← Chapters

ဒူဇီပိုင်ရွှမ်းနှင့် ယှဉ်ပြိုင်ခြင်း.....

Vol. 9 Ch. 125

ဒူဇီပိုင်ရွှမ်းနှင့် ယှဉ်ပြိုင်ခြင်း.....

Vol. 9 Ch. 125

ဒူဇီပိုင်ရွှမ်းသည် လေးလံလှသော လှံသွားတပ်ထားသည့်စစ်ပုဆိန်ကြီးတစ်လက်ကို နောက်ကျောဘက်မှ ဆွဲထုတ်လိုက်သည်။လူပုံကြည့်ရသည်မှာ ပျော့တိပျော့ဖတ်နိုင်သော်လည်း အသုံးပြုသောလက်နက်မှာ အဖျက်အားကောင်းပြီး လွှမ်းမိုးနိုင်စွမ်းရှိပုံရသည်။

ပြင်းထန်လှသော အပြာရောင်ရင့်ရင့် ပဲ့တင်ထပ်သံစွမ်းအားများသည် သူ့နောက်ကျောဘက်တွင် ဧရာမခွန်ပန်သတ္တဝါကြီးတစ်ကောင်သဖွယ် ဖွဲ့စည်းပုံဖော်နေသည်။

ရေနက်ပိုင်းခွန်ပန်ပဲ့တင်ထပ်သံသည် သားရဲပဲ့တင်ထပ်သံအမျိုးအစားဖြစ်ပြီး ဒဏ္ဍာရီလာသားရဲဖြစ်သည့်အတွက် ပြင်းထန်သောခွန်အားများကို ပိုင်ဆိုင်ထားသည်။ ၎င်းသာ ပင်လယ်ထဲတွင် တစ်ချက်လူးလွန့်လိုက်ပါက ကောင်းကင်ယံထိတိုင် လှိုင်းထံပိုးထန်သည်အထိ အင်အားပြင်းထန်လွန်းလှသည်။

ရေနက်ပိုင်းခွန်ပန်သည် ရေသတ္တဝါမျိုးနွယ်ဖြစ်သည့်အတွက် ရေပဲ့တင်ထပ်သံနှင့် အလားသဏ္ဍာန်တူသော်လည်း ရေပဲ့တင်ထပ်သံပိုင်ရှင်တွေလို ဝိဉာဉ်ရည်နှင့်သန့်စင်သောအလင်းများကို မသန့်စင်နိုင်ကြပေ။

သို့သော်လည်း ထိုသို့သော ပဲ့တင်ထပ်သံများသည် ရုပ်ပိုင်းဆိုင်ရာခွန်အားကို တိုးမြှင့်ပေးနိုင်သည့် အားသာချက်တော့ရှိနေသည်။

" အဆင့်နိမ့် အဆင့်ရှစ်ပဲ့တင်ထပ်သံဆိုတာ အချဉ်တော့မဟုတ်ဘူး.... "

လီလော့ မျက်မှောင်ကြုံ့နေပြီး စိတ်ထဲတွင် တွက်ချက်ကြည့်နေသည်။ သူ၏ ပဲ့တင်ထပ်သံသည် အဆင့်ခြောက်တွင်ရှိနေသော်လည်း အချို့သောအားသာချက်များကြောင့် အဆင့်ခုနှစ်သမားများနှင့် တန်းတူသတ်မှတ်နိုင်သည်။ သို့သော် အဆင့်ရှစ်ကိုမှီနိုင်မည်မဟုတ်ပေ။

လီလော့သည် လက်စွဲတော် ဓားနှစ်လက်ထဲသို့ ပဲ့တင်ထပ်သံစွမ်းအားများ ပို့လွတ်လိုက်ပြီး လက်ဉီးမှုရယူနိုင်ရန် စတင်တိုက်ခိုက်ခဲ့သည်။

