တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေဆဲပင်....
Vol. 9 Ch. 126
ပိုင်ရွှမ်း ထုတ်သုံးလိုက်သော ကျားအဆင့်ပညာရပ်သည် လီလော့နှင့် စိမ်းသက်မနေခဲ့ပေ။ ထိုပညာရပ်များသည် သားရဲပဲ့တင်ထပ်သံပိုင်ဆိုင်သူများအတွက် နဂိုမူလခွန်အားကို များစွာတိုးမြှင့်ပေးနိူင်သော ပညာရပ်ဖြစ်ကြောင့် လီလော့ လေ့လာခဲ့ဖူးပါသည်။
ထို့ကြောင့် ပိုင်ရွှမ်း ထိုပညာရပ်ကို စတင်အသုံးပြုနေမှန်း သိလိုက်ကတည်းက သူ့အတွက်ခက်ခဲမှုများရှိလာတော့မည်ကို လီလော့ ကြိုတင်ခန့်မှန်းပြီးသားဖြစ်သည်။
ဘုန်းးးးးးးးး
ပိုင်ရွှမ်းသည် မြေပြင်ကို အရှိန်ပြင်းစွာဆောင့်နင်း၍ စစ်ပုဆိန်ကြီးဖြင့် လီလော့၏ ဉီးခေါင်းကို ချိန်ရွယ်ခုတ်ပိုင်းလ်ိုက်သည်။
လီလော့ကလည်း အပြာရောင်တောက်ပနေသော ဓားနှစ်လက်ဖြင့် ခုခံကာကွယ်နေသည်။
ထန်.......
သို့သော်လည်း ပိုင်ရွှမ်း၏ ပြင်းထန်လှသောခွန်အားကြောင့် လီလော့ လက်မောင်းတစ်ခုလုံးထုံကျင်သွားပြီး အနောက်ဘက်သို့ လွှင့်ထွက်သွားလေသည်။
ဤတစ်ကြိမ်တွင် ပိုင်ရွှမ်းကို လုံးဝ မယှဉ်နိုင်တော့ပေ။
လီလော့ မည်မျှပင်ဗဟုသုတကြွယ်ဝပါစေ ဤတစ်ကြိမ်တွင် ပြိုင်ဘက်ကို လျှော့တွက်မိခဲ့လေပြီ။
လီလော့၏ ခန္ဓာကိုယ်အနှံ့တွင် သွေးထွက်နေသော ဒဏ်ရာများစွာရှိနေပြီး ပိုင်ရွှမ်း၏ ပုဆိန်ခုတ်ချက်များသည်လည်း မိုးသီးမိုးပေါက်များပမာ ဆက်တိုက်ကျရောက်လာသည်။
လီလော့ကလည်း ရေအစွန်အဖျားပညာရပ်သုံး၍ အသည်းအသန်ခုခံနေရသည်။
ထန်...ထန်...ထန်...ထန်
တိုက်ကွက် တစ်ဒါဇင်ခန့် ဖလှယ်ပြီးသော်လည်း လီလော့ အဆက်မပြတ်နောက်ဆုတ်ပေးနေရပြီး ရေကြေးမုံပညာရပ်ကို နောက်ကြိမ်ထုတ်သုံးလိုက်ပြီး အနီးအနားရှိ သစ်ပင်ပေါ် ခုန်တက်လိုက်ရသည်။
လီလော့သည် ဓားနှစ်လက်ကိုချိတ်ဆက်၍ လေးတစ်လက်အဖြစ် အသွင်းပြောင်းလိုက်ပြီး လေးညှို့တင်လိုက်ကာ အပြာရောင်ဖျော့ဖျော့ မျှားတစ်စင်းကို စွမ်းအားများဖြင့် ဖွဲ့စည်းလိုက်သည်။
" မင်းမှာ ဘယ်လောက်များတဲ့လှည့်ကွက်တွေရှိ ရှိ အသုံးမဝင်တော့ဘူး....."
