမ်းအဆင့်တံဆိပ်ပြားရနိုင်တာပဲ....ဒါနည်းကမှ ပိုကောင်းသေးတယ်....."

ချင်ဇူလုသည် အဝေးကပင်လှမ်းမြင်နေရသော အလင်းတန်းကြီးကို တစ်ချက်ကြည့်လိုက်ပြီး....

" မင်း ငါ့ကိုနေရာလဲပေးခဲ့တဲ့အတွက် ငါ မင်းကို မတိုက်ခိုက်တော့ဘူး....."

" ကံကောင်းပါစေ...."

ချင်ဇူလုသည် သန်မာလှသော သားရဲကို အာရုံခံမိလိုက်သောကြောင့် မတ်တပ်ထရပ်လိုက်ပြီး ထိုလမ်းကြောင်းအတိုင်း ဉီးတည် ပြေးထွက်သွားလေတော့သည်။

ထိုသားရဲသည် အနည်းဆုံး ဆရာသခင့်အဆင့်သုံးလောက်ရှိမှသာ ချင်ဇူလုကို စိတ်ကျေနပ်စေလိမ့်မည်။

All Chapters