← Chapters

ပထမဉီးဆုံး လှုပ်ရှားသူ၏ အားသာချက်.....

Vol. 9 Ch. 121

ပထမဉီးဆုံး လှုပ်ရှားသူ၏ အားသာချက်.....

Vol. 9 Ch. 121

ဝှစ်..ဝှစ်.....

လီလော့သည် သစ်ပင်များကြားတွင် လျင်မြန်စွာ ပြေးလွှားနေသော်လည်း တိုက်ပွဲဝင်ရန်အသင့် အနေအထားဖြင့် ဓားရိုးပေါ်တွင် လက်တင်ထားပါသည်။

ဤနယ်မြေတွင် သန်မာသော ကျောင်းသား မည်၍မည်မျှ ရှိနေမည်မှန်းမသိသောကြောင့် သတိမပြတ် ထားနေရသည်။

သူ့ ခန္ဓာကိုယ်ပေါ်မှ ထွက်ပေါ်နေသော အလင်းတန်းများကို သစ်ပင်များက တစိတ်တပိုင်း စစ်ထုတ်ပေးထားသော်လည်း အဝေးမှပင် လှမ်းမြင်နိုင်ပါသေးသည်။

" ဒီအလင်းတန်းက အချိန်တစ်ခုကြာရင် ပျောက်ကွယ်သွားလိမ့်မယ်....အဲ့အချိန်ထိ တောင့်ခံထားန်ိုင်ရင် ရပြီ....."

ထိုသို့တွေးနေသော်လည်း ထိုအချိန်ထိ တောင့်ခံနိုင်ရန် မည်သို့ ကြိုးစားရမည်နည်း။

လီလော့သည် ထိပ်တန်းအဆင့် သုံးယောက်မှလွဲ၍ မည်သည့်ကျောင်းသားမဆို တစ်ယောက်ချင်း တိုက်ခိုက်ဝံ့သည်။ သို့သော်လည်း လက်လေးဖက်သည် လက်နှစ်ဖက်ကို နိုင်သည်ဟူသော စကားအတိုင်း ဝန်းရံတိုက်ခိုက်မည်ဆိုပါက လီလော့ အရှုံးပေးရမည်သာ.....

ဘာလုပ်သင့်သနည်း.....

ပတ်ဝန်းကျင်ကို စူးစမ်းကြည့်လိုက်သော်လည်း အသုံးဝင်မည့်အရာ တစ်ခုမျှမတွေ့ရသောကြောင့် တောနက်ပိုင်းထဲသို့သာ ဆက်လက်ပြေးဝင်နေခဲ့လေသည်။

တောနက်ပိုင်းထဲတွင် သားရဲများစွာ ရှိနေသည့်အတွက် သူ့ကို တိုက်ခိုက်ရန်ရောက်လာသူများ နောက်ကျောလုံလိမ့်မည်မဟုတ်ပေ။

ယခုချိန်တွင် သားရဲများသည် လီလော့အတွက် အကောင်းဆုံးသော သက်တော်စောင့်များသဖွယ်ပင်.....

ဝှစ်.......

လီလေယာ့ အရှိန်မြှင့်ပြီး ပြေးလွှားနေစဉ်တွင် သူ့ထံသို့ ဉီးတည်လာနေသော ကျောင်းသားသုံးယောက်ကို လှမ်းမြင်လိုက်ရသည်။

ထိုသုံးယောက်ကလည်း သူတို့ထံ ပြေးလာနေသော လီလော့ကြောင့် အံ့အားသင့်နေကြလေသည်။

လီလော့ ထိုသုံးယောက်နားရောက်သည့်အခါ လီလော့ဘက်က ဉီးစွာမေးခွန်းထုတ်လိုက်လေသည်။

"ခေါင်းပေါ်မှာ အလင်းရောင်တွေထွက်နေတဲ့ ကျောင်းသားတစ်ယောက်ကို မြင်လိုက်မိသေးလား....."

