ကြားဖြတ်နှောက်ယှက်ခြင်း.....
Vol. 9 Ch. 122
ထန်.......
တောအုပ်ထဲတွင် လက်နက်ချင်းထိခတ်သံများ ဆူညံနေပြီး ရုန့်ရင်းကြမ်းတမ်းသော ပဲ့တင်ထပ်သံစွမ်းအားများကြောင့် သစ်ရွက်များ လေထုထဲတွင် လွင့်ပျံနေကြသည်။
လီလော့သည် ဓားနှစ်လက်ကို ကိုင်ထားပြီး သစ်ပင်အမြင့်တစ်နေရာကနေ သူ့ထံဉီးတည်လာနေသောသူနှစ်ဉီးကို ကြည့်နေသည်။စောနက တိုက်ခိုက်မှုအရ ထိုနှစ်ဉီးဧ၏ ခွန်အားသည် လီလော့နှင့် မတိမ်းမယိမ်းခန့်ရှိမည်ဟု ခန့်မှန်းရသည်။
" ပြေးမနေနဲ့ လီလော့...မင်း ငါတို့ မစ်ရှင်ပြီးမြောက်အောင် ကူညီပေးလိုက်စမ်းပါ...."
လွှသွားသဏ္ဍန် ဓားတစ်လက်ကို ကိုင်ထားပြီး တကိုယ်လုံးကို မီးခိုးရောင်ပဲ့တင်ထပ်သံစွမ်းအားများဖြင့် ဖုံးအုပ်ထားသော လူငယ်က ထိုသို့အော်လိုက်ခြင်းဖြစ်သည်။ ထိုလူငယ်ပိုင်ဆိုင်ထားသော
ကျောက်သားပဲ့တင်ထပ်သံပိုင်ဆိုင်ထားသည် မြေပဲ့တင်ထပ်သံနှင့်ဆင်တူလှသည်။
အခြားလူငယ်ကမူ သံမဏိတင်းပုတ်တစ်ခုကို ကိုင်ဆောင်ထားပြီး သူ့နောက်တွင် အနီရောင်မျောက်ဝံသဏ္ဍာန်တစ်ခုကို ခပ်ဝါးဝါးတွေ့မြင်နေရသည်။
" ဒီကောင်တွေ မြန်လိုက်တာကွာ....."
လီလော့သည် တောအုပ်အနက်ပိုင်းထဲ စတင်ရောက်ရှိနေပြီဖြစ်သောကြောင့် သားရဲကြီးများ၏ အကူညီရရှိနေပြီဖြစ်သည်။ သို့သော်လည်း ပိုက်ကွန်ထဲမှ လွတ်ထွက်လာသော ငါးအချို့လည်း ရှိနေကြသည်သာ.....
" လာစမ်းပါ....ဖိအားပေးနေမယ့်အစား ရုပ်ချောတဲ့ ကျုပ်နဲ့ စကားစမြည်ပြောကြရင်ပိုမကောင်းဘူးလား..."
လီလော့ အရူးကွက်နင်းရန်ကြိုးစားနေလေပြီ......
"ရှုပ်တယ်ကွာ..သစ်ကိုင်းကို ခုတ်ချပစ်လိုက်...."
ထိုနှစ်ယောက်သည် ပဲ့တင်ထပ်သံစွမ်းအားများကို ထုတ်ဖော်ကာ တပြိုင်နက်တည်း ဘယ်ညာ ဝန်းရံ၍ လီလော့ဆီချီတက်လာကြသည်။
လီလော့ကလည်း ရှေ့သို့ ခုန်အုပ်ရန် ခြေထောက်များကို ကွေးထားလိုက်သည်။
" ဒီကောင် တော်တော်ထူးဆန်းတာပဲ...."
လီလော့ဘက်က တိုက်ခိုက်ရန် အသဆးင်အြနေထားရှိနေသည်ကို မြင်လိုက်သည့်အခါ နှစ်ဉီးသား ရယ်မောလိုက်ကြသည်။
ဒီကောင် နှစ်ယောက် တစ်ယောက် တိုက်ချင်နေတာလား......
"ဖျက်စီးခြင်း ကြက်သွေးမီးတောက်....."
