← Chapters

ဒီလောက် လူပါးဝတဲ့လူမျိုး တစ်ခါမှ မမြင်ဖူးဘူး

Vol. 20 Ch. 286

ဒီလောက် လူပါးဝတဲ့လူမျိုး တစ်ခါမှ မမြင်ဖူးဘူး

Vol. 20 Ch. 286

သူတို့ မိတ်ဆက်ပြီးသွားသောအခါ အခြားသူများအားလုံးက အလိုလို ခေါင်းညိတ်၍ စိတ်အေးသွားသည့် အမူအရာမျိုး ဖြစ်သွားလေသည်။

ရှုတုန်းက ကျေနပ်စွာ ပြောလိုက်သည်။

“ဒီသင်္ချာ ပါရမီရှင်နှစ်ယောက်နဲ့ မင်းကို မိတ်ဆက်ပေးဖို့ မလိုဘူးလို့ ငါ ထင်တယ်၊ သူက သင်္ချာပညာရှင်တွေ ကြားထဲမှာ အယောက်တစ်သန်းမှာ တစ်ယောက်ပဲ ရှိနိုင်တဲ့သူတွေ၊ အဲ့ဒါအပြင် မြို့တော်က သူတို့နဲ့ ရွယ်တူတွေ ထဲမှာ သူတို့ရဲ့ သင်္ချာဘာသာရပ်က အောင်မြင်မှုတွေကို ချိုးဖျက်နိုင်တဲ့သူ မရှိဘူး၊ သူတို့က တီဗွီမှာတောင် ပါဖူးတယ်၊ သူတို့ရဲ့ ထူးချွန်တဲ့ ရလဒ်ကို ပြတ်ပြတ်သားသား မြင်နိုင်တယ်”

တစ်ခဏမျှ ရပ်လိုက်ပြီးနောက် သူက ရဲ့လင်းချန်ကို လှည့်ကြည့်ပြီး မီးဝင်းဝင်းတောက်နေသော မျက်လုံးများဖြင့် စူးစိုက်ကြည့်သည်။

“ဒီကျောင်းသားကို သူ့ကိုယ်သူ နောက်တစ်ခါ မိတ်ဆက်ဖို့ ငါ တောင်းဆိုတယ်”

ရဲ့လင်းချန်၏ မျက်နှာက တည်ငြိမ်မြဲ တည်ငြိမ်နေပြီး မတုန်မလှုပ် ပြောလိုက်သည်။

“ရဲ့လင်းချန်၊ ပီကင်းတက္ကသိုလ် စာပေဌာနကပါ၊ သင်္ချာနဲ့ ပတ်သက်တဲ့ အောင်မြင်မှုတွေက လတ်တလော မှာတော့ တစ်ခုမှ မရှိပါဘူး”

*လတ်တလောတော့ တစ်ခုမှ မရှိပါဘူးဆိုတာက သောက်ကျိုးနည်း သူ ဘာကို ပြောချင်တာလဲ*

လူတိုင်း အချင်းချင်း ပြန်ကြည့်လိုက်ကြသည်။

*ဒီလိုစကားမျိုး ပြောနိုင်ရအောင် သူ ဘယ်လိုတောင် ဟိတ်ဟန်များလိုက်လဲ*

“ခွီး”

ရှုတုန်း ပို၍ ရယ်ချင်သွားသည်။

“ကျောင်သားလေး၊ ငါတို့ ဒီကို သဝေထိုးဖို့ လာတာ မဟုတ်ဘူး၊ ငါတို့ သင်္ချာစွမ်းရည်ပြိုင်ပွဲမှာ ဝင်ပြိုင်ပြီး မြို့တော်အတွက် ဂုဏ်ကျက်သရေ ယူဆောင်လာဖို့ ဒီကို ရောက်နေတာ”

“မစ္စတာရှု၊ ရဲ့လင်းချန်ကို ဖိတ်ခဲ့တာ ကျွန်မပါ”

ရှုဝမ်ချင်သည် ရဲ့လင်းချန် ပစ်မှတ်ထားခံနေရသည်ကို သတိထားမိပြီး မနေနိုင်ဘဲ ဝင်ပြောလိုက်သည်။

