← Chapters

အရှိုက်ကို တည့်တည့်ထိုးမိသွားပါသော ( ၂ )

Vol. 17 Ch. 256

အရှိုက်ကို တည့်တည့်ထိုးမိသွားပါသော ( ၂ )

Vol. 17 Ch. 256

ယင်းသည် အဆုံးသတ်မဟုတ်ပေ။ သူက ခေါင်းကို စုတ်ဖြဲဖြဲလိုက်သည်။ သူ့ခန္ဓာကိုယ်မှ ပြတ်ထွက်သွားသော ခေါင်းပြတ်ကြီး၌ ဝင့်ကြွားသော အမူအရာ ရှိနေဆဲပင်။ သူသည် မနှစ်မြို့ဖွယ်ကောင်းစွာ စူးစူးဝါးဝါး အော်ဟစ်ရယ်မောလိုက်ရင်း လက်ကိုမြှောက်၍ ဗိုက်ထဲသို့ ထိုးသွင်းကာ တဟုန်းဟုန်းတောက်လောင်နေသော သက်စောင့်မီးတောက်အား လက်မနှင့် လက်ညှိုးဖြင့် ဖိညှပ်၍ ငြှိမ်းသက်လိုက်သည်။

တခဏလေးအတွင်း သူ့ခန္ဓာကိုယ် တုန်ရီလာပြီး တပွက်ပွက်မြည်သံများ ပဲ့တင်ထပ်သွားသည်။ သူ့ကိုယ်ပေါ်ဓမ္မတံခါးများအားလုံးကိုလည်း သူ ဖျက်ဆီးလိုက်ပြီး နောက်ဆုံးတွင် သူ့တစ်ကိုယ်လုံး အစိတ်စိတ်အမြွှာမြွှာ ဖြစ်သွားကာ ကုန်းပတ်ပေါ် ပြန့်ကျဲသွားသည်။

ထိုမြင်ကွင်းသည် သမာရိုးကျဖြစ်ရပ်များနှင့် သွေဖီနေကာ သည်းထိတ်ရင်ဖိုစရာကောင်းလှသည်ဖြစ်၍ တခြားအဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ဝင်များ အသက်ရှူကြပ်သွားသည်။ သူတို့ အေးဆေးစွာ မလှုပ်ရှားဝံ့တော့ဘဲ ကြောက်ရွံ့လာသည်။

ရွှီချင်း အနည်းငယ် မျက်မှောင်ကြုတ်သွးသည်။ ထိုအဏ္ဏဝါရုပ်အလောင်းမျိုးနွယ်၏ အရိပ်ကို အရိပ်လေးက ဝါးမျို၍ ထိန်းချုပ်လိုက်ခြင်းဖြစ်သည်ကို သူ ကောင်းစွာ ပြောနိုင်သည်။ သူ မျက်မှောင်ကြုတ်သွားရသည်မှာ ဝိညာဉ်တစ်ခုကို အရိပ်က အလဟဿဖြစ်အောင် လုပ်ပစ်လိုက်သောကြောင့်ပင်။

သို့သော်လည်း ရွှီချင်းသည် တစ်ခွန်းမှမဆိုဘဲ လှည့်၍ ပထမသင်္ဘောဆီသို့ လျှောက်သွားသည်။

သူ အနီးသို့ ရောက်သွားသည်နှင့် ပထမသင်္ဘောပေါ်ရှိ အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ဝင်များ တုန်ရီသွားကြသည်။ မည်သူက ပထမဆုံး နောက်ဆုတ်လိုက်သည်မသိရပါသော်လည်း တခဏလေးအတွင်း အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ဝင်များအားလုံး ခုန်ထွက်၍ ထွက်ပြေးလိုက်ကြသည်။

ထိုစဉ် ရွှီချင်း၏ နောက်မှ ရွှေကျီးကန်းက စူးစူးရှရှအော်မြည်လိုက်သည်။ ရုတ်တရက် ၎င်း၏ခန္ဓာကိုယ်မှ မီးတောက်နက်သံကြိုးများ ပို၍ပင် ထွက်လာပြီး ထိုအဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ဝင်များထံသို့ လှစ်ခနဲ ပြေးဝင်သွားကာ ချက်ချင်း ရစ်ပတ်လိုက်သည်။ စူးစူးဝါးဝါးအော်ဟစ်သံများ အရပ်မျက်နှာအနှံ့ ပျံ့လွင့်သွားသည်။