သံမဏိတင်းပုတ် ကိုင်ဆောင်ထားသော လူငယ်သည် ထိုသို့ အော်ဟစ်လိုက်ပြီး ပဲ့တင်ထပ်သံစွမ်းအားများကို တင်းပုတ်ထံပို့လွှတ်လိုက်သောအခါ တင်းပုတ်တစ်ခုလုံး ကြက်သွေးရောင်တောက်ပလာသည်။
လီလော့ကလည်း နတ်ဆိုးအလင်းရေကြေးမုံကို ဆင့်ခေါ်ထားပြီး တင်းပုတ်ရိုက်ချက်ကို ခုခံလိုက်သည်။
ဘန်းးးးးး
တင်းပုတ်ရိုက်ချက်ကြောင့် ရေကြေးမုံကြေမွသွားသော်လည်း တင်းပုတ်ကိုင်ထားသော လူငယ်သည် အနောက်ဘက်သို့ပေပေါင်းများစွာ လွှင့်စင်သွားခဲ့သည်။
တစ်ယောက်ကို ရှင်းပြီဖြစ်သောကြောင့် ကျောက်သားပဲ့တင်ထပ်သံပိုင်ရှင်ဘက်သို့ လှည့်သွားခဲ့ပြန်သည်။
ယခုတစ်ခေါက်တွင် လီလော့သည် အားအပြည့်ပါသော ရေအစွန်အဖျားပညာရပ်ကို ထုတ်သုံးနေသည်။
လီလော့၏ ဓားချက်တွက် ပါဝင်သောစွမ်းအားများကို အာရုံခံမိလိုက်သောကြောင့် ကျောက်သားပဲ့တင်ထပ်သံပိုင်ရှင်ခင်မျာ မျက်နှာတစ်ခုလုံး ဖြူဖျော့သွားလေ၏။
" မဖြစ်နိုင်ဘူး...ဒီကောင် ငါတို့ထက် အဆင့်နိမ့်တာသေချာတယ်...ဘာလို့ ဒီလောက်သန်မာနေရတာလဲ....."
ထိုလူငယ်သည် ထိုသို့တွေးနေစဉ်မှာပင် ခန္ဓာကိုယ်ကလည်း အဝေးသို့ လွှင့်စင်နေပြီဖြစ်သည်။
မတ်တပ်ပြန်ရပ်လိုက်ချိန်တွင် နှုတ်ခမ်းထောင့်မှ သွေးများစီးကျနေပြီး တကိုယ်လုံး တုန်ရီနေရှာသည်။
" တွေ့ပြီလား...စောစောစီးစီးကထဲက စကားထိုင်ပြောလိုက်ရင် ပြီးနေတာပဲကို....."
လီလော့က ထိုသို့ အော်ပြောလိုက်ပြီး တောအုပ်ထဲသို့ ပြေးဝင်သွားလေတော့သည်။
ကျောက်သားပဲ့တင်ထပ်သံပိုင်ရှင် အရိုက်ခံခဲ့ရသည်ကို မြင်နေသောကြောင့် တင်းပုတ်ကိုင်ထားသော လူငယ်သည် လီလော့ထွက်ပြေးသွားသည်ကို သည်အတိုင်းကြည့်နေပြီး လိုက်မဖမ်းရဲတော့ပေ။
" လီလော့ ဘယ်လိုဖြစ်ပြီး သန်မာသွားရတာလဲ...."
တင်းပုတ်လူငယ်က ကျောက်သားပဲ့တင်ထပ်သံပိုင်ရှင်ကို ဆွဲထူပေးနေရင်း ညီးညူလိုက်သည်။
" ငါလည်း မသိဘူး....လီလော့က
ကျောင်းသားသစ်စာရင်းမှာရေးထားတဲ့အဆင့်ထက်တောင် ပိုသန်မာနေသေးတယ်....."
ကျောက်သားပဲ့တင်ထပ်သံပိုင်ရှင်လူငယ်ကလည်း ပါးစပ်ကသွေးများကိုသုတ်ပြီး ထင်မြင်ယူဆချက်များကို မျှဝေလိုက်သည်။
" ကြည့်ရတာ ငါတို့တော့ ခရမ်းတံဆိပ်ပြားနဲ့ဝေးပြီထင်တယ်....."
နှစ်ဉီးသား စကားပြောနေစဉ်တွင် အနီးအနားရှိ သစ်ပင်များ လှုပ်ရှားသွားပြီး ဆံပင်အပြာရောင်နှင့်လူငယ်တစ်ယောက်ကို ခမ်းလှမ်းလှမ်းတွင် လှမ်းမြင်လိုက်ရသည်။
" အဲ့တာ..အဲ့တာ ဒူဇီပိုင်ရွှမ်းမဟုတ်လား....."
ဒူဇီပိုင်ရွှမ်းသည်
ကျောင်းသားသစ်စာရင်းတွင် အဆင့်လေးနေရာတွင်ရှိနေသောကြောင့် တစ်ချက်ကြည့်ရုံနှင့် မှတ်မိနေခြင်းဖြစ်သည်။
" မင်းတို့ နှစ်ယောက် လီလော့နဲ့တွေ့ပြီးပြီထင်တယ်.....မင်းတို့ကြည့်ရတာ သူ့ကို မတားထားနိုင်ဘူးနဲ့တူတယ်...."
ဒူဇီပိုင်ရွှမ်းက ရောက်ရောက်ချင်း ဆောက်တဲ့ထွင်းဆိုသလို ခနဲ့လိုက်သည်။
"သူ ဘယ်ဘက်ကို ထွက်သွားတာလဲ...."
" သူ ဟိုဘက်ကို ထွက်သွားတယ်....သူက စာရင်းထဲမှာရေးထားတာထက်ပိုသန်မာတယ်....."
ဒူဇီပိုင်ရွှမ်းက သိချင်တာ သိရပြီးသည်နှင့် ထိုလူငယ်နှစ်ဉီး ညွှန်ပြလိုက်သော အရပ်မျက်နှာဘက်သို့ ဉီးတည်ရွေ့လျားသွားပြီး ခမ်လှမ်းလှမ်းကနေ ထိုနှစ်ဉီးကို လှမ်းအော်ပြောလိုက်သည်က....