ထိုသုံးယောက်ကလည်း ယောင်နနဖြင့် ခေါင်းခါပြနေကြသည်။

" ဒါဆို မင်းတို့ ညာဘက်ကိုသွား....ငါ ဘယ်ကိုသွားမယ်...သူ့ကို လုံးဝမလွတ်စေနဲ့...."

လီလော့ ထိုသုံးယောက်ကို အကြောင်ရိုက်ပြီးသည်နှင့် တဟုန်ထိုး ပြေးထွက်ခဲ့လေသည်။

ရုတ်တရက်ကြီး အမိန့်ပေးခံလိုက်ရသောကြောင့် ကျောင်းသားသုံးယောက်စလုံး ကြောင်အနေကြလေသည်။

" သူက ခေါင်းမှာ အလင်းတန်းထွက်နေတဲ့သူကို ရှာနေတာမဟုတ်လား....."

" နေစမ်းပါဉီး....သူ့ ခေါင်းမှာလည်း အလင်းတန်းတွေထွက်နေတယ်မဟုတ်လား...."

" အလင်းတန်းထွက်နေတဲ့ တခြားသူတွေရှိနေသေးလို့လား...."

အတော်ကြာ ဇဝေဇဝါဖြစ်နေကြပြီး​နောက်.....

" အဲ့တာ...အဲ့တာ...လီလော့မဟုတ်လား....."

" ဟုတ်တယ်...သူပဲ....."

" မြန်မြန်လိုက်ကြမယ်....ဒီကောင်ငါတို့ကို အကြောင်ရိုက်သွားတယ်....."

သုံးယောက်စလုံး ရှက်စိတ်ကြောင့် မျက်နှာများနီရဲနေကြပြီး လီလော့ ထွက်သွားသည့်ဘက်သို့ ဉီးတည်ပြေးလွှားသွားကြလေသည်။

အတန်ငယ်ပြေးလွှားပြီးချိန်တွင် ထိုသုံးယောက်ရှေ့တွင် အလင်းလုံးများကျရောက်ပေါက်ကွဲလာသောကြောင့် မျက်လုံးများနာကျင်သွားခဲ့ကြသည်။

ထိုအချိန်တွင် အပြာရောင်ပဲ့တင်ထပ်သံစွမ်းအားများကို ဝတ်ရုံသဖွယ်ဝတ်ဆင်ထားသော လူတစ်ဉီး တောအုပ်ထဲမှ ထွက်ပေါ်လာခဲ့ပြီး သူ၏ဓားရှည်ဖြင့် ကျောင်းသားသုံးဉီး၏ ခြေထောက်များကို တိုက်ခိုက်လိုက်သောကြောင့် သွေးများ ဖြာထွက်လာလေသည်။

လီလော့သည် ထိုသုံးယောက်စလုံးကို လမ်းဆက်မလျှောက်နိုင်အောင် တိုက်ခိုက်လိုက်ခြင်းဖြစ်သည်။

အမြင်အာရုံပြန်ကောင်းသွားချိန်တွင် ဓားရှည်နှစ်လက် ကိုင်ဆောင်ထားကာ တောအုပ်ထဲသို့ ပြေးဝင်သွားသည့် လီလော့၏ နောက်ကျောပြင်ကိုသာ မြင်လိုက်ကြရသည်။

ထိုအချိန်တွင် လီလော့သည် တခြားအရာများကို ခေါင်းထဲက ထုတ်လိုက်ပြီး တောနက်ပိုင်းထဲသို့သာ ဆက်လက် ပြေးဝင်သွားနေသည်။

သိပ်မကြာခင် တခြားကျောင်းသားများ ရောက်လာကြမည်ဖြစ်သောကြောင့် လီလော့ နည်းနည်းမျှ မရပ်နားဝံ့ပေ။

.............. .............. .............. .............. ..............

မိုင်အနည်းငယ်ခန့်အကွာတွင်......

