← Chapters

မြို့တော်အသင်း ကြံရာမရ ဖြစ်ခြင်း

Vol. 20 Ch. 290

မြို့တော်အသင်း ကြံရာမရ ဖြစ်ခြင်း

Vol. 20 Ch. 290

“ကျန်းယွီနဲ့ ချွမ်မြောင်က အရင်တုန်းက သင်္ချာပြိုင်ပွဲတစ်ခုမှ ဆုံဖူးတယ်”

ပါမောက္ခပိုင်က ပြောပြသည်။

“ကျန်းယွီရဲ့ ရလဒ်က ချွမ်မြောင်ထက် နှာတစ်ဖျား ပိုသာတယ်”

ထိုအခါတွင်မှ လူတိုင်းက နားလည်ဟန်ဖြင့် ခေါင်းညိတ်သည်။ ကျန်းယွီ အလွန် ယုံကြည်ချက် ရှိနေသည်က အံ့ဩစရာ မဟုတ်တော့ပေ။

“ထိပ်တန်း ပါရမီရှင်တွေ အချင်းချင်း မရင်ဆိုင်မိတာကတော့ ကံဆိုးတာပဲ”

ပါမောက္ခအန်းက သက်ပြင်းချလေသည်။

အကောင်းဆုံး မြင်ကွင်းသည် ထိုထိပ်တန်း ပါရမီရှင်များ အချင်းချင်း ဖြုတ်ချခြင်းပင်တည်း။ ထိုနည်းအားဖြင့် ပြိုင်ဘက် ပိုနည်းသွားမည်ဖြစ်ပြီး သူတို့၏ ဂုဏ်သတင်းသည်လည်း မြင့်တက်လာလောက်သည်။

ဤသို့သော ပြိုင်ပွဲများတွင် ကံသည်လည်း လူတစ်ယောက်၏ အားသာချက်တစ်ခု ဖြစ်ပေသည်။

နောက်ထပ် ပွဲစဉ် စတင်လေတော့သည်။

ထုံးစံအတိုင်းပင် လူတိုင်း၏ အာရုံက ထင်ရှားသူအချို့တွင်သာ ကျရောက်နေ၏။

ချိုးလောသည် စိတ်တွက်သင်္ချာပေါ်တွင် အားထားနေဆဲ ဖြစ်သည်။ မေးခွန်းများ ဖတ်ပြီးချိန်တွင် သူမက ချတွက်ခြင်းကို ပြုလုပ်ခြင်း မရှိသလို သူမ၏ အမြန်မှုန်းကလည်း မယုံနိုင်လောက်အောင် ကြောက်စရာ ကောင်းလှသည်။ လျှိုယွမ်သည် မေးခွန်းတစ်ခုနှင့် ကြုံတိုင်း လက်ဆယ်ချောင်းလုံးကို တောက်နေ၏။ သူ၏ တောက်နှုန်းက မြန်လေ အဖြေကို ရသွားသည့်နှုန်းကလည်း မြန်လေပင်။

ကျိုးရန်က မတူပေ။ သူ ချရေးရန် လိုသော်လည်း အဖြေအတွက် စာရွက်တွင် အကြမ်းဖျင်း တွက်ရန်သာ လိုအပ်ပြီး အဖြေကား မှော်ဆန်စွာ ပေါ်လာလေသည်။ သူ့တွင် အလွယ်ဆုံးနည်းလမ်းဟု ပြောနိုင်သော သူမတူသည့် နည်းလမ်းတစ်ခု ရှိပြီး ၎င်းသည် မည်သူမှ တွေးမထင်ထားသည့် အရာတစ်ခု ဖြစ်လေသည်။

“ရူးချင်စရာပဲ၊ အဲ့ဒီ ထိပ်တန်း ပါရမီရှင်တွေရဲ့ ဦးနှောက်က ဘာနဲ့လုပ်ထားတာလဲ”

ပြိုင်ပွဲတွင် ပါဝင်ရန် လာရောက်သည့် ကျောင်းသားများအားလုံး မှင်တက်ကာ ထိတ်လန့်ကုန်သည်။

ယခုတစ်ခေါက်တွင် တိတ်ဆိတ်နေသော အခြေအနေအောက်၌ အရှိန်နှုန်းက ပိုမြန်လာ၏။

ခုနစ်မိနစ်အတွင်း ထိုထိပ်တန်း ပါရမီရှင်များ အားလုံးသည် သူတို့၏ ပြိုင်ဘက်များကို အောင်မြင်စွာ ဖြုတ်ချသွားနိုင်သည်။