" လီလော့က သန်မာနေတာမဟုတ်ဘူး...မင်းတို့ကိုက အားနည်းနေတာ....."
" မိုက်ရိုင်းလိုက်တဲ့ကောင်....."
" တော်သေးတာပေါ့ ငါတို့တွေ နေရာအမှားကြီး ညွှန်ပေးလိုက်တာ....."
..........................................................................
တောအုပ်ကြီး၏ အခြားနေရာတစ်ခုတွင်.....
မျက်ပေါက်ကျဉ်းကျဉ်း၊ပိန်ပိန်ပါးပါးလူငယ်တစ်ဉီးက သူ့လမ်းကို ပိတ်ထားသော မိန်းကလေးတစ်ဉီးကို ပြုံးပြနေပြီး.....
" ချင်းအာ....မင်း ဘာလို့ ငါသွားမယ့်လမ်းမှာပိတ်ရပ်နေတာလဲ......"
ထိုလူငယ်သည် စကားပြောနေစဉ်အတွင်း ကျောက်စိမ်းယပ်တောင်ကိုလည်း တဖြတ်ဖြတ်ခတ်နေသေးသည်။
" ဝမ်ဟေးကျူ.....နင် လီလော့ဆီသွားမှာမဟုတ်လား...."
ထိုလူငယ်သည် ကျောင်းသားသစ်စာရင်းတွင် ဒုတိယချိတ်ထားသူ ဝမ်ဟေးကျူဖြစ်သည်။
" လီလော့ကို နိုင်အောင်တ်ိုက်နိုင်ရင် ခရမ်းတံဆိပ်ပြားရမယ်လေ.....တန်တယ်မဟုတ်လား....."
" အေး....ဒါဆို ငါကလည်း နင့်ကို သွားခွင့်မပေးနိူင်ဘူး....."
" ချင်းအာ....နင် ငါနဲ့မယှဉ်နိုင်မှန်း သိတယ်မဟုတ်လား.....ဘာလို့ အားကုန်ခံနေမှာလဲ....."
" ဘာပဲဖြစ်ဖြစ် နင့်ကို အချိန်ဆွဲထားနိုင်ရင်ရပြီ....."
လုချင်းအာသည် စကားကို တည့်တိုးဆန်စွာပြောလိုက်ပြီး ရေခဲလက်အိတ်ကိုပါ တစ်ခါတည်းချွတ်ပစ်လိုက်လေသည်။
ယခုချိန်တွင် လီလော့ ဘယ်နည်းနှင့်မျှ အခြေနေကောင်းမည်မဟုတ်ပေ။ ထို့ကြောင့် ဝမ်ဟေးကျူသာ လီလော့ဆီရောက်သွားမည်တိုပါက အခြေနေပိုဆိုးသွားပေလိမ့်မည်။
လုချင်းအာ ရသလောက်အချိန်ဆွဲထားပေးမှဖြစ်မည်။
သို့သော်လည်း နှစ်ဉီးသားကြားတွင် ကွာခြားချက်ကြီးမားသောကြောင့် လုချင်းအာဘက်က အစွမ်းထက်ဆုံး တိုက်ကွက်ထုတ်သုံးလျှင်ပင် တစ်မိနစ်ခန့်သာ အချိန်ဆွဲထားပေးနိုင်မည်။သူမသည် ဆရာသခင်အဆင့်ရောက်နေပြီဖြစ်သောကြောင့် ယခင်ကလို ထိခိုက်မိတော့မည်မဟုတ်ပေ။
" မင်း နောက်ပိုင်းကျရင် ငါနဲ့ တစ်ခါလောက် ချိန်းတွေ့ပေးမယ်ဆို မင်းဘက်ကတောင်းဆိုတာကို လိုက်လျောပေးမယ်....."
အနီနားတစ်ဝိုက်ရှိမြေပြင်တစ်ခုလုံးအေးခဲသွားစေသည့် ပေါက်ကွဲသံတစ်ခုသည် လုချင်းအာ၏ အဖြေဖြစ်သည်။
" ကောင်းပြီ...ဒါဆိုလည်း နင်နဲ့ငါကြားက ကွာခြားချက်ကို သိအောင်ပြပေးမယ်....."
ဘုန်းးးးးးးးးးးး
အစိမ်းရောင်ပဲ့တင်ထပ်သံစွမ်းအားများသည် ဝမ်ဟေးကျူ၏ ခန္ဓာကိုယ်ကနေ မြူခိုးများသဖွယ် ထွက်ပေါ်လာပြီး အနီးအနားတစ်ဝိုက်ရှိ သစ်ပင်၊သစ်ရွက်များအားလုံး အနက်ရောင်ပြောင်းသွားကြလေသည်။
နှစ်ဉီးစလုံးသည် ပဲ့တင်ထပ်သံများ ကိုယ်စီထုတ်ဖော်တိုက်ခိုက်နေကြသည်။