သစ်တောထဲတွင် ငါးဖမ်းခြင်း.....
Vol. 9 Ch. 123
မေဖုန်းသည် အဆင့်နိမ့်ကြည်လင်သောမျိုးစေ့အဆင့်ကျောင်းသားတစ်ဉီးဖြစ်သော မေဖုန်းသည်လည်း မစ်ရှင်ကြေငြာချက်ကို အခြားသူများနည်းတူ ကြားထားပြီးဖြစ်သည်။
ယခုချိန်တွင် လီလော့ကို လိုက်ဖမ်းနေသူပေါင်းများစွာရှိနေပြီး သူ ရောက်သွားသည့်တိုင် ပထမနေရာရနိုင်တော့မည်မဟုတ်ပေ။ သို့သော်လည်း ကြိုးစားကြည့်နိုင်သေးသည်မဟုတ်လော.....
အကယ်၍ သူသာ လီလော့ကို နောက်ဆုံးအချိန်တွင်နိုင်မည်ဆိုရင်ရော......
ခရမ်းအဆင့်နည်းပြတစ်ဉီး၏ တပည့်ဖြစ်ခွင့်ရမည်ဆိုပါက ကောလိပ်တွင် ခေါင်းမော့ ရင်ကော့နေနိုင်ပြီဖြစ်သည်။ ထို့အပြင် ခပ်ချောချောစီနီယာ မမများကိုလည်း ပိုးပန်းနိုင်ဉီးမည်ဆိုသောကြောင့် အနာဂတ်တစ်ခုလုံး တောက်ပနေတော့မည်သာ.....
မေဖုန်းသည် စိတ်ကူးယဉ်အတွေးများနှင့် ပျော်ရွှင်စွာဖြင့် ပစ်မှတ်ရှိရာဆီ ဉီးတည်ခရီးနှင်ခဲ့လေတော့သည်။
တောအုပ်ငယ်လေးတစ်ခုကို ဖြတ်ကျော်လာပြီးချိန်တွင် လှမ်းခေါ်သံကြားလိုက်ရသည်။
" ခဏနေပါဉီး...... "
မေဖုန်း လှည့်ကြည့်လိုက်သောအခါ သူ့ဆီလျှောက်လာနေသော ကျောင်းသားတစ်ယောက်ကိုတွေ့မြင်လိုက်ရပြီး ထိုကျောင်းသား၏မျက်နှာသည် တစ်သက်တာတွင် တစ်ခါမျှမလိမ်ညာဖူးသည့်နှယ် ရိုးသားဖြူစင်လွန်းလှသည်။
" ဘာကိစ္စများလဲ...."
တစ်ဖက်လူကိုကြည့်ရသည်မှာ ရိုးသားဖြူစင်ပုံကသောကြောင့် မေဖုန်းကလည်း ပြေပြေလည်လည် ဆက်ဆံလိုက်သည်။
"မင်း လီလော့ကို လိုက်ဖမ်းနေတာလား....အမှန်တိုင်းပြောရရင် ငါလည်း မင်းလိုပဲ......အခုချိန်မှာ လီလော့ကို လိုက်ဖမ်းနေသူတွေ အရမ်းများနေတော့ တစ်ယောက်တည်းသွားရင် အကျိုးထူးမှာမဟုတ်ဘူး....ငါလည်း တစ်ယောက်တည်းမသွားရဲဘူး...ဒါ့ကြောင့် တခြားသူတွေနဲ့ အဖွဲ့ဖွဲ့ထားတယ်....မင်း စိတ်ဝင်စားမယ်ဆို ငါတို့နဲ့ လာပူးပေါင်းလို့ရတယ်....."
တစ်ဖက်လူ၏ ရိုးသားနှိမ့်ချစွာပြောဆိုမှုကို မေဖုန်း သဘောကျသွားပြီး....
"ဒါဆို တခြားအဖွဲ့ဝင်တွေနဲ့ အရင်တွေ့ကြည့်လို့ရမလား...."
" ရတာပေါ့...."