“မစ္စရှု၊ ဒါ သင်္ချာစွမ်းရည် ပြိုင်ပွဲမှာ၊ ပထမနှစ်ကျောင်းသားကို မင်း ဖိတ်လိုက်တဲ့အချက်ကို ခဏထားလိုက်ဦး၊ သူက ဘာသာစကားဌာနကဆိုတာကို ငါ စိတ်ပျက်မိတယ်၊ မင်း ဘာတွေတွေးနေတာလဲ”

ရှုတုန်း၏ အမူအရာက မနှစ်မြို့ဟန် ပေါ်နေသည်။

“ဒါ လုံးဝကို ယုတ္တိမရှိဘူး၊ သူ့နေရာကို အစားထိုးလိုက်ဖို့ ငါ လုံးဝ တိုက်တွန်းတယ်”

သူ့စကားက လူတိုင်းကို တွေးဆသွားစေသည်။

ပါမောက္ခအိုကြီး သုံးယောက်က အချင်းချင်း ပြန်ကြည့်လိုက်ပြီး စိတ်အားထက်သန်သော မျက်နှာထား ဖြစ်လာဟန် ပေါ်သည်။

သို့သော် ရှုတုန်းက ဆက်ပြောသည်။

“ဟွာချင်တက္ကသိုလ်နဲ့ ပီကင်း တက္ကသိုလ်က ထိပ်တန်း သင်္ချာကျောင်းသားတွေ အများကြီး ရှိပါသေးတယ်၊ နောက်ဆုံး မိနစ် မရောက်ခင် လုပ်လို့ ရသေးတယ်၊ ဘာပဲဖြစ်ဖြစ် အဲ့လိုလုပ်တာက အနည်းဆုံးတော့ ငါတို့အတွက် အာမခံချက် နည်းနည်း ရှိသွားသလို စိတ်နည်းနည်း အေးတာပေါ့”

“ကျွန်မ သဘောမတူဘူး”

ရှုဝမ်ချင်က ပြတ်ပြတ်သားသား ငြင်းသည်။

“ဒါ ကျွန်မ ခွဲတမ်းလေ၊ ပြီးတော့ ကျွန်မ ရွေးချင်တဲ့လူကို ရွေးပိုင်ခွင့် ကျွန်မမှာ ရှိတယ်”

“ဟူး … ငါနဲ့ လိုက်ခဲ့ဦး ဝမ်ချင်”

ဟွာချင်တက္ကသိုလ်မှ ပါမောက္ခပိုင်က သက်ပြင်းချ၍ ရှုဝမ်ချင်ကို လှမ်းခေါ်လေ၏။

“ဝမ်ချင်၊ မင်း ရဲ့လင်းချန်နဲ့ ဘယ်လို ပတ်သက်လဲ၊ မင်း ဘာလို့ သူ့ကို ဒီလို ကူညီနေရတာလဲ”

ပါမောက္ခပိုင်က ရှုဝမ်ချင်ကို ကြည့်ပြီး မတတ်သာစွာ မေးလေသည်။

ရှုဝမ်ချင်သည် ဟွာချင် တက္ကသိုလ်၏ ဂုဏ်ယူစရာ ဖြစ်ပြီး မြင့်မားသော ကျော်ကြားမှု ရှိလေသည်။ သူမသည်လည်း ကျူတာအသစ်တစ်ယောက် ဖြစ်သဖြင့် သူမဘာသာ ကျောင်းသားများကို ရွေးခွင့် ရှိသည်။ သို့သော် သူမက ဘာသာစကားဌာနမှ လူသစ်တစ်ယောက်ကို ရွေးရလောက်အောင် ရူးမိုက်လိမ့်မည်ဟု မည်သူမှ ထင်မထားမိပေ။

“သူ့ကို ကူညီတယ် ဟုတ်လား”

ရှုဝမ်ချင် အနည်းငယ် အံ့ဩသွားသော်လည်း ခေါင်းခါ၍ ပြန်ပြောလိုက်သည်။

“ပါမောက္ခပိုင်၊ ကျွန်မ အာမခံပါတယ်၊ ဒီမှာ ကိုယ်ရေးကိုယ်တာအရ ဖြစ်နေတာ တစ်ခုမှ မရှိပါဘူး”

“ဝမ်ချင်၊ ငါ မင်းကို အထက်တန်းကျောင်းကတည်းက အတူတူ လက်တွဲခေါ်လာတာ၊ မင်းရဲ့ သင်္ချာစွမ်းရည်က ငါ မြင်ဖူးသမျှထဲမှာ အတော်ဆုံးပဲ၊ ပိုပြီးတော့ အရေးကြီးတာက မင်းက သင်္ချာအပေါ် အလေးအနက် ထားပြီး လေးလေးနက်နက် စိတ်ဝင်စားတယ်၊ ဒီတစ်ခါတော့ ငါ မင်းကို စိတ်ပျက်မိတယ်”