ရွှီးးးးး

ပိုမိုအားကောင်းလာသော ရေကျည်ဆန်ပညာရပ်ကြောင့် ဓားချက် လေကိုခွင်းလိုက်သည့် ထူးဆန်းသောအသံများထွက်ပေါ်လာသည်။

လီလော့ဘက်က စတင်တိုက်ခိုက်လိုက်သောကြောင့် ဒူဇီပိုင်ရွှမ်းကလည်း စစ်ပုဆိန်ကြီးကို အားမာန်အပြည့်နှင့် လွှဲယမ်း ခုခံလိုက်သည်။

ဓားနှင့်ပုဆိန်ထိခတ်မှုအရှိန်ကြောင့် အနီးအနားတစ်ဝိုက်တွင် သစ်ရွက်များ ပြန့်ကြဲနေလေသည်။

လီလော့ နောက်ပြန်ဆုတ်လိုက်ပြီး ပါးစပ်ကို လက်နဲ့အုပ်ထားကာ ထက်ရှသော ရေမြှားများကို အဆက်မပြတ် ပစ်လွှတ်နေသောကြောင့် ဒူဇီပိုင်ရွှမ်း ကလည်း စစ်ပုဆိန်ကို တစ်ချက်လွှဲယမ်းလိုက်ပြီး ရေတံတိုင်းတစ်ခုဖန်းတီးလိုက်လေသည်။

တဆက်တည်းမှာပဲ ဒူဇီပိုင်ရွှမ်းက လီလော့ကို ထိုးသုတ်ရန် လက်တစ်ဖက်က ဆန့်ထုတ်လိုက်ပြန်သည်။

" ဝါးမြိုလိုက်စမ်း...."

ထိုသို့အော်ဟစ်မာန်သွင်းလိုက်သောအခါ  ပိုင်ရွှမ်း၏ လက်ဝါးတစ်ခုလုံးပေါ်တွင် စွမ်းအားများ ရစ်သိုင်းလာပြီး တစ်ဖက်လူကို ပြင်းထန်စွာ စုပ်ယူဆွဲငင်နေသည်။

ဤသည်မှာ ရေနက်ပိုင်းခွန်ပန်ပဲ့တင်ထပ်သံ၏ ဝါးမြိုဖျက်စီးခြင်းစွမ်းရည်ဖြစ်သည်။ ပင်လယ်ထဲတွင်ဆိုပါကပါးစပ်တစ်ချက်ဟလိုက်ရုံဖြင့် ရေသတ္တဝါအများအပြားကို ဝါးမြိုဖျက်စီးပစ်နိုင်သည်။

လီလော့သည် မြေပြင်ပေါ်တွင် ​ခြေကုပ်ယူးထားပြီး အဝါရောင်ပဲ့ထပ်သံစွမ်းအားအချို့ ထုတ်သုံးလိုက်သောကြောင့် ပိုင်ရွှမ်းဘက်က မည်မျှပင် ဆွဲငင်နေပါစေ ​ခြေတစ်လှမ်းမျှ မရွေ့ခဲ့ပေ။

လီလော့ မြေပဲ့တင်ထပ်သံစွမ်းအားများကို ထုတ်သုံးနေခြင်းဖြစ်သည်။

လီလော့ ခုခံနေနိူင်သောကြောင့် ပိုင်ရွှမ်း အံ့အားသင့်သွားခဲ့ရသည်။ ထို့နောက် ​ရေလှိုင်းများသဖွယ် ရှေ့သို့ ခုန်တက်သွားခဲ့ပြန်သည်။

ပိုင်ရွှမ်း၏ မျက်လုံးထဲတွင် အမျက်ဒေါသများ တောက်လောင်နေပြီး စစ်ပုဆိန်ကြီးကို အားကုန်သုံး၍ လွှဲယမ်းလိုက်ပြန်သည်။

" အဆင့်မြင့်ပညာရပ်....... စီးဆင်းနေသောရေလှိုင်း......"