ရိုးသားသောလူငယ်လေးက မေဖုန်းကို နှစ်လိုဖွယ်ပြုံးပြလိုက်ပြီး တောအုပ်ထဲသို့ လမ်းပြခေါ်ဆောင်သွားခဲ့သည်။
နှစ်ဉီးသား စကားသိပ်မပြောဖြစ်ခဲ့သော်လည်း ရိုးသားသောလူငယ်လေးသည် မေဖုန်းအကြောင်း အကုန်သိနေပြီဖြစ်သည်။
တခဏအကြာတွင် မေဖုန်း အခြားသူများနှင့်တွေ့ခွင့်ရခဲ့ယ့ပြီး ထိုအဖွဲ့ ခေါင်းဆောင်သည် ဝမ်းနည်းကြေကွဲမနေပုံပေါက်နေသော လူငယ်တစ်ဉီးဖြစ်နေသည်။
" အစ်ကိုမေဖုန်း ကျွန်တော်တို့အဖွဲ့နဲ့ ပူးပေါင်းလိုက်ပြီဆိုတော့ ကျွန်တော်တို့တွေ လီလော့ကို အနိုင်တိုက်နိုင်တော့မှာသေချာနေပြီ......"
ခေါင်းဆောင်လူငယ်က မေဖုန်းကို မြင်မြင်ချင်း ထိုသို့ မြှောက်ပင့်ချီးကျုးနေသည်။ထိုလူငယ်၏ စကားအသွားအလာအရ မေဖုန်းကို ခေါင်းဆောင်တင်လိုက်ပုံရသည်။
ခေါင်းဆောင်လူငယ်၏ အပြောချိုမှုကြောင့် မေဖုန်းတစ်ယောက် အကျေနပ်ကြီးကျေနပ်နေပြီး စိတ်ထဲတွင်.....
// ဒီကောင်တွေ အမြင်ရှိသားပဲ...နောက်ဆို ကောလိပ်မှာ သူတို့တွေကို ကောင်းကောင်းစောင့်ရှောက်ပေးရမယ်....."
" ကဲ..ဒါဆိုလည်း ခရီးဆက်ကြစို့....."
မေဖုန်း လော်ဆော်လိုက်သောအခါ အဖွဲ့ဝင်များကလည်း.....
" သွားကြစို့...."
ခြေနှမ်းခန့် လှမ်းပြီးချိန်တွင် ကြေကွဲလူငယ်လေးက.......
" အစ်ကိုမေဖုန်း...အစ်ကို့ ခေါင်းနောက်မှာ ခြင်တစ်ကောင်ဝဲနေတယ်...ကျွန်တော်ရိုက်ပေးမယ်....."
အနည်းငယ်ထူးဆန်းနေသောကြောင့် မေဖုန်းလာမှပြန်မဖြေနိုင်သေးပေ။ ထိုအချိန်တွင် ကြေကွဲလူငယ်လေးသည် ဘယ်နားဆွဲထုတ်လာမှန်းမသိသော တုတ်တစ်ချောင်းနှင့် မေဖုန်း နောက်စေ့ကိုရိုက်ချလိုက်လေသည်။
ဒုတ်.....
အသံတော်တော်ကျယ်သည်။
မေဖုန်း မျက်လုံးများ ပြာဝေလာသလို အတော်လေးလည်း အံ့အားသင့်နေခဲ့မိသည်။ အမြင်အာရုံတစ်ခုလုံး အမှောင်မကျခင်လေးတွင် မေဖုန်းတွေးမိလိုက်သည်က.....
//ဒီကောင်တွေရူးနေကြတာလား...ခြင်တစ်ကောင်ရိုက်တာကို အဲ့သလောက် အားသုံးစရာလိုလို့လား.....//
ယုလန်သည် မေ့လဲသွားသော မေဖုန်းကိုကြည့်ပြီး....
"ဒီကောင် အတော်ရိုးသားလွန်းတယ်.....အခွင့်ရေးရမယ်ဆို နောက်များလည်း တွေ့ချင်ပါသေးတယ်....."
ကျုံးဖူ....." ငါ့အထင်တော့ မင်း သူ့ရှေ့မှာ ဘယ်တော့မှ မျက်နှာသွားမပြတာ ပိုကောင်းလိမ့်မယ်ထင်တယ်....."
ရှန်းလျန်....." ရိုးသားတဲ့သူတွေ ဒေါသထွက်လာရင် ကြောက်ဖို့အကောင်းဆုံးဆိုပဲ..... "
ချီစု..."ယုလန်...နင်က လူလား နတ်ဆိုးလား...."