တောအုပ်ထဲမှနေ၍ အချက်ပြမီးခိုးများ တလူလူလွှင့်ပျံနေသည်။

ယုလန်သည် အချက်မီးတိုင်တစ်ခုကို သစ်ပင်အမြင့်တစ်နေရာတွင် ချည်နှောင်နေသည်။

ယုလန်နှင့် ကျောက်ခွော်တို့သည် အချက်ပြမှုကြောင့် မမျှော်လင့်ဘဲ တွေ့ဆုံခဲ့ကြသည်။သူတို့သည်လည်း မစ်ရှင်အကြောင်း ကြားသိထားပြီးဖြစ်သောကြောင့် လီလော့အတွက် စိတ်ပူနေကြသည်။

" လီလော့ဆိုတဲ့ကောင်က ပြသာနာကို ဆွဲဆောင်နိုင်တဲ့နေရာမှာ သံလိုက်လိုပဲ....ဒီကောင် ဘာတွေသွားလုပ်လို့

မစ်ရှင်မှာ ပစ်မှတ်ထားခံရလောက်တဲ့အထိ ဖြစ်ရတာလဲ....."

ယုလန်သည် ကျောက်ခွော်ကို လှမ်းပြောလိုက်သည်။

"ငါ မင်းကို ပြောဖူးသားပဲ... ရုပ်ချောတိုင်းကောင်းတာမဟုတ်ဘူး....ဒါ ရုပ်ချောတဲ့အတွက် ပေးဆပ်ရတဲ့တန်ဖိုးပဲ...."

" တော်တော်ထူးဆန်းတယ်....ဘယ် ခရမ်းအဆင့်နည်းပြက အစ်ကိုလော့ကို စမ်းသပ်တာလဲမသိဘူး...."

ကျောက်ခွော် ထိိုသို့ ပြောလိုက်သောအခါ ယုလန်က.....

" မင်းဖင်ကြီးကိုသာစမ်းသပ်....ဒါ အမဲလိုက်ခံရတာကွ.....ဒီလိုသာ အမဲလိုက်ခံရရင် လီလော့မပြောနဲ့ အဆင့်တစ် ချင်ဇူလုတောင် တောင့်ခံနိုင်မှာမဟုတ်ဘူး..... "

" အေးပါကွာ... အခု အချက်ပြလိုက်ပြီဆိုတော့ ချီစု၊ကျုံးဖူနဲ့ ရှန်းလျန်တို့တွေ အမြန်ပြေးလာနေလောက်ပြီထင်တယ်...."

" ငါကတော့ သူတို့အပေါ် သိပ်ပြီး မျှော်

လင့်မထားဘူး......"

" ယုလန်....မင်း သူများမကောင်းကြောင်းကို သူများကွယ်ရာမှာ ပြောနေတာ မိန်းမကြီးကြနေတာပဲ....."

ထိုစကားသံနှင့်အတူ လူရိပ်သုံးခုသည် တောအုပ်ထဲမှ ထွက်ပေါ်လာကြသည်။ သုံးဉီးစလုံး အသက်ရှုသံများပြင်းထန်နေပုံအရ အမြန်ပြေးလာကြပုံရသည်။

" ဝိုးးး လူစုံတက်စုံပါလားကွ...."

" ဒါတွေအသားထားဉီး....ဘာအစီအစဉ်ရှိလဲ သာအရင်ပြော...."

ကျူံးဖူက စိတ်ဝင်စားမှုအပြည့်ဖြင့် ယုလန်ကို မေးခွန်းထုတ်လိုက်သည်။

"လီလော့ ဒုက္ခရောက်နေပြီ....ငါသူ့ကို ကူညီဖို့ စီစဉ်ထားတယ်...."

ကျုံးဖူက ယုလန်ပြောသည့်စကားကို တခဏမျှစဉ်းစားပြီးနောက်.....

" ငါ ကဖျက်ယဖျက်ပြောတာတော့မဟုတ်ဘူး....အခုလိုအခြေနေအတိုင်းဆို ငါတို့တွေ ကိုယ့်သေတွင်းကိုယ်တူးနေသလိုဖြစ်နေလိမ့်မယ်....."