ရွှီချင်းသည် ထိုသူများကို ဂရုစိုက်မနေဘဲ သင်္ဘောပေါ်သို့ ခြေချလိုက်သည်။

ပြီးသည်နှင့် မျက်လုံးများထဲမှ နာကျင်နေပါသော်လည်း အတတ်နိုင်ဆုံး ကြိုးစားဖွင့်ကြည့်နေသေးသည့် မိန်းကလေးအား ညာလက်ကိုမြှောက်၍ ညွှန်လိုက်သည်။ ထိုမိန်းကလေး၏ မျက်နှာတွင် အရူးအမူးဖြစ်နေသည့်အရိပ်အယောင်များ ထပ်ဟပ်လာသည်။

တခဏလေးအတွင်း လျှပ်စီးများ တဂျိမ်းဂျိမ်းမြည်ဟည်းလာပြီး သံတုတ်နက်လေး ပေါ်လာသည်။ သံတုတ်နက်လေးသည် အလွန်မြန်ဆန်လွန်းပေရာ မိန်းကလေးရှေ့သို့ မျက်တောင်တစ်ချက်ခတ်အတွင်း ရောက်သွားသည်။ ၎င်းက မိန်းကလေး၏ ခေါင်းကို ထိုးဖောက်တော့မည့်အချိန်တွင် ဝတ်ရုံဖြူဝတ်ကျင့်ကြံသူ သက်ပြင်းချလိုက်သည်။ သူက ပို၍ပင် မြန်ဆန်စွာဖြင့် သံတုတ်နက်လေးကို ဆတ်ခနဲ ရိုက်လိုက်သည်။

တဝီဝီမြည်သံများနှင့်အတူ သံတုတ်နက်ကလေး ချက်ချင်း တုန်ရီလာပြီး ထိုရိုက်ချက်ကြောင့် ပေရာချီ၍ လွင့်သွားသည်။ ထို့နောက် ၎င်းက ဘာမှမဖြစ်သည့်အလား ချက်ချင်း ပြန်ရောက်လာသည်။ ၎င်းအပေါ်ရှိ လူသတ်ငွေ့များမှာ ပို၍ပင် အားကောင်းလာပြီး လျှပ်စီးများ ကြမ်းတမ်းစွာ တဖျပ်ဖျပ်ရိုက်ခတ်နေသည်။

ဝတ်ရုံဖြူဝတ်ကျင့်ကြံသူသည် သံတုတ်နက်လေးကို စူးစိုက်၍ ကြည့်လိုက်ပြီးနောက် ရွှီချင်း၏ ခြေထောက်များကို ကြည့်လိုက်သည်။ ယင်းနောက် ရွှီချင်း၏နောက်ရှိ ရွှေကျီးကန်းကို ကြည့်လိုက်သည်။ ထိုအရာများကြောင့် သူ ခေါင်းကိုက်သွားရသည်။

နောက်ဆုံးတွင် သူသည် ရွှီချင်းကို ကြည့်၍ သက်ပြင်းချလိုက်သည်။

“ တာအိုရောင်းရင်း၊ သူက ငါ့အတွက် သိပ်အရေးကြီးတယ် …”

ရွှီချင်းက ဝတ်ရုံဖြူဝတ်ကျင့်ကြံသူကို ကြည့်လိုက်သည်။ ဝတ်ရုံဖြူဝတ်ကျင့်ကြံသူကို သူ မြင်လိုက်စဉ်ကတည်းက ခေါင်းဆောင်က ရူးသွပ်သောအစီအစဉ်တချို့ အထမြောက်စေရန် ထိုထူးခြားသောပုံရိပ်နှင့် မိန်းကလေးကို အသုံးချနေခြင်းဖြစ်ကြောင်း ရိပ်စားမိလိုက်သည်။

ထု့ိကြောင့် သူက စမ်းသပ်သည့်အနေဖြင့် တိုက်ခိုက်လိုက်ခြင်း ဖြစ်သည်။ သူ တွေးထားသည့်အတိုင်း ဝတ်ရုံဖြူဝတ်ကျင့်ကြံသူက သူ့ကို ဟန့်တားခဲ့သည်။