လွှဲယမ်းလိုက်သော စစ်ပုဆိန်နောက်တွင် ရေလှိုင်းများပါ ကပ်ပါလာပြီးသောကြောင့် ထိုပုဆိန်ခုတ်ချက်သည် သေချာပေါက် အင်အားပြင်းထန်ပေမည်။

လီလော့ကလည်း နတ်ဆိုးအလင်းရေကြေးမုံကို ချက်ချင်း ဆင့်ခေါ်လိုက်လေသည်။

ဘန်းးးးးးး

ပုဆိန်ခုတ်ချက်ကြောင့် ကြေးမုံတစ်ခုလုံးကြေမွသွားသော်လည်း တန်ပြန်လိုက်သော စွမ်းအားများသည် ပိုင်ရွှမ်း၏ကိုယ်ပိုင်ခွန်အားကြောင့် ပျက်ပြယ်သွားခဲ့ကြသည်။

ထို့​ကြောင့် ရေကြေးမုံပျက်စီးသွားပြီးနောက်တွင်လည်း ပိုင်ရွှမ်း၏ စစ်ပုဆိန်ကြီးသည် လီလော့ထံသို့ ဆက်လက်ကျဆင်းနေပြီး လီလော့ကလည်း ဓားနှစ်လက်နှင့်ခုခံတားဆီးနေသည်။

ထန်...ထန်...ထန်....

သတ္တုချင်းထိခတ်သံများ ဆူညံသွားပြီး လီလော့ အဆက်မပြတ်နောက်ဆုံးပေးနေရသည်။ ပိုင်ရွှမ်းကလည်း တစ်ချက်မှ အလွှတ်မပေးခဲ့ပေ။

လီလော့ ခပ်လှမ်းလှမ်းသို့ နောက်ဆုတ်လိုက်ချိန်တွင် ပိုင်ရွှမ်း၏ စစ်ပုဆိန်အဖျားတွင်တပ်ဆင်ထားသော လှံသွားများသည် များစွာသော ပုံရိပ်ယောင်များအဖြစ် ခွဲထွက်လာပြီး လီလော့ထံသို့ ဉီးတည်တိုးဝင်လာကြသည်။

ဤသို့ဖြင့် ပြင်းထန်သော တိုက်ကွက်ပေါင်းများစွာ ဖလှယ်ခဲ့ကြသည်။

ပိုင်ရွှမ်း၏ ခွန်အားပြင်းထန်သော တိုက်ကွက်များကြောင့် လီလော့ဘက်က အဆက်မပြတ်နောက်ဆုတ်ပေးနေခဲ့ရသည်။

ကျင့်ကြံမှုအဆင့်နှင့် ပဲ့တင်ထပ်သံအဆင့်မြင့်မှုတို့ကြောင့် ဤတိုက်ပွဲတွင် ပိုင်ရွှမ်းဘက်က အသားစီးနေရခဲ့သည်။

" လီလော့....ခုနကတုန်းက မောက်မာမှုမျိုးလေးနဲ့ မောက်မာပြပါဉီးလား....."

ပိုင်ရွှမ်းက နှုတ်ဖြင့်ပါ စကားနားထိုးနေပြန်သည်။

" လီလော့...ငါဒီနေ့ မင်းခေါင်းကို ​ခြေထောက်အောက်မှာ နင်းထားပြ....."

" အိုက်ယား...ဘာကြီးတုန်းဟ...."