သူတို့သည် အချင်းချင်း စကားပြောခြင်း၊ လှမ်းကြည့်ခြင်း မရှိသော်လည်း သူတို့၏ အတွင်းစိတ်ထဲ၌ တစ်ဖက်လူအား အတော်ဆုံး ပြိုင်ဘက်အဖြစ် သတ်မှတ်ထားကြသည်။

“ကျန်းယွီ ရှုံးတော့မယ်”

ထိုသို့သောအချိန်၌ ရှုဝမ်ချင်က ရှတတအသံဖြင့် မှတ်ချက်ပြုလာသည်။

“ကျန်းယွီက ပထမ မေးခွန်းခြောက်ခုထဲက နှစ်ခုကိုပဲ ဖြေရသေးတယ်၊ မြောင်ချွမ်က လေးခု ဖြေပြီးနေပြီ”

နောက်ဆုံးမေးခွန်း လေးခုရှိသေးသော်လည်း ကျန်းယွီသည် ရှေ့မှဦးဆောင်၍ မှန်ကန်စွာ မဖြေနိုင်ပါက ရှုံးရပေ တော့မည်။

“ဘယ်လိုလုပ် မြောင်ချွမ်က အဲ့သလောက် တိုးတက်လာတာလဲ”

ပါမောက္ခပိုင်၏ မျက်နှာက အလွန်အမင်း သုန်မှုန်နေ၏။

“နောက်ဆုံး ပြိုင်ပွဲ ပြီးသွားတာ နှစ်လပဲ ရှိသေးတယ်၊ ဒီတစ်ချိန်လုံး ကျန်းယွီ တစ်ခါမှ မနားဖူးဘူး”

ဆယ်မိနစ်။

ကျန်းယွီ ရှုံးသွားလေပြီ။

သူသည် မြောင်ချွမ်အား မယုံနိုင်သလို ကြည့်နေပြီး စိတ်ထဲ၌ ဒေါသထွက်ကာ ထိတ်လန့်နေလေသည်။

ပါရမီရှင်တစ်ယောက်အတွက် အကျောခံရသည်ထက် ပို၍ လက်မခံနိုင်သော ကိစ္စမရှိချေ။

“ဆရာ ကျွန်တော် တောင်းပန်ပါတယ်၊ ကျွန်တော် ရှုံးသွားပြီ”

ကျန်းယွီ၏အသံက အနည်းငယ် ပြာအက်နေ၏။

“အင်း … မင်း အစွမ်းကုန် ကြိုးစားခဲ့ပါတယ်၊ မင်း အရာအားလုံးကို ဖိအားပေးလို့ မရနိုင်ဘူးလေ”

ရှုတုန်းက ပြောသည်။

“မြောင်ချွမ်က အတော်လေး ပြောင်းလဲသွားတဲ့ပုံပဲ၊ ကျွန်တော် သူ့အကြမ်းစာရွက်ကို တစ်ချက် ကြည့်လိုက် သေးတယ်၊ သူ့ပုစ္ဆာဖြေရှင်းတဲ့ ပုံစံက လုံးဝ ပြောင်းလဲသွားပြီ”

ကျန်းယွီက ပင့်သက်ရှိုက်၍ ပြောလိုက်သည်။

“သူ ပြိုင်ပွဲမတိုင်ခင် ပုစ္ဆာဖြေရှင်းဖို့ အထူးလေ့ကျင့်ရေးတစ်ချို့ လုပ်ခဲ့တဲ့ပုံပဲ”

ပါမောက္ခပိုင် အလွန် စိတ်လေးနေ၏။

ဒုတိယပွဲ၌ အဖြုတ်ခံလိုက်ရခြင်းက မြို့တော်အတွက် ကြီးမားသော ရိုက်ချက်ပင်။ ချောင်ထုံထုံ တစ်ယောက်တည်းသာ ကျန်တော့ပြီး ကံကလည်း အရေးပါသော အချက်တစ်ချက် ဖြစ်နေလေသည်။ အကယ်၍ သူမသာ သင်္ချာ ပါရမီရှင်တစ်ယောက်နှင့် ရင်ဆိုင်ရပါက မြို့တော်အသင်းက သေချာပေါက် ပြုတ်ပေတော့မည်။