ခေါင်းဆောင်၏ စကားများကြောင့် ရွှီချင်း အံ့အားသင့်မသွားပေ။ အထူးသဖြင့် ‘ တာအိုရောင်းရင်း ’ ဆိုသော စကားပင်။ ယင်းစကားအရ သူ့အကြောင်းကို တခြားလူများအား မသိစေချင်ဟန်တူပြီး ရွှီချင်း၏ ယူဆချက်ကို မှန်ကန်သွားစေသည်။ သူ ချီတုံချတုံဖြစ်မနေဘဲ တည့်တိုးပင် ပြောလိုက်သည်။

“ ဝိညာဉ်ကျောက်တုံးတစ်သိန်း ”

ဝတ်ရုံဖြူဝတ်ကျင့်ကြံသူက မကျေမနပ်ဖြင့် ကြည့်လိုက်ပြီး ပြောမည်ပြုစဉ် တတိယမင်းသမီးက ရုတ်တရက် တခစ်ခစ်ရယ်မောလိုက်သည်။

“ အစ်ကို၊ အဲဒီအစ်ကိုလေးက သိပ်စိတ်ဝင်စားဖို့ ကောင်းတာပဲ။ သူ့ကို ညီမရဲ့ တာအိုအစောင့်အရှောက်အနေနဲ့ လိုချင်တယ် ”

မိန်းကလေးသည် ပြောရင်းဆိုရင်း လက်ကောက်ဝတ်ထားသည့် ညာလက်ကို မြှောက်လိုက်သည်။ ထိုအခါ လက်ကောက်က အသာလှုပ်ယမ်းသွားကာ တဖျစ်ဖျစ်မြည်သံများနှင့်အတူ အစိတ်စိတ်အမြွှာမြွှာ ပျက်စီးသွားသည်။ ထိုအစိတ်အပိုင်းများ သင်္ဘောကုန်းပတ်ပေါ် ကျသွားပြီးနောက် ပြန်လည်စုစည်းသွားပြီး သတ္တဝါတစ်ကောင်ကဲ့သို့ လူးလွန့်လာသည်။ ထို့နောက် ရုတ်တရက် ပြန့်ကားလာပြီး အရပ်ထောင်ထောင်မောင်းမောင်းရှိသော မျက်လုံးမှိတ်နေသည့် ခြောက်ကပ်ကပ်အလောင်းတစ်လောင်းအဖြစ်သို့ ပြောင်းလဲသွားသည်။

ထိုခြောက်ကပ်ကပ်အလောင်း၏ တစ်ကိုယ်လုံးကို ကြာပွတ်နီများဖြင့် ချည်နှောင်ထားသည်။ ထိုအချိန်၌ လေထဲတွင် ရက်စက်ကြမ်းကြုတ်သောအရှိန်အဝါတစ်မျိုး ပျံ့နှံ့သွားသည်။ ၎င်း၏ မျက်လုံးများလည်း ပွင့်လာပြီး အနီရောင်ဝင်းလက်သွားသည်။ ထို့နောက် ၎င်းက ရွှီချင်းထံ တစ်လှမ်း လှမ်းလိုက်သည်။

ထိုခြေလှမ်း ကျသွားသည့်အခိုက် သူ့ကိုယ်ထဲမှ ပေါက်ကွဲသံ မြည်ဟည်းသွားသည်။ သက်စောင့်မီးလုံးနှစ်လုံးကို ထွန်းညှိလိုက်သည်ဖြစ်၍ ၎င်း၏ခန္ဓာကိုယ်ထဲမှ မီးတောက်နီများ တဟုန်းဟုန်း မြင့်တက်လာသည်။ ၎င်း၏ အရှိန် မြင့်တက်သွားပြီး ရွှီချင်းထံ ဝုန်းခနဲ ဝင်ရောက်သွားသည်။

သို့သော်လည်း အနီးသို့ မရောက်ခင်မှာပင် သံတုတ်နက်လေးပေါ်မှ လျှပ်စီးများ တဂျိမ်းဂျိမ်းမြည်ဟည်းသွားသည်။ ထို့နောက် ၎င်းအပေါ်ရှိ လျှပ်စီးကမ္ပည်းစာများ ပြိုးပြိုးပြက်ပြက်ဝင်းလာသွားပြီး ကြောက်ခမန်းလိလိမြန်ဆန်သွားကာ ခြောက်ကပ်ကပ်အလောင်းထံသို့ ပြေးဝင်သွားပြီး ဆတ်ခနဲ ထိုးသွင်းလိုက်သည်။