ထိုသို့ပြောနေချိန်တွင် ပါမောက္ခပိုင်၏ မျက်လုံးများက အနည်းငယ် မှိုင်းနေသည်။

“ပါမောက္ခပိုင်၊ ရဲ့လင်းချန်ရဲ့ သင်္ချာစွမ်းရည်က သေချာပေါက် ကျွန်မထက် သာပါတယ်၊ ကျေးဇူးပြုပြီး ကျွန်မကို ယုံကြည်ပေးပါ”

ရှုဝမ်ချင်က နှုတ်ခမ်းကိုက်၍ မရမက တောင်းဆိုသည်။

“အင်း … မင်းက ခေါင်းမာမာနဲ့ ဆက်တောင်းဆိုနေဦးမယ်ဆိုတော့ ငါ မပြောခဲ့ဘူးလို့ပဲ သဘောထားလိုက်တာပေါ့”

ပါမောက္ခပိုင်က ခေါင်းခါနေသည်။

တစ်ချိန်တည်းမှာပင် အခန်းထဲ၌ လူအများက ရဲ့လင်းချန်ကို ရှုတုန်း ကြည့်သကဲ့သို့ သေချာကြည့်နေကြသည်။

ပီကင်းတက္ကသိုလ်မှ ပါမောက္ခအန်းက ရဲ့လင်းချန်ကို အလေးအနက် စိုက်ကြည့်နေသည်။

“ကျောင်းသားရဲ့၊ မင်းက ငါတို့ ပီကင်းတက္ကသိုလ်က ကျောင်းသားတစ်ယောက်ဆိုတော့ ပီကင်းတက္ကသိုလ်ရဲ့ ပါမောက္ခတစ်ဦး အနေနဲ့ ငါ မင်းကို မေးခွန်းတစ်ခု မေးမယ်၊ မင်း ဒီသင်္ချာစွမ်းရည်ပြိုင်ပွဲမှာ တကယ် ဝင်ပြိုင်ချင် တာလား”

ရဲ့လင်းချန် ခေါင်းညိတ်လိုက်သည်။

ပါမောက္ခအန်းက စိတ်မချမ်းမြေ့စွာ ပြောလေသည်။

“ဘာလို့ ဆရာမရှုက မင်းကို ဒီနည်းနဲ့ ကူညီချင်နေတာလဲ မသိဘူး၊ ဒါပေမဲ့ ဆရာမရှုကြောင့် မင်း ဝင်ပါနိုင်တဲ့ အခွင့်အရေးက ဘယ်လောက် တန်ဖိုးရှိလဲ သိလား၊ တကယ်လို့ ငါတို့ မြို့တော်အသင်းက အခုပြိုင်ပွဲမှာ ကောင်းကောင်း မလုပ်နိုင်ရင် သူ့အတွက် ရိုက်ခတ်မှု ကြီးလိမ့်မယ်၊ သူ ကျူတာတောင် ဆက်လုပ်ခွင့် မရနိုင်လောက်ဘူး”

“ရှုဝမ်ချင် မင်းကို ပြိုင်ပွဲမှာ ပါခွင့်ပေးခဲ့တာက တခြား သင်္ချာ ပါရမီရှင်နှစ်ယောက်နဲ့အတူ မင်းအတွက်ပါ နာမည်ရအောင် လုပ်ပေးချင်လို့ပဲ၊ ဒါက နောက်ဆို မင်းအတွက် သိပ်ကို အထောက်အကူ ဖြစ်လာမှာ”

ရှုတုန်းကလည်း ပြောသည်။

“ဒါပေမဲ့ ဒီတစ်ခေါက် ပြိုင်ပွဲမှာ ရွက်ပုန်းသီး ပါရမီရှင်တွေ အများကြီး ရှိနေတယ်၊ မင်းက အများကြီး နောက်ကျ ကျန်ရစ်ခဲ့မှာ ပြီးတော့ အဲ့ဒါက မြို့တော်အသင်းရဲ့ ရလဒ်ကိုပါ ထိုးကျသွားစေမှာပဲ”