ပိုင်ရွှမ်းတစ်ယောက် စကားဆုံးအောင်မပြောရသေးခင်မှာ ခြေတစ်ဖက်သည်  ရုတ်တရက် ရေအိုင်ထဲသို့ နစ်သွားသလို ကျွံဝင်သွားသောကြောင့် ဟန်ချက်ပျက်သွားခဲ့သည်။

လီလော့ကလည်း အခွင့်ရေးကို လက်လွန်မခံဘဲ ပိုင်ရွှမ်း၏ မျက်နှာကို အားရပါးရ ဖြတ်ကန်လိုက်လေသည်။

ပိုင်ရွှမ်းဒေါသတကြီးအော်ဟစ်လိုက်ပြီး စစ်ပုဆိန်ကြီးဖြင့် လှမ်းခုတ်လိုက်ပြန်တော့ လီလော့ နောက်ပြန်ဆုတ်လိုက်ပြန်သည်။

ပိုင်ရွှမ်းတစ်ယောက် မြေပြင်ကို အံ့အားသင့်စွာ ငုံ့ကြည့်လိုက်မိသည်။

// မြေပြင်အမာကြီးကနေ ဘယ်လိုဖြစ်လို့ ရေအိုင်လို ကျွံဝင်သွားရတာလဲ....//

" ဟေ့ကောင်....မင်း ရေပဲ့တင်ထပ်သံစွမ်းအားသုံးလိုက်တာမဟုတ်လား...မဟုတ်သေးဘူး....ရေပဲ့တင်ထပ်သံစွမ်းအားနဲ့ ဒါမျိုး လုပ်လို့မှမရတာ....."

မြေပြင်ပေါ်တွင် ရေအိုင်တစ်ခုဖြစ်လာစေရန် ရေပဲ့တင်ထပ်သံစွမ်းအား ပမဏများစွာ သုံးရမည်ဖြစ်သည်။ လီလော့၏ လက်ရှိအဆင့်လောက်နှင့် ထိုသို့ပြုလုပ်နိုင်မည်မဟုတ်သေးပေ။

လီလော့သည် ဘာတစ်ခွန်းမှပြန်မဖြေဘဲ ပြုံးရုံသာပြုံးနေလေ၏။

// ငါ့ဘာသာ ဘယ်လို လုပ်လုပ် မင်းသောက်ပူမပါဘူး.....//

လီလော့ ထိုသို့ ပြုလုပ်နိုင်ခြင်းသည် ရေပဲ့တင်ထပ်သံစွမ်းအားအပြင် မြေပဲ့တင်ထပ်သံစွမ်းအားကိုပါ သုံးထားသောကြောင့်ဖြစ်သည်။

အကျိုးသက်ရောက်မှုသိပ်မရှိသော်လည်း ပိုင်ရွှမ်းကို ကောင်းစွာ လှည့်စားနိုင်ခဲ့သည်။

ပိုင်ရွှမ်းသည် မျက်နှာပေါ်က ခြေရာကို သုတ်လိုက်ပြီး လီလော့ကို စိမ်းစိမ်ဝါးဝါး စိုက်ကြည့်နေသည်။

လီလော့သည် သူ့အား အစွမ်းကုန် စော်ကားလိုက်သလို ဖြစ်နေသောကြောင့် ပိုင်ရွှမ်း၏ ပဲ့တင်ထပ်သံစွမ်းအားများသည် ယခင်ထက်ပင် ရုန့်ရင်းကြမ်းတမ်းလာခဲ့သည်။

ဘန်းးးးးးး

ပိုင်ရွှမ်း၏ အရေပြားများသည် ပဲ့တင်ထပ်သံစွမ်းအားများကြောင့် အပြာရောင်တောပနေပြီး လက်ချောင်းများကလည်း ရေယက်များသဖွယ် ကျယ်ပြန့်လာပြီး ခန္ဓာကိုယ်ကတသ်ခုလုံး ဖောင်းပွလာခဲ့သည်။

" ကျားအဆင့် ပညာရပ်.....ခန္ဓာကိုယ်ကြီးထွားခြင်း......"

.....................................................................