တချိန်တည်းမှာပင် အရိပ်သည်လည်း ခြောက်ကပ်ကပ်အလောင်း၏ ခြေထောက်အောက်တွင် တိတ်တဆိတ် ပြန့်ကားနေသည်။ မျက်လုံးတစ်ရာကျော် တစ်ပြိုင်နက်တည်း ပွင့်လာပြီး ခြောက်ကပ်ကပ်အလောင်းကို ကြည့်လိုက်ကြသည်။

ခြောက်ကပ်ကပ်အလောင်း၏ ခန္ဓာကိုယ် ဆတ်ခနဲ ရပ်သွားပြီး ၎င်း၏ ခန္ဓာကိုယ်အစိတ်အပိုင်းအများစုမှာ ပုပ်ပွပျက်စီးလာသည့်လက္ခဏာများ ချက်ချင်း ပြသလာသည်။ ၎င်း၏ခန္ဓာကိုယ်ထဲမှ ဓာတ်နှောအမြောက်အမြား ကုန်ခမ်းသွားပြီး သံတုတ်နက်လေးသည် တဝီဝီလည်ကာ ၎င်း၏နောက်စေ့သို့ ရောက်သည်အထိ ထိုးဖောက်သွားသည်။

ရွှီချင်းသည်လည်း ရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်သည်။ သူသည် အလွန် မြန်ဆန်လွန်း၍ ခြောက်ကပ်ကပ်အလောင်းအနီးသို့ ရိပ်ခနဲ ရောက်သွားသည်။ ထို့နောက် ခြောက်ကပ်ကပ်အလောင်း၏ နဖူးကို ညာလက်ဖြင့် ရိုက်ချလိုက်သည်။

ထိုအခါ သူ့လက်ဝါးရိုက်ချက်ကို မရှောင်တိမ်းနိုင်သည့်အလား ဘေးပတ်လည်မှ တရွှီရွှီမြည်သံများ ထွက်ပေါ်လာသည်။

ခြောက်ကပ်ကပ်အလောင်းမှာ မာန်သွင်းအော်ဟစ်လိုက်ပြီး ၎င်း၏တစ်ကိုယ်လုံး အနီရောင်အလင်းများ ပြိုးပြိုးပြက်ပြက် ဝင်းလက်သွားကာ ရွှီချင်း၏ လက်ဝါးရိုက်ချက်ကို ခက်ခက်ခဲခဲ တားဆီးနိုင်လိုက်သည်။ သို့သော်ငြား ရွှီချင်းသည် ရပ်မသွားဘဲ ညာလက်ကိုကွေး၍ ခြောက်ကပ်ကပ်အလောင်း၏ မေးစေ့ကို တံတောင်ဖြင့် တွက်လိုက်သည်။

ခြောက်ကပ်ကပ်အလောင်းမှာ ပထမတိုက်ကွက်ကို ခုခံနိုင်ပါသော်ငြား ဒုတိယတိုက်ကွက်ကို တောင့်မခံနိုင်ပေ။ ၎င်း၏ခေါင်း စုတ်ပြဲသွားပြီး အရိုးများ၊ အသားများ ပေါ်လာသည်။ သို့သော်လည်း ၎င်းမှာ အသိစိတ်မရှိဘဲ ရုပ်သေးရုပ်တစ်ရုပ်ကဲ့သို့ ဖြစ်သည်။

စုတ်ပြဲသွားသည့်နေရာများတွင် စေးကပ်ကပ်အမျှင်တန်းအမြောက်အမြား ပေါ်လာသည်။ ထိုအမျှင်တန်းများသည် အလောင်းကို ကုသပေးပြီး ပျက်စီးသွားသော အစိတ်အပိုင်းများကို ချိတ်ဆက်ပေးနိုင်စွမ်းရှိဟန်တူသည်။