လီလော့ ပစ်လွှတ်လိုက်သော မျှားချက်သည် ပိုင်ရွှမ်းထံ ဉီးတည်ပျံသန်းသွားလေသည်။
ဤသည်မှာ ကောင်းကင်စီးကြောင်းနှင်းစက်အလင်းမျှားတံဖြစ်သည်။
မျှားတံ၏ လျင်မြန်လွန်းလှသော အရှိန် ၊ တောက်ပလွန်းလှသော အရောင်အဝါတို့ကြောင့် ပိုင်ရွှမ်းပင် သတိလက်လွတ်ဖြစ်သွားခဲ့ရသည်။
သို့သေည်လည်း ပိုင်ရွှမ်းသည် ရှီယွမ်ထက် အစစအရာရာ သာလွန်နေသူဖြစ်သောကြောင့် လီလော့၏ မမျှော်လင့်သောတိုက်ကွက်ကို တည်ငြိမ်စွာ ရင်ဆိုင်လိုက်ပါသည်။
သူသည် စစ်ပုဆိန်ကြီးကို လေရဟတ်သဖွယ် မွတ်နေအောင် လှည့်ပတ်လိုက်ပြီး မျှားချက်ကို ခုခံလိုက်သောကြောင့် အနီးအနားတွင်ရှိနေသော ချောင်းစွယ်ထဲတွင် လှိုင်းဂယက်များ ဖြစ်ပေါ်ကုန်ကြသည်။
မျှားချက် ရောက်ရှိလာချိန်တွင် ပိုင်ရွှမ်း ခုခံမှု အနည်းငယ်ပျက်ယွင်းသွားပြီး စည်းချက်ညီညီလှုပ်ရှားနေမှုများလည်း လွဲချော်သွားခဲ့ရသည်။
မျှားချက်၏ ထိုးဖောက်နိုင်စွမ်းသည် အံမခမ်းပင်.....
" ဒါ ကျားအဆင့် ပညာရပ်လား...."
ပိုင်ရွှမ်း ထိုသို့တွေးနေချိန်တွင် လီလော့သည် နောက်ထပ်မျှားတစ်စင်းပစ်လွှတ်ရန် ပြင်ဆင်နေပြီဖြစ်သည်။
ကောင်းကင်စီးကြောင်းနှင်းစက်အလင်း မျှားတံသည် ပဲ့တင်ထပ်သံစွမ်းအားနှစ်ခုပေါင်းစပ်ထားသော်လည်း ကျားအဆင့်ပညာရပ်နှင့် ယှဉ်ပါက အနည်းငယ် အားနည်းနေသေးသည်။ သို့သော်လည်း လီလော့သည် ဆရာသခင်အဆင့်ရောက်နေပြီဖြ်သောကြောင့် နောက်ထပ်မျှားအစင်းရေအနည်းငယ်ထုတ်သုံးနိုင်သေးသည်။
မျှားတစ်စင်းတည်းဖြင့် ပိုင်ရွှမ်း၏ အကာအကွယ်ကို မထိုးဖောက်နိုင်ပါက နောက်ထပ် နှစ်စင်း၊သုံးစင်း ထပ်မံပစ်လွှတ်နိုင်ပါသေးသည်။
ဝှစ်..ဝှစ်....
မျက်နှာနှင့် ရင်အုပ်ဆီသို့ ဉီးတည်လာသော မျှားနှစ်စင်းကြောင်း ပိုင်ရွှမ်း စစ်ပုဆိန်ကြီးကို အမြန်လွှဲယမ်းကာ ခုခံလိုက်ရပြန်သည်။
ထိုအချိန်တွင် အကာအကွယ်မဲ့နေသော ခြေထောင်နှစ်ချောင်းကြားသို့ မျှားတစ်စင်းရောက်ရှိလာလေသည်။
ပိုင်ရွှမ်းတစ်ယောက် ကြောက်လန့်တကြားနှင့် မျှားတံလမ်းကြောင်းလွှဲသွားရန် ပုဆိန်ကြီးနှင့် ရိုက်ချလိုက်သည်။
မျှားတံသည် ခြေနှစ်ချောင်းကြားမှ ဖြတ်ကျော်သွားသော်လည်း ပိုင်ရွှမ်း၏ ခြေထောက်နှစ်ဖက်စလုံးတွင် သွေးများစီးကျနေသည်မှာ ကြောက်စရာပင်ကောင်းနေလေ၏။
ပိုင်ရွှမ်းသည် ချွေးစေးများကို သုတ်လိုက်ပြီး လီလော့ကို မီးဝင်းဝင်းတောက်နေသော
အကြည့်များနှင့် ကြည့်လိုက်သည်။
" မင်း အဆင်ပြေရဲ့လား....အကူညီလိုရင်ပြောနော်...ငါ့မှာ ကုသန်ိင်စွမ်းအရမ်းကောင်းတဲ့ ရေပဲ့တင်ထပ်သံရှိတယ်......"
လီလော့က ပါးစပ်ကသာ ထိုသို့ပြောနေသော်လည်း လက်ကတော့ နောက်ထပ်မျှားတစ်စင်းပစ်လွှတ်ရန် ပြင်ဆင်နေပြီဖြစ်သည်။
" လီလော့..ငါ မင်းကို သတ်မယ်!!!!"