တတိယပွဲ။

မြို့တော်နှင့် ကွမ်းနင်။

ချောင်ထုံထုံ ရှေ့တက်သွားပြီး ထိုပွဲ၌ နိုင်ခဲ့သည်။

သို့သော် ဤသို့သော ပြိုင်ပွဲမျိုးသည် တစ်ပွဲချင်းစီ၌ လူဆယ့်ကိုးယောက် ပြုတ်သွားရန် အစီအစဉ် ဆွဲထားသော ပြိုင်ပွဲ ဖြစ်လေသည်။ ယင်းက အလွန် အကျိုးသက်ရောက်မှုရှိသော စနစ်ပင်။

ခရိုင်များနှင့် မြို့ကြီး သုံးဆယ့်ရှစ်ခုမှ စုစုပေါင်း လူ ၁၁၄ ယောက် ပြိုင်ပွဲ၌ ဝင်ရောက် ယှဉ်ပြိုင်ကြသည်။ သုံးပွဲအပြီးတွင် တစ်ဝက်မျှသာ ကျန်ရစ်တော့သည်။

လေးပွဲမြောက်။

မြို့တော်နှင့် နန်ရှားခရိုင်။

ချောင်ထုံထုံက သူမပြိုင်ဘက်ကို ခြောက်မှတ်-လေးမှတ်ဖြင့် အနိုင်ရသွားလေသည်။

သုံးဆယ့်ရှစ်ယောက်သာ ကျန်ရစ်တော့သည်။ ခရိုင်နှင့် မြို့ကြီးဆယ်ခုသည် သူတို့၏ ပြိုင်ပွဲဝင်များအားလုံး ပြုတ်သွားလေသည်။ ရဲ့လင်းချန်သည် မသိလျင် ပွဲကြည့်ပရိသတ်တစ်ဦးကဲ့သို့ တက်တက်ကြွကြွနှင့် အေးအေးလူလူ ရှိနေသည်။

ငါးပွဲမြောက်။

မြို့တော်နှင့် ရှန်းကျန်း။

မြို့တော်က ရှန်းကျန်းနှင့် ထပ်ကျလိမ့်မည်ဟု မည်သူမှ ထင်မထားမိချေ။

သို့သော် မြောင်ချွမ်က ရှေ့တစ်ပွဲ၌ ပြုတ်သွားခဲ့သဖြင့် ယခု ထွက်လာသူက မိန်းကလေးတစ်ယောက် ဖြစ်သည်။

“အဲ့မိန်းကလေးက အမြဲ ဘယ်သူမှန်းမသိ ဖြစ်နေတာ၊ ငါ သူ့ကို အရင်က တစ်ခါမှ မကြားဖူးဘူး၊ ဒါပေမဲ့ သူ့ကို လျော့တွက်လို့တော့ မဖြစ်ဘူး၊ ဒီပွဲအတွက် ငါတို့မှာ မျှော်လင့်ချက်တွေ အများကြီး ရှိပါသေးတယ်”

ပါမောက္ခပိုင်က ပြောသည်။

ပါမောက္ခအန်းကလည်း စိတ်အေးသလို သက်ပြင်းချသည်။

“ငါတို့ကံက အတော်လေး ကောင်းတဲ့ပုံပဲ၊ ငါတို့ အဲ့ထိပ်တန်း ပါရမီရှင်တွေနဲ့ အခုထိ မတိုးသေးဘူး”

ချောင်ထုံထုံက ခေါင်းညိတ်၍ တည်ငြိမ်သော မျက်နှာအမူအရာဖြင့် ရှေ့သို့ လျှောက်သွားသည်။

“မင်း ကံဆိုးတာပဲ ကျန်းယွီ၊ အခု မင်း ငါတို့နဲ့ ထပ်ကျပြန်ပြီ”

မြောင်ချွမ်က ရုတ်တရက် အနားလာပြီး ပြုံးပြသည်။

“မင်း ဘာပြောချင်တာလဲ”

ကျန်းယွီသည် အစကတည်းက မြောင်ချွမ်ကို ရှုံးခဲ့သဖြင့် စိုးရိမ်နေခဲ့သည်။ သို့သော် ယခုတစ်ခေါက်တွင်မူ သူ ပို၍ မျက်မှောင်ကြုတ်မိနေ၏။