၎င်းသည် ခေါင်းပျက်စီးသွားသည့်အခါမှာပင် ပြန်လည်သက်သာလာနေသည်။ ရွှီချင်း၏ မျက်လုံးများ မှေးသွားပြီး ဒူးကိုမြှောက်၍ အလောင်း၏ ဗိုက်ကို တိုက်ချလိုက်သည်။ ရုပ်သေးရုပ် နောက်ဆုတ်သွားသည်။ ၎င်း၏ဝမ်းဗိုက်သည်လည်း ပျက်စီးသွားသည့်တိုင်အောင် စေးကပ်ကပ်အမျှင်တန်းများ ပို၍ ထွက်လာပြီး ၎င်း၏ ပြန်လည်သက်သာနှုန်းမှာလည်း ပို၍ပင် မြန်ဆန်လာသည်။ ၎င်းကို ဖျက်ဆီး၍ မရသည့်အလားပင်။

ရွှီချင်းသည် အေးစက်စက်နှာမှုတ်လိုက်ပြီး ပြန်လည်သက်သာလာနေသော ရုပ်သေးရုပ်ကို ကြည့်လိုက်သည်။ ထို့နောက် ကျင်းဝူလျန့်ဝမ့်လင်အတတ်ကို အသက်သွင်းလိုက်သည်။ ရွှေကျီးကန်းက စူးစူးရှရှအော်ဟစ်မြည်တမ်း၍ သူ့နောက်မှ ခုန်ထွက်လာကာ ရုပ်သေးရုပ်ကို ကြမ်းတမ်းစွာ ခုန်အုပ်လိုက်သည်။

မီးတောက်နက်များ အရပ်မျက်နှာအနှံ့ တဟုန်းဟုန်း လောင်ကျွမ်းသွားသည်။ ရုပ်သေးရုပ်ကို ရွှေကျီးကန်းလွှမ်းခြံုံသွားပြီး ၎င်း၏ ပြန်လည်သက်သာလာသောနှုန်းမှာလည်း ချက်ချင်း ဟန့်တားခံလိုက်ရသည်။ မီးတောက်များ အဆက်မပြတ် လောင်ကျွမ်းကာ ရုပ်သေးရုပ်ကို သန့်စင်လိုက်သည်။

ရွှေကျီးကန်း၏ ခြေသည်းလက်သည်းသုံးစုံက အစွမ်းကုန် ဖမ်းဆုပ်ထားသည်ဖြစ်၍ ခြောက်ကပ်ကပ်အလောင်း၏ ခန္ဓာကိုယ်မှာ ချက်ချင်း အစိတ်စိတ်အမြွှာမြွှာ ပျက်စီးကာ အရည်ပျော်သွားသည်။

ရွှေကျီးကန်းသည် တစစီဖြစ်နေသော အလောင်း၏ ထိပ်တွင် ရပ်၍ အသက်ပြင်းပြင်းရှူသွင်းလိုက်သည်။ ရုတ်တရက် နက်မှောင်လွန်း၍ မည်းနက်လုနီးပါး ဖြစ်နေသော ပြာလဲ့လဲ့သွေးတစ်စက် ထိုခြောက်ကပ်ကပ်အလောင်းထံမှ ပျံထွက်လာကာ ရွှေကျီးကန်း၏ ပါးစပ်ထဲသို့ ဝင်ရောက်သွားသည်။

ခြောက်ကပ်ကပ်အလောင်းမှာ လုံးလုံးလျားလျား သန့်စင်ခံလိုက်ရပြီဖြစ်ပြီး ပြာများအဖြစ်သို့ ပြောင်းလဲသွားသည်။

ထို့နောက် ရွှေကျီးကန်းသည် ပြန်သွားကာ ရွှီချင်းကို ဝန်းရံလိုက်သည်။ ၎င်း၏ အမြီးမီးတောက်များက ရွှီချင်းအပေါ် ရစ်ပတ်သွားပြီး သူ့နောက်သို့ စီးဆင်းသွားကာ တဟုန်းဟုန်း တောက်လောင်နေသော ခြုံထည်တစ်ထည် ဖြစ်သွားသည်။ ထိုအချိန်၌ လေ တဟူးဟူး တိုက်ခတ်သွားလေရာ မီးတောက်များ လေထဲလွင့်ပျံသွားသည်။

ရွှေကျီးကန်း၏ ခန္ဓာကိုယ်မှာမူ ရွှီချင်း၏ ညာခြမ်းမှ ဆန့်ထွက်လာပြီး မိန်းကလေးနှင့် ဝတ်ရုံဖြူဝတ်ကျင့်ကြံသူတို့ကို အေးစက်စက်ကြည့်လိုက်သည်။