အားလုံးက အပြစ်တက်နေသောကြောင့် ယုလန်ခင်မျာ မျက်နှာငယ်လေးနှင့်.....
" ထားလိုက်ပါတော့.....သူ့လို ရိုးသားတဲ့သူငယ်ချင်းတစ်ယောက်ကို ဆုံးရှူံးလိုက်ရပြီပဲထားလိုက်ပါတော့......"
ကျောက်ခွော်ကတော့ အားလုံးကို လျစ်လျူရှုထားပြီး သတိလစ်နေသော မေဖန်းကို အခြားသတိလစ်နေသူ ခုနှစ်ဉီး၊ ရှစ်ဉီးခန့် အနီးတွင် သွားထားလိုက်သည်။
ယုလန်....." ငါတို့ တော်တော်ကြိုးစားထားပြီးပြီ...လီလော့ကတော့ ဂုဏ်ယူနေတော့မှာပဲ..နောက်တစ်ယောက်လောက် ထပ်ရှာပြီးရင်ဒီနေရာရှင်းသွားပြီ....."
ကျော်ခွော်သည် ပစ်မှတ်ထပ်ရှာရန် ထွက်ခွာသွားပြီး ကျန်သောသူများကတော့ အဆင်သင့်ပြင်ထားပြီး စောင့်နေကြသည်။
သိပ်မကြာခင်မှာပင် လေအလျင်တမျှ မြန်ဆန်သော အမြန်နှုန်းနှင့်ပြေးလာသူတစ်ဉီးကို လှမ်းမြင်လိုက်ရသောကြောင့်.....
" မိတ်ဆွေ.....ခဏနေပါဉီး...."
လူလုံးသဲကွဲစွာ မြင်လိုက်ရမှသာ ပြေးလာနေသူသည် မိန်းကလေးတစ်ဉီး ဖြစ်နေမှန်းသိလိုက်ရသည်။
သူမသည် လှံရှည်တစ်ချောင်းကို ကိုင်ထားပြီး ကျောက်ခွော်ကို စူးစူးရဲရဲ စိုက်ကြည့်နေသည်။
ကျော်ခွော်သည် အပြင်ပန်းတွင် ဖော်ရွေစွာ ပြုံးပြနေသော်လည်း စိတ်ထဲတွင် အော်ဟစ်နေလေသည်။
ထိုမိန်းကလေးသည် ကျောင်းသားသစ်စာရင်းတွင် တတိယနေရာတွင်ရှိနေသည့် ပိုင်တုတုဖြစ်နေသည်။
ငါးဖမ်းခြင်းအစီအစဉ် ပျက်စီးကိန်းဆိုက်တော့မည်မှန်း အာရုံရနေပြီဖြစ်သည်။
" ဘာကိစ္စလဲ....."
ပိုင်တုတု၏ အေးစက်ခက်ထန်သော စကားသံကြောင့် ကျောက်ခွော်တစ်ယောက် အစာအိမ်ပြုတ်ကျလုမတတ် ထိတ်လန့်နေရှာသည်။
" မင်း....မင်း လီလော့ကို သွားရှာမလို့လား....ငါတို့တွေ သူ့ကိုသွားရှာဖို့ အဖွဲ့ဖွဲ့ထားတယ်....စိတ်ဝင်စားရင် ငါတို့နဲ့ လာပူပေါင်းပါလား......"
ကျောက်ခွော် ကြောက်လန့်နေသော်လည်း ပြောစရာရှိတာ့တော့ အကုန်ပြောရပေမည်။
ပိုင်တုတု စဉ်းစားနေလေပြီ.....
//တောအုပ်က အရမ်းကျယ်လွန်းတယ်....ငါတစ်ယောက်တည်း ရှာနေရင် အချိန်ကုန်တယ်....တခြားလူတွေနဲ့ဆို အချိန်ကုန်သက်သာလိမ့်မယ်.....//
"လမ်းပြ....."
ကျော်ခွော် သက်ပြင်းခိုးချလိုက်ပြီး ပိုင်တုတုကို ယုလန်တို့ရှိရာဆီ လမ်းပြပေးခဲ့သည်။
ပိုင်တုတုသည် သူတို့အတွက် ကြောက်လန့်စရာငါးမန်းတစ်ကောင်ဖြစ်နေသောလည်း ထိုငါးမန်းသာ လီလော့ဆီရောက်သွားမည်ဆိုပါက လီလော့ ဒုက္ခရောက်ရပေလိမ့်မည်။ထို့ကြောင့် ပိုင်တုတုကို တတ်နိုင်သမျှ တားဆီးရမည်သာ.......