လူတိုင်းက ရဲ့လင်းချန်ကို ကြည့်နေကြသည်။ သူတို့ စိတ်ထဲတွင် ရှုဝမ်ချင်က ရဲ့လင်းချန်ကို သူတို့ ကျောပေါ် တက်စီးစေချင်နေသည်ဟု ယုံကြည်နေလေသည်။ ယင်းက သူ့ကို ဖျာလိုလိပ်၍ ထိပ်ပေါ်တင်ထားသည်နှင့် အတူတူပင်။

*သူ အဲ့လိုလုပ်တာ ဘယ်လောက် အဓိပ္ပာယ် မဲ့လိုက်လဲ*

ရဲ့လင်းချန်တွင် ဤသို့သော ပြိုင်ပွဲမျိုး၌ ပါဝင်ရန် နောက်ခံလည်း မရှိသလို ဗဟုသုတလည်း မရှိပေ။ ပြိုင်ပွဲ၌ အနိုင်ရရန် လက်လေးတစ်ချောင်းပင် မြှောက်စရာမလိုသော သူ့လိုလူမျိုးအား ပြိုင်ပွဲ၌ ဝင်ပြိုင်ခွင့်ပြုလိုက်ချင် မြို့တော်အသင်းသည် ပထမနေရာ ရလျင်တောင်မှ အလွန် ရွံရှာစက်ဆုပ်မိလောက်သည်။

ကျန်းယွီနှင့် ချောင်ထုံထုံမှာမူ မပျော်ရွှင်ဟန်နှင့် စက်ဆုပ်ဟန်တို့ အရိပ်အမြွက် ပါဝင်နေသည့် အကြည့်ဖြင့် ရဲ့လင်းချန်ကို ကြည့်နေကြသည်။

၎င်းက ကြိုးစားသော ပါရမီရှင် နှစ်ယောက်အား ဘာမှ အသုံးမကျသော သူဌေးသားတစ်ယောက်ကို သူတို့နှင့်အတူ ဆွဲခေါ်သွားပြီး ဂုဏ်ကျက်သရေကို သူတို့နှင့်အတူ သူ့ကိုပါ မျှဝေခံစားခွင့် ပေးရန် ပြောလိုက်သည့် အခြေအနေမျိုးပင်။ ထိုခံစားချက်က ယင်အုပ်ကြီးကို စားလိုက်မိသည်ထက် ပို၍ နေရခက်သော ခံစားချက် မျိုးပင်တည်း။

“ကျောင်းသားရဲ့၊ ပီကင်း တက္ကသိုလ်က ကျောင်းသားအားလုံးက ကိုယ့်အားကိုယ်ကိုးပြီး ကိုယ့်ကိုယ်ကိုယ် တိုးတက်အောင် ကြိုးပမ်းတဲ့သူတွေလို့ ငါ ယုံကြည်တယ်၊ ဆရာမရှုကို မင်းနေရာကို မင်း လက်လျှော့တယ်လို့ အရင် စပြောသင့်တယ်”

ပါမောက္ခအန်းက လေးနက်သော လေသံဖြင့် ပြောလာသည်။

သို့သော် ရဲ့လင်းချန်က ခေါင်းအသာယမ်း၍ လေးနက်စွာ ပြန်ပြောလိုက်သည်။

“ဒါက ဆရာမရှုရဲ့ အနာဂတ် အသက်မွေးကြောင်းနဲ့ ပတ်သတ်နေမှတော့ ကျွန်တော် ပြိုင်ပွဲမှာ ဝင်ပြိုင်ပြီး နိုင်အောင် လုပ်ဖို့ အကြောင်းပြချင် ပိုခိုင်လုံသွားတာပေါ့”

*ဘာ*

ရဲ့လင်းချန်၏ စကားကြောင့် လူတိုင်း အလန့်တကြား ဖြစ်သွားပြီး ပြန်မပြောနိုင်ကြတော့ချေ။

“မင်း၊ မ…မ…မ…မင်း”

ပါမောက္ခအန်းသည် ကိုယ့်နားကိုယ် မယုံနိုင် ဖြစ်နေလေသည်။ သူက ရဲ့လင်းချန်ကို စူးစိုက်ကြည့်နေပြီး စကားဖြောင့်အောင် မပြောနိုင်တော့ပေ။ သူ ဒေါသထွက်လွန်းသဖြင့် မျက်လုံးများ ပြူးကျယ်ကာ မျက်နှာ နီရဲလာ၏။