" မင်း ဒုကျောင်းအုပ်စုရှင်း ပြောတာ မကြားလိုက်ဘူးလား....နည်းပြရွေးချယ်ပွဲမှာ သားရဲတွေကို တိုက်ခိုက်ရုံနဲ့မပြီးဘူး...ငါတို့ရဲ့ အရည်အချင်းကိုလည်း ထုတ်ပြဖို့လိုသေးတယ်...."

ယုလန်က အဝေးကပင်လှမ်းမြင်နေရသော အလင်းတန်းကို တစ်ချက်ကြည့်လိုက်ပြီး....

" လီလော့ဆီသွားနေတဲ့သူတွေအရမ်းများတော့ ငါတို့ သွားကူလည်း ဘာမှထူးမှာမဟုတ်ဘူးဆိုတော့ နည်းနည်းလောက် ဉီးနှောက်သုံးလိုက်ကြမယ်...ဒီအနေအထားအရဆို အနောက်တောင်ဘက်ကို လာသမျှ ကျောင်းသားတိုင်းကို ငါတို့တွေ ထောင်ချောက်ဆင်လိုက်မယ်ဆို လီလော့အတွက်လည်း ဝန်ပေါ့သွားမယ်..ငါတို့လည်း အရည်အချင်းတွေထုတ်ပြနိုင်မယ်...ခရမ်းအဆင့်နည်းပြတွေအကုန်လုံး အသေးစိတ်စောင့်ကြည့်နေမှာဆိုတော့ ငါတို့ရဲ့ ဉာဏ်ကောင်းမှုကို သေချာပေါက် သဘောကျကျလိမ့်မယ်....."

" ငါ သဘောတူတယ်...."

လီလော့ကိုလည်း ကူညီနိုင်မည် အပိုဆုတွေလည်းရမည်ဆို​သောကြောင့် ကျောက်ခွော်အတွက် ငြင်းစရာမရှိပေ။

ကျုံးဖူတို့ သုံးဉီးကတော့ ခဏမျှတွေဝေနေကြပြီး...နောက်ဆုံးတွင် ကျုံးဖူက....

" ကောင်းပြီ...ငါလည်း သဘောတူတယ်...ဒါပေမယ့် ငါတကယ် စီနီယာချင်းအာနောက်ပဲ လိုက်ချင်တာလို့ လီလော့ကိုပြောပေးရမယ်....."

ရှန်းလျန်နှင့် ချီစုတို့ကလည်း ကျုံးဖူ သဘောတူလိုက်သည့်အတွက် တွေဝေမနေတော့ပေ။

သူတို့သည်လည်း ကိုယ့်အခြေနေကိုယ်သိကြသည်။ သူတို့သည် အစွမ်းကုန်ကြိုးစား တိုက်ခိုက်မှသာ ရွှေရောင်တံဆိပ်ပြားရနိုင်မည်ဖြစ်သောကြောင့် ယုလန်၏ အကြံပေးချက်သည် နစ်နာစရာလုံးဝမရှိပေ။

" ဒါဆို ငါတို့က ဘာလုပ်ပေးရမှာလဲ....."

" အခုကစပြီး မင်းတို့ရဲ့သရုပ်ဆောင်နိုင်စွမ်းပေါ်မူတည်သွားပြီ....."

ချက်ချင်းဆိုသလိုပင် ကျော်ခွော်သည် အားလုံးအံ့အားသင့်သွားရလောက်သည့် သရုပ်ဆောင်စွမ်းရည်များကို ထုတ်ပြလိုက်လေသည်။

သေစမ်း....ကျောက်ခွော်ဆိုတဲ့ကောင်က လူကောင်နဲ့မှ မလိုက် သရုပ်ဆောင်ကျွမ်းကျင်လိုက်တာ......နန်ဖန်းကျောင်းတော်က ဒီပါရမီရှင်နှစ်ယောက်ကို ဘယ်လိုများ မွေးထုတ်ပေးခဲ့ပါလိမ့်.....

All Chapters