ပိုင်ရွှမ်းတစ်ယောက် လီလော့မျက်နှာကို လက်ညှိုးထိုးလိုက်ပြီး ဒေါသတကြီးအော်ဟစ်နေလေ၏။
"အားးးးးးးး"
နားကွဲလုမတတ် အော်ဟစ်သံကြီးသည် သားရဲကြီးတစ်ကောင် ဒေါသတကြီး ဟိာန်းဟောက်နေသည့်နှယ်။
ထိုအော်သံကြောင့် လီလော့ လန့်ဖြန့်သွားပြီး မျှားတံပစ်လွှတ်လိုက်သည့်အခါ အနည်းငယ်အားလျော့သွားခဲ့လေသည်။
ထို့ကြောင့် လီလော့ အမြန်သတိကပ်လိုက်ပြီး မျှားပစ်နေခြင်းကို လက်လျှော့ကာ ရေကျည်ဆန်ပညာရပ်ကို အမြန်ထုတ်သုံးလိုက်ပြီး နောက်ဆုတ်လိုက်ရသည်။
သိပ်မကြာခင်မှာ လီလော့ ရပ်နေခဲ့သောနေရာသို့ စစ်ပုဆိန်ကြီး အရှိန်ပြင်းစွာကျရောက်လာခဲ့သည်။
နောက်တကြိမ်တိုက်ခိုက်ရန် ပိုင်ရွှမ်း အရှိန်ယူနေရချိန်တွင် လီလော့ကလည်း ဘေးနားတွင်ရှိနေသည့် ချောင်းစွယ်လေးထဲသို့ ဆင်းသွားခဲ့ပြီး နောက်ထပ်မျှားတစ်စင်းကို ပစ်လွှတ်လိုက်ပြန်သည်။
လီလော့သည် အတွေ့ကြုံရင့်ကျက်သော တိုက်ခိုက်ရေးသမားအဖြစ်သို့ ပြန်လည်ရောက်ရှိလာခဲ့လေပြီ။
လီလော့၏ တိုက်ခိုက်ရေးကျွမ်းကျင်မှုကြောင့် ပိုင်ရွှမ်း အတော်စိတ်ပျက်နေခဲ့ရသည်။ ရေကြေးမုံ၊ မျှားတံ၊ရေကျည်ဆန်တို့သည် သူ့အား ထပ်ခါတလဲလဲ အရှက်ကွဲစေခဲ့သည် မဟုတ်လော။
" မင်း ဘယ်လောက်အထိ ပစ်နိုင်မလဲ ကြည့်ကြသေးတာပေါ့ကွာ....."
လီလော့သည် သူ့ထက်အဆင့်နိမ့်သည့်အတွက် တိုက်ပွဲအချိန်ကြာလာသည်နှင့်အမျှ အင်အားကုန်ခမ်းပြီး လက်ပန်းကျလာမည်သာ။
ဤသို့ဖြင့် ချောင်းစွယ်လေးနံဘေးတွင် နှစ်ယောက်သား ဆက်လက်တိုက်ခိုက်နေခဲ့ကြသည်။ လီလော့သည် ချောင်းစွယ်လေးထဲမှ စီးဆင်းနေသော ရေများကို အသုံးပြု၍ ပိုင်ရွှမ်းနှင့်သူ့ကြားရှိ ကွာဟချက်ကို ဆက်လက်ထိန်းသိမ်းထားပြီး ပိုင်ရွှမ်းကလည်း လီလော့၏ တိုက်ခိုက်မှုများကို အဆက်မပြတ် ချေမှုန်း ခုခံနေလေသည်။
ရှန်ကျင်းရှောင်သည် မနီးမဝေးတွင်ရှိသော တောင်ထိပ်ပေါ်ကနေရ ထိုတိုက်ပွဲကို လက်ပိုက်ကြည့်နေသည်။ လီလော့သည် သူခန့်မှန်းထားတာထက်ပင် ပိုတော်နေသေးသည်။
သို့သော်လည်း လီလော့ထံတွင် မျက်စိကျလောက်သည့် အရည်အချင်းများကို မတွေ့ရသေးပေ။
လော့လန်အိမ်တော် သခင်လေး ဖြစ်နေသော်လည်း ခရမ်းအဆင့်နည်းပြတစ်ယောက်၏ ကမ်းလှမ်းချက်ကို မထီမဲ့မြင်ပြုကာ မငြင်းလိုက်သင့်ပေ။
" လီလော့....ရွှေအဆင့်နည်းပြလက်အောက်မှာ သေလောက်အောင်ရုန်းကန်နေရတော့မှ ငါ့ဆီကို ခြေသလုံးလာဖက်ပြီး တောင်းပန်နေမယ့် အချိန်ကို စောင့်နေမယ်....."
လီလော့သာ သူ့လက်အောက်တွင်ရှိနေပါက ကျန်းချင်းအာသည်လည်း သူ့ထံသို့ အလိုလိုရောက်လာပေလိမ့်မည်။
" ချင်းအာ...မင်း ငါ့လက်က ပြေးမလွှတ်ပါဘူးကွာ......"