“ဒီကောင်လေးက သင်ပေးလို့ မရပါလား၊ ဒီကလေးက သင်ပေးလို့ မရဘူး၊ မင်းက ပီကင်းတက္ကသိုလ်ရဲ့ ကျောင်းသားဆိုတာ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ၊ ငါ ရှက်မိတယ်၊ ငါ ရှက်တယ်ကွ”

အဘိုးအိုသည် စိတ်ငြိမ်အောင် အစွမ်းကုန် ကြိုးစားနေသော်လည်း တစ်ခဏကြာသော် ရင်ဘတ်ကို တဘုန်းဘုန်းထုလာသည်။ မျက်ရည်များပင် စီးကျ၍ လာလေသည်။

အခြားသူများ အားလုံးသည်လည်း ခံစားချက် မကောင်းပေ။

*အရှက်မရှိလိုက်တာ၊ လုံးဝကို အရှက်မရှိဘူး*

လောက၌ ဤသို့ အရှက်မဲ့သောသူကို တွေ့လိုက်ရသဖြင့် သူတို့ အံ့ဩနေကြသည်။

*ရလဒ်ကောင်း ရဖို့ပဲ ထပ်တလဲလဲ ပြောနေတယ်၊ အဲ့ဒါ ရယ်စရာကြီးပဲ မဟုတ်လား*

သူတို့သည် ရဲ့လင်းချန်ကို ကြည့်ပြီး ရင်ထဲ၌ တင်းကြပ်လာသည်ကိုသာ ခံစားလိုက်ရသည်။ သူတို့ ဆွံ့အနေကြ လေသည်။

*သူက ဒီလို အရှက်မဲ့တဲ့ စကားမျိုး ပြောပြီး မျက်နှာတောင် တည်ထားနေသေးတယ်၊ ဒီလူ … သူ့ရဲ့ ဂုဏ်သိက္ခာကို စွန့်ပစ်ထားတာ ကြာပြီထင်တယ်*

ထိုစဉ် ပါမောက္ခပိုင်နှင့် ရှုဝမ်ချင်တို့ အပြင်မှ ပြန်ဝင်လာကြသည်။ နှစ်ယောက်လုံး ပျော်နေပုံမရပေ။ ထို့နောက် ရှုဝမ်ချင်က ရဲ့လင်းချန်ကို အပြုံးဖြင့် တောင်းပန်လေသည်။

ရဲ့လင်းချန်က အရေးမစိုက်ဟန်ဖြင့် ပခုံးတွန့်ပြသည်။

“ကားပေါ်တက်ကြရအောင်၊ ငါတို့ အခု ပြိုင်ပွဲခန်းမဆီ ပြေးမှရမယ်”

ပါမောက္ခပိုင်၏ အသံက အနည်းငယ် ပြာအက်နေသည်။ သူက ရဲ့လင်းချန်ကိုကြည့်ပြီး သက်ပြင်းချပြန်သည်။ ပြိုင်ပွဲအတွက် စိတ်မအေးရပါ။

အခြားသူများသည် ခေါင်းသာညိတ်ပြီး အခန်းထဲမှ တိတ်ဆိတ်စွာ ထွက်လာကြသည်။

ပြိုင်ပွဲမစခင် စိတ်အားတက်စေရန် ဩဘာသံများ ပေးလေ့ရှိတတ်သည်။ ယင်းက အလုပ်မဖြစ်သော်လည်း အနည်းငယ်သော အားပေးနှစ်သိမ့်မှုက ရင်ထဲ၌ ခံစားနေရသော ဖိအားကို လျှော့ချပေးနိုင်ရန် လုံလောက် ပေသည်။ သို့သော် ယခုအခါ၌ ဘယ်သူမှ စိတ်အခြေအနေ မကောင်းပေ။ သူတို့ ကားပေါ်တက်နေချိန်တွင် စိတ်ဓာတ်ကျနေပုံ ရသည်။

လူအများက ရဲ့လင်းချန်ကို ရန်လိုစွာ စိုက်ကြည့်နေပြီး သူ့အား တိတ်တဆိတ် ဝိုင်းကြဉ်ထားကြသည်။ ရဲ့လင်းချန်က စိတ်ထဲမထားဘဲ အေးအေးလူလူ လိုက်ပါလာ၏။

All Chapters