လူနှစ်ယောက်၏ခြေသံကြောင့် ယုလန်တို့ ပျော်ရွှင်သွားကြသော်လည်း ကျောက်ခွော်နှင့် အတူပါလာသော ပိုင်တုတုကို မြင်လိုက်ရချိန်တွင် အပြုံးများ အေးခဲကုန်လေသည်။
// သေလိုက်ပါတော့ကွာ....မင်းခေါ်လာတာ ငါးမန်းမိခင်ကြီးကွ.....//
ကျောက်ခွော်က မသိမသာ ခေါင်းညိတ်ပြလိုက်ပြီး သိသိလျှက်နှင့် ခေါ်လာခြင်းဖြသ်ကြောင့် အချက်ပြလိုက်သည်။
အခြေနေအရပ်ရပ်ကို သဘောပေါက်သွားသည့်အခါ ယုလန် ခါးသက်စွာပြုံးလိုက်လေတော့သည်။
//ဖြစ်လာမှာတော့ ဘာမှမထူးတော့ဘူး....ကျောက်တုံးကို ကြက်ဉနဲ့ပေါက်သလို ဖြစ်နေရင်တောင် အကောင်းဆုံး ကြိုးစားကြည့်ရတော့မှာပဲ....သေတော့ မသေနိုင်ပါဘူးလေ......//
" နင်....."
ပိုင်တုတုသည် ယုလန်ကို မှတ်မိသွားသောကြောင့် မျက်မှောင်ကြုံ့ပြီးစိုက်ကြည့်နေသည်။
ယုလန်ကလည်း မချိပြုံး ပြုံးလိုက်ပြီး.....
"မဂ်လာပါ...အစ်မပိုင်....အစ်မပိုင်က ကျွန်တော်ရဲ့ စံပြပုဂ္ဂိုလ်ပါ...."
ပိုင်တုတုက တစ်ဖွဲ့လုံးကို ဝှေ့ကြည့်လိုက်ပြီး....
" နင်တို့တွေက လီလော့ကို တိုက်ဖို့ အုပ်စုဖွဲ့နေတာမှမဟုတ်တာ....လီလော့ဆီသွားမယ့်သူတွေကို ဖြတ်တားဖို့ လုပ်နေတာပဲ....."
" အစ်မပိုင်....အဲ့လိုမပြောပါနဲ့ဗျာ....."
"တောအုပ်ထဲမှာ အားနည်းတဲ့ အသံရှူသံတွေ အာရုံခံမိနေတယ်....အဲ့လူတွေ နင်တို့လက်ချက်နဲ့ သတိလစ်နေကြပြီမဟုတ်လား...."
ဘန်းးးးး
သူမ စကားဆုံးသည်နှင့် ကျောက်ခွော်က
နောက်ကနေ သံတုတ်နှင့် လှမ်းရိုက်လိုက်သည့်အခါ အစိမ်းရောင်ပဲ့တင်ထပ်သံစွမ်းအားများသည် သူမ ခန္ဓာကိုယ်ကနေ လေပြင်းများသဖွယ် ထွက်ပေါ်လာသောကြောင့် ကျောက်ခွော်အဝေးသို့ လွှင့်ထွက်သွားလေသည်။
" မိအောင်ဖမ်း....."
ယုလန် ထိုသို့အော်လိုက်သည့်အခါ ချီစုတို့သုံးဉီးစလုံး ပဲ့တင်ထပ်သံစွမ်းအားများ ကိုယ်စီထုတ်ဖော်ကာ ပိုင်တုတုကို အဖက်ဖက်မှ တိုက်ခိုက်ရန်ပြင်လိုက်ကြသည်။
ပိုင်တုတုကလည်း လက်စွဲတော် လှံရှည်ကို အားပါပါဝှေ့ယမ်းလိုက်ပြီး......
" ဟွန့်.....နွားလှည်းကို တားချင်နေတဲ့ ဓားခုတ်ကောင်လေးတွေပါလား....."
ပြင်းထန်လှသော လေစွမ်းအားများကြောင့် တောအုပ်တစ်ခုလုံး ယိမ်းခါလေနေ၏။