ထိုမြင်ကွင်းမှာ အလွန်တရာ လှပပြီး ကြောက်မက်ဖွယ်လည်း ကောင်းသည်။

“ တော်လိုက်တာ၊ အဲဒီလူယုတ်မာခမည်းတော် ပေးခဲ့တဲ့ လက်ကောက်ကို ကူညီပြီး ဖျက်ဆီးပေးလို့ အစ်ကိုလေးကို ကျေးဇူးတင်ပါတယ်။ အရင်က ညီမ အများကြီးတွေးပြီး အဲဒီလက်ကောက်နဲ့ တခြားသူတွေကို ရန်စပြီး ဖျက်ဆီးခဲ့ပေမဲ့ အဲဒီလက်ကောက်ကို ဘယ်လိုမှ ဖျက်ဆီးလို့မရဘူး ”

ထိုမြင်ကွင်းကို တတိယမင်းသမီးမြင်သောအခါ ချက်ချင်းပင် ဝမ်းသာအားရဖြစ်သွားသည်။ ထို့နောက် စိတ်လှုပ်ရှားနေသည့်အမူအရာဖြင့် ဝတ်ရုံဖြူဝတ်ကျင့်ကြံသူကို လှမ်းကြည့်လိုက်သည်။

“ အစ်ကိုရွှီချင်း၊ အစ်ကိုက အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်က မဟုတ်မှန်း ညီမသိနေတာကြာပါပြီ။ အစ်ကိုက ညီမရဲ့ တာအိုအစောင့်အရှောက် မဖြစ်ချင်ဘူးမလား။ အစ်ကို သိပ်ဆိုးတာပဲ။ အရင်ကတော့ ညီမရဲ့ တာအိုအစောင့်အရှောက်လုပ်မယ်ဆိုပြီး ပြောတဲ့စကားအတိုင်းမလုပ်ရင် မိုးကြိုးပစ်ပါစေလို့တောင် ကျိန်ခဲ့တာနော်။ ပြီးတော့ ညီမရဲ့ ယောက်ျားလေးအရုပ် လုပ်ပေးမယ်လို့တောင် လိမ်ပြောသေးတယ် ”

“ ဒါပေမဲ့ ထားလိုက်ပါ။ အစ်ကိုရွှီချင်း၊ အစ်ကိုက ချီရွှဲ့ထုံဂိုဏ်းကမလား။ အဲဒီအစ်ကိုလေးကိုလည်း အစ်ကို သိနေတယ်မလား။ အစ်ကိုက ညီမကို အသုံးချပြီး အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ထဲ ခိုးဝင်ချင်နေတာမလား။ အထွတ်အထိပ်ရတနာတစ်ခုကို ယူချင်လို့လား၊ ဒါမှမဟုတ် လျှို့ဝှက်နေရာတစ်ခုခုကို ဖျက်ဆီးချင်လို့လား။ ဘယ်လိုပဲဖြစ်ဖြစ် အစ်ကို့ကို ညီမ ကူညီပေးနိုင်ပါတယ်။ မျိုးနွယ်အကြောင်းကို ညီမ အများကြီး သိတယ်။ ဒါပေမဲ့ အခြေအနေတစ်ခုတော့ ရှိတယ်။ အစ်ကိုသွားမယ့်နေရာကို ညီမကိုပါ ခေါ်သွားရမယ် ”

တတိယမင်းသမီး၏ မျက်လုံးများထဲတွင် စူးရှတောက်ပသောအရိပ်အယောင်များ ပေါ်လာသည်။ သို့သော်လည်း စကားဆုံးပြီးနောက် ဝတ်ရုံဖြူဝတ်ကျင့်ကြံသူ၏ မျက်နှာအမူအရာ ပြောင်းလဲသွားသည်ကို တတိယမင်းသမီး မြင်လိုက်ရပြီး ဇဝေဇဝါဖြစ်နေသည့်အမူအရာဖြင့် မေးမြန်းလိုက်သည်။

“ အစ်ကိုရွှီချင်း၊ ဘာဖြစ်လို့လဲဟင် ”

ရွှီချင်းက ခေါင်းဆောင်ကို မျက်နှာသေကြီးဖြင့် ကြည့်လိုက်သည်။ သူ့ကိုယ်ထဲမှ သက်စောင့်မီးအိမ် မီးတောက်များ တဟုန်းဟုန်း တောက်လောင်လာသည်။

All Chapters