တောအုပ်ထဲတွင် လေပြင်းများ ပြင်းထန်စွာတိုက်ခတ်လျှက်ရှိပြီး ကြီးမားလှသော သစ်ပင်ကြီးများပင်လျှင် အမြစ်မှ ကျွတ်ထွက်နုနီးပါး ယိမ်းထိုးနေကြသည်။

ကျောက်ခွော်တို့ တအုပ်စုလုံးသည် မြေပြင်ပေါ်တွင် ငါးသေများ ပမာ လှဲလျောင်းနေကြပြီး မိန်းမပျိုလေးတစ်ဉီးကို ထိတ်လန့်စွာငေးကြည့်နေကြသည်။

" မဖြစ်စလောက်ခွန်အားလေးနဲ့ ငါ့ကို တားချင်နေကြတယ်ပေါ့....သူရဲဘောကြောင်တဲ့ ကြွက်လိုကောင်တွေ....."

ပိုင်တုတု ဆူပူအော်ဟစ်နေသည်ကို အခွင့်ကောင်းယူပြီး ကျောက်ခွော်က ပြာမှုန် လက်တစ်ဆုပ်ကို သူမဆီ လှမ်းပက်လိုက်သည်။

လေပြင်းတစ်သုတ်ကြောင့် ပြာမှုန်များ အဝေးသို့ ပျံ့လွှင့်သွားပြီး သူမ၏ လှံချက်ကြောင့် ကျောက်ခွော်သည်လည်း သစ်ပင်နှင့် ဝင်ဆောင့်မိကာ ပြန်မထနိုင်ရှာတော့ပေ.....

" လမ်းဖယ်ပေးကြစမ်း....ငါ့မှာ အချိန်မရှိဘူး......"

သူမ ဤနေရာတွင် ကြန့်ကြာနေ၍မဖြစ်ပေ။

ထိုအချိန်တွင် သူမကို အလစ်ဝင်တိုက်ရန် ချောင်းနေသော တစ်ယောက်ကို လေဓားသွားများဖြင့် ပစ်ခတ်လိုက်သည်။

အလစ်ချောင်းနေသော ယုလန်တစ်ယောက် သွေးအန်နေရရှာပြီ။

လူလည် ယုလန်သည် နာကျင်မှုကြောင့် လူးလိမ့်နေရသည့်တိုင် ပိုင်တုတု ရှိရာဆီ လှိမ့်သွားပြီး ခါးတွင်ချိတ်ဆွဲထားသော ကျောက်စိမ်းပြားလေးကို ဆတ်ကနဲ ဆွဲဖြုတ်လိုက်ပြီး ခမ်းလှမ်းလှမ်းရောက်သည်အထိ အမြန်ပြေးသွားလိုက်သည်။

ပိုင်တုတုသည် ခါးကို လက်နှင့် စမ်းကြည့်လိုက်သောအခါ ကျောက်စိမ်းပြားမရှိတော့သောကြောင့်......

" ပြန်ပေးမလား အသားနာခံမလား...."

" ဒါလေးက မင်းအတွက် အတော်ရေးကြီးတယ်ထင်တယ်....မင်းညီမဆီမှာလည်းတစ်ခုတွေ့လိုက်တယ်....မင်းမှာ အစွမ်းအစရှိတယ်ဆို ရအောင်လာယူလေ....ဟားးးဟားးးး..."

ထိုသို့ ရန်စပြီးသည်နှင့် ယုလန်တစ်ယောက် တစ်ချိုးတည်း လှည့်ပြေးလေတော့သည်။

ယခုချိန်တွင် ပိုင်တုတုသည်လည်း လီလော့ကို ခေါင်းထဲတွင် မရှိတော့ဘဲ ယုလန်နောက်ကိုသာပြေးလိုက်သွားလေ၏။

ကျောက်ခွော်တို့သည် ပြေးထွက်သွားသော နှစ်ယောက်ကိုကြည့်ပြီး ယုလန်တစ်ယောက် ပိုင်တုတုလက်ချက်နှင့် အသက်မထွက်ရန်သာ ဆုတောင်းပေးနေရှာတော့သည်။

All Chapters