“ဒီလောက် အချိန်တိုအတွင်းမှာ ငါ့သင်္ချာစွမ်းရည် ဘာလို့ အဲ့လောက် မြန်မြန် တိုးတက်လာလဲ မင်း သိလား”

မြောင်ချွမ်၏ မျက်နှာတွင် အံ့ဩဟန်တို့ ပေါ်နေပြီး အတိတ်က ဖြစ်ခဲ့သမျှကို ပြန်တွေးရင်း ရင်တုန်ပန်းတုန် ဖြစ်လာသည်။

“တကယ်လို့ မင်းထက် ပိုတော်တဲ့ ထိပ်တန်း ပါရမီရှင်တစ်ယောက်က အမြဲ မင်းဘေးမှာ ရှိနေရင် မင်းလည်း မြန်မြန်ဆန်ဆန် တိုးတက်လာမှာပဲ”

“မင်း ပြောချင်တာက …”

ကျန်းယွီ၏ မျက်လုံးအိမ် ကျဉ်းမြောင်းလာပြီး စင်ပေါ်မှ မိန်းကလေးကို လှမ်းကြည့်လိုက်သည်။

မြောင်ချွမ်၏ အဆုံးသတ်စကားက မြို့တော် တက္ကသိုလ်မှ ဆရာများနှင့် ပါမောက္ခများ၏ မျက်နှာထားကို မသိမသာ ပြောင်းလဲသွားစေသည်။

မြောင်ချွမ်က ခေါင်းညိတ်သည်။

“ဟုတ်တယ်၊ ငါ အဲ့ကောင်မလေးအကြောင်း ပြောနေတာ၊ သူ့နာမည်က ပိုင်လင်၊ သူ့ရဲ့ စိတ်တွက်သင်္ချာ စွမ်းရည်က ချိုးလောထက် ပိုကောင်းတယ်”

*ဘာ*

ထိုသတင်းက နေသာနေသော နေ့တစ်နေ့၌ မိုးကြိုးပစ်ချလိုက်သကဲ့သို့ လူတိုင်းအား ကြက်သေ သေသွား စေသည်။

ထိုအချိန်တွင် ပြိုင်ပွဲက စတင်နေလေပြီ။

ငါးမိနစ်။

ငါးမိနစ်သာသာမျှသာ ကြာခဲ့လေသည်။

ချောင်ထုံထုံက အရင် ပြုတ်သွားသည့်လူ ဖြစ်သွားခဲ့သည်။

သူမမျက်နှာက ဖြူရော်နေပြီး သူမ အလွန် ထိတ်လန့်နေကြောင်း သိသာလှသည်။

ထိုသို့သော မြန်ဆန်မှုနှုန်းကို ကြည့်ပြီး လူတိုင်း မျက်နှာ ဖြူရော်နေကြသည်။ ထိုအဆင့်တွင် ပိုင်လင်၏ အမြန်နှုန်းက ချိုးလော၊ လျှိုယွမ်နှင့် အခြားသူများထက် ပိုသာနေ၏။

နောက်အဆင့်များသို့ ရောက်လာလေ ပြိုင်ပွဲ၏ ခက်ခဲမှုနှုန်းက ပိုတိုးလာလေပင်။ သို့သော်လည်း ပိုင်လင်က အခြားသူများထက် ပြိုင်ပွဲအား လျင်မြန်စွာ အဆုံးသတ်နိုင်၏။ ထိုသို့သော အစွမ်းက တကယ်ကို မယုံနိုင်စရာ ကောင်းလှသည်။

စင်မြင့်ပေါ်တွင် ချိုးလောနှင့် အခြားသူများက ပိုင်လင်အား တအံ့တဩ ကြည့်နေကြသည်။ သူမက ဖျက်မြင်း တစ်ကောင် ဖြစ်နေလိမ့်မည်ဟု မည်သူမှ ထင်မထားမိချေ။

“ထူးချွန်လိုက်တဲ့ ကျောင်းသူပဲ၊ ငါ ဘာလို့ အရင်က သူ့ကို မကြားဖူးရတာလဲ”

“သူ့ကို အမြဲ လျှို့ဝှက်ထားလို့များလား၊ သူ့သင်္ချာစွမ်းရည်က ကြောက်ဖို့ကောင်းလိုက်တာ”

“ဒီတစ်ခေါက် မြို့တော် ပေကျင်းတော့ သွားပြီပဲ၊ သူတို့နာမည်က တစ်ချက်တည်းနဲ့ ပျက်စီးသွားပြီ”

“ဟုတ်တယ်၊ ချောင်ထုံထုံနဲ့ ကျန်းယွီ ပြုတ်သွားပြီဆိုတော့ စာပေဌာနက ပထမနှစ်ကျောင်းသားပဲ ကျန်တော့တယ်၊ သူက အမြောက်ဆံသက်သက်ပဲလေ၊ ဒီတစ်ကြိမ်တော့ မြို့တော်က ထိပ်တန်းဆယ်ဆင့် ထဲတောင် ဝင်နိုင်မယ် မထင်ဘူး”

“ဒါ နောက်ဖေးပေါက်က ဝင်ခဲ့တဲ့အတွက် အပြစ်ဒဏ်ပဲလေ၊ မြို့တော်ကို အဲ့လောက် အကျင့်ပျက်ဖို့ ဘယ်သူမှ မပြောခဲ့ဘူး”

ငါးပွဲမြောက် ပြီးသွားလေပြီ။

ခရိုင် ဆယ့်သုံးခုမှ လူဆယ့်ကိုးယောက်သာ ကျန်ခဲ့တော့သည်။

မြို့တော်မှ ဆရာများနှင့် ပါမောက္ခများသည် ယခင်က ယခုလောက် မျက်နှာ ပျက်ယွင်းမနေဖူးပါ။ အထူးသဖြင့် ပါမောက္ခအန်းပင်။ သူ့မျက်နှာက မီးတောက်သဖွယ် နီရဲနေ၏။

ရဲ့လင်းချန်သည် ပီကင်းတက္ကသိုလ်မှ ကျောင်းသားဖြစ်သလို သူသည်လည်း ထိုတက္ကသိုလ်မှ ပါမောက္ခ တစ်ယောက်ပင်။ သူသည် နေရာ၌ ထိုင်၍ အရှက်ရသည်ကို ရင်ဆိုင်ရမည်ကို အလွန် ရှက်ရွံ့နေပြီ ဖြစ်သလို ရဲ့လင်းချန်ကြောင့် ထူးဆန်းသော အကြည့်များဖြင့်လည်း အကြည့်ခံနေရသည်။

ခြောက်ပွဲမြောက် စတင်လာသောအခါ ခရိုင်တိုင်းမှ နာမည်များသည် ကွန်ပျူတာ ဖန်သားပြင်၌ ကျပန်း ဖြတ်ပြေးနေလေသည်။

“ဒီတစ်ခါတော့ အားလုံး သွားပြီပဲ …”

ပါမောက္ခပိုင်၏ မျက်လုံးများက အောက်စိုက်နေပြီး ရဲ့လင်းချန် ဝင်ပြိုင်သည်ကို ခွင့်ပြုမိသည့် သူ့ဆုံးဖြတ်ချက်ကို နောင်တရစ ပြုလာ၏။ ရဲ့လင်းချန်နေရာကို အစားထိုးရန် သူ မရမက ပြောခဲ့ပါက အခြေအနေက ဤမျှ ဆိုးရွားလာမည် မဟုတ်ပါ။

သူ ပြန်တွေးမိပြီး မတတ်သာဘဲ ဝမ်းနည်းစွာ သက်ပြင်းချမိသည်။

“ဆရာရှု၊ ဒီတစ်ခေါက်တော့ ခင်ဗျား မြို့တော်တစ်ခုလုံးကို ဒုက္ခရောက်အောင် လုပ်ခဲ့ပြီ”

ရှုတုန်း၏ နှလုံးသားသည် တဒုတ်ဒုတ် ခုန်နေပြီး ပြန်ပြောနိုင်စွမ်းမရှိ ဖြစ်နေသည်။ အထူးသဖြင့် ရဲ့လင်းချန်က လောကကြီးကို ဂရုမစိုက်ဟန်ဖြင့် ထိုင်နေသည်ကို သူ မြင်လိုက်ရသောအခါ မကျေနပ်သံပြု၍ တစ်ဖက်လှည့် နေလိုက်ရသည်။ သူ့အား မကြည့်ချင်၊ မတွေးချင်တော့ပါ။